သင်တန်း အားကစား

မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်သည့် မျိုးဆက်သစ် ဘောလုံးအခြေခံ သင်တန်းသို့ အခြေခံပညာကျောင်းသား ၃ဝဝ ကျော် တက်ရောက်

  [Zawgyi] မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် မန္တလေးခရိုင်အတွင်း မျိုးဆက်သစ် ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ Youth Development Pilot Project Committee ကကြီးမှူးသော ဘောလုံးသင်တန်းအခြေ ခံသင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက် နံနက် ၈ နာရီ ခွဲက ဗထူးအားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။ ”ခရိုင်အဆင့် မြို့နယ်ပေါင်းစုံအတွင်းက အလယ်တန်းကျောင်း ပေါင်း ၅ဝ ရှိတဲ့ထဲမှ ကလေးငယ် ၃ဝဝ ကျော်ကို ရွေးချယ်ပြီး ဘောလုံးအခြေခံသင်တန်းကို လေးလကြာ သင်တန်းပို့ချမှာဖြစ်ပါတယ်။ ဒီပရောဂျက်ဟာဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာ မန္တလေး တိုင်းဒေသကြီးက ပထမဦးဆုံးဖော် ဆောင်နိုင်တာ ဖြစ်ပါတယ်။ သင်တန်းကိုတစ်ပတ်မှာ စနေနေ့အပါအဝင် သုံးရက်မှာ တစ်ရက်ကိုနှစ် နာရီနှုန်းပဲသင်ကြားပေးမှာ ဖြစ်ပါတယ်။ ပထမပတ်သင်တန်းပြီးမြောက်ရင် […]

စနစ် နိုင်ငံတကာ နိုင်ငံရေး ပြည်တွင်း သင်တန်း အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ

အမေရိကန်ရွေးကောက်ပွဲ မြန်မာလူငယ်တွေလေ့လာ

[Zawgyi] နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲ ရလဒ် တွက်ချက်မှုတွေ အချိန်နဲ့ တပြေးညီ ထုတ်လွှင့်ခဲ့တာကို ရန်ကုန် အမေရိကန်စင်တာမှာ ပြတဲ့ အတွက် မြန်မာလူငယ်တွေ စိတ်ဝင်တစား လာရောက်စောင့်ကြည့်လေ့လာ ခဲ့ကြပါတယ်။ အခုကျင်းပတဲ့ ရွေးကောက်ပွဲဟာ အမေရိကန်နိုင်ငံရေးမှာ အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်တာ မို့ မြန်မာလူငယ်တွေ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး၊ မီဒီယာတွေက တဆင့် ရလဒ်တွက်ချက်မှုတွေကို အမေရိကန်စင်တာမှာ ပြသဖို့လုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် သံရုံး ဒုတိယအကြီးအကဲက ပြောပါတယ်။ သမ္မတရဲ့ သက်တမ်းဝက်ကာလ ဒီ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေ လူထုပူးပေါင်းပါဝင်မှုတွေအပေါ်မှာ၊ လာရောက်လေ့လာ တဲ့ မြန်မာလူငယ်တွေဖက်က ဘာတွေ အသိရလိုက်သလဲ မြန်မာပြည်နဲ့ ဘယ်လိုနှိုင်းယှဉ် ခဲ့သလဲ ဆိုတာတွေကို ဗွီအိုအေ သတင်းထောက် မမေခ […]

ပညာရေး သင်တန်း သတင်း

ဂျပန်နိုင်ငံ အထောက်အပံ့ဖြင့် နိုင်ငံတကာအဆင့်မီ သက်မွေး ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်

  [ Zawgyi ] အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ ယခင် နည်းပညာ အထက်တန်းကျောင်းနေရာမှာ နိုင်ငံတကာအဆင့်မီ သက်မွေးပညာ သင်တန်းများ ဖွင့်လှစ် နိုင်ရေး ဂျပန်နိုင်ငံရဲ့ အထောက်အပံ့နဲ့ စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကပြောပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစပြီး သင်တန်းတွေ စတင်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်းကို သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ လိုအပ်တဲ့ အကြံပြုချက်တွေ ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နဲ့ ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ […]

ပြည်တွင်း လူမှုဘဝ သင်တန်း

အလယ်တန်းအဆင့်အောင်မြင်ပြီးသူများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဟိုတယ်ပညာ သင်ပေးမည်

