စနစ် ပညာရေး သတင်း

အဝေးသင်ဝိဇ္ဇာဘာသာရပ် အထူးပြုများ ယခုနှစ်ကစ၍ အနီးကပ်သင်တန်းနှစ်ကြိမ် တက်ရမည်

ရန်ကုန်မြို့ သထုံလမ်းရှိ အဝေးသင်တက္ကသိုလ်အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)   [Zawgyi] ယခု ၂၀၁၉ ပညာသင် နှစ်ကစတင်၍ အဝေးသင်တက္က သိုလ်ဝိဇ္ဇာ ဘာသာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ သည် အနီးကပ်သင်တန်းနှစ်ကြိမ် တက်ရောက်ရမည်ဟု အဝေးသင် သင်တန်းများ ဖွင့်လှစ်ထားသည့် တက္ကသိုလ်များက ကြေညာ သည်။ အဝေးသင်တက္ကသိုလ်များ တွင် ယခင်နှစ်များက သိပ္ပံဘာ သာရပ် အထူးပြုကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီ ကစကာ အပတ်စဉ် သိပ္ပံလက် တွေ့သင်တန်းများ တက်ရောက် ရသည်။ ၀ိဇ္ဇာဘာသာရပ်အထူး ပြုကျောင်းသား၊ ကျောင်းသူများ သည် စာမေးပွဲဖြေရန် တစ်လခန့် အလိုတွင်မှ အနီးကပ်ပို့ချမှု ၁၀ ရက်သင်တန်း တက်ရောက်ရ သည်။ ယခုနှစ်ကစကာ အဝေးသင် […]

စနစ် ပညာရေး ဗဟုသုတ

သင်္ချာညံ့တယ်လို့ထင်ပါသလား ဒီလိုဖြစ်ရတဲ့အကြောင်းရင်းရှိပါတယ်

[Zawgyi] တချို့လူတွေ“ကျွန်မက သင်္ချာမတော်ဘူး၊ ကျွန်တော်က သင်္ချာညံ့တယ်” အစရှိသဖြင့်ပြောတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့လည်း ဘယ်သူ့ဦးနှောက်ကိုမှ သင်္ချာကျွမ်းကျင်အောင် တည်ဆောက်ထားတာ မဟုတ် ပါဘူး။ “ကျွန်တော်သင်္ချာသမားမဟုတ်ဘူး” ဆိုတဲ့လက်သုံးစကားဟာ သင်္ချာကိုအောင်အောင်မြင်မြင် တွက်ချက်နိုင်တဲ့ ဗီဇမရှိဘူးလို့ ပြပါတယ်။ ဒါပေမဲ့ သင်္ချာတွက်နိုင်မတွက်နိုင်ဆိုတာ မျိုးရိုးဗီဇနဲ့လုံးဝမသက်ဆိုင်ပါဘူး။ အဲဒီကိစ္စကြောင့် သင်္ချာကြောက်တဲ့လူတွေ တိုးပွားလာနေတာပဲဖြစ်ပါတယ်။ ဒါဆိုတချို့လူတွေ ဘယ်လိုကြောင့် သင်္ချာတော်ကြတာလဲ? တစ်ခုပဲ ဖြေစရာရှိပါတယ်။ “တော်အောင်လေ့ကျင့်ထားလို့ပါ။” လူအများစုဟာ သင်္ချာနဲ့ ပေါင်းလိုက်ကွာလိုက် ဆက်ဆံရေးသာရှိပါတယ်။ တစ်ဖက်ကပြောရရင် ကျွန်တော်တို့ယနေ့ နည်းပညာလွှမ်းမိုးတဲ့ ကမ္ဘာမှာ သင်္ချာကျွမ်းကျင်မှုဟာ တကယ်ကို မရှိမဖြစ်လိုအပ်နေပါတယ်။ မကျွမ်းကျင်ထားဘူး ဆိုရင်တော့ ကျွမ်းကျင်တဲ့လူမျိုးတွေရဲ့ နောက်မှာ နောက်ကောက်ကျ ကျန်ခဲ့မှာပါ။ တစ်ဖက်ကထပ်ပြောရရင် လက်ရှိအခြေအနေကတော့ တော်တော်လေး စိုးရိမ်စရာပါပဲ။ လေ့လာသူတွေကလည်း ဒီအယူအဆကို လက်ခံကြပါတယ်။ […]

စနစ် ပညာရေး သတင်း

ဘာသာစုံဂုဏ်ထူးထွက်သည့်ကျောင်းသားတချို့ ဆေးတက္ကသိုလ်တက်ခွင့်မရ

  [Zawgyi] တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဘာသာစုံဂုဏ်ထူး​နဲ့  ထူးချွန်စွာ အောင်မြင်ခဲ့ကြ​သူတွေ အနေနဲ့ ဆန္ဒရှိတဲ့ တက္ကသိုလ်မှာ တက်ခွင့်မရခဲ့ဘဲ ပညာသင်ကြားခွင့် ဆုံးရှုံး နစ်နာ​နေတယ်လို့ ကျောင်းသားတွေ၊ မိဘတွေနဲ့ဆရာတွေက  ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့က မန္တလေးမြို့ လူထုစင်တာမှာ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက  သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မီဒီယာတွေကို ပြောကြားလိုက်တာပါ။ ပညာရေးဝန်ကြီးဌာနက ထုတ်​ပြန်​ခဲ့တဲ့ စနစ်သစ်တက္ကသိုလ်ဝင်ခွင့်ကြောင့် ၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံ ဂုဏ်ထူးများစွာနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၁၇ ဦးဟာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်​တွေမှာ ပညာသင်ကြား ခွင့် ဆုံးရှုံး​နေရတယ်​လို့​ နစ်နာသူတွေက ပြောပါတယ်​။ ၆ ဘာသာဂုဏ်​ထူးရှင်​​ စောကျော်ဇံလွင်ရဲ့ဖခင်​ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သင်္ချာဌာနကတွဲဖက်ပါမောက္ခ ဦးစန်းလွင်က “ကျနော့်သားက ဘာသာစုံဂုဏ်ထူး အမှတ်ပေါင်း […]

စနစ် နိုင်ငံတကာ နိုင်ငံရေး ပြည်တွင်း သင်တန်း အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ

အမေရိကန်ရွေးကောက်ပွဲ မြန်မာလူငယ်တွေလေ့လာ

[Zawgyi] နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲ ရလဒ် တွက်ချက်မှုတွေ အချိန်နဲ့ တပြေးညီ ထုတ်လွှင့်ခဲ့တာကို ရန်ကုန် အမေရိကန်စင်တာမှာ ပြတဲ့ အတွက် မြန်မာလူငယ်တွေ စိတ်ဝင်တစား လာရောက်စောင့်ကြည့်လေ့လာ ခဲ့ကြပါတယ်။ အခုကျင်းပတဲ့ ရွေးကောက်ပွဲဟာ အမေရိကန်နိုင်ငံရေးမှာ အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်တာ မို့ မြန်မာလူငယ်တွေ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး၊ မီဒီယာတွေက တဆင့် ရလဒ်တွက်ချက်မှုတွေကို အမေရိကန်စင်တာမှာ ပြသဖို့လုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် သံရုံး ဒုတိယအကြီးအကဲက ပြောပါတယ်။ သမ္မတရဲ့ သက်တမ်းဝက်ကာလ ဒီ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေ လူထုပူးပေါင်းပါဝင်မှုတွေအပေါ်မှာ၊ လာရောက်လေ့လာ တဲ့ မြန်မာလူငယ်တွေဖက်က ဘာတွေ အသိရလိုက်သလဲ မြန်မာပြည်နဲ့ ဘယ်လိုနှိုင်းယှဉ် ခဲ့သလဲ ဆိုတာတွေကို ဗွီအိုအေ သတင်းထောက် မမေခ […]

စနစ် ဆောင်းပါး နိုင်ငံတကာ ပညာရေး

အငြင်းပွားစရာ အတင်း ဖိအားပေးပုံစံကို ကျင့်သုံးခဲ့တဲ့ စင်ကာပူ ကမ္ဘာ့ပညာရေးအဆင့်မှာ ထိပ်တန်းရောက်လာ

