Featured Video Play Icon
ခေတ်ရေစီး တီထွင်မှု

နေ့စဉ်လူနေမှုဘဝ အတွက်အဆင်ပြေလွယ်ကူစေမယ့် တီထွင်ဖန်တီးမှုများ

[Zawgyi] နေ့စဉ်လူနေမှုဘဝ အတွက်အဆင်ပြေလွယ်ကူစေမယ့် တီထွင်ဖန်တီးမှုများ   [Unicode] နေ့စဉ်လူနေမှုဘဝ အတွက်အဆင်ပြေလွယ်ကူစေမယ့် တီထွင်ဖန်တီးမှုများ The Padaythar

ကွန်ပျူတာ ဂိမ်း တီထွင်မှု နိုင်ငံတကာ သတင်း


[Unicode] PUBG Lite Beta ကော်ပိုရေးရှင်းမှ ၎င်းတို့ရဲ့ PUBG Lite Beta Test ကို အရှေ့တောင်အာရှ ၄နိုင်ငံအပါအဝင် စုစုပေါင်း၅နိုင်ငံ ထပ်တိုးစမ်းသပ်ဖြန့်ချီသွားမယ်လို့သိရပါတယ်။ ယခင် အင်ဒိုနီးရှား ၊မလေးရှား ၊ဖိလစ်ပိုင်နှင့် စင်္ကာပူတို့ အပြင်ယခု ဘင်္ဂလားဒေ့ရှ် ၊ဘရူနိုင်း ၊ကမ္ဗောဒီးယား ၊လာအိုနှင့် မြန်မာနိုင်ငံများအထိ စမ်းသပ်တိုးချဲ့ ဖြန့်ချီသွားမှာဖြစ်ပါတယ်။ (Player Unknown Battleground)PUBG ဂိမ်းကို အခမဲ့ထည့်သွင်းကစားနိုင်မှာဖြစ်တဲ့ PUBG Lite ဂိမ်းကို ၁၄.၂.၂၀၁၉ ရက်နေ့မှစ၍ (https://lite.pubg.com/download/) တွင်အခမဲ့ ဒေါင်းလုတ်ဆွဲပြီး ကစားနိုင်ပြီဖြစ်ပါတယ်။ System လိုအပ်ချက်ကတော့ အောက်က ဇယားမှာဖော်ပြပေးထားပါတယ်။ PUBG Lite အကြောင်း သင်သိထားသင့်သည့်အချက်များ PUBG ဟာ လက်ရှိနည်းပညာ ဖျော်ဖြေရေးပလက်ဖောင်းအမျိုးမျိုးမှာ အများဆုံးကစားကြတဲ့ […]

ကား တီထွင်မှု သိပ္ပံနှင့်နည်းပညာ


  [Unicode] ဂျပန်နှင့် ဥရောပသမဂ္ဂတို့ဦး ဆောင်သော နိုင်ငံပေါင်း ၄ဝ တို့သည် အပေါ့စားကားများကို ထုတ် လုပ်ရာတွင် အလိုအလျောက် ဘရိတ်ဖမ်းစနစ်ပါသော ကားများကို နောက်နှစ်မှစတင်ကာ ထုတ် လုပ်တော့မည်ဟု ဖေဖော်ဝါရီ ၁၃ ရက် သတင်းများအရ သိရှိရသည်။ ယင်းနိုင်ငံ ၄ဝ တို့တွင် အမေ ရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ မပါဝင်ဟု သိရှိရသည်။ ယင်းစနစ်အရ ယာဉ်တိုက်မှုဖြစ်လျှင်ဖြစ်ချင်း အလိုအလျောက် ဘရိတ်ဖမ်းပြီးသား ဖြစ်သွားမည်ဖြစ်သည်။ သို့သော်ယာဉ်သည် တစ်နာရီကီလိုမီတာ ၆ဝ (၄၂)မိုင်ထက် မကျော်သော အရှိန်ရှိနေရမည်ဖြစ်သည်။ ဈေးကွက်ထဲ၌ လုံးဝမရောင်းချရသေး သော ယာဉ်သစ်ဖြစ်ရမည်။ ယင်း ကားသစ်များကို ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထား၍ ထုတ်လုပ်ရန် ကုလသမဂ္ဂက ညှိနှိုင်းထားပြီးဖြစ်သည်ဟု မော်တော် […]