  [Zawgyi] အထက်တန်းပညာ ဆက်လက်မသင်ကြားနိုင်သူတွေအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက အသက်မွေးဝမ်းကျောင်းပညာ သင်ပေးမယ်လို့ ဖောင်ဒေးရှင်းက ကြေညာလိုက်ပါတယ်။ အဌမတန်းအောင်မြင်ပြီးသူတွေကို သင်ပေးမယ့် ပထမအကြိမ်သင်တန်းဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီလထဲ သင်တန်းစမှာ ဖြစ်ပါတယ်။ အထက်တန်းဆင့် ဟိုတယ်ဝန်ဆောင်မှုနဲ့ အချက်အပြုတ်ဆိုင်ရာသင်တန်း ဖွင့်လှစ် သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလ (၉)ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်ကြားပေးမယ့် ဘာသာရပ်တွေက အချက်အပြုတ်အခြေခံ၊ ပေါင်မုန့်၊ ကိတ်မုန့် ပြုလုပ်ခြင်း အခြေခံသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးအခြေခံသင်တန်း၊ အစားအသောက်နဲ့ အဖျော်ယမကာ အခြေခံသင်တန်း၊ ဧည့်ကြိုဝန်ထမ်း အခြေခံလုပ်ငန်းခွင် သင်တန်း တို့ ဖြစ်ပါတယ်။ ဘာသာရပ်တခုကို ကျောင်းသားဦးရေ ၂၀ ကနေ ၃၀ အထိ လက်ခံသင်ကြား ပေးမှာဖြစ်ပြီး အခြေခံဟိုတယ်သုံး အင်္ဂလိပ်စာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး […]

ပညာရေး ပြည်တွင်း သင်တန်း သတင်း

အခြေခံပညာဦးစီးဌာန အမြဲတမ်းဝန်ထမ်း ၄ဝဝ ကျော် ဆရာအတတ်ပညာသင်တန်း လစာနှုန်းပြည့်ဖြင့် တက်ရောက်ခွင့်ပြု

  [Zawgyi] အခြေခံပညာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အမြဲတမ်းဝန်ထမ်း ၄ဝဝ ကျော်ကို ဆရာအတတ်ပညာသင်တန်းများ တက်ရောက်ရာ၌ လစာနှုန်းပြည့်ဖြင့် တက်ရောက်ခွင့်ပြုလိုက်ကြောင်းသိရသည်။ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် အခြေခံပညာဦးစီးဌာနလက် အောက်ရှိ တိုင်းဒေသကြီးပြည်နယ်အသီးသီးမှ အခြေခံပညာကျောင်းများ၊ ရုံးများတွင် တာဝန်ထမ်းဆောင်နေသော အမြဲတမ်း ဝန်ထမ်းများထဲမှ PGDMA သင်တန်းတက်ရောက်နေသူ ၉၉ ဦးနှင့် လုပ်ငန်း ခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း တက်ရောက်နေ သူ ၃၂၈ ဦး၊ စုစုပေါင်း ၄၂၇ ဦးတို့ကို လစာနှုန်းပြည့်ဖြင့် တက်ရောက် ခွင့်ပြုလိုက်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။ ”အစကတည်းကတက်နေတဲ့သူတွေကို လစာနှုန်းပြည့်နဲ့တက် ခွင့်ပေးဖို့တင်ပြပေးထားတာ။ ပြီးခဲ့တဲ့ စီမံခန့်ခွဲရေးကော်မတီအ စည်းအဝေးမှာ ခွင့်ပြုလိုက်တာ။ နောက်တစ်ခုလည်းရှိသေးတယ်။ ပညာရေးဝန်ထမ်းတွေက အဝေးသင်တက်မယ့်သူရှိရင် တာဝန်ချိန် အဖြစ်သတ်မှတ်ဖို့အတွက် တင်ပြထားတာလည်းရှိသေးတယ်”ဟု အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက […]

ကျောင်း နိုင်ငံတကာ ပညာရေး ဗဟုသုတ သင်တန်း သတင်း ဟာသ

သူငယ်တန်းကျောင်းဖွင့်ပွဲမှာ တိုင်ဖက်အကနဲ့ဖျော်ဖြေလို့ မိဘများသြချရ

[Zawgyi] တရုတ်နိုင်ငံက သူငယ်တန်းကျောင်းတစ်ခု မိတ်ဆက်ကြိုဆိုပွဲတွင် တိုင်ဖက်ကချေသည်ဖြင့် ဖျော်ဖြေသည့် အကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ သတင်းများအရ တောင်ပိုင်း ရှန်ကျန်းမြို့တွင် ချင်းရှားဝေ သူငယ်တန်းကျောင်းဖွင့်ပွဲအတွက် မိဘများနှင့် ကလေးများကို ဖိတ်ကြားခဲ့သည်။ ဤတွင်အခမ်းအနားအစီအစဉ် တစ်ရပ်အနေနှင့် မလုံ့တလုံ အဝတ်များ ဝတ်ထားသည့် တိုင်ဖက်ကခြေသည်များကို ကြည့်ရှုခဲ့ရသည်။ ယင်းဖျော်ဖြေမှု ဗီဒီယိုဟာ ရေပန်းစားနေတဲ့ microblog များဖြစ်တဲ့ Sina နှင့် Weibo တို့တွင် ပျံ့နှံ့လျှက်ရှိပြီး ကွန့်မန့်အများပြားလည်း ရရှိနေသည်။ တစ်ခုသောကွန့်မန့်တွင် “ဒီကျောင်းအုပ် ဘာတွေစဉ်းစားနေလဲ တွေးတောင်မတွေးချင်ဘူး” ဟုလည်းကောင်း ၊ “ သူငယ်တန်းကျောင်းနဲ့ ဒီလိုအကမျိုးနဲ့ လုံးဝမအပ်စပ်ပါ” ဟုလည်းကောင်း ကန့်ကွက်မှုများ တွေ့ရသည်။ တစ်ခုတွင်လည်း “ကလေးတွေဗဟုသုတ ပေးတန်တာပေးပါ ဒီလောက်လည်း အပေးမလွန်နဲ့” ဟူ၍ ရေးသားထားသည်။ […]

