Featured Video Play Icon
ဆယ်လီ ဗြီဒီယို ရုပ်ရှင် သမိုင်း အနုပညာ အမေးအဖြေ
ဗိုလ်ချုပ်ဘဝအကြောင်းက ရုပ်ရှင်တစ်ကားနဲ့တင်မလုံလောက်ဘူး…
ကိုးကားဖော်ပြချက်များ ဓလေ့ရိုးရာ နိုင်ငံရေး ဗဟုသုတ လူမှုဘဝ သမိုင်း
အာရှရဲ့ဗယျလငျတိုငျး
[Unicode] ရောမပြည်မှ အချစ်အကြောင်းသည် ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစဖြစ်သည်။ ရောမဘုရင်တစ်ပါး လက်ထက်တွင် စစ်တိုက်ထွက်ကြသော စစ်သည်တော်များသည် ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရှုံးနှိမ့်ခဲ့ကြသည်။ ထိုအကြောင်းကို ဘုရင်ကြီးသိသောအခါ ရောမမြို့တွင် ချစ်သူရည်းစား မထားရ။ အစဉ်အလာအားဖြင့် လက်ထပ်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတော်ကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုတ်ခဲ့သည်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တတ်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း သည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတတ်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထပ်ပေးလိုက်ပါသည်။ ထိုအကြောင်းကို […]
ကိုးကားဖော်ပြချက်များ မြန်မာ့သမိုင်း သမိုင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
ဖဖေောဝြါရီတဈဆယ့သြုံး
[Unicode] ဇာတာတွင်ပါရှိသည့် အမည်မှာ ‘မောင်ထိန်လင်း’ ဖြစ်သည်။ မိဘများက အကိုဖြစ်သူ အောင်သန်း နှင့် လိုက်ရန် အောင်ဆန်း ဟု ခေါ်ခဲ့သည်။ တို့ဗမာအစည်းအရုံးဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ တရုတ်အမည်မှာ ထန်လုရှိုဖြစ်ကာ၊ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိတ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။ တော်လှန်ရေးကာလအတွင်းတွင် အသုံးပြုခဲ့သော လျှို့ဝှက်အမည်များမှာ ဦးနောင်ချို၊ မျိုးအောင် ဟူ၍ဖြစ်ပြီး၊ ထောက်လှမ်းရေးရှေ့ပြေးဖြစ်သည့် ဗိုလ်နေဝင်းနှင့် ဆက်သွယ်သော လျှို့ဝှက်အမည်မှာ ကိုစက်ဖေဖြစ်သည်။ ထို့အပြင် အရိုင်း၊ ငမိုး စသည်ဖြင့် မိတ်ဆွေ၊ သူငယ်ချင်းများက ချစ်စနိုးဖြင့် နောက်ပြောင်ခေါ်သည့် အမည်များလည်း ရှိခဲ့သည်။ စာရေးဆရာကြီး […]
ရုပ်ရှင် သမိုင်း
ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းခဲ့တဲ့ ဝက်ဝံ စစ်သား Wojtek အကြောင်း အမှတ်တရ ရုပ်ရှင် ရိုက်ကူး