တီထွင်မှု သိပ္ပံနှင့်နည်းပညာ


  [Unicode] Google က အကြား အာရုံ မကောင်းသူများ၊ နားမကြားသူများ အတွက် Android App အသစ် နှစ်ခုကို ကြေညာလိုက်ပါတယ်။ Live Transcribe နဲ့ Sound Amplifier တို့ဖြစ်ပါတယ်။ Live Transcribe က ဂူဂယ်ရဲ့ Speech Recognition နည်းပညာကို အသုံးပြုပြီး ပြောစကားများကို ဖုန်းမှာ အချိန်နဲ့ တစ်ပြေးညီ စာသားများ အဖြစ် ဘာသာပြန်ပေးနိုင်ပါတယ်။ ဘာသာစကား ၇၀ ကျော်ကို သူက နားလည်ပါတယ်။ App ကြောင့် Sign Language များကို အသုံးပြုဖို့ မလိုတော့ပါဘူး။ ဒါ့အပြင် သင့်ရဲ့ အနောက်ကလူက သင့်ကို စကားလှမ်းပြောရင်လည်း တုန်ခါမှုဖြင့် App က […]

ခေတ်ရေစီး တီထွင်မှု နိုင်ငံတကာ ဗဟုသုတ သတင်း

ဟန်ဂေရီရှိ ကဖေးဆိုင်တွင် ဧည့်ခံပေးနိုင်သည့် စက်ရုပ်များ အသုံးပြု

[Zawgyi] By ဒီဗွီဘီ ဟန်ဂေရီနိုင်ငံရဲ့ မြို့တော် ဘူဒါပတ်စ်မှာ စားပွဲထိုးတာ၊ ဟာသပြောတာ၊ ဖောက်သည်တွေနဲ့ စကားစမြည်ပြောတာ၊ ကလေးတွေနဲ့ ကတာတွေ အပါအဝင် ဧည့်ခံပေးနိုင်တဲ့ စက်ရုပ်တွေကို အသုံးပြုနေကြပါတယ်။ Enjoy Budapest Cafe ဆိုင်ကို အိုင်တီကုမ္ပဏီ အက်ဇို့ဖ်ဗာ ဖိုင်လက်ဇ်တိုက ဖွင့်လှစ်ခဲ့တာပါ။ ကဖေးဆိုင် တဆိုင်လုံးက ဝန်ထမ်းတွေအဖြစ် စက်ရုပ်တွေကို ခန့်ထားပါတယ်။ ဒီလိုအသုံးပြုခြင်းအားဖြင့် အလိုအလျောက် ဆောင်ရွက်မှုနဲ့ မှတ်ဉာဏ်တုနည်းပညာ တော်လှန်ရေးကို ပြည်သူတွေ ရင်းနှီးကျွမ်းဝင်လာအောင် ကူညီဖို့ ရည်မှန်းထားပါတယ်။ စက်ရုပ်စားပွဲထိုးတွေဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း စားသောက်စရာ အမှာစာတွေကို ဖောက်သည်တွေဆီ သယ်လာပေးချိန်မှာ စက်ရုပ်တွေသွားတဲ့ လမ်းကြောင်းကနေ လူတွေက ဖယ်ပေးကြဖို့လည်း ပြောပါတယ်။ ဧည့်ကြိုအရုပ် ပက်ပါကို ဂျပန်ကုမ္ပဏီ ဆော့ဖ်ဘန့်ခ်က တီထွင်ထားပြီး […]

တီထွင်မှု သိပ္ပံနှင့်နည်းပညာ

5G ဖြင့် အဝေးကနေ ထိန်းချုပ်နိုင်မယ့် Toyota ရဲ့ လူတူ စက်ရုပ်

  [Zawgyi] တိုယိုတာနဲ့ ဂျပန် မိုဘိုင်း အော်ပရေတာ NTT Docomo တို့က 5G ဖြင့် လူတူစက်ရုပ်ကို ကြိုးမဲ့ ထိန်းချုပ်နိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ ကြိုးဖြင့် ဆက်သွယ် ထိန်းချုပ်သလို စွမ်းရည်မြင့်မားမယ်လို့ သိရပါတယ်။ စမ်းသပ်မှုမှာ Master Manoeuvring System (MMS) ကို အသုံးပြုပြီး အော်ပရေတာက T-HR3 စက်ရုပ်ကို ထိန်းချုပ်ခဲ့ပါတယ်။ စက်ရုပ်ဟာ အော်ပရေတာ ရဲ့ လှုပ်ရှားမှုများကို တုပ ပြုလုပ်နိုင်ပါတယ်။ အော်ပရေတာဟာ Headset တစ်ခုကို ၀တ်ဆင်ထားပြီး စက်ရုပ်ရဲ့ မြင်ကွင်းများကို မြင်နေရပါတယ်။ T-HR3 ကို တိုယိုတာက ယခုလ အစောပိုင်းမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ သူဟာ ကုမ္ပဏီရဲ့ ပထမဆုံး လူတူ စက်ရုပ် […]

