စိုက်ပျိုးမွေးမြူရေး ပြည်တွင်း သတင်း

ငမြှောင်တောင်သီးနှံဖျက်ပိုး မျိုးစိတ်သစ် ပြောင်းခင်းများကို ဖျက်ဆီးနေ

  [Zawgyi] မြန်မာနိုင်ငံကို သီးနှံဖျက်ပိုးအသစ် ဝင်ရောက်နေပြီး လက်ရှိမှာ ပြောင်းခင်းတွေကို ဖျက်ဆီးနေတယ်လို့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ သီးနှံကာကွယ်ရေးဌာနခွဲက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ တခါမှ မကျရောက်ဘူးသေးတဲ့ FAW လို့ခေါ်တဲ့ ငမြှောင်တောင်ပိုး မျိုးစိတ်အသစ်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံး မှတ်တမ်းတင်ဖြစ်တဲ့ ပြည်ပက ဝင်ရောက်လာတဲ့ ပိုးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ ငမြှောင်တောင်ပိုးတွေ ကျရောက်နေပြီး ဧရာဝတီတိုင်းထဲက ပြောင်းစိုက်ဧကရဲ့ သုံးပုံတပုံလောက်ကို ထိခိုက်နိုင်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ရေးပါတယ်။ ဧရာဝတီတိုင်းထဲက မြို့နယ် ၁၅ ခုက ဧက ၁၃၀,၀၀၀ ကျော်မှာ ဒီပိုးကျရောက်နေပြီး ဧက ၄၀,၀၀၀ လောက်ကို ထိခိုက်နိုင်တယ်လို့ စိုက်ပျိုးရေးဌာနက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်အထိမှာတော့ ဧက […]

စိုက်ပျိုးမွေးမြူရေး ပြည်တွင်း သတင်း

စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများနှင့် သက်ရောက်မှုများကို ပထမဆုံးအကြိမ် လေ့လာမည်

စိုက်ထားသော စပါးခင်းထဲ ဓာတ်မြေဩဇာ ကျွေးနေသော လယ်သမားတဦး / ဧရာဝတီ   [Zawgyi] အမျိုးသားလွှတ်တော် စိုက်ပျိုးရေးကော်မတီသည် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများနှင့် တနိုင်ငံလုံးမှ လယ်သမားများ၊ အလုပ်သမားများ၊ စားသုံးသူများ ဘဝအရည်အသွေးနှင့် ကျန်းမာရေးအပေါ် ၎င်းတို့၏ သက်ရောက်မှုများကို ပထမဆုံးအကြိမ်အဖြစ် စုံစမ်းစစ်ဆေးတော့မည်ဖြစ်ကြောင်း ကော်မတီ ဥက္ကဌ၏ အဆိုအရ သိရသည်။ “လယ်သမားများသုံးတဲ့ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများတွေနဲ့ တရားဝင်နဲ့ တရားမဝင် တင်သွင်းလာတဲ့ အဲဒီ ဓာတုပစ္စည်းများတွေကို လယ်သမားတွေ ဘယ်လိုသုံးတယ်ဆိုတာကို ကျနော်တို့စုံစမ်းစစ်ဆေးမယ်။ ဓာတုဓာတ်ကြွင်း တွေရဲ့ စိုက်ပျိုးရေးအပေါ်သက်ရောက်မှုကိုလည်း စုံစမ်းစစ်ဆေးမယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် စိုက်ပျိုးရေးကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။ “သီးနှံတွေထဲက ပေါင်းသတ်ဆေးတွေနဲ့ဓာတ်မြေသြဇာ အကြွင်းအကျန်တွေရဲ့ ထိခိုက်မှုကို စိုးရိမ်မကင်းဖြစ်တယ်။ ဓာတုပစ္စည်းဆိုတာ […]

ကျန်းမာရေး စိုက်ပျိုးမွေးမြူရေး စီးပွားရေး နိုင်ငံတကာ သတင်း

ဟင်းသီးဟင်းရွက်နှင့်ပင်ပျော့ စိုက်ပျိုးရေးတွင် သုံးစွဲသည့် အဓိကဓါတုဗေဒ ဒြပ်ပေါင်းသုံးမျိုး တားမြစ်ပိတ်ပင်မှု ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရ ပြန်လည်ပြင်ဆင်သတ်မှတ်

[Zawgyi] ထိုင်းနိုင်ငံ ဘေးဥပါဒ်ရှိ ပစ္စည်းများဆိုင်ရာ စစ်ဆေးရေးကော်မတီ(HSC)မှ ဟင်းသီးဟင်းရွက်နှင့်ပင်ပျော့ စိုက်ပျိုးရေးများတွင် သုံးစွဲသည့် အဓိကဓါတုဗေဒ ဒြပ်ပေါင်းသုံးမျိုးကို ပိတ်ပင်သည့် ဆုံးဖြတ်ချက်အား ကြာသပတေးနေ့တွင် ပြန်လည် ပြင်ဆင်သတ်မှတ်ခဲ့သည်။ ယခုအခါတွင် “paraquat”ပါရာကတ် “Chlorpyrifos”ကလိုဖိုင်ရီဖို့  “glyphosate” ဂလိုင်ဖော့စဖိတ် စသည့် ဓါတုဒြပ်ပေါင်း သုံးမျိုးပါဝင်သည့် ပေါင်းသတ်ဆေး ပိုးသတ်ဆေး နှင့် အခင်းခြောက်ဆေးများကို တချို့တလေ သာ ပိတ်ပင်တားမြစ်ထားသည်။ ၎င်းတို့အားလည်း တခြားစီးပွားဖြစ် စိုက်ပျိုးပင်များဖြစ်သည့် ပြောင်း ၊ ပလောပီနံဥ၊ ကြံ ၊ ရာဘာ ၊ ဆီအုန်းနှင့် သစ်သီးဝလံ တို့တွင်အသုံးပြုနိုင်သည်။ ပြန်လည်ပြင်ဆင် သတ်မှတ်လိုက်သည့် ဆုံးဖြတ်ချက်ကို စက်မှုလက်မှုလုပ်ငန်းများဆိုင်ဌာန အကြီးအကဲမှ ကြီးမှူးကျင်းပသည့် ကော်မတီအစည်းအဝေးအပြီးတွင် ဆုံးဖြတ်ခဲ့သည်။ ယခုလအစောပိုင်းမှာတော့ ဌာနဆိုင်ရာမှ အဆိုပါ စိုက်ပျိုးရေးဓါတုဒြပ်ပေါင်း […]

စာရင်းအင်းထုတ်ပြန်မှု စိုက်ပျိုးမွေးမြူရေး ပြည်တွင်း သတင်း သဘာဝဘေးအန္တရာယ်

နိုင်ငံတစ်ဝှမ်း သဘာဝဘေး အန္တရာယ် များကြောင့် သီးနှံမျိုးစုံဧက ၆ သိန်းကျော် ပျက်စီးဆုံးရှုံးပြီး မိုးစပါး သီးနှံ ဧက ၄ သိန်း နီးပါး ပျက်စီး ဆုံးရှုံးခဲ့

၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ကူညီ ဖြည့်ဆည်း ပေးနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ- Myanmar President Office)   [Zawgyi] ၂၀၁၈ ခုနှစ် အတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် နိုင်ငံနှင့်အဝှမ်းတွင် ယနေ့ထိ သီးနှံမျိုးစုံဧက (၆) သိန်းကျော် ပျက်စီး ဆုံးရှုံးခဲ့ရပြီး မိုးစပါးသီးနှံ ဧက (၄) သိန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရကြောင်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ကူညီဖြည့်ဆည်း ပေးနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ […]

စိုက်ပျိုးမွေးမြူရေး ပြည်တွင်း မှုခင်း သတင်း

သမ္မတရုံးသို့ တိုင်ကြားသည့် မူးယစ်သတင်းအရ အမှု ၂၀၉ မှုနှင့် လူ ၃၃၅ ဦးကို ဖမ်းဆီးထား

  [Zawgyi] နိုင်ငံတော် သမ္မတရုံးကို တိုင်ကြားလာတဲ့ မူးယစ်သတင်းတွေအရ စက်တင်ဘာ ၁ ရက်အထိ အမှုပေါင်း ၂၀၉ မှုနဲ့ လူပေါင်း ၃၃၅ ယောက် ဖမ်းဆီးထားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။ သြဂုတ် တတိယပတ်အတွင်းက အမှုပေါင်း ၁၈၅ မှု ဖမ်းဆီးထားတာကြောင့် နောက်ဆုံးအပတ်ထဲမှာ ၂၄ မှုနဲ့ လူပေါင်း ၄၂ ယောက် ဖမ်းဆီးခဲ့တာပါ။ ဇွန်လနောက်ဆုံးပတ်ကနေ အခု စက်တင်ဘာ ၁ ရက်နေ့အထိ မူးယစ်မှုနဲ့ အမျိုးသား ၂၈၃ ယောက်၊ အမျိုးသမီး ၅၂ ယောက်ကို ဖမ်းဆီးထားတာပါ။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေအထဲမှာ ဘိန်းဖြူ ၁၉၆၄ ဒသမ ၁၉ ဂရမ်၊ အိုက်စ် ၂ ဒသမ ၁၅ […]