  [Zawgyi] ဒုတိယကမ္ဘာစစ်အတွင်းက ပိုလန် စစ်တပ်မှာ ပူးပေါင်း ပါဝင်တာဝန်ထမ်းခဲ့တဲ့ ထူးခြားတဲ့ စစ်သားတစ်ဦး ရှိခဲ့ပါတယ်။ သူကတော့ မိဘမဲ့ ဝက်ဝံ တစ်ကောင် ဖြစ်ပါတယ်။ ယင်း ဒုတိယကမ္ဘာစစ်အတွင်း တစ်ရက်မှာ ပိုလန် စစ်သား ၀ိုးရှက် နာရက်ဘ်စကီး နဲ့ ၎င်းရဲ့ ရဲဘော်ရဲဘက် တစ်ဦးတို့ အလွန်တရာ ကြီးမားလေးလံလှတဲ့ အမြှောက်ကျည်ဆံ လက်နက်ခဲယမ်းတွေကို ကားဖို့ တင်ဖို့ရာ မနိုင်မနင်း ဖြစ်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာပဲ ကံအားလျော်စွာ သူတို့ ပိုလန်စစ်သည်တွေထဲမှာ စွမ်းအား အလွန်ကြီးတဲ့ စစ်သားတစ်ယောက် ရှိနေခဲ့ပါတယ်။ သူကတော့ တပ်ကြပ် Wojtek အမည်ရ အညိုရောင် ဝက်ဝံ တစ်ကောင် ဖြစ်ပါတယ်။ “ ကျွန်တော်တို့ လက်နက်ပစ္စည်းတွေ သယ်ဖို့ […]
ခေတ်ရေစီး လူမှုဘဝ သမိုင်း
လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က လူငယ်တွေရဲ့ ဓာတ်ပုံများ
ကင်မရာပိုင်ရှင်တွေ အမှတ်တရ ရိုက်ကူးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က နိုင်ငံအသီးသီးမှာရှိတဲ့ လူငယ်များရဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်   [Zawgyi] ယနေ့ခေတ်မှာ လူငယ်တိုင်းရဲ့ လက်မှာ ဖုန်းတလုံး ကိုယ်စီနဲ့ ကိုယ်ပိုင်အမှတ်တရတွေကို ဖန်တီးနေကြပါပြီ။တနေ့တာရဲ့ အမှတ်တရတွေကို ဗီဒီယိုရိုက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း စတာတွေနဲ့ ကိုယ့်သဘောကျ ကုန်ဆုံးနေတဲ့ လူတွေအများကြီးရှိသလို ဖုန်းတလုံးနဲ့ ကိုယ်ပိုင်အတွေးတွေ ရှိရင်တောင် ပိုက်ဆံရှာလို့ရတဲ့ အနေအထားတခုကို ရောက်ရှိနေပါပြီ။ ယခင် ၂၀ ရာစုက လူငယ်တွေမှာ ဒီလို အခွင့်အရေးတွေ မရှိခဲ့ပါဘူး။ ကင်မရာပိုင်ရှင်တွေ အမှတ်တရ ရိုက်ကူးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က နိုင်ငံအသီးသီးမှာရှိတဲ့ လူငယ်များရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။ (၁) ဂျပန် ဒီဓာတ်ပုံ ၂ […]
ဗဟုသုတ သမိုင်း
လက်ဗွေရာစနစ် ဘယ်လိုပေါ်ပေါက်လာသလဲ
  [Zawgyi] ၁၉၀၃ ခုနှစ်မှာ အမေရိကန်နိုင်ငံကန်ဆက်ပြည်နယ် အနောက်မြောက်ပိုင်းမှာနေထိုင်သူ အာဖရိကန်လူမျိုး ဝီလ်ဝက်စ်ဆိုသူဟာ ရာဇဝတ်မှုတခုကျူးလွန်ခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထိုသူ လီဗန်ဝေါ့ ဆိုတဲ့အကျဉ်းထောင်ကိုရောက်လာတဲ့အခါ တာဝန်ရှိသူတွေက ထုံးစံအတိုင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။အဲ့ ဒိ အခါမှာ သူဟာထူးဆန်းစွာ လူသတ်မှုတခုကြောင့် တသက်တကျွန်းကျခံထားရတဲ့ အကျဉ်းသားတယောက်အဖြစ် မှတ်တမ်းဝင်နေတာကိုတွေ့ခဲ့ရပါတယ်။ သူ့ကို Bertillon ဆိုတဲ့လူပုဂ္ဂိုလ်အတည်ပြုတဲ့စနစ်တခုနဲ့ စစ်ဆေးခဲ့ရာမှာ သူ့ရဲ့မျက်နှာဟာ အဲ့ဒိအကျဉ်းထောင်မှာ အရင်ထဲကရောက်နှင့်ပြီးသား ဝီလီယံဝက်စ် ဆိုသူအကျဉ်းသားရဲ့မျက်နှာနဲ့တူနေတာဖြစ်ပါတယ်။ Bertillon စနစ်ကိုရေးဆွဲခဲ့သူကတော့ ပြင်သစ်လူမျိုး လက်ရေးမူပါရဂူ ပြစ်မှုဗေဒကျွမ်းကျင်သူ အဲဖွန့်စ်ဘာတီလွန်ဖြစ်ပြီး ၁၈၈၇ ခုနှစ်ကစပြီး အမေရိကန်နိုင်ငံအကျဉ်းထောင်တွေမှာ အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့်ထောင်အားလုံးမှာရှိတဲ့ ဝန်ထမ်းတွေ အကျဉ်းသားတွေရဲ့ အသေးစိတ်အချက်အလက်တွေဟာ ဒီစနစ်အတွင်းမှာရှိနှင့်နေတာ ဖြစ်ပါတယ်။ အဲဖွန့်စ်ဘာတီလွန် အခြေခံအားဖြင့်ဒီစနစ်မှာ အကျဉ်းသားတွေရဲ့မှုခင်း ဓာတ်ပုံတွေကိုရိုက်ယူထားပြီး သူတို့ရဲ့မျက်နှာပုံစံအနေအထားတွေ ကိုလဲ အသေးစိတ်ရေးမှတ်ထားရပါတယ်။ […]
ဓလေ့ရိုးရာ ဗဟုသုတ သမိုင်း အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ အနုပညာ အလှအပ
မြန်မာ့ဆေးမင်ကြောင်ထိုးခြင်းဓလေ့
[Zawgyi] ဆေးမင်ကြောင်သည် လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် သေရာပါသည့်တိုင် စွဲစွဲမြဲမြဲ ထင်နေစေရန် ဆုတ်၊ ဆူးချွန် အစရှိသည့် ကိရိယာများဖြင့် ဆေးရောင်သွင်းကာ ရုပ်ပုံများ၊ အမှတ်အသားများ၊ စာလုံးများနှင့် ပန်းကနုတ်များကို အလှအပ အလို့ငှာ ထိုးခြင်းဖြစ်သည်။ ယနေ့ခေတ် နိုင်ငံတကာမှ လူငယ်များသည် ဆေးမင်ကြောင် (Tattoo) ကို မိမိတို့၏ ခန္ဓာကိုယ်တွင် နှစ်ခြိုက်စွာ ဆေးခြယ်လာကြသည်ကို တွေ့ရှိနေရသည်။ ကျား၊ မ မရွေး အလှအပအဖြစ် မိမိကိုယ်တွင် ရေးထိုးလာကြ သည်။ ဆေးမင်ကြောင်ထိုးကြရာတွင် ၁။ အထိန်းအမှတ်အဖြစ် ထိုးနှံခြင်း၊ ၂။ အလှအပအဖြစ် ထိုးနှံခြင်း၊ ၃။ စွဲလမ်းမှုကို အခြေခံ၍ အဆောင်အဖြစ် ထိုးနှံခြင်း၊ ၄။ ရိုးရာဓလေ့အရ ထိုးနှံခြင်းတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင်လည်း ကုန်းဘောင်ခေတ်ဦး […]
ဆောင်းပါး ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း
မြို့ရိုး မြို့တံခါးများတွင် လူအရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်နှံကာ အပေါ်မှ တံခါးတိုင်စိုက်ခြင်း
  [Zawgyi] မြို့ရိုး၊ မြို့တံခါးများတွင် ဖုတ်ပြိတ္တာ အစိမ်းသေအဖြစ်အစောင့်အနေ ချထားရာတွင် လူအရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်နှံကာ အပေါ်မှ တံခါးတိုင်စိုက်ခြင်းကို “လူစတေး”ခြင်းဟု ဆိုလိုသည်။ မြန်မာ့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရသော်လည်း ၁၉၂၅ခုနှစ် ဗြိတိသျှကိုလိုနီခေတ် ကျောက်စာဋ္ဌာန(ယခုရှေးဟောင်းသုတေသန) မှကျောက် စာဝန်(ယခုရှေးဟောင်းသုတေသနညွှန်ကြားရေးမှုး) တာဝန် ထမ်းဆောင်ခဲ့တဲ့ ချားစ်ဒူရွိုင်ဆယ် (Charles Duroi-selle)က “မန္တလေးနန်းတော်လမ်းညွှန်”(Guide to Man-dalay Palace, Govt, Printing, 1925 )စာအုပ်မှာကျားမ ကြီးငယ် ၅၂ယောက်ကို စတေး ခဲ့တယ်လို့ စွပ်စွဲရေးသားခဲ့ပါသည်။ ထိုစာအုပ်ကိုပင် ၁၉၆၃ခုနှစ်က လမ်းညွှန်ကိုဖြုတ်ပြီး မန္တလေးနန်းတော်(Mandalay Palace)အမည်သစ်ဖြင့် တက္ကသိုလ်ပုံနှိပ်တိုက်မှ တော်လှန်ရေးအစိုးရ ယဉ်ကျေးမှု့ ဋ္ဌာနအတွက် ထပ်မံထုတ်ဝေခဲ့ပါသေးသည်။ ယင်းတွင်လည်း “လူစတေးခြင်း”အကြောင်ဆက်လက်ပါရှိမြဲ ဖြစ်သည်။ (စာမျက်နှာ-၁၅မှ၁၇ထိ) အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သဖြင့် […]
ဗဟုသုတ လူမှုဘဝ သမိုင်း
ပထမဆုံးအကြိမ်မြင်ဖူးသွားမည့် ရှာဖွေရခက်ခဲတဲ့ ဆယ်စုနှစ်တစ်စုက ပုံများ
  [Zawgyi] ကျွန်ုပ်တို့ကို ရှေးခေတ်က ပုံတွေက ဆွဲဆောင်နေတယ်ဆိုတာ အကြောင်းအရင်းရှိပါတယ်။ ကျွန်ုပ်တို့ လက်ရှိနေထိုင်နေတဲ့ဘဝက လုံးဝကွဲပြားတယ်ဆိုတာကို မြင်တွေ့နားလည်စေပါတယ်။ ဆယ်စုနှစ်တစ်စုက ပုံတွေက ကျွန်ုပ်တို့ကို အရင်တုန်းကအချိန်တွေနဲ့ ချိတ်ဆက်ပေးပြီး အဲဒီတုန်းက အရာရာတိုင်းကို မြင်တွေ့ရတဲ့အခွင့်အရေးပေးစွမ်းပါတယ်။ သင် မြင်တွေ့ခွင့်ရမည့် ရှာဖွေရခက်ခဲသော ရှေးခေတ်က ပုံတစ်ချို့ကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။ ၁- ၁၉၁၀ခုနှစ် ရှရှားဧကရာဇ်ခေတ်ရဲ့ Arkhangelskပြည်နယ်ရှိ သူမရဲ့အိမ်ရှေ့မှာ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးတစ်ယောက် ၂- ၁၉၀၄ခုနှစ် သြစတြီးယားနိုင်ငံရှိ Viennaမြို့မှာ Spongeရောင်းနေတဲ့ အမျိုးသားတစ်ယောက် ၃- ၁၉၄၂ခုနှစ် Veniceကမ်းခြေမှာ ဘောလီဘောကစားနေကြတဲ့ အမျိုးသမီးများ ၄- ၁၉၂၃ခုနှစ် ဂျာမနီနိုင်ငံတွင် နံရံကပ်စက္ကူအဖြစ် ငွေစက္ကူတွေကို အသုံးပြုခြင်း ၅- ၁၉၃၂ခုနှစ် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ မော်တော်ဆိုင်ကယ်နဲ့ အမျိုးသမီးမီးသတ်အဖွဲ့ […]
ပြည်တွင်း မြန်မာ့သမိုင်း သတင်း သမိုင်း
၇၉ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဦးဥတ္တမပန်းခြံတွင် ကျင်းပ
  [Zawgyi] ဆရာတော်ဦးဥတ္တမရဲ့ ၇၉ နှစ်မြောက် ဂုဏ်ပြုအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့က ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာရှိတဲ့ ဦးဥတ္တမပန်းခြံမှာ ကျင်းပနေပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်တိုင်းဝင်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ သောင်းနဲ့ချီတဲ့ ရခိုင်လူမျိုးတွေ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။ မြန်မာအမျိုးသား၊ အမျိုးသမီးတွေ နိုင်ငံရေး အသိစိတ်ဓာတ်နိုးကြားစေဖို့နဲ့ တိုင်းတပါး အုပ်ချုပ်မှုအောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ဆရာတော် ဦးဥတ္တမက မြန်မာပြည်အနှံ့ လှည့်လည်ပြီး ဝံသာနုတရား၊ ဗြိတိသျနယ်ချဲ့ဆန့်ကျင်ရေးတရားတွေကို ဟောပြောခဲ့ပါတယ်။ ဒါ့ပြင် အဲဒီအချိန်က ထုတ်ဝေခဲ့တဲ့ သူရယသတင်းစာမှာလည်း ဝံသာနုရက္ခိတတရား နယ်ချဲ့ဆန့်ကျင်ရေးဆောင်းပါးတွေကို ရေးသားပြီး နိုင်ငံရေးအသိပညာပေး လှုံဆော်ခဲ့ပါတယ်။ ဦးဥတ္တမကို ဂုဏ်ပြုတဲ့ ဦးဥတ္တမပန်းခြံကိုတော့ ၁၉၆၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ […]