ကိုးကားဖော်ပြချက်များ မြန်မာ့သမိုင်း သမိုင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
ဖဖေောဝြါရီတဈဆယ့သြုံး
[Unicode] ဇာတာတွင်ပါရှိသည့် အမည်မှာ ‘မောင်ထိန်လင်း’ ဖြစ်သည်။ မိဘများက အကိုဖြစ်သူ အောင်သန်း နှင့် လိုက်ရန် အောင်ဆန်း ဟု ခေါ်ခဲ့သည်။ တို့ဗမာအစည်းအရုံးဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ တရုတ်အမည်မှာ ထန်လုရှိုဖြစ်ကာ၊ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိတ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။ တော်လှန်ရေးကာလအတွင်းတွင် အသုံးပြုခဲ့သော လျှို့ဝှက်အမည်များမှာ ဦးနောင်ချို၊ မျိုးအောင် ဟူ၍ဖြစ်ပြီး၊ ထောက်လှမ်းရေးရှေ့ပြေးဖြစ်သည့် ဗိုလ်နေဝင်းနှင့် ဆက်သွယ်သော လျှို့ဝှက်အမည်မှာ ကိုစက်ဖေဖြစ်သည်။ ထို့အပြင် အရိုင်း၊ ငမိုး စသည်ဖြင့် မိတ်ဆွေ၊ သူငယ်ချင်းများက ချစ်စနိုးဖြင့် နောက်ပြောင်ခေါ်သည့် အမည်များလည်း ရှိခဲ့သည်။ စာရေးဆရာကြီး […]
ဆောင်းပါး ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း
မြို့ရိုး မြို့တံခါးများတွင် လူအရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်နှံကာ အပေါ်မှ တံခါးတိုင်စိုက်ခြင်း
  [Zawgyi] မြို့ရိုး၊ မြို့တံခါးများတွင် ဖုတ်ပြိတ္တာ အစိမ်းသေအဖြစ်အစောင့်အနေ ချထားရာတွင် လူအရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်နှံကာ အပေါ်မှ တံခါးတိုင်စိုက်ခြင်းကို “လူစတေး”ခြင်းဟု ဆိုလိုသည်။ မြန်မာ့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရသော်လည်း ၁၉၂၅ခုနှစ် ဗြိတိသျှကိုလိုနီခေတ် ကျောက်စာဋ္ဌာန(ယခုရှေးဟောင်းသုတေသန) မှကျောက် စာဝန်(ယခုရှေးဟောင်းသုတေသနညွှန်ကြားရေးမှုး) တာဝန် ထမ်းဆောင်ခဲ့တဲ့ ချားစ်ဒူရွိုင်ဆယ် (Charles Duroi-selle)က “မန္တလေးနန်းတော်လမ်းညွှန်”(Guide to Man-dalay Palace, Govt, Printing, 1925 )စာအုပ်မှာကျားမ ကြီးငယ် ၅၂ယောက်ကို စတေး ခဲ့တယ်လို့ စွပ်စွဲရေးသားခဲ့ပါသည်။ ထိုစာအုပ်ကိုပင် ၁၉၆၃ခုနှစ်က လမ်းညွှန်ကိုဖြုတ်ပြီး မန္တလေးနန်းတော်(Mandalay Palace)အမည်သစ်ဖြင့် တက္ကသိုလ်ပုံနှိပ်တိုက်မှ တော်လှန်ရေးအစိုးရ ယဉ်ကျေးမှု့ ဋ္ဌာနအတွက် ထပ်မံထုတ်ဝေခဲ့ပါသေးသည်။ ယင်းတွင်လည်း “လူစတေးခြင်း”အကြောင်ဆက်လက်ပါရှိမြဲ ဖြစ်သည်။ (စာမျက်နှာ-၁၅မှ၁၇ထိ) အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သဖြင့် […]
ပြည်တွင်း မြန်မာ့သမိုင်း သတင်း သမိုင်း
၇၉ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဦးဥတ္တမပန်းခြံတွင် ကျင်းပ
  [Zawgyi] ဆရာတော်ဦးဥတ္တမရဲ့ ၇၉ နှစ်မြောက် ဂုဏ်ပြုအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့က ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာရှိတဲ့ ဦးဥတ္တမပန်းခြံမှာ ကျင်းပနေပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်တိုင်းဝင်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ သောင်းနဲ့ချီတဲ့ ရခိုင်လူမျိုးတွေ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။ မြန်မာအမျိုးသား၊ အမျိုးသမီးတွေ နိုင်ငံရေး အသိစိတ်ဓာတ်နိုးကြားစေဖို့နဲ့ တိုင်းတပါး အုပ်ချုပ်မှုအောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ဆရာတော် ဦးဥတ္တမက မြန်မာပြည်အနှံ့ လှည့်လည်ပြီး ဝံသာနုတရား၊ ဗြိတိသျနယ်ချဲ့ဆန့်ကျင်ရေးတရားတွေကို ဟောပြောခဲ့ပါတယ်။ ဒါ့ပြင် အဲဒီအချိန်က ထုတ်ဝေခဲ့တဲ့ သူရယသတင်းစာမှာလည်း ဝံသာနုရက္ခိတတရား နယ်ချဲ့ဆန့်ကျင်ရေးဆောင်းပါးတွေကို ရေးသားပြီး နိုင်ငံရေးအသိပညာပေး လှုံဆော်ခဲ့ပါတယ်။ ဦးဥတ္တမကို ဂုဏ်ပြုတဲ့ ဦးဥတ္တမပန်းခြံကိုတော့ ၁၉၆၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ […]
နိုင်ငံတကာ ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း
မြန်မာပြည် ပထမဆုံး ရုပ်ရှင်ရုံနဲ့ မခွေးလေးထွင်ခဲ့တဲ့ လမ်းစ
ဓာတ်ပုံ – Wikipedia   [Zawgyi] ဖြစ်ရပ်တွေက ဒီကစတာ။ ၁၈၇၂ ခုနှစ်အစ။ နေ့တနေ့ပေါ့။ အမေရိကန် အထက်လွှတ်တော်အမတ် စတင်းဖို့ဒ်နဲ့ သူ့မိတ်ဆွေတို့ အသည်းအသန် ငြင်းခုန်ကြတယ်။ နှစ်ယောက်စလုံးက ကယ်လီဖိုးနီးယားရဲ့ နာမည်ကြီးတွေကိုး။ သူတို့ငြင်းခုန်ရာကို ကြားနာရသူတွေအဖို့ ပွဲကြီးပွဲကောင်းဆိုတော့ လူက တဖြည်းဖြည်း များလာတယ်။ ပရိသတ်ကပါ သူ့ဘက်ကိုယ့်ဘက် အပြိုင်ငြင်းလာတယ်။ ဒီတော့ အငြင်းအခုန်အတွက် သက်သေပြဖို့ လိုလာပြီ။ အဲဒီမှာ သူဋ္ဌေးကြီး စတင်းဖို့ဒ်ဟာ အဲ့ဒီခေတ်က ဒေါ်လာလေးသောင်း အကုန်ခံပြီး သက်သေပြဖို့ လုပ်ဆောင်လိုက်တယ်။ သူတို့ ဒီဘိတ်ခေါင်းစဉ်က… ခင်ဗျားတို့ စဉ်းစားပြီးပြီဆိုရင် လက်တွေ့လုပ်ဆောင် စမ်းသပ်ပုံကို ဆက်ပြောမယ်။ စတင်းဖို့ဒ်က စောစောပြောခဲ့သလိုပဲ ဒေါ်လာလေးသောင်း အကုန်ခံပြီး မြင်းပြေးနေတာကို ဓာတ်ပုံရိုက် သက်သေပြဖို့ ပြင်ဆင်ခဲ့တယ်။ […]
ဗဟုသုတ မြန်မာ့သမိုင်း လူမှုဘဝ အနုပညာ
လှေကလေးလှော်လို့ ဒို့မပျော်ရသေးဘူး ဒိုရာရေ….
ဓာတ်ပုံ – မိုးမခ   [Zawgyi] “လှေကလေးကိုလှော်မည်…ဘေးမသန်းဘဲ အေးချမ်းတော့မည်”..တဲ့။ တချိန်က နာမည်ကြီးအဆိုတော် ဘိလပ်ပြန်သန်းအေးရဲ့ ကြည်လဲ့လဲ့အသံနဲ့ ကျော်ကြားခဲ့တဲ့ သီချင်းပေါ့။ သူကတော့ ခရစ်တော်မှာ ငြိမ်သက်စွာ အိပ်ပျော်နေခဲ့ပါပြီ။ သူ့ရဲ့ဆိတ်ငြိမ်မှုကို အနှောင့်အယှက်မပြုဘဲ သူ့ပုံရိပ်တွေကို ဖွေရှာကြည့်ချင်လာတယ်။ သူ့တန်ဖိုးကို ရှာဖို့မဟုတ်ဘူး။ သူ့ပုံရိပ်ကို ကြည့်ချင်ရုံသက်သက်ပါ။ သူ့ပုံရိပ်ကြည့်မယ်ဆိုတော့မှ မကျေမနပ် မျက်နှာထားနဲ့ ဒိုရာပုံသွင်က ထင်ဟပ်လာတယ်။ ဘယ်ကျေနပ်ပါ့မလဲလေ။ သူ့ကို ဒိုရာလို့ သုံးလိုက်မိပေသကိုး။ တကယ်တော့ ဒေါ်သန်းအေးက သူ့ကို ဒိုရာသန်းအေးလို့ ထည့်ခေါ်တာကို မကြိုက်ဘူးပဲ။ ဘာပဲဖြစ်ဖြစ် ဒီအမှားနဲ့ပဲ စလိုက်ကြရအောင်ပါ ဒိုရာရယ်။ မက်သဒစ်ကျောင်းရဲ့ ဆရာမ ဒေါ်ထူးနဲ့ ပါဠိစာ၊ မြန်မာစာသင်ပေးတဲ့ ကျောင်းဆရာလေး ဦးပိုမြတို့က မွေးဖွားပေးလိုက်တဲ့သူပေါ့။ သူ့ကိုမွေးတာက ကိုလိုနီခေတ်ဦး ၁၉ဝ၈ခု၊ […]
ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း
အရှေ့တိုင်းဒေဝီ တော်ဝင်နှင်းဆီ
  [Zawgyi] ပထမကမ္ဘာစစ်မတိုင်မီ ဂျာမနီ အိမ်ရှေ့မင်းသား အရှေ့တိုင်းဘက်ဆီ တိုင်းခန်းလှည့်လည်ရင်း အိန္ဒိယကိုရောက်တယ်။ အိန္ဒိယ လူ့မလိုင်တို့ တည်ထောင်ထားရာ ကလပ်ကိုလည်း အလည်အပတ်သွားခဲ့တယ်။ အဲ့ဒီမှာ အိန္ဒိယနဲ့မတူတဲ့ အရှေ့တိုင်းသူတယောက်ကို မြင်လိုက်ချိန်မှာ “အို… လှလွန်းပါဘိ၊ အရှေ့တိုင်းရဲ့ တော်ဝင်နှင်းဆီပေပဲ” လို့ နှုတ်က တဖွဖွ ရွတ်ဆိုရလောက်အောင်၊ ဂျာမနီရဲ့အိမ်ရှေ့မင်းသား ရာဇိနြေ္ဒပျက်လောက်အောင် ချောမောပြေပြစ်သူတဦး ရှိခဲ့ဖူးသတဲ့။ အဲ့ဒါကတော့ မြန်မာ့ရာဇသွေး လင်းပင်ထိပ်တင်မလတ်ပါပဲ။ သူက ကနောင်မင်းသားကြီးရဲ့ သားတော်တပါးဖြစ်တဲ့ လင်းပင်မင်းသားရဲ့ သမီးတော်တပါးပေါ့။ အိမ်ရှေ့စံ ကနောင်မင်းကြီးရဲ့ မြေးအရင်းကြီးပေပဲ။ တကယ်တော့ လင်းပင်မင်းသားဟာ ခမည်းတော်က နောင်ကွယ်လွန်ချိန်မှာ ၇ နှစ်သားပဲ ရှိသေးတာ။ အရွယ်ရောက်လာတော့ မြင်းကွန်း၊ မြင်းခုံတိုင် ညီနောင်ကို လက်စားချေဖို့ ရှမ်းပြည်ဘက်ထွက်ခွာပြီး မကြာမီအချိန်မှာပဲ သီပေါဘုရင်နဲ့ […]
ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း
မြန်မာပြည်မှ အိုင်းရစ်လူမျိး ရဟန်း
[Zawgyi] မြန်မာနိုင်ငံနှင့် အိုင်ယာလန်နိုင်ငံအကြား ဆက်ဆံရေးသည် သမိုင်းကြောင်း ရှည်ကြာကာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ အိုင်းရစ်လူမျိုး (Irish) အမျိုးသား၊ အမျိုးသမီးများစွာတို့သည် မြန်မာအရေးကိစ္စများတွင် ပါဝင်ခဲ့ကြသည်။ အထူးခြားဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ ဦးဓမ္မလောက (အမည်ရင်း မသိရ) ဖြစ်သည်။ ယင်းကို ဒပ်ဘလင်မြို့ (Dublin) ရှိ ချို့တဲ့သော မိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး ၁၈၅၆ ခုနှစ်တွင် အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ အမေရိကားတလျှောက် ဖြတ်သန်းပေါက်ရောက်သည့် ပထမဦးဆုံးသော ရထားလမ်းများဖြင့် ခရီးနှင်လာရာ ဂျပန်သို့ မီးသင်္ဘောဖြင့် ရောက်ရှိခဲ့သည်။ ထို့နောက် သီပေါမင်း ပါတော်မူခါနီး အချိန်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ အတန်းပညာ မသင်ကြားခဲ့ရသော်လည်း ဗုဒ္ဓဘာသာကို ထူးထူးခြားခြား စိတ်ပါဝင်စားခဲ့ကာ ၁၈၉၀ ပြည့်နှစ်များတွင် ရဟန်းဝတ်ခဲ့ပြီး ပထမဦးဆုံးသော အနောက်တိုင်းသား သံဃာတစ်ဦး […]
ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း
၁၉၀၅ ခုနှစ်ဝန်းကျင် ရွှေတိဂုံမှ ဗိုလ်တထောင်သို့ ပြေးဆွဲသော ဓာတ်ရထား
ဆောင်းပါး ပြည်တွင်း မြန်မာ့သမိုင်း သမိုင်း
သမိုင်းတွင် မမေ့နိုင်သောနေ့
[Zawgyi] ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်၊ လူမသမာတစု၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ် အောင်ဆန်း နှင့်တကွ မြန်မာ့ ခေါင်းဆောင်ကြီးများ ကျဆုံးသောနေ့ကို မေ့မရသကဲ့သို့ ကျနော့်အဖို့ သက္ကရာဇ် ၁၂၂၈ ခု ဒုတိယဝါဆို လပြည့်ကျော် ၇ ရက် ကြာသပတေးနေ့ (၂၊ ၈၊ ၁၈၆၆) နေ့ နှစ်ချက်တီးခန့် အချိန်၊ မန္တလေး တောင်ခြေ နန်းမြေဘုံသာ စံနန်းတော် လွှတ်တော်အနီး တဲကြီးတွင် အိမ်ရှေ့ကနောင်မင်းနှင့်တကွ မြန်မာ မှူးကြီးမတ်ကြီး အချို့ အား မြင်ကွန်းစားနှင့် မြင်းခုံတိုင်စားတို့ လုပ်ကြံသော နေ့ကိုလည်း မေ့၍ မရနိုင်ပါ။ နန်းမြေဘုံသာ စံနန်းတော်၏ […]
မြန်မာ့သမိုင်း သမိုင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
[Zawgyi] ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅- ၁၉၄၇) အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်း၊ တောင်တွင်းကြီးခရိုင်၊ နတ်မောက်မြို့မှာ ဖခင် အမိန့်တော်ရရှေ့နေ ဦးဖာနဲ့ မိခင် ဒေါ်စုတို့က ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ဖွားမြင်ပြီး ဇာတာအရ အမည်က မောင်ထိန်လင်းဖြစ်ပြီး ငယ်နာမည်ကတော့ အောင်ဆန်း ဖြစ်ပါတယ်။ နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်းမှာ ပညာစသင်ပြီး ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းကနေ ၁ဝ တန်းကို မြန်မာ၊ ပါဠိ ဂုဏ်ထူးနဲ့ အောင်မြင်ပါတယ်။ အဲဒီနောက် ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ပြီး ၁၉၃၅-၃၆ ခုနှစ်ကစလို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ကျောင်းသားသမဂ္ဂက ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ဖြစ်လာပြီး The Hell […]