ကျောင်း စနစ် ပညာရေး ပြည်တွင်း သင်တန်း သတင်း

ကိုယ်ပိုင်ဘာသာရပ်သင် ဆရာများအတွက် ရက်တိုသင်တန်းများကို ပြဋ္ဌာန်းချက်များနှင့်အညီ ဖွင့်လှစ်ပေးမည်

  [ Zawgyi ] ပညာရေးဘွဲ့နဲ့ ဆရာအတတ်ဒီပလိုမာ မရရှိသေးတဲ့ ဆရာ၊ ဆရာမတွေကို ဆရာအတတ်ပညာ ရက်တိုသင်တန်းများ ပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေများနဲ့အညီ အခြေခံပညာဦးစီးဌာနနဲ့ အဆင့်မြင့်‌ပညာ ဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်မှာ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၂) နဲ့ ထုတ်ပြန်ထားတဲ့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်းဥပဒေ အခန်း (၅)၊ နည်းဥပဒေ ၁၄ နည်းဥပဒေခွဲ (ဃ) မှာလည်း ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်လိုသူများအနက် သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီမှုမရှိသဖြင့် ဆရာအတတ်ပညာ ရက်တိုသင်တန်း တက်ရောက်လိုပါကြောင်း တင်ပြလာပါက ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သတ်မှတ်ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။ […]

စီးပွားရေးအခွင့်အလမ်း ပြည်တွင်း သင်တန်း သတင်း

E-Commerce သင်တန်းများ ဖွင့်လှစ် သင်ကြားမည့် ZIME Myanmar Center ဖွင့်လှစ်

ZIME Myanmar Center ဆိုင်းဘုတ်အား တာဝန်ရှိသူများက ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)   [Zawgyi] မြန်မာ နိုင်ငံသားများ အနေဖြင့် ပြည်တွင်း၌ သာမက နိုင်ငံတကာနှင့်ပါ ချိတ်ဆက်၍ ရောင်းဝယ် ဖောက် ကားမှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ E-Commerce သင်တန်းများ ဖွင့်လှစ် သင်ကြားမည့် ZIME Myanmar Center ဖွင့်ပွဲ အခမ်းအနားကို ယနေ့ သြဂုတ် ၂၀ ရက်တွင် ရန်ကုန်မြို့ ရှိ UMFCCI ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲ အခမ်းအနားတွင် Mozi Education & Consulting Co.,Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဟိန်းခိုင်က “ E-Commerce ဖွံ့ ဖြိုး တိုးတက်မှုကို […]

ပညာရေး သင်တန်း

မြန်မာကျောင်းသားများကို အမေရိကန် က အင်္ဂလိပ်စာ လာရောက်သင်ကြားပေးနေ

ZawGyiဖြင့်ဖတ်ရန် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ကျောင်းသား ကျောင်းသူတွေ အင်္ဂလိပ်စာ စွမ်းရည် မြင့်မားစေဖို့ အမေရိကန်က ဆရာမတွေ နှစ်နှစ်တာ လာရောက် ပညာသင်ကြားပေးနေပါတယ်။  Peace Corps Myanmar အစီအစဉ်အဖြစ် မြန်မာအစိုးရနဲ့ အမေရိကန်ပြည်ထောင်စုအစိုးရတို့ ပူပေါင်းပြီး အမေရိကန်နိုင်ငံသူ ဆရာမ နှစ်ဦးက မြန်မာကျောင်းသားတွေကို လာရောက်သင်ကြားပြသနေတာပါ။ မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းအတိုင်း အခြေခံပညာ ၅ တန်းနဲ့ ၆ တန်းက ကျောင်းသား ကျောင်းသူတွေအပြင် ဆရာ၊ ဆရာမတွေကိုပါ ကျောင်းတွင်း အချိန်ဇယားအလိုက် သင်ကြားပြသမှာ ဖြစ်တယ်လို့ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းလွင်က ဒီဗွီဘီကို ပြောပါတယ်။ “သင်ကြားသွားမှာက နှစ်နှစ် သင်ကြားသွားမှာပါ။ ဒီပညာသင်နှစ်ရယ်၊ နောက်နှစ် ပညာသင်နှစ်ရယ်၊ သူတို့ကို သတ်မှတ်ပေးထားတဲ့ အချိန်ဇယားလေးတွေ ရှိတယ်။ မြန်မာနိုင်ငံက […]