နိုင်ငံတကာ သတင်း သိပ္ပံနှင့်နည်းပညာ

ကမ္ဘာ့အကြီးဆုံး Hack ခံနေရတဲ့ နိုင်ငံဟာ တရုတ်ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြ

  [Unicode] ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံဟာ Hacker တွေရဲ့ ကမ္ဘာ့အကြီးဆုံး သားကောင် ဖြစ်နေတယ်လို့ တရုတ်ရဲ့ အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။ သြစတြေးလျ ပါလီမန်ရဲ့ ကွန်ရက်ကို ထိုးဖောက်ခဲ့တာဟာ တရုတ်နိုင်ငံရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက် ထွက်ပေါ်ပြီးနောက် အခုလို အစီရင်ခံစာက ဖော်ပြပါတယ်။ ဘေဂျင်း အခြေစိုက် လုံခြုံရေး ကုမ္ပဏီ Knownsec သတင်းနည်းပညာက အဲဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တရုတ် အဖွဲ့အစည်းတွေကို ဆိုင်ဘာ တိုက်ခိုက်မှုပေါင်း သန်း ၈၀ဝ လုပ်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။ Hacker တွေရဲ့ ၉၇ ရာခိုင်နှုန်းဟာ တရုတ်ပြည်တွင်းက ဖြစ်ပြီး ကျန် ၃ ရာခိုင်နှုန်းက ပြည်ပက ဖြစ်ကြောင်း၊ နေ့စဉ် […]

နိုင်ငံတကာ သတင်း သိပ္ပံနှင့်နည်းပညာ


  [Unicode] ယူကေပါလီမန်ရဲ့ အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဟာ Facebook ကုမ္ပဏီကို ၁၈ လကျော်ကြာ စုံစမ်းလေ့လာပြီးနောက် နောက်ဆုံး အစီရင်ခံစာကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ၊ ယဉ်ကျေးမှု ၊ မီဒီယာနဲ့အားကစားရေးရာ ကော်မတီ DCMS ဟာ Facebook နဲ့ဒီကုမ္ပဏီရဲ့ privacy မူဝါဒရေးရာပိုင်းတွေမှာ ကုမ္ပဏီကို ကိုယ်တိုင်စီမံအုပ်ချုပ်ခွင့်ပြုတော့မှာ မဟုတ်ဘဲ အစိုးရဘက်ကနေ ဝင်ရောက်စွက်ဖက်တော့မယ့် အချိန်ရောက်ပြီလို့အကြံပြုထားပါတယ်။ ဒီကော်မတီဟာ ပြီးခဲ့တဲ့နှစ်က Facebook ရဲ့ ခြိမ်းခြောက်မှုကြီး ၃ ခုကို တွေ့ရှိထားတယ်လို့ဆိုပါတယ်။ Photo: vox DCMS ရဲ့ အဆိုအရ Facbeook ဟာ သုံးစွဲသူအချက်အလက်ကာကွယ်ရေးဥပဒေတွေကို သိသိကြီးနဲ့ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက DCMS ဟာ Six4Three […]

နိုင်ငံတကာ သိပ္ပံနှင့်နည်းပညာ


  [Unicode] Google Station ဟာ ပြည်တွင်းမှ ပါတနာများနဲ့ ဂူဂယ်တို့ ပူးပေါင်းပြီး ဘူတာရုံ၊ ဘတ်စ်ကားဂိတ်တို့လို လူဦးရေ ထူထပ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ တည်နေရာများမှာ အခမဲ့ ဝိုင်ဖိုင်ကို ထုတ်လွှင့်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အိန္ဒိယတွင် ဒီအစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာ အင်ဒိုနီးရှား၊ မက္ကဆီကို၊ နိုင်ဂျီးရီးယား၊ ထိုင်းများမှာ ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီနိုင်ငံများမှာ ဆေးရုံနဲ့ ကောလိပ်ကျောင်းဝင်များထဲ အထိပါ ဝိုင်ဖိုင် အခမဲ့ ထုတ်လွှင့်ပေးခဲ့ပါတယ်။ အခုတော့ ဒီဝန်ဆောင်မှုကို ဖိလစ်ပိုင်မှာ ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။ လက်ရှိ ကျင်းပနေတဲ့ “ Google for Philippines “ Conference မှာ Google’ Next […]

ကား တီထွင်မှု သိပ္ပံနှင့်နည်းပညာ


  [Unicode] ဂျပန်နှင့် ဥရောပသမဂ္ဂတို့ဦး ဆောင်သော နိုင်ငံပေါင်း ၄ဝ တို့သည် အပေါ့စားကားများကို ထုတ် လုပ်ရာတွင် အလိုအလျောက် ဘရိတ်ဖမ်းစနစ်ပါသော ကားများကို နောက်နှစ်မှစတင်ကာ ထုတ် လုပ်တော့မည်ဟု ဖေဖော်ဝါရီ ၁၃ ရက် သတင်းများအရ သိရှိရသည်။ ယင်းနိုင်ငံ ၄ဝ တို့တွင် အမေ ရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ မပါဝင်ဟု သိရှိရသည်။ ယင်းစနစ်အရ ယာဉ်တိုက်မှုဖြစ်လျှင်ဖြစ်ချင်း အလိုအလျောက် ဘရိတ်ဖမ်းပြီးသား ဖြစ်သွားမည်ဖြစ်သည်။ သို့သော်ယာဉ်သည် တစ်နာရီကီလိုမီတာ ၆ဝ (၄၂)မိုင်ထက် မကျော်သော အရှိန်ရှိနေရမည်ဖြစ်သည်။ ဈေးကွက်ထဲ၌ လုံးဝမရောင်းချရသေး သော ယာဉ်သစ်ဖြစ်ရမည်။ ယင်း ကားသစ်များကို ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထား၍ ထုတ်လုပ်ရန် ကုလသမဂ္ဂက ညှိနှိုင်းထားပြီးဖြစ်သည်ဟု မော်တော် […]

နိုင်ငံတကာ သတင်း သိပ္ပံနှင့်နည်းပညာ


  [Unicode] အမေရိကန်စစ်တပ်ဟာ ကောင်းကင်ကနေ အခြားတပ်ဖွဲ့တွေကို ထောက်လှမ်းနိုင်မယ့် ဒရုန်းအသေးစားတွေကို မြေပြင်တပ်ဖွဲ့တွေအားလုံးနီးပါးမှာ အသုံးပြုဖို့ ရည်မှန်းထားပါတယ်။ အဲဒီကိရိယာအတွက် ကန်ထရိုတက်တန်ဖိုးက ဒေါ်လာ ၃၉.၆သန်းရှိပြီး အမေရိကန်နိုင်ငံ အော်ရီဂွန်အခြေစိုက် ကုမ္ပဏီ FLIR Systems ကငွေကြေးထောက်ပံ့ခဲ့ပါတယ်။ FLIR Systems ဟာ အပူနဲ့ပုံဖော်တာ၊ စောင့်ကြည့်လေ့ လာတာနဲ့ လမ်းညွှန်နည်းပညာစနစ်တွေကို ဖန်တီးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။FLIR ဟာ လက်ဖဝါးထဲမှာ ထည့်ထားနိုင်တဲ့ ဒရုန်းအသေးစားလေးတွေဖြစ်တဲ့ Black Hornet Personal Reconnaissance Systems (PRS) နဲ့စစ်တပ်ကို ထောက်ပံ့ဖို့ ရှိပါတယ်။ အဲဒီဒရုန်းတွေဟာ အဝေးကနေ ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့်နာနိုစနစ်တွေ ဖြစ်ပြီး အရှည် ၆.၆လက်မနဲ့ အလေးချိန်က ၃၃ ဂရမ်ပဲရှိပါတယ်။ဒရုန်းအနေနဲ့ ၁၂၄မိုင်အကွာအဝေ၊ မြန်နှုန်း တစ်နာရီ […]

တီထွင်မှု သိပ္ပံနှင့်နည်းပညာ


  [Unicode] Google က အကြား အာရုံ မကောင်းသူများ၊ နားမကြားသူများ အတွက် Android App အသစ် နှစ်ခုကို ကြေညာလိုက်ပါတယ်။ Live Transcribe နဲ့ Sound Amplifier တို့ဖြစ်ပါတယ်။ Live Transcribe က ဂူဂယ်ရဲ့ Speech Recognition နည်းပညာကို အသုံးပြုပြီး ပြောစကားများကို ဖုန်းမှာ အချိန်နဲ့ တစ်ပြေးညီ စာသားများ အဖြစ် ဘာသာပြန်ပေးနိုင်ပါတယ်။ ဘာသာစကား ၇၀ ကျော်ကို သူက နားလည်ပါတယ်။ App ကြောင့် Sign Language များကို အသုံးပြုဖို့ မလိုတော့ပါဘူး။ ဒါ့အပြင် သင့်ရဲ့ အနောက်ကလူက သင့်ကို စကားလှမ်းပြောရင်လည်း တုန်ခါမှုဖြင့် App က […]

