Featured Video Play Icon
ကား ဆယ်လီ ဗွီဒီယို အမေးအဖြေ

ပြိုင်ကားကို ခရေဇီဖြစ်တယ်ဆိုတာထက် ကားလှလှလေးတွေ modify လုပ်ရတာသဘောကျတယ်…

  [Unicode] မူးသွားရင် အိမ်ပြန်လေ့မရှိဘူး။ကားပေါ်မှာအိပ်တယ်။ကျွန်တော်က ကားကိုချစ်တယ်။အရမ်းမူးသွားရင် ကားမောင်းလေ့မရှိဘူးဆိုတဲ့ ‘တိုင်ရွန်’ [Zawgyi] မူးသြားရင် အိမ်ျပန်လေ့မရွိဘူး။ကားပေါ်မွာအိပ္တယ်။ကျြန်တ္ကော ကားကိုခ်စ္တယ်။အရမ်းမူးသြားရင် ကားမောင်းလေ့မရွိဘူးဆိုတဲ့ ‘တိုင်ရြန်’ .

ကား တီထွင်မှု သိပ္ပံနှင့်နည်းပညာ


  [Unicode] ဂျပန်နှင့် ဥရောပသမဂ္ဂတို့ဦး ဆောင်သော နိုင်ငံပေါင်း ၄ဝ တို့သည် အပေါ့စားကားများကို ထုတ် လုပ်ရာတွင် အလိုအလျောက် ဘရိတ်ဖမ်းစနစ်ပါသော ကားများကို နောက်နှစ်မှစတင်ကာ ထုတ် လုပ်တော့မည်ဟု ဖေဖော်ဝါရီ ၁၃ ရက် သတင်းများအရ သိရှိရသည်။ ယင်းနိုင်ငံ ၄ဝ တို့တွင် အမေ ရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ မပါဝင်ဟု သိရှိရသည်။ ယင်းစနစ်အရ ယာဉ်တိုက်မှုဖြစ်လျှင်ဖြစ်ချင်း အလိုအလျောက် ဘရိတ်ဖမ်းပြီးသား ဖြစ်သွားမည်ဖြစ်သည်။ သို့သော်ယာဉ်သည် တစ်နာရီကီလိုမီတာ ၆ဝ (၄၂)မိုင်ထက် မကျော်သော အရှိန်ရှိနေရမည်ဖြစ်သည်။ ဈေးကွက်ထဲ၌ လုံးဝမရောင်းချရသေး သော ယာဉ်သစ်ဖြစ်ရမည်။ ယင်း ကားသစ်များကို ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထား၍ ထုတ်လုပ်ရန် ကုလသမဂ္ဂက ညှိနှိုင်းထားပြီးဖြစ်သည်ဟု မော်တော် […]

ကား နိုင်ငံတကာ ပြပွဲ


[Unicode] Honda က သြစတြေးလျမှာ အခြေချတာ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အဖြစ် ရွှေရောင် ကား၊ ဆိုင်ကယ်၊ လမ်းကြမ်း ဆိုင်ကယ်၊ မြက်ရိတ်စက် ၊ မီးစက်များ အပါအဝင် ထုတ်ကုန်များကို ပြသလိုက်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် Civic Type R Hot Hatchback, The Acura NSX Hybrid Supercar, HRU19 Buffalo Lawn Mower, EU22i Generator, CBR1000RR Fireblade Motorcycle, CRF450L Dual-Sport Dirt Bike နဲ့ CRF50F Kids Motorbike များ ဖြစ်ပါတယ်။ ဒါပေမယ့် Anniversary အနေနဲ့သာ ဖန်တီးထားတာ […]

ကား သိပ္ပံနှင့်နည်းပညာ

ပိုင်ရှင် သွားမယ့်နေရာကို အလိုလို သိပြီး လိုက်ပို့ပေးမယ့် မောင်းသူမဲ့ ကား

  [Zawgyi] လက်ရှိ မောင်းသူမဲ့ ကားများမှာတော့ သွားမယ့် နေရာကို ပိုင်ရှင် သို့မဟုတ် စီးနင်းသူက ထည့်သွင်းပေးရတာ ဖြစ်ပါတယ်။ ပိုင်ရှင်က သွားမယ့် နေရာကို စဉ်းစားလိုက်တာနဲ့ မောင်းသူမဲ့ ကားက အလိုလို သိပြီး လိုက်ပို့ပေးနိုင်ရင်တော့ ပိုအဆင်ပြေလာမှာ ဖြစ်ပါတယ်။ ဒါဟာ သိပ္ပံရုပ်ရှင် ဆန်ဆန် နည်းပညာ ဖြစ်ပေမယ့် အနာဂတ်မှာ တကယ် ဖြစ်လာတော့မှာပါ။ Kia က စီးနင်းသူရဲ့ စိတ်ခံစားချက်ကို သိနိုင်မယ့် မောင်းသူမဲ့ ကားကို ဖန်တီးနေပါတယ်။ ဒီနည်းပညာ အကြောင်းကို လာမယ့်လမှာ ကျင်းပမယ့် Consumer Electronics Show (CES) မှာ Kia က ပြောကြားမှာ ဖြစ်ပါတယ်။ ဒီနည်းပညာက စီးနင်းသူနဲ့ စဉ်ဆက်မပြတ် […]

ကား သိပ္ပံနှင့်နည်းပညာ

လက်ဗွေရာနဲ့ ကားတံခါးဖွင့်၊ စက်နှိုးနိုင်မယ့် နည်းပညာကို Hyundai မိတ်ဆက်

ကားပြပွဲမှာ မိတ်ဆက်ခဲ့တဲ့ 2019 Santa Fe SUV ကား   [Zawgyi] တောင်ကိုရီးယားအခြေစိုက် Hyundai Motor ဟာ လက်ဗွေရာနဲ့တင် ကားတံခါးဖွင့်၊ စက်နှိုးနိုင်မယ့် စနစ်တခုကို မိတ်ဆက်လိုက်ပါတယ်။ ကားတံခါးလက်ကိုင်နဲ့ စက်နှိုးခလုတ်တို့မှာ လက်ဗွေရာဆန်ဆာတွေ တပ်ဆင်ထားပြီးကားသော့ မလိုအပ်တဲ့ စနစ်တခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တပတ်က တရုတ်နိုင်ငံ၊ ကားပြပွဲမှာ မိတ်ဆက်ခဲ့တဲ့ 2019 Santa Fe SUV ကားမှာ စတင် ပါဝင်လာမယ်လို့ Hyundai က ပြောကြားခဲ့ပါတယ်။ ကားတစီးမှာ လက်ဗွေရာ အမြောက်အများ ထည့်ထားနိုင်တဲ့ မိသားစုဝင်တွေပါ အသုံးပြုနိုင်ပြီး ကားအသုံးပြုတဲ့ လူအလိုက် ထိုင်ခုံအနေအထား၊ နောက်ကြည့်မှန် အနေအထားတို့ကို အလိုအလျောက် ချိန်ညှိ ပြင်ဆင်ပေးနိုင်တယ်လို့ Hyundai […]

ကား ပြည်တွင်း သတင်း

ပြည်တွင်းဖြစ်ပစ္စည်းများဖြင့် လျှပ်စစ်ကားထုတ်လုပ်နိုင်ရန် စမ်းသပ်နေ

  [Zawgyi] ပြည်တွင်းထုတ်ပစ္စည်းတွေကိုသာ အဓိက အသုံးပြုထားတဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်နိုင်ဖို့ စမ်းသပ်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ ကားထုတ်လုပ်နေသူက ပြောပါတယ်။ အဲဒီ လျှပ်စစ်ကားကို ပြည်တွင်းထုတ်ပစ္စည်း ၇၅ ရာခိုင်နှုန်းနဲ့ ပြည်ပထုတ်ပစ္စည်း ၂၅ ရာခိုင်နှုန်း အသုံးပြုပြီး မန္တလေးမြို့မှာ စမ်းသပ်ထုတ်လုပ်နေတာပါ။ လျှပ်စစ်ကားထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ဦးအောင်သန့်ခိုင်က “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ဖို့၊ ယာဉ်မတော်တဆဖြစ်ပွားမှု လျော့ချနိုင်ဖို့ ရည်ရွယ်ပြီး စမ်းသပ်ထုတ်လုပ်နေတာ ဖြစ်သလို အားပြန်သွင်းလို့ရတဲ့ ဘက်ထရီကို အသုံးပြုထားတယ်” လို့ ပြောပါတယ်။ အဲဒီကားကို ဘက်ထရီကနေရတဲ့ လျှပ်စစ်ဓာတ်အားနဲ့ မောင်းနှင်နိုင်မှာဖြစ်ပြီး တနာရီကို ၃၀ ကီလိုမီတာကနေ ၅၀ ကီလိုမီတာအကြား မောင်းနှင်နိုင်မှာဖြစ်တယ်။ ကုန်ကျစရိတ်ကတော့ လျှပ်စစ်ကားတစီးကို ကျပ် ၁၅ သိန်းဝန်းကျင်လောက် ရှိမှာဖြစ်ပါတယ်။ […]

ကား တီထွင်မှု ပြည်တွင်း

မိတ္ထီလာက ဆိုင်ကယ်အင်ဂျင်ဖြင့် ကားတီထွင်သူ တရားဝင်လိုင်စင်လိုအပ်နေ

  [Zawgyi] မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်နေ လူငယ်တဦးဖြစ်တဲ့ ကိုဇော်မျိုးဦးဟာ ဆိုင်ကယ်အင်ဂျင်သုံး အိမ်စီးကားတွေကို တီထွင် စမ်းသပ် မောင်းနှင်နေပြီး တရားဝင် ကားထုတ်လုပ်ရောင်းချနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လတ်တလော အိမ်စီးကားငယ် ၃ စီး တီထွင်ထားတဲ့ ကိုဇော်မျိုးဦးက အစိုးရခွင့်ပြုချက်နဲ့ တရားဝင်လိုင်စင် ရယူပြီး ကားထုတ်လုပ်ရောင်းချင်တယ်လို့ ပြောပါတယ်။ “အင်ဂျင်နဲ့ ဂီယာက သုံးဘီးဆိုင်ကယ်ကပါပဲ။ ဂီယာ ငါးချက်၊ ဘက်ဂီယာနဲ့ဆို ခြောက်ချက်ပေါ့။ နောက်ဘီးမှာ ကရောင်းပါတယ်။ နောက်ဆွဲပေါ့။ ကီလို ၈၀ မောင်းနိုင်ပါတယ်။ ဓာတ်ဆီ တဂါလံ မိုင် ၆၀ လောက်ရတယ်။ အခုတော့ ကားဘော်ဒီတို့ ဒက်ဘုတ်တို့ကို သံပြားနဲ့ ပုံစံဖေါ်ထားတယ်။ ပလပ်စတစ်တို့ ဖိုင်ဘာတို့နဲ့ မိုသွင်းပြီးလည်း လုပ်တတ်ပါတယ်။ အစိုးရဆီ လိုင်စင်လျှောက်ပြီး […]

ကား ဗဟုသုတ ဟာသ

ကမ္ဘာ့ရုပ်အဆိုးဆုံးကား ၁၅ စီး

[Zawgyi] အလှဆိုတာ ရှုစားသူရဲ့ မျက်စိအစုံကို ဖမ်းစားနိုင်ပါတယ်။ ဒီလိုဆိုပေမဲ့လည်း ဘီယာအလုံး၅၀လောက် သောက်ပြီးတာတောင် ဘယ်လိုမှ ကြည့်မလှတာမျိုးတွေလည်း ရှိပါတယ်။ ကားတွေမှာလည်း အဲဒီသဘော အတိုင်းပါပဲ။ ခေတ်အဆက်ဆက် ဆိုသလို လမ်းမတွေပေါ်မှာ သူ့ဒီဇိုင်နာကလွဲပြီး ကျန်တဲ့လူ ဘယ်သူမှ လှတယ်လို့ မပြောတဲ့ ကားမျိုးတွေ တွေ့တွေ့ခဲ့ရပါတယ်။ ဒီရုပ်ဆိုးတွေထဲကမှ အဆိုးဆုံး ၁၅ စီးကိုတင်ပြ ပေးလိုက်ပါတယ်။ ၁၅။ 2004 Covini C6W ၂၀၀၄ ကိုဗီနီ စီဆစ်ဒဗ္ဗလျူ ပထမဆုံး ကိုဗီနီ စီဆစ်ဒဗ္ဗလျူ ဘီးခြောက်လုံးတပ် ရုပ်ဆိုးနဲ့ ဒီစာရင်းကို စလိုက်ပါတယ်။ ညက်လွန်းလှတဲ့ မြင်းကောင်ရေအား ၄၀၀ နဲ့ အပိုဘီးတွေဟာ ဟန်ချက်ပိုင်မှုနဲ့ ဘရိတ်နိုင်နင်းဖို့အတွက် ရည်ရွယ်ထားတာပါ။  ထုတ်လုပ်သူတွေကတော့ အသုံးဝင်မှုဘက်ကို အားသန်ပြီးထုတ်ထားပေမဲ့ အသုံးပြုသူမျက်စိထဲမှာတော့ […]

ကား စီးပွားရေး နိုင်ငံတကာ

Tesla က ပထမဆုံးပြည်ပစက်ရုံအတွက် ရှန်ဟိုင်းမှာ မြေနေရာ ဝယ်ယူ

ရှန်ဟိုင်းမှာ စက်ရုံဆောက်တော့မယ့် Tesla ကားကုမ္ပဏီ   [Zawgyi] Tesal ဟာ ပထမဆုံး ပြည်ပ Gigafactory စက်ရုံတည်ဆောက်ဖို့အတွက် ရှန်ဟိုင်းမှာ ၂၁၀ ဧက အကျယ်အဝန်းရှိ၊ မြေနေရာတခုကို ဝယ်ယူရရှိသွားပြီဖြစ်ပါတယ်။ ဘေဂျင်းအစိုးရဟာ အမေရိကန်လုပ် သွင်းကုန်ပစ္စည်းတွေကို စည်းကြပ်ခွန် တိုးကောက်လျက်ရှိတာကြောင့် Tesla ဟာ ရှန်ဟိုင်းမှာ စက်ရုံဆောက်မယ့် အစီအစဉ်ကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။ ယခုမြေနေရာဝယ်ယူခွင့် သဘောတူညီချက်ဟာ ကုမ္ပဏီအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တခုလို့ ဆိုရမှာပါ။ Tesla ဟာ ယခုစက်ရုံတည်ဆောက်ခွင့်ကို ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ရှန်ဟိုင်းအာဏာပိုင်တွေနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ တာဖြစ်ပါတယ်။ အဆိုပါစက်ရုံဟာ အမေရိကန်နိုင်ငံပြင်ပမှာ တည်ဆောက်မယ့် ပထမဆုံး Tesla စက်ရုံလည်း ဖြစ်ပါတယ်။ Tesla ရဲ့ တကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုကို နှစ်ဆ တိုးမြှင့်ပေးနိုင်မယ့် […]

ကား သိပ္ပံနှင့်နည်းပညာ

တရုတ်မှာ မောင်းသူမဲ့ ကားများ ပူးပေါင်း ဖန်တီးမယ့် Audi နဲ့ Huawei

  [Zawgyi] Huawei နဲ့ Audi တို့က တရုတ်မှာ မောင်းသူမဲ့ကားများ ဖန်တီးဖို့ ပူးပေါင်းမယ်လို့ ကြေညာလိုက်ပါတယ်။ Level 4 နည်းပညာအတွက် အဓိက ပူးပေါင်း ဖန်တီးကြမှာပါ။ Society of Automotive Engineers ရဲ့ သတ်မှတ်ချက်အရ Level 4 မှာ ကားဟာ လူရဲ့ အကူအညီ လုံးဝ မလိုဘဲ သတ်မှတ် ဧရိယာမှာ မောင်းနှင်နိုင်ရမှာ ဖြစ်ပါတယ်။ Audi နဲ့ Huawei တို့ သာမကဘဲ အခြား နည်းပညာ ကုမ္ပဏီများဟာ မောင်းသူမဲ့ ကားနည်းပညာ အတွက် ပူးပေါင်းမှုများ ရှိနေပါတယ်။ Huawei က သူ့ရဲ့ Mobile Data Center (MDC) […]