စိုက်ပျိုးမွေးမြူရေး ပြည်တွင်း သတင်း သိပ္ပံနှင့်နည်းပညာ

ကော်ဖီရွက်မှတဆင့် အပင်ပွားသည့် သုတေသန အောင်မြင်

  [Zawgyi] ကော်ဖီရွက်ကတဆင့် အပင်ပွားတဲ့သုတေသနကို ဓာတ်ခွဲခန်းမှာ အောင်မြင်နေပြီလို့ စိုက်ပျိုးရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်ဇီဝတနည်းပညာသုတေသနဌာနစုမှာ တစ်သျှူးနည်းပညာနဲ့ ကော်ဖီရွက်ကတဆင့် aက်ာဖီပင်အမြောက်အမြား ပွားများနိုင်တဲ့ သုတေသနကို စမ်းသပ်ခဲ့တာပါ။ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာနွဲ့နွဲ့ယဉ်က “ကော်ဖီပင်ကတော့ ဒါပထမဆုံးဖြစ်ပါတယ်။ မနှစ်က စပြီး စမ်းသပ်ခဲ့တာပါ။ အခုဖြစ်လာတဲ့ အပင်လေးတွေကို ၁ စင်တီမီတာလောက် ဖြစ်လာရင် စပ်မြေပေါ်မှာ ပြန်ပြီး အပင်ဖြစ်အောင် လုပ်ရပါမယ်။ ၅ လက်မ၊ ၆ လက်မ လောက်ဖြစ်လာမှ ပျိုးခင်ထဲကို ချရမှာပါ” လို့ ပြောပါတယ်။ Robusta ကော်ဖီပင်ရဲ့ အရွက်ဖြတ်ပိုင်းကို (Media) ကြားခံ အမျိုးမျိုးမှာ စမ်းသပ်ပြီး အဆင့်ဆင့် သုတေသန ပြုလုပ်ခဲ့တာပါ။ အခုအခါ […]

စိုက်ပျိုးမွေးမြူရေး စီးပွားရေး ပြည်တွင်း သတင်း

မြင်းခြံမြို့နယ်တွင် ဖရဲသီးများ စတင်ထွက်ရှိနေသော်လည်း ဈေးကောင်းမရသေး

  [Zawgyi] မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​ အနီးပတ်​ဝန်းကျင်​​ ကျေးရွာ​တွေမှာ ရာသီ​ပေါ် သီးနှံတမျိုးဖြစ်​တဲ့ ဖရဲသီးတွေ အသီး​တွေ စတင်​ထွက်​ရှိလာပေမယ့် ​ရောင်းချတဲ့​နေရာမှာ ​ဈေး​ကောင်းမရရှိသေးဘူးလို့ ဒေသခံ ဖရဲစိုက်တောင်သူတွေထံက သိရပါတယ်။ သစ်ရုံကျေးရွာမှာ ဖရသီး ၈ ဧက စိုက်ပျိုးထားသူ ဦး​မောင်​​ကျော်​က “မနှစ်​က မိုးများတာရယ်​၊ ဖရဲသီး အဝယ်​နည်းတာရယ်​​ကြောင့်​ ပုပ်​ကုန်​ပြီး ​တောင်​သူ​တွေ ရှုံးကြတယ်။ ဒီနှစ် မိုးက သဲသဲမဲမဲမရွာ​တော့ ဖရဲသီး စိုက်​ပျိုးတဲ့​ တောင်​သူ​တွေ အခက်​​တွေ့တယ်​။ မိုးမရွာ​တော့ ​ဆေးကိုပဲ အားကိုးသုံး​နေရတယ်​။ ​ဆေးကို ၅ ရက်​ တစ်​ကြိမ်​​လောက် ဖျန်း​ပေးရ​တော့ ကုန်​ကျစရိတ်​က အရမ်းများ​နေတာ​ပေါ့၊ အသီးထွက်​နှုန်း​ကောင်းဖို့က ​ဆေးကို မကြာခဏ ဖျန်း​ပေး​နေရတာ။ မိုးမ​ကောင်း​တော့ အခြားသီးနှံဖြစ်​တဲ့ ​မြေပဲတို့၊ နှမ်းတို့ စိုက်​လည်း […]

ကျောင်း စိုက်ပျိုးမွေးမြူရေး ပညာရေး ပြည်တွင်း သတင်း

စိုက်ပျိုးရေးသိပ္ပံများအား စိုက်ပျိုးရေးကောလိပ်အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရန် ထည့်သွင်းဆောင်ရွက်ထားပြီးဖြစ်