နိုင်ငံတကာ သိပ္ပံနှင့်နည်းပညာ

တိုကျိုလေဆိပ်တွင် မောင်းသူမဲ့ ခရီးသည်အကြိုအပို့ဘတ်စ်ကားများ စမ်းသပ်ပြေးဆွဲ

  [Zawgyi] ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်ပေါ်စီးနင်းလိုက်ပါမယ့် ခရီးသည်တွေကို အကြိုအပို့လုပ်တဲ့ မောင်းသူမဲ့ဘတ်စ်ကားတွေကို စမ်းသပ်ပြေးဆွဲနေပြီလို့ သိရပါတယ်။ တိုကျိုမြို့မှာ ကျင်းပမယ့် ၂၀၂၀ ခုနှစ် အိုလံပစ်ပြိုင်ပွဲကို လာရောက်အားပေးမယ့် ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်က ဆင်းလာတာနဲ့ ဘတ်စ်ကားတွေကို ကိုယ်တိုင်စီးနိုင်အောင် လုပ်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ မောင်းသူမဲ့ အကြိုအပို့ဘတ်စ်ကားတွေကို စမ်းသပ်ပြေးဆွဲတာဖြစ်ကြောင်း တိုကျိုလေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။ ယင်းကဲ့သို့ မောင်းသူမဲ့ အကြိုအပို့ဘတ်စ်ကားတွေ စမ်းသပ်ပြေးဆွဲရာမှာ လိုက်ထိန်းဖို့ ယာဉ်မောင်းတစ်ဦးကို ရှေ့ခန်းမှာ ထိုင်ခိုင်းထားပေမယ့် အဆိုပါယာဉ်မောင်းက လိုက်ထိန်းစရာမလိုဘဲ ဘတ်စ်ကားက အလိုအလျောက်မောင်းနှင်သွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ “၂၀၂၀ ခုနှစ်၊ တိုကျိုမှာ ပြုလုပ်မယ့် အိုလံပစ်ပြိုင်ပွဲမှာ ခရီးသည်တွေကို အလိုအလျောက်မောင်းနှင်တဲ့ ဘတ်စ်ကားတွေနဲ့ ဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ထားပါတယ်။”လို့ ANA လေကြောင်းလိုင်းရဲ့ […]

နိုင်ငံတကာ သိပ္ပံနှင့်နည်းပညာ

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

  [Zawgyi] ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal တည်ထောင်သူ Peter Thiel က ရင်းနှီးမြှပ်နှံမှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်ကို နိုင်ငံတကာ ရေပိုင်နက်ပေါ်မှာ တည်ဆောက်မှာ ဖြစ်ပြီး ကိုယ်ပိုင် ဥပဒေများ ပြဌာန်း၍ အုပ်ချုပ်မှာ ဖြစ်ပါတယ်။ Seasteading Institute ရဲ့ ဥက္ကဌ ဖြစ်သူ Joe Quirk က ၂၀၅၀ ခုနှစ်မှာ ရေပေါ် မြို့တော် ထောင်ဂဏန်းခန့်ကို အလိုရှိနေတယ်လို့ […]

ပြည်တွင်း သတင်း သိပ္ပံနှင့်နည်းပညာ

ဆုရရှိတဲ့ ရတနာပုံ ဆိုက်ဘာစီးတီးကျောင်းသားအဖွဲ့ဒေါ်လာ ၇၅ သန်း ရန်ပုံငွေရ

[Zawgyi] အပ်ချုပ်စက်ကနေ လျှပ်စစ်ဓါတ်အားထုတ်နိုင်တဲ့ တီထွင်မှုနဲ့ ရတနာပုံ ဆိုက်ဘာစီးတီးမှ ကျောင်းသားအဖွဲ့ တစ်ဖွဲ့ ဟာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ တီထွင်မှုအတွက် ပေးတဲ့ VentureWell OPEN 2018 ကွန်ဖရင့်မှာ ဒေါ်လာ ၃၀၀၀ တန် ဆုနဲ့ အတူ ဒေါ်လာ ၇၅ သန်း ရင်းနှီးမြှပ်နှံမှု ရရှိခဲ့ပါတယ်။ Photo: Medium Texas A&M University မှာ ကျင်းပတဲ့ Invent for the Planet ခေါင်းစဉ်နဲ့ တီထွင်မှုစွမ်းရည် ပြပွဲမှာ နိုင်ငံ ၁၅ နိုင်ငံမှ ကျောင်းသားပေါင်း ၄၀၀ ကျော် ပါဝင်တဲ့ ၄၈ နာရီအတွင်း တီထွင်မှု လုပ်ပြရတာပါ။ ဒီပွဲမှာ ကမ္ဘာ့စွမ်းအင် ဆိုင်ရာ […]

ခေတ်ရေစီး သိပ္ပံနှင့်နည်းပညာ

စမတ်ဖုန်းများကို အဝေးကနေ ကြိုးမဲ့ အားသွင်းနိုင်တော့မည်

  [Zawgyi] အခုခေတ်မှာ ကြိုးမဲ့ အားသွင်းနည်းပညာ ပါတဲ့ စမတ်ဖုန်းများ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် သူတို့ကို ကြိုးမဲ့အားသွင်းရင် Charging Pad ပေါ်တင်ထားရတာ ဖြစ်ပါတယ်။ အခုတော့ Wireless Charger အနားမှာ ထားစရာ မလိုဘဲ အဝေးကနေ ဖုန်းကို ကြိုးမဲ့အားသွင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အခန်းတစ်ခုထဲမှာ Wireless Charger က တစ်နေရာမှာ ရှိနေပြီး သင့်ဖုန်းက အခြား တစ်နေရာမှာ ရှိနေရင်လည်း အားသွင်းပေးနေမှာ ဖြစ်ပါတယ်။ ဒီနည်းပညာကို ယခင်နှစ် CES ကတည်းက Ossia Company က ပြသခဲ့ပါတယ်။ ဒီနှစ်ပွဲမှာတော့ ကုမ္ပဏီက သူတို့ရဲ့ နည်းပညာကို စားသုံးသူများ လက်ထဲကို ထည့်ဆောင်ပေးမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ […]