သိပ္ပံနည်းပညာနှင့်ဗဟုသုတ အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ

ပင်လယ်ရေကို နေရောင်ခြည်စွမ်းအင်ဖြင့် ရေချိုအဖြစ်ပြောင်းလဲနိုင်ပြီ

[Zawgyi] ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ခုနှစ်မှာ လူဦးရေ သန်း၂ထောင်ခန့် ဟာ သောက်သုံးရေ မလောက်ငတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရကိန်းရှိတယ်လို့ ဆိုထားပါတယ်။ ယင်းအတွက် အဖြစ်နိုင်ဆုံး ဖြေရှင်းနည်းတစ်ခုကတော့ ဆားဓါတ်ဖယ်တဲ့နည်းပဲ ဖြစ်ပါတယ်။ သဘောကတော့ ဆားငန် ပင်လယ်ရေကို သောက်သုံးလို့ရအောင် ပြုပြင်ပြောင်းလဲခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ သို့ပေမဲ့လည်း ပင်လယ်ရေထဲက ဆားဓါတ်ကို ဖယ်ရှားတဲ့လုပ်ငန်းဟာ သမားရိုးကျ ရေချိုထောက်ပံ့ရေးလုပ်ငန်းများဖြစ်တဲ့ ရေတွင်း ရေကန်နဲ့ မြစ်တို့ကနေ စုပ်ယူခြင်းတို့လို လုပ်ငန်းမျိုးထက် စွမ်းအင်ဆယ်ဆမှ အဆတစ်ထောင်ထိ ပိုမိုသုံးစွဲဖို့လိုအပ်နေပါတယ်။ ယင်းအခက်အခဲကို အားကြိုးမာန်တက် ဖြေရှင်းလိုတဲ့ (Politecnico di Torino) တူရင် ပေါ်လီတက္ကနစ် တက္ကသိုလ် စွမ်းအင်ဌာနကတော့ စွမ်းအင်လောက်ငပြီး စရိတ်လည်းသက်သာတဲ့ အပြင် သဘာဝနေရောင်ခြည်စွမ်းအင်ကို ပိုမိုထိထိရောက်ရောက် အသုံးချတဲ့နည်းဖြင့် […]

ပညာရေး အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ အမေးအဖြေ

မောင်စွမ်းရည် – သဒ္ဒါထဲက ကကြီး

[Zawgyi] (မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၈ နယူးယောက်မြို့မှာ ၂၀၁၈ ခုနှစ်အတွက် စာပေဟောပြောပွဲတရပ် အောင်အောင်မြင်မြင် ကျင်းပပြီး သွားခဲ့ပါပြီ။ အောက်တိုဘာ ၇ ရက်နေကပါ။ ဟောပြောသူ နှစ်ဦးပါ။ အော်ပီကျယ်နဲ့ မင်းကိုနိုင်။ အဟောကောင်း၊ အပြောကောင်း ပညာရှင်စာရေးဆရာတွေဖြစ်ကြလို့ စနစ်တကျ အသားပါပါ၊ စီကာပတ်ကုံး၍ ပြောသွားနိုင်ကြပါတယ်။ ဒါကြောင့် ပရိသတ်ကလည်း အထူးသဘောကျပါတယ်။ ကျွန်တော်က အစောကြီး ရောက်သွားလို့ နံရံတွေမှာကပ်ထားတဲ့ ဟောပြောပွဲကြော်ငြာတွေကို အသေအချာ လိုက်ဖတ်မိပါတယ်။ “ပြည်သူ့ဂုဏ်ရည်အသင်း (မှ) တာဝန်ခံ ဖိတ်ကြားစီစဉ်ပြီး အမေရိကန်ပြည်ထောင်စုရှိ တိုင်းရင်းသား မြန်မာမိသားစုများ (မှ) စုပေါင်း ဧည်ခံစီစဉ်သည်။” တဲ့။ အဲဒီမှာ (မှ) နှစ်လုံးတောင် ပါရှိနေပါတယ်။ ပြည်သူ့ဂုဏ်ရည်အသင်းကလည်း သဒ္ဒါသဘောအရပြောရရင် ကတ္တား။ မြန်မာမိသားစုများကလည်း […]

စနစ် နိုင်ငံတကာ နိုင်ငံရေး ပြည်တွင်း သင်တန်း အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ

အမေရိကန်ရွေးကောက်ပွဲ မြန်မာလူငယ်တွေလေ့လာ

[Zawgyi] နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲ ရလဒ် တွက်ချက်မှုတွေ အချိန်နဲ့ တပြေးညီ ထုတ်လွှင့်ခဲ့တာကို ရန်ကုန် အမေရိကန်စင်တာမှာ ပြတဲ့ အတွက် မြန်မာလူငယ်တွေ စိတ်ဝင်တစား လာရောက်စောင့်ကြည့်လေ့လာ ခဲ့ကြပါတယ်။ အခုကျင်းပတဲ့ ရွေးကောက်ပွဲဟာ အမေရိကန်နိုင်ငံရေးမှာ အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်တာ မို့ မြန်မာလူငယ်တွေ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး၊ မီဒီယာတွေက တဆင့် ရလဒ်တွက်ချက်မှုတွေကို အမေရိကန်စင်တာမှာ ပြသဖို့လုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် သံရုံး ဒုတိယအကြီးအကဲက ပြောပါတယ်။ သမ္မတရဲ့ သက်တမ်းဝက်ကာလ ဒီ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေ လူထုပူးပေါင်းပါဝင်မှုတွေအပေါ်မှာ၊ လာရောက်လေ့လာ တဲ့ မြန်မာလူငယ်တွေဖက်က ဘာတွေ အသိရလိုက်သလဲ မြန်မာပြည်နဲ့ ဘယ်လိုနှိုင်းယှဉ် ခဲ့သလဲ ဆိုတာတွေကို ဗွီအိုအေ သတင်းထောက် မမေခ […]

ခေတ်ရေစီး ဓလေ့ရိုးရာ ဗေဒင် လူမှုဘဝ အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ

မင်္ဂလာပါ08.11.2018 မှ 14.11.2018 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

[Zawgyi] မင်္ဂလာပါ08.11.2018 မှ 14.11.2018 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း 08.11.2018 မှ 14.11.2018 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း တနင်္ဂနွေ ဒီကာလဟာ မိမိရဲ့အရင်ကာလတွေက အပင်ပန်းခံပြီး လုပ်ထားတဲ့ကိစ္စတွေကနေအကျိုးအမြတ်များစွာရရှိ နိုင်တဲ့ ကာလပါပဲ။ ကြိုးစားထားသမျှအရာထင်ရုပ်လုံးပေါ်လာပါလိမ့်မယ်။ ၀န်ထမ်းများ ဒီထက်ကောင်းတဲ့နေရာ၊ ဒီထက်မြင့်တဲ့ရာထူးမျိုးတွေရလွယ်ပါတယ်။ မိမိဖြစ်ချင်တာတွေကို အကောင်အထည်ဖော်နိုင်မှာပါ။ အိမ်အသစ် ပန္နက်ရိုက်ခြင်းများ ၊ ဆိုင်အသစ်ဆောက်ခြင်း၊ လုပ်ငန်းတစ်ခုစတင်ဆိုင်းဘုတ်တင်ခြင်းများ ဒီကာလမှာအထူးပြု လုပ်စေချင်ပါတယ်။ အင်တာဗျူးဖြေဆိုခြင်းများ ၊ စာမေးပွဲဖြေဆိုခြင်းများလဲ ရလဒ်ကောင်းတွေရလာတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီအပတ်ထဲ အရမ်းကြီး ဆိုးနေတာမျိုးမတွေ့ပါဘူး။ နေပူမိသိပ်မခံပါနဲ့။ ခေါင်းကိုက်ခေါင်းမူး ဖြစ်လွယ်တဲ့ အချိန်တွေပါပဲ။ အချစ်ရေးမှာတော့ နှစ်ကိုယ်တူအနာဂတ်အတွက် မိဘတွေကို တိုင်ပင်ဆွေးနွေးသင့် တဲ့နေ့ရက်တွေပါပဲ။ အိမ်ထောင်ရေးမှာ အိမ်ထောင်ဘက်က အလုပ်များနေပြီး မိမိကိုယ်ဂရုစိုက်နိုင်မယ်တော့ မထင်ပါဘူး။ […]

ခေတ်ရေစီး တီထွင်မှု အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ အသုံးအဆောင်

Dream Catcher လှလှလေးတွေလုပ်ကြမယ်

[Zawgyi] DreamCatcher (အိပ်မက်ဖမ်းသူ)ဆိုသည်မှာ အဆောင်တစ်မျိုးဖြစ်ပြီး အထူးသဖြင့် အမေရိကန် အင်ဒီးယန်း လူမျိုးများ၏ ရိုးရာ အဆောင်တစ်ခု ဖြစ်သည်။ အိပ်ပျော်နေသည့် အချိန်တွင် မကောင်းသော အိပ်မက်ဆိုးများကို တိုက်ထုတ်နိုင်သည့် အစွမ်းရှိပြီး ကောင်းသော အိပ်မက်များကို ဖန်တီးနိုင်သည့် အရာတစ်ခုအဖြစ် ယူဆကြသည်။ DreamCatcher ၏ ပုံစံမှာ စက်ဝိုင်းပုံဆည်းလည်း(wind chime)လိုပုံစံမျိုးဖြစ်ပြီး အလယ် အဝိုင်းလေးတွင်ရှိသော ပိုက်ကွန်ပုံစံ ယက်ထားသည့် ကြိုးနှင့်ပုတီးလုံးလေးသည် ကောင်းသော အိပ်မက်များကို ဖမ်းပေးနိုင်သည့် အစွမ်းရှိသည်ဟု ဆိုသည်။ ဖမ်းထားသည့် အိပ်မက်ကောင်းလေးများကို အောက်နားရှိ ငှက်မွေးတွဲလောင်းမှတဆင့် အိပ်စက်နေသော လူထံသို့ ပို့ဆောင်ပေးသည်ဟု အဆိုရှိသည်။ Native American တို့၏အယူအဆမှာ ညအချိန် လေထဲတွင် ကောင်းသော အိပ်မက်နှင့် မကောင်းသော အိပ်မက်များ ရောထွေးမျောလွင့်နေကြရာ […]

ဓလေ့ရိုးရာ ဗဟုသုတ သမိုင်း အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ အနုပညာ အလှအပ

မြန်မာ့ဆေးမင်ကြောင်ထိုးခြင်းဓလေ့

[Zawgyi] ဆေးမင်ကြောင်သည် လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် သေရာပါသည့်တိုင် စွဲစွဲမြဲမြဲ ထင်နေစေရန် ဆုတ်၊ ဆူးချွန် အစရှိသည့် ကိရိယာများဖြင့် ဆေးရောင်သွင်းကာ ရုပ်ပုံများ၊ အမှတ်အသားများ၊ စာလုံးများနှင့် ပန်းကနုတ်များကို အလှအပ အလို့ငှာ ထိုးခြင်းဖြစ်သည်။ ယနေ့ခေတ် နိုင်ငံတကာမှ လူငယ်များသည် ဆေးမင်ကြောင် (Tattoo) ကို မိမိတို့၏ ခန္ဓာကိုယ်တွင် နှစ်ခြိုက်စွာ ဆေးခြယ်လာကြသည်ကို တွေ့ရှိနေရသည်။ ကျား၊ မ မရွေး အလှအပအဖြစ် မိမိကိုယ်တွင် ရေးထိုးလာကြ သည်။ ဆေးမင်ကြောင်ထိုးကြရာတွင် ၁။ အထိန်းအမှတ်အဖြစ် ထိုးနှံခြင်း၊ ၂။ အလှအပအဖြစ် ထိုးနှံခြင်း၊ ၃။ စွဲလမ်းမှုကို အခြေခံ၍ အဆောင်အဖြစ် ထိုးနှံခြင်း၊ ၄။ ရိုးရာဓလေ့အရ ထိုးနှံခြင်းတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင်လည်း ကုန်းဘောင်ခေတ်ဦး […]

ကိုးကားဖော်ပြချက်များ လူမှုဘဝ အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ

အင်္ဂလိပ် စကားပုံများနှင့် ယင်းတို့၏အဓိပ္ပါယ်

[Zawgyi] English proverbs with their meaning A. A bad excuse is better than none. I. ညံ့ဖျင်းသော ဆင်ခြေသည် ဆင်ခြေလုံးဝမပေးခြင်းထက် ပိုကောင်း၏။ B. A bad fenny always turns up. II. လိုလားမှု သို့မဟုတ် လေးစားမှုမခံရသောပုဂ္ဂိုလ်သည်အမြဲတစေရောက်လာစမြဲဖြစ်၏။ C. A bad tree does not yield good appler. III. ညံ့သောမိဘသည်ကောင်းသောကလေးများကိုမမွေးမြူနိုင်။ D. A bad workman blame him took. IV. ညံ့ဖျင်းသော အလုပ်သမားသည် သူ၏ ကိရိယာတန်ဆာပလာများကိုအပြစ်ပြောမြဲဖြစ်၏။   The […]

ကျန်းမာရေး ဆောင်းပါး အကြံပြုချက် အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ

လူငယ်တွေမူးယစ်သားကောင်မဖြစ်စေဖို့

[Zawgyi] (ယာဘ၊ ရာဘ၊ ရာမ၊ ယာမ) ဆိုတာ Methamphetamine (မက်သမ်ဖတမင်း) ဖြစ်တယ်။ မြန်မာပြည်မှာ ရေခဲလို့လဲ ခေါ်တယ်။ သူများ နိုင်ငံတွေမှာ Ice, Speed, Meth, Crystal, Crank စသဖြင့်ခေါ်တယ်။ အဖြူရောင် အနံ့မရှိဘူး။ ရေ၊ အရက်ထဲမှာ ပျော်ဝင်တယ်။ ပါးစပ်ကနေ သောက်တယ်။ နှာခေါင်းကနေ ရှူတယ်။ ဆေးထိုးအပ်နဲ့လဲ ထိုးတယ်။ ဆေးလိပ်လိုလဲ သောက်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။ လူစည်စည်မှာ အာဘောင်အာရင်းသန်သန်နဲ့ ဟောပြောသူတိုင်းကို အထင်မကြီးကြပါနဲ့။ သူများကို အပြစ်ပြောတဲ့နေရာမှ သူရဲကောင်း အထင်ခံရလောက်အောင် ဆေးစွမ်းကထိရောက်တယ်။ ပြောတာဟောတာကို အဟုတ်မှတ်လို့ နောက်လိုက် နောက်ပါ ဖြစ်သွားသူတွေလဲ များတာာတွေ့ရတယ်။ အရေးအသားလဲ ပြောင်မြောက်လို့ စာဖတ်ပရိသတ်လဲ […]

ခေတ်ရေစီး ဗေဒင် ဟာသ အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ

သင့်ခြေထောက်ကပြောပြတဲ့ သင့်အကြောင်း

[Zawgyi] အင်္ဂဝိဇ္ဇာ နဲ့ လက္ခဏာပညာတွေဆိုတာ ဟိုးရှေးရှေးတုန်းကတည်းက ထင်ပေါ်ကျော်ကြားခဲ့တာပါ။ သင့်ခြေဖဝါးပုံစံနဲ့ အနေအထားကိုကြည့်ပြီး သင့်စိတ်ကိုခန့်မှန်းလို့ရတယ်ဆိုတာကိုရော သင်သိပါသလား? ဟုတ်ကဲ့ တကယ်ပြောနေတာပါ။ သင့်ခြေဖဝါးရဲ့ ပုံသဏ္ဌာန် အရွယ်အစားနဲ့ အနေအထားကိုကြည့်ပြီး သင့်အကြောင်းတွေ ပြောပြနိုင်ပါတယ်။ သင့်ခြေမကိုခုပဲ ငုံ့ကြည့်လိုက်ပါ ခြေညှိုးထက်ရှည်နေလား တိုနေလား ဒါမှမဟုတ် ကြက်ခြေခတ်ဖြစ်နေလား ? အကယ်၍ ဟုတ်တယ်ဆိုရင်တော့ ထူးခြားတဲ့ အဓိပ္ပါယ်တစ်ခု ရှိကိုရှိနေပါတယ်။ ဒီတော့ သေသေချာချာ လေ့လာကြည့်ကြရအောင်။ အောက်မှာတော့ ခြေဖဝါးပုံသဏ္ဌာန်ဆယ်မျိုးနဲ့ ယင်းခြေထောက်ပိုင်ရှင်တွေရဲ့ စိတ်နေစိတ်ထားကို ပြောပြာထားပါတယ်။ လေ့လာကြည့်ရအောင်နော်။   ၁။ လေးထောင့်ခြေဖဝါး ခြေချောင်းတွေအားလုံး အတိုအရှည်ညီနေတဲ့အခါ သင့်ခြေဖဝါးကလေးထောင့်စပ်စပ် ကျနေပါလိမ့်မယ်။ ဒါကို လေ့ထောင့်ခြေဖဝါးပိုင်ရှင်လို့ မှတ်ယူကြပါတယ်။ တောင်သူလယ်သမား ခြေဖဝါးလို့လည်းခေါ်ကြပါတယ်။ ဒီလိုဖဝါးမျိုးရှိသူတွေက သတိကြီးကြီး ထားတတ်ကြပါတယ်။ ဆုံးဖြတ်ချက်မချခင် […]

ကွန်ပျူတာ ဂိမ်း အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ အသုံးအဆောင်

PUPG ဂိမ်း Xbox One မှာfullversion 1.0 ထွက်ပြီး Ps4 တွင်လည်း ဆက်ထွက်လာမည်

[Zawgyi] PUBG (PlayersUnknown’s Battlegrounds) ဂိမ်း Xbox One တွင် beta အဆင့်မှ official 1.0 update အဆင့်သို့ တိုးမြှင့်လိုက်ပြီး ပိုသေးတဲ့ Sanhok map ၊ new weaponများ dynamic weather changes ၊ War Mode deathmatch ၊ in-game microtransactions for cosmetic items များအပြင်မကြားသေးမီက မိတ်ဆက်ထားတဲ့ Event Pass များဖြင့် စက်တင်ဘာ ၄ ရက်နေ့မှာ ဝေဝေဆာဆာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ အခုမှစကစားမယ့် Player များအတွက်ရော အစဉ်အဆက်ကစားလာတဲ့ Playerများအတွက်ပါ limited-edition Xbox-branded cosmetic DLC များလည်း […]