ခေတ်ရေစီး မိုဘိုင်း အသုံးအဆောင်

Samsung Galaxy S10 နဲ့ S10 Plus ကို တရားဝင်မိတ်ဆက်

  [Unicode] Samsung ဟာ ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ Unpacked ပွဲမှာ နောက်ဆုံးပေါ် flagship စမတ်ဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။ ပေါက်ကြားထွက်ပေါ်မှုများစွာအပြီး Samsung Galaxy S10 နဲ့ Galaxy S10+ ကို တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Samsung Galaxy S10 ဟာ ကုမ္ပဏီရဲ့အရင်ထွက်ရှိခဲ့တဲ့ ဖုန်းတွေမှာပါဝင်တဲ့ “Infinity-O” display ကို အသုံးပြုထားပါတယ်။ Samsung ဟာ ဖုန်းရဲ့ညာဘက်ထောင့်မှာ notch ကို selfie ကင်မရာအတွင်းမှာ hole-punch ဒီဇိုင်း ထည့်သထားပါတယ်။ Samsung Galaxy S10 ရဲ့မျက်နှာပြင် ၆.၁လက်မ display ရှိပြီး ရှေ့ကင်မရာတစ်လုံး ပါဝင်လာပါတယ်။ Samsung Galaxy S10+ မှာတော့ […]

ခေတ်ရေစီး မိုဘိုင်း အသုံးအဆောင်

Nokia 9 PureView မှာ ၁၈ ဝပ် အားသွင်းမြန်ဆန်တဲ့ Charger ပါဝင်လာမည်

  [ Zawgyi ] HMD ဟာ ဘာစီလိုနာမြို့မှာပြုလုပ်မယ့် MWC ပြပွဲအတွင်းမှာ Nokia ထုတ်ကုန်သစ်ကို ထုတ်ဖော်ကြေညာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ပွဲမှာ မိတ်ဆက်မယ့်ဖုန်းက ကာလရှည်ကြာ စောင့်စားနေကြတဲ့ ကင်မရာ ၅ လုံး ပါဝင်တဲ့ Nokia 9 PureView ဖြစ်နိုင်ပါတယ်။ အဲဒီထုတ်ကုန်ကို Chinese 3C ကတစ်ဆင့် ခွင့်ပြုချက်ရယူထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ ဒါပေမဲ့ အဲဒီထုတ်ကုန်မှာ ၁၈ ဝပ် အားသွင်းမြန်ဆန်တဲ့ charger ပါဝင်တယ်လို့ သိရပါတယ်။ ဖုန်းမှာပါဝင်တဲ့ adapter ကို 5V@ 3A, 9V@ 2A ဒါမှမဟုတ် 12V@ 1.5A အဖြစ် အဆင့်သတ်မှတ်ချက် ပေးထားပါတယ်။ ဒါကြောင့် Adapter မှာ Qualcomm ရဲ့ Quick […]

ခေတ်ရေစီး မိုဘိုင်း အသုံးအဆောင်

၂၀၁၉ ခုနှစ်မှာ စမတ်ဖုန်းများတွင် သုံးလာမယ့် Hardware Trend များ

  [Zawgyi] စမတ်ဖုန်းများရဲ့ Trend များဟာ နှစ်စဉ် တိုးတက်ပြောင်းလဲနေပါတယ်။ ဒီနှစ်မှာ ရေပန်းစားလာမယ့် Hardware Trend များကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒီ Trend များပါတဲ့ ဖုန်းကို ၀ယ်မှ ဒီနှစ်မှာ ခေတ်မှီတော့မှာလို့ ပြောချင်ပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ပြီးခဲ့တဲ့ နှစ်ကစပြီး မျက်နှာပြင် ဘေးဘောင်မဲ့ စမတ်ဖုန်းတွေ ခေတ်စားလာတာပါ။ ဒါပေမယ့် ဒီနှစ်ကျရင်တော့ ဖုန်း အများစုမှာ ဒီဒီဇိုင်းကို သုံးလာတော့မှာပါ။ Notch တောင် မလိုဘဲ Pop Up Camera ပါတဲ့ ဖုန်းများလည်း ထွက်ပေါ်လာနေပါတယ်။ ဒီ ဒီဇိုင်းကို ရှောင်မီက Mi Mix 3 မှာ အသုံးပြုထားပါတယ်။ Samsung ကတော့ Galaxy […]

ခေတ်ရေစီး အသုံးအဆောင်

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

  [Zawgyi] Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က ထုတ်ခဲ့တဲ့ Nike self-lacing shoes တွေထက် သာတဲ့အချက်က ဒီဖိနပ်ကို ဖုန်းကနေပါ ထိန်းချုပ်နိုင်တာပါ။ ဖိနပ်တဖက်ချင်းစီရဲ့ ကြိုးအတင်းအလျော့ကို တွဲဖက် Mobile App ‘Adapt’ ကနေ လှမ်းထိန်းချုပ်နိုင်သလို၊ ဖိနပ်က LED မီးတွေရဲ့ အရောင်ကိုလည်း ဖုန်းကနေ ပြောင်းနိုင်ပါတယ်။ Nike Adapt BB ရဲ့ ‘FitAdapt’ အမည်ရ လျှပ်စစ်စွမ်းအင်သုံး ကြိုးချည်စနစ် […]