သိပ္ပံ၊ သင်္ချာ နဲ့ စာဖတ် စွမ်းရည် တွေကို ၇၅ နိုင်ငံမှာ အကဲဖြတ်ပြီး ထုတ်ပြန်တဲ့ OECD က ပညာရေးအဆင့် သတ်မှတ်ချက် PISA မှာ စင်ကာပူ က ပထမ စွဲ- ဓာတ်ပုံ မူပိုင် GETTY IMAGES   [Zawgyi] ဂျက် ရဲ့ တပတ်စာ အချိန်ဇယားက အပြည့်ပါ၊ ကျန်တဲ့ တလလုံး လည်း ဒီလိုပါပဲ။ တနင်းလာနေ့တိုင်း သူ့ကို အိပ်ရာကနှိုးမယ့် နာရီနှိုးစက် က မနက် ၆ နာရီဆို မြည်ပါတယ်။ မနက် ၇ နာရီခွဲ ဆိုရင်တော့ ၁၂ နှစ်အရွယ် ကျောင်းသားလေး သင်္ချာတွေ တွက်ရပါပြီ။ အင်္ဂါနေ့တွေမှာ မန်ဒရင်း […]

စနစ် စီးပွားရေး နိုင်ငံတကာ သတင်း

Snapchat နဲ့ Amazon တို့ ပူးပေါင်းပြီး ဓာတ်ပုံရိုက်၊ ဈေးဝယ်ယူနိုင်မယ့်စနစ်ကို မိတ်ဆက်

Snapchat နဲ့ Amazon တို့ ပူးပေါင်းပြီး ဓာတ်ပုံရိုက်၊ ဈေးဝယ်ယူနိုင်မယ့်စနစ် စတင်တော့မှာပါ   [Zawgyi] Instagram ကနေ ဈေးဝယ်ယူနိုင်တဲ့ လုပ်ဆောင်ချက်ကို မိတ်ဆက်ပြီး တပတ်အကြာမှာ၊ Snapchat ကလည်း Amazon နဲ့ ပူးပေါင်းကာ ရှော့ပင်းလုပ်ဆောင်ချက်တခုကို မိတ်ဆက်လိုက်ပါတယ်။ Snapchat ရဲ့ ရှော့ပင်းလုပ်ဆောင်ချက်ကိုတော့ ‘Visual Search’ လို့ နာမည်ပေးထားပြီး၊ အသုံးပြုသူတွေအနေနဲ့ Snap ကင်မရာကနေ အပြင်က ပစ္စည်းတခု ဒါမှမဟုတ် ဘားကုဒ်တခုကို ချိန်ပြီး၊ ဖိထားလိုက်တာနဲ့ အဆိုပါပစ္စည်းနဲ့ အလားတူပစ္စည်းတွေ တန်းပေါ်လာမှာဖြစ်ပါတယ်။ Amazon ကတ်မှာ ပစ္စည်းရဲ့ နာမည်၊ ဈေးနှုန်း၊ ဓာတ်ပုံနဲ့ ပျှမ်းမျှ Review ရမှတ်နဲ့ Prime ရရှိမှုတို့ကို ဖော်ပြထားတဲ့ Amazon […]

ကျောင်း စနစ် ပညာရေး ပြည်တွင်း သင်တန်း သတင်း

ကိုယ်ပိုင်ဘာသာရပ်သင် ဆရာများအတွက် ရက်တိုသင်တန်းများကို ပြဋ္ဌာန်းချက်များနှင့်အညီ ဖွင့်လှစ်ပေးမည်

  [ Zawgyi ] ပညာရေးဘွဲ့နဲ့ ဆရာအတတ်ဒီပလိုမာ မရရှိသေးတဲ့ ဆရာ၊ ဆရာမတွေကို ဆရာအတတ်ပညာ ရက်တိုသင်တန်းများ ပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေများနဲ့အညီ အခြေခံပညာဦးစီးဌာနနဲ့ အဆင့်မြင့်‌ပညာ ဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်မှာ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၂) နဲ့ ထုတ်ပြန်ထားတဲ့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်းဥပဒေ အခန်း (၅)၊ နည်းဥပဒေ ၁၄ နည်းဥပဒေခွဲ (ဃ) မှာလည်း ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်လိုသူများအနက် သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီမှုမရှိသဖြင့် ဆရာအတတ်ပညာ ရက်တိုသင်တန်း တက်ရောက်လိုပါကြောင်း တင်ပြလာပါက ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သတ်မှတ်ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။ […]