ခေတ်ရေစီး တီထွင်မှု

3D ပုံသွင်း အသားအစားထိုး အစားအစာတစ်မျိုးကို စပိန်မှာ တီထွင်နေ

  [Zawgyi] သင်ဟာ steak ကြိုက်သူတစ်ယောက်လား။ Steak တွေထဲမှာမှ အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး စသဖြင့် အသားတွေကို သုံးပြီး ပြင်ဆင်ချက်ပြုတ်ထားတဲ့ steak တွေပဲ လူသိများပါသေးတယ်။ အခုဆိုရင်တော့ စပိန်နိုင်ငံမှာ steak နောက်တစ်မျိုးကို တီထွင်လိုက်ပါပြီ။ စပိန်ကုမ္ပဏီ Novameat က 3D printing စနစ်နဲ့ ပုံသွင်းထုတ်လုပ်မယ့် steak ဖြစ်ပြီး ပါဝင်ပစ္စည်းတွေကတော့ အသီးအရွက်တွေ ဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော် ပါရဂူဘွဲ့လွန် သုတေသနလုပ်ခဲ့စဉ်၊ UPC တက္ကသိုလ်ရဲ့ လက်ထောက် ပါမောက္ခဘဝမှာ ဒီ 3D အသီးအရွက် steak ကို စတီထွင်ခဲ့တာပါ။ ဘာစီလိုနာမြို့ဟာ ကမ္ဘာကျော် စားသောက်ဆိုင်တွေရော၊ 3D printing  လုပ်ငန်းတွေရော ရှိတဲ့ မြို့မို့ အတော်အဆင်ပြေသွားပါတယ်” လို့ Novameat ကုမ္ပဏီ ပိုင်ရှင် Giuseppe Scionti က ပြောပါတယ်။ digitaltrends ပတ်ဝန်းကျင်ကို ဘေးမသင့်စေမယ့် […]

ကျန်းမာရေး ခေတ်ရေစီး တီထွင်မှု သိပ္ပံနည်းပညာနှင့်ဗဟုသုတ

သင်ထာဝရအသက်ရှင်လိုလျှင်၂၀၅၀ခုနှစ်ထိ စောင့်နိုင်ဖို့သာလိုသည်

[Zawgyi] ထိပ်တန်းအနာဂတ်လေ့လာသူ ပညာရှင်တစ်ဦးက ထာဝရအသက်ရှင်ခြင်းရရှိနိုင်မည့် ခုနှစ်ကို ကြေညာလိုက်ပါပြီ။ ၁၉၇၀ ထက်စောပြီးမွေးတဲ့လူတွေအတွက်တော့ စိတ်မကောင်းပါဘူး။ “သင်ဒီဆောင်းပါးဖတ်နေချိန်မှာ အသက်၄၀ မရောက်သေးဘူး ပြီးတော့ သေလောက်တဲ့ရောဂါလည်း မရှိဘူးဆိုရင်တော့ သေချင်မှသေရတော့မှာပါ။”  ဒီစကားကို ရဲရဲတင်းတင်း ပြောချလိုက်သူကတော့ အနာဂတ်လေ့လာသူ ပညာရှင် ဒေါက်တာ – လန် ပီယာဆင် ဖြစ်ပါတယ်။ သူက လူသားတွေဟာ ထာဝရ ရှင်သန်ခြင်းရရှိဖို့ (ဘယ်တော့မှမသေဖို့) အလွန်နီးကပ်နေပြီလို့ဆိုပါတယ်။ လူသားတွေအနေနဲ့ သေမင်းကို ရှောင်ကွင်းဖို့ ကြိုးစားနေတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ ရှေးခေတ် ဂရိ အဂ္ဂိရတ် ပညာရှင်ကြီးတွေကလည်း လူတွေထာဝရ ရှင်သန်နေနိုင်စေမယ့် “Philosopher Stone”ခေါ်တဲ့ ပြဒါးရှင်လုံးကို ကြိုးစားဖန်တီးခဲ့ဖူးကြပါတယ်။ ဒါပေမဲ့လည်း ခုချိန်ထိ လူသားတွေအနေနဲ့ သေမင်းကို အနိုင်မရနိုင်သေးပါဘူး။ ဒါပေမဲ့ ဒေါက်တာပီယာဆင့် အဆိုအရ […]

ခေတ်ရေစီး ဂိမ်း တီထွင်မှု ဓလေ့ရိုးရာ ဗဟုသုတ လူမှုဘဝ ဟာသ

ဂိမ်းထဲကဇာတ်ကောင်နဲ့ လက်ထပ်တဲ့ ဂျပန်အမျိုးသား

[Zawgyi] အချစ်မှာ ခြားနားချက်တွေ ကန့်သတ်ချက်တွေမရှိဘူးလို့ အများကဆိုကြပါတယ်။ အဲဒီဒဿနဟာ အခုလို Anime Character နဲ့လက်ထပ်တဲ့သူတွေအတွက်တော့ သွေးထွက်အောင်မှန်ပါတယ်။ LAD Bible ရဲ့ပြောပြချက်အရ Niizuma Lovely x Cation ဆိုတဲ့ VR ဂိမ်း တစ်မျိုးကြောင့် ဒီလိုကိစ္စတွေ ခေတ်စားလာ တယ်လို့ ဆိုပါတယ်။ ဂိမ်းထဲမှာတော့ ကစားသမားတွေဟာ Character သုံးယောက်ထဲက တစ်ယောက်နဲ့ သဘာဝကျကျ  ပေါင်းသင်း ဆက်ဆံရေးပြုလုပ်ရမှာပါ။ မင်္ဂလာဆောင်ပွဲတွေကတော့ ဒီဂိမ်းကစားရတဲ့ ခံစားချက်ကို ပိုပြီးလက်တွေ့ကျစေဖို့နဲ့ ပိုစိတ်ဝင်စားဖွယ်ကောင်းအောင်လို့ စီမံထားခြင်းဖြစ်ပါတယ်။ အများအမြင်မှာတော့ တုန့်ပြန်မှုမျိုးစုံ ရရှိနေပါတယ်။ တချို့ကတော့ ရွံရှာကြပါတယ်။ အများစုကတော့ ဘာပြောရမှန်းမသိ အူကြောင်ကြောင်ဖြစ်နေပါတယ်။ တချို့ကတော့ အသက်အရွယ်ကြောင့်လို့ ပြောသလို တချို့ကလည်း ကိုယ်ချင်းစာစိတ်နဲ့ တုန့်ပြန်ကြပါတယ်။ ဂျပန်မှာ […]

ကား တီထွင်မှု ပြည်တွင်း

မိတ္ထီလာက ဆိုင်ကယ်အင်ဂျင်ဖြင့် ကားတီထွင်သူ တရားဝင်လိုင်စင်လိုအပ်နေ

  [Zawgyi] မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်နေ လူငယ်တဦးဖြစ်တဲ့ ကိုဇော်မျိုးဦးဟာ ဆိုင်ကယ်အင်ဂျင်သုံး အိမ်စီးကားတွေကို တီထွင် စမ်းသပ် မောင်းနှင်နေပြီး တရားဝင် ကားထုတ်လုပ်ရောင်းချနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လတ်တလော အိမ်စီးကားငယ် ၃ စီး တီထွင်ထားတဲ့ ကိုဇော်မျိုးဦးက အစိုးရခွင့်ပြုချက်နဲ့ တရားဝင်လိုင်စင် ရယူပြီး ကားထုတ်လုပ်ရောင်းချင်တယ်လို့ ပြောပါတယ်။ “အင်ဂျင်နဲ့ ဂီယာက သုံးဘီးဆိုင်ကယ်ကပါပဲ။ ဂီယာ ငါးချက်၊ ဘက်ဂီယာနဲ့ဆို ခြောက်ချက်ပေါ့။ နောက်ဘီးမှာ ကရောင်းပါတယ်။ နောက်ဆွဲပေါ့။ ကီလို ၈၀ မောင်းနိုင်ပါတယ်။ ဓာတ်ဆီ တဂါလံ မိုင် ၆၀ လောက်ရတယ်။ အခုတော့ ကားဘော်ဒီတို့ ဒက်ဘုတ်တို့ကို သံပြားနဲ့ ပုံစံဖေါ်ထားတယ်။ ပလပ်စတစ်တို့ ဖိုင်ဘာတို့နဲ့ မိုသွင်းပြီးလည်း လုပ်တတ်ပါတယ်။ အစိုးရဆီ လိုင်စင်လျှောက်ပြီး […]