  [Zawgyi] ဖွင့်လှစ်ပြီးသော စိုက်ပျိုးရေးသိပ္ပံများအား ဒေသန္တရဆိုင်ရာ စိုက်ပျိုးရေး ကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင်ခြင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဆိုပြုလွှာကိုလည်း တင်ပြထားပြီး ဖြစ်သည့်အပြင် ရေးဆွဲထားပြီးဖြစ်သည့် မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (Agricultural Development Strategy – ADS) ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂ – ၂၀၂၃ ခုနှစ်တွင်လည်း စိုက်ပျိုးရေးသိပ္ပံများအား စိုက်ပျိုးရေးကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရန် ထည့်သွင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ “စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေး […]

စိုက်ပျိုးမွေးမြူရေး စီးပွားရေး ပြည်တွင်း သတင်း

မြန်မာ့ထောပတ်သီး ပြည်ပဈေးကွက်ဝင်ရန် အမေရိကန် ထောပတ်မျိုးကိုင်းများ တင်သွင်းမည်

ဓာတ်ပုံ- PISSAYA   [Zawgyi] မြန်မာပြည်က ထောပတ်သီးကို ပြည်ပကို တရားဝင် ရောင်းချနိုင်ဖို့ အသီးအထွက်နှုန်းနဲ့ အရည်အသွေး ကောင်းမွန်တဲ့ အမေရိကန် ထောပတ်မျိုးကိုင်းတွေကို စီးပွားဖြစ် ပထမဆုံး တင်သွင်းဖို့ ရှိနေတယ်လို့ သစ်သီးဝလံအသင်းက စုံစမ်းသိရပါတယ်။ ထောပတ်သီးတွေ ပြည်ပတင်ပို့ရာမှာ အသီးထွက်ရှိရာ အပင်ရဲ့ ပိုးမွှားနဲ့ ရောဂါကင်းရှင်း ကြောင်း သက်သေခံ လက်မှတ်တွေ လိုအပ်တဲ့အတွက် ဒီလို သက်သေခံလက်မှတ်တွေ ပေးနိုင်တဲ့ ထောပတ်မျိုးကိုင်းတွေကို အမေရိကက တင်သွင်းရတာဖြစ်ပါတယ်။ သစ်သီးဝလံအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက “မနေ့ကပဲ မြန်မာအသင်းအနေနဲ့ တင်သွင်းခွင့်ရသွားတယ်။ ဒါပေမယ့် ကြားထဲမှာ ပျိုးပင်သွင်းဖို့ လုပ်ထားတာက ကြာသွားတော့ ပစ္စည်းသွင်းသူက ဇွန်၊ ဇူလိုင်မှာ မြေမချရင် မရောင်းဘူး”လို့ ရန်ကုန်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ […]

စိုက်ပျိုးမွေးမြူရေး စီးပွားရေးအခွင့်အလမ်း ပြည်တွင်း သတင်း

တောင်သူအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်ကော်မတီ၏လုပ်ဆောင်မှုအားနည်းရခြင်းမှာ ဒေသကိုယ် စားလှယ်မပါဝင်သောကြောင့်ဟု လွှတ်တော်ကိုယ်စားလှယ်ဝေဖန်

  [Zawgyi] တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဦးဆောင်အဖွဲ့ လုပ်ဆောင်မှု အားနည်းရခြင်းမှာ ဒေသကိုကိုယ် စားပြုသည့်ပုဂ္ဂိုလ်များမပါဝင်၍ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ဝေဖန်ပြောကြားခဲ့ သည်။ ဩဂုတ် ၁၅ ရက် ပြည်ထောင် စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ်သဘောထား ကွဲလွဲသောမြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း( ၂၀၁၇ ခုနှစ်)တွင် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းဗဟိုကော်မတီဖွဲ့စည်း ခြင်းနှင့်ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး စဉ် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ ဒေါက်တာခွန်ဝင်း သောင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ “”ဒုတိယသမ္မတအပါအဝင် ဌာနဆိုင်ရာဝန်ကြီး ဝန်ကလေး တွေနဲ့ဖွဲ့စည်းထားတဲ့ တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြှင့်တင်ရေး ဦး ဆောင်ကော်မတီဆိုရင် စုစုပေါင်း ၃၈ ဦးဖြစ်ပေမယ့် တောင်သူ လယ်သမားတွေရဲ့ ပြဿနာတွေ ကို စိတ်ကျေနပ်အောင် […]