စနစ် ဓလေ့ရိုးရာ နိုင်ငံတကာ ဗဟုသုတ လူမှုဘဝ

စံပြုသင့်တဲ့ ဂျပန်နိုင်ငံသားများအကြောင်း

ဂျပန်နိုင်ငံတိုးတက်လာတာဟာ နိုင်ငံသားတွေရဲ့ နည်းစနစ်ကျမှုနဲ့ စည်းကမ်းရှိမှုတွေကြောင့်ဖြစ်ပါတယ်။   [Zawgyi] ဂျပန်နိုင်ငံဟာ ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံတခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကစလို့ နည်းပညာတွေလည်း အရမ်း မြင့်မားလာတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒီလိုတိုးတက်လာတာဟာ ဂျပန်နိုင်ငံသားတွေရဲ့ စည်းကမ်း လိုက်နာမှု၊ စည်းစနစ် ကျမှုနဲ့ ကြိုးစားမှုတွေကြောင့်လို့ သတ်မှတ်နိုင်ပါတယ်။ တကမ္ဘာလုံးက လူတွေကတော့ ဂျပန်နိုင်ငံကို ကမ္ဘာဂြိုလ်မှာရှိတဲ့ နိုင်ငံတခုနဲ့တောင် မတူဘူးလို့ ချီးမွမ်းပြောဆိုကြပါတယ်။ ဘာတွေကများ တခြားနိုင်ငံထက်သာပြီး ဘာတွေထူးဆန်းနေသလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ (၁) ဓာတ်လှေကားအစောင့် တခါက ဂျပန်နိုင်ငံ၊ ဆာပိုယိုမြို့မှာရှိတဲ့ ဈေးဝယ်စင်တာတခုမှာ ဓာတ်လှေကားပျက်သွားပါတယ်။ ဓာတ်လှေကား အစောင့် တယောက်ကို ထားရှိပြီး ဓာတ်လှေကားပျက်နေကြောင်း၊ ပြင်ဆင်ဖို့အတွက် ကြိုးစားနေကြောင်းနဲ့ အခုလို ဓာတ်လှေကား ပျက်နေရတဲ့အတွက် မိမိတို့စင်တာက တောင်းပန်ပါကြောင်း […]

စနစ် အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ အလုပ်အကိုင်အခွင့်အလမ်း

ရည်မှန်းချက်ဖြင့် စီမံအုပ်ချုပ်ခြင်း (Management By Objectives)

  [ Zawgyi ] စီမံအုပ်ချုပ်ခြင်းကိစ္စနှင့်ပတ် သက်၍ မော်ဒယ်ပုံစံအမျိုးမျိုးရှိသ ကဲ့သို့ သီအိုရီအမျိုးမျိုးလည်း ရှိ နေကြမည်ဖြစ်သည်။ စနစ်တကျ စီမံအုပ်ချုပ်ခြင်း၏ အဓိကရည်ရွယ်ချက်သည် စီးပွားရေးလုပ်ငန်း အောင်မြင်တိုးတက်ရေးဆီသို့ ဦးတည်ဆောင်ရွက်ရန် ဖြစ်သည်။ စီးပွားရေးဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းဌာန ကုမ္ပဏီအဖွဲ့အစည်းများသည် မိမိတို့၏ လုပ်ငန်းသဘာဝ အခြေအနေနှင့် ကိုက်ညီသော မော်ဒယ်ပုံစံကို အရယူဆောင်ရွက်ကြလေ့ရှိသည်။ ရည်မှန်းချက်ဖြင့် စီမံအုပ်ချုပ်ခြင်း (Management by Objectives) လုပ်ငန်းစဉ်များ သည် အရိုးရှင်းဆုံး စီမံကွပ်ကဲအုပ်ချုပ်မှုစနစ်ဟု သိရှိနားလည်ထားကြသည်။ လုပ်ငန်းစီးပွားအတွက် ဦး ဆောင်အုပ်ချုပ်သူများနှင့် အဆင့်ဆင့် တာဝန်ယူကြရသော မန်နေဂျာများသည် လုပ်ငန်းမတည်မဆောင်ရွက်မီထားရှိသော ရည်မှန်းချက်ကို အဓိကဦးတည်ချက်အဖြစ် ထားရှိကာ စီမံအုပ်ချုပ်ကြခြင်းဖြစ်သည်။ ရည်မှန်းချက်ဖြင့် စီမံအုပ်ချုပ်ခြင်းသည် ၁၉၅၄ ခုနှစ်တွင် ထုတ်ဝေသော Peter Drucker […]