ခေတ်ရေစီး နိုင်ငံတကာ အသုံးအဆောင်

Instagram မှာ ကြက်ဥ တလုံးပုံ တင်ထားတဲ့အကောင့် Like အများဆုံး ရရှိ

အဆိုပါ ကြက်ဥပုံ တင်ထားတဲ့ အကောင့်ဟာ Kylie Jenner ရဲ့ ပို့စ်ထက်ကို Like လုပ်သူ ဦးရေ ပိုများနေတာ တွေ့ရပါတယ်။   [Zawgyi] Instagram ဟာ ကမ္ဘာအရပ်ရပ်က လူငယ်တွေရဲ့ ကျင်လည်ရာဆိုရှယ် မီဒီယာ တခုဖြစ်ပါတယ်။ Instagram မှာ ပိုက်ဆံရှာဖွေနေကြတဲ့ Celebrity တွေထက် ပိုပြီး Like ရသွားတဲ့ အရာကတော့ ကြက်ဥတလုံးရဲ့ ပို့စ်ပဲ ဖြစ်ပါတယ်။ အဲဒီ Instagram စာမျက်နှာမှာ ကြက်ဥတလုံးရဲ့ ပုံကိုသာ ရှေ့တည့်တည့်က ရိုက်ပြီး တင်ထားတာ ဖြစ်ပါတယ်။ ဒီကြက်ဥပုံကို ဇန်နဝါရီလ ၅ ရက်နေ့မှာ စပြီး တင်ထားခဲ့တာဖြစ်ပါတယ်။ တင်ပြီးပြီးချင်းမှာ Like ၃၅ မီလီယံ ရရှိခဲ့ပါတယ်။ Instagram […]

အလှအပ အသုံးအဆောင်

ရင်သား အရွယ်အစား ပြောင်းလဲသွားရင်တောင် ဝတ်လို့ရမယ့် Smart Bra

  [Zawgyi] ဘရာစီယာတွေလည်း နည်းပညာ မြင့်လာပါပြီ။ စမတ် ဘရာများစွာလည်း ထွက်ပေါ်လာနေပါတယ်။ အခုလည်း Soma က စမတ် ဘရာတစ်ခုကို ပြသလိုက်ပါတယ်။ ကုမ္ပဏီ ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Cathy Devine က အမျိုးသမီး ၈၀ ရာခိုင်နှုန်းဟာ အရွယ်အစား မှားယွင်းတဲ့ ဘရာများကို ၀တ်နေကြတယ်လို့ CES 2019 မှာ Digital Trends ကို ပြောပါတယ်။ စမတ် ဘရာရဲ့ အမည်မှာ Somainnofit ဖြစ်ပြီး အခြား ဘရာများလို ကပ်ခွာတွေ၊ ချိတ်တွေ မပါပါဘူး။ သူ့ရဲ့ စွမ်းရည်က ရင်သား အရွယ်အစား ပြောင်းလဲသွားရင်တောင် Fitting ဖြစ်နေစေမှာ ဖြစ်ပါတယ်။ သူရဲ့ […]

မိုဘိုင်း အသုံးအဆောင်

Xiaomi Mi A2 Lite အတွက် Android Pie ကို ဖြန့်ချီ

  [Zawgyi] Xiaomi Mi A2 Lite ဟာ Android One Phone ဖြစ်ပြီး သူ့ကို နွေရာသီမှာ စတင် ရောင်းချပေးခဲ့ပါတယ်။ သူ့ကို ရောင်းချစဉ်မှာ Android 8.1 Oreo ထည့်သွင်းပေးထားပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ Android 9.0 Pie Beta ကို ဖြန့်ချီပေးခဲ့ပါတယ်။ Beta Version ဟာ ပြဿနာ သိပ်ရှိပုံ မပေါ်ပါဘူး။ အခုတော့ သူ့အတွက် Android 9.0 Pie Stable Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ XDA Developers က ပိုလန်မှ User တစ်ဦးက သူ Update ကို ရရှိတဲ့ စကရင်ရှော့ကို […]

မိုဘိုင်း အသုံးအဆောင်

ကင်မရာ ၁၆ လုံးပါ ဖုန်း LG ထုတ်လုပ် နိုင်ဖွယ်ရှိ

LG ဟာ စမတ်ဖုန်းကျောဘက်မှာ စုစုပေါင်း ကင်မရာဆန်ဆာ ၁၆ ခု အထိ တပ်ဆင်မယ့် မူပိုင်ခွင့်တခုကို အမေရိကန်မှာ ရယူနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်   [Zawgyi] လက်ရှိ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်အခြေအနေကတော့ ဖုန်းကုမ္ပဏီတွေအနေနဲ့ ဖုန်းတလုံးမှာ ကင်မရာဆန်ဆာ ဘယ်လောက်များများ တတ်နိုင်လဲ ပြိုင်နေကြတဲ့ အခိုက်အတန့်လို့ ဆိုရမှာပါ။ မကြာသေးခင်က Samsung ဟာ Galaxy A9 (2018) ဖုန်းမှာ ကျောကင်မရာ ၄ လုံးအထိ တပ်ပြပြီး၊ စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် Samsung ရဲ့ စံချိန်ကို ချိုးဖို့ LG က ပြင်ဆင်နေပါပြီ။ တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီ LG ဟာ စမတ်ဖုန်းကျောဘက်မှာ စုစုပေါင်း ကင်မရာဆန်ဆာ ၁၆ […]

မိုဘိုင်း အသုံးအဆောင်

ဖုန်းမျက်နှာပြင်အောက်တွင် ရှေ့ကင်မရာ ထည့်သွင်းထားသည့် ဒီဇိုင်းကို LG မူပိုင်ခွင့်တင်

LG ဟာ ဖုန်းရှေ့ကင်မရာကို Display အတွင်းမှာ ထည့်သွင်းထားတဲ့ ဒီဇိုင်း မူပိုင်ခွင့်တင်ထားပြီ ဖြစ်ပါတယ်   [Zawgyi] ဖုန်းတွေကို Screen အပြည့်ဖြစ်ဖို့ ကြိုးစားနေကြတဲ့ စမတ်ဖုန်း ကုမ္ပဏီတွေဟာ နည်းပညာအသစ်၊ အသစ်တွေကို သူ့ထက်ငါ ဦးအောင် အပြိုင်အဆိုင် ဖော်ဆောင်နေကြပါတယ်။ အဲဒီထဲမှာ LG လည်း အပါအဝင်ပါ။ ကိုယ်ပိုင် Display တွေ ထုတ်လုပ်နေတဲ့ LG ကုမ္ပဏီဟာ ဖုန်းရှေ့ကင်မရာကို Display အတွင်းမှာ ထည့်သွင်းထားတဲ့ ဒီဇိုင်းတခုကို မူပိုင်ခွင့်တင်ထားပြီ ဖြစ်ပါတယ်။ ယခုဒီဇိုင်းအသစ်နဲ့ဆိုရင် လက်ရှိဖုန်းတွေလို မျက်နှာပြင်ထိပ်မှာ ကင်မရာထားဖို့အတွက် Notch နေရာ ထည့်သွင်းစရာလိုတော့မှာ မဟုတ်ပါဘူး။ LG ဟာ ယခုမူပိုင်ခွင့်ကို တောင်ကိုရီးယားနိုင်ငံမှာ ဒီဇိုင်းပုံစံ ၂ မျိုးနဲ့ […]

ခေတ်ရေစီး တီထွင်မှု အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ အသုံးအဆောင်

Dream Catcher လှလှလေးတွေလုပ်ကြမယ်

[Zawgyi] DreamCatcher (အိပ်မက်ဖမ်းသူ)ဆိုသည်မှာ အဆောင်တစ်မျိုးဖြစ်ပြီး အထူးသဖြင့် အမေရိကန် အင်ဒီးယန်း လူမျိုးများ၏ ရိုးရာ အဆောင်တစ်ခု ဖြစ်သည်။ အိပ်ပျော်နေသည့် အချိန်တွင် မကောင်းသော အိပ်မက်ဆိုးများကို တိုက်ထုတ်နိုင်သည့် အစွမ်းရှိပြီး ကောင်းသော အိပ်မက်များကို ဖန်တီးနိုင်သည့် အရာတစ်ခုအဖြစ် ယူဆကြသည်။ DreamCatcher ၏ ပုံစံမှာ စက်ဝိုင်းပုံဆည်းလည်း(wind chime)လိုပုံစံမျိုးဖြစ်ပြီး အလယ် အဝိုင်းလေးတွင်ရှိသော ပိုက်ကွန်ပုံစံ ယက်ထားသည့် ကြိုးနှင့်ပုတီးလုံးလေးသည် ကောင်းသော အိပ်မက်များကို ဖမ်းပေးနိုင်သည့် အစွမ်းရှိသည်ဟု ဆိုသည်။ ဖမ်းထားသည့် အိပ်မက်ကောင်းလေးများကို အောက်နားရှိ ငှက်မွေးတွဲလောင်းမှတဆင့် အိပ်စက်နေသော လူထံသို့ ပို့ဆောင်ပေးသည်ဟု အဆိုရှိသည်။ Native American တို့၏အယူအဆမှာ ညအချိန် လေထဲတွင် ကောင်းသော အိပ်မက်နှင့် မကောင်းသော အိပ်မက်များ ရောထွေးမျောလွင့်နေကြရာ […]