ခေတ်ရေစီး တီထွင်မှု သိပ္ပံနည်းပညာနှင့်ဗဟုသုတ အထွေထွေနှင့်ပညာရပ်ဆိုင်ရာဗဟုသုတ

မားစ်ဂြိုဟ်ပေါ်မှာနေထိုင်နိုင်ဖို့အဆင့်လေးဆင့်

[Zawgyi] ကျွန်တော်တို့ အာကာသလေ့လာရေး ရွှေခေတ်ကြီးကို ရောက်နေပြီဆိုရင် အရင်ဆုံးကြုံတွေ့ရမယ့် အကျပ်အတည်းက ဘာလဲဆိုတဲ့မေးခွန်းက စရမှာပါပဲ။ အဓိကအကျပ်အတည်းကတော့ ရှင်သန်နေထိုင်မှု ထောက်ပံ့ရေးနဲ့ လူသားတွေပါ။ မားစ်ဂြိုဟ်ပေါ်ကို ကျွန်တော်တို့ စက်ရုပ်တွေ စေလွှတ်ခဲ့ပြီးပြီ။ ဘတ်စ်ကား ဆိုဒ်လောက်ရှိတဲ့ ပစ္စည်းတွေကိုလည်း မားစ်ဂြိုဟ်ပေါ်ပို့ဆောင်ခဲ့ပြီးပြီ။ ဒါပေမဲ့ အခုဖြစ်နေတာက လူတွေရဲ့ အခန်းကဏ္ဍပါ။ ပြောရရင် ထောက်ပံ့ရေး ကဏ္ဍတစ်ခုလုံးကိုပေါ့။ ဒီမှာကျွန်တော်တို့ လုံးဝထည့်မစဉ်းစားခဲ့မိတဲ့ အချက်ကို သွားတွေ့ရပါတယ်။ အဲဒါကတော့ စက်ရုပ်တွေဟာ လူသားတွေအတွက် အဓိက အကျပ်အတည်း ဖြစ်နေတဲ့ကိစ္စပါပဲ။ လူတွေ အဲဒီက ဓါတ်ရောင်ခြည်ဖြာထွက်နေတဲ့ နေရာတွေမှာ အထီးကျန်စွာနဲ့ မဖြစ်မနေ နေရတော့မယ်။ ခရီးစဉ်ကလည်း နှစ်နှစ်လောက်ကိုကြာမယ်။ အပူချိန်ကလဲ ရေခဲအမှတ်အောက်မှာ။ လေထုဖိအား ဆိုတာကလည်း ကမ္ဘာ့လေထုရဲ့ ၁% သာသာပဲရှိတယ်။ နောက်ဆုံးအဲဒီမှာ […]

ခရီးသှား ဗဟုသုတ

2018 ခုနှစ်အတွက် အကောင်းဆုံး အပန်းဖြေ နေရာတစ်ခုအဖြစ်မဲပေးခြင်းခံရတဲ့ ဂျာဗာကျွန်းဆွယ်

[Zawgyi] ကမ္ဘာ့အကောင်း အပန်းဖြေ နိဗ္ဗာန် ဘုံဆိုတာ ဖော်ဖြူလာတွေနဲ့တွက်ချက်အဖြေထုတ်ကြတာမဟုတ်ပါဘူး။ ကမ္ဘာလှည့်ခရီးသွားတွေဆီတွေက မျှဝေတဲ့အတွေ့အကြုံတွေ၊ သူတို့ ခံစားကြည့်ရူ့ခဲ့ရတဲ့သဘာဝအလှတရားတွေ ဆီကနေမှ အကဲဖြတ်သုံးသတ်ကြတာဖြစ်ပါတယ်။ ယခုလတ်တလောမှာ ခရီးသွား တွေရဲ့မဲပေးဆုံးဖြတ်ချက်အရ ဟာဝိုင်အီက Maui ၊ ဘိုရာ ဘိုရာ တို့ဟာ ကမ္ဘာ့အကောင်းဆုံး အပန်းဖြေနေရာတွေအဖြစ် ထိပ်ပိုင်းနေရာတွေမှာ ရောက်ရှိနေပြီး အင်ဒိုနီးရှားက ဂျာဗား ကျွန်ဆွယ်ကတော့ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး အပန်းဖြေ နေရာတစ်ခုအဖြစ် နံပါတ် (၁) နေရာက သတ်မှတ်ခြင်း ခံရပါတယ်။ နိုင်ငံရဲ့နှလုံးသားတစ်ခုလို့တင်စားခံရတဲ့ ဂျာဗားဟာ ပထဝီဝင်အနေအထားအရကော စီးပွာရေးအရပါ အချက်အချာကျတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဆူမာတျားနဲ့ ဘာလီကျွန်းတို့ရဲ့ ကြားမှာတည်ရှိပြီး သူ့ရဲ့ အကောင်းဆုံးသော ရေတံခွန်းတွေ၊ ကြာမြင့်နေပြီဖြစ်တဲ့ ဒေသတွင်းရိုးရားဓလေ့ထုံးစံ တွေနဲ့အတူ ထိန်းသိမ်းမူကောင်းတဲ့ သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေ […]

ခရီးသှား ဗဟုသုတ

သိပ္ပံပညာရှင်တွေ ရှင်းမပြနိုင်သေးသော သက်ရှိတွေကို လောင်ကျွမ်းစေနိုင်တဲ့ ပီရူး က ရေနွေးပူမြစ်

[Zawgyi] အမေဇုန် သစ်တောကြီးရဲ့ အတွင်းပိုင်း အနက်ထဲမှာ ရေနွေးပူတွေလို ဆူပွက်ပြီးစီးဆင်းနေတဲ့မြစ်တစ်ခုရှိပါတယ်။ ဒီအကြောင်းကိုတော့ Southern Methodist University မှာ ဒေါက်တာဘွဲ့ယူနေတဲ့ ပထဝီရူပ ဗေဒ ကျောင်းသား Adres Ruzo က စတင်ရှာဖွေခဲ့တာပါ။ Ruzo ဟာ သူငယ်စဉ်က ရေနွေးပူတွေ စီးဆင်းနေတဲ့ မြစ်တစ်ခုရှိတဲ့ ဆိုတာကို သူ့အဘိုးဆီက ဒဏ္ဍာရီ လိုလို ပုံပြင် လိုလို အမြဲကြားဖူးနေခဲ့ပါတယ်။ ဒါကြောင့် သူငယ်စဉ် တည်းက အိပ်မက်ဟာ အဲ့ဒီ ရေနွေးပူ တွေစီးဆင်းနေတဲ့ မြစ်ကို ရှာဖွေဖို့ဖြစ်ခဲ့ပါတယ်။ သူအရွယ်ရောက်ပြီး ပထဝီရူပ ဗေဒ ကျောင်းသားဖြစ်လာချိန် ဒေါက်တာဘွဲ့အတွက်ကြိုးစားနေရင်း ၂၀၁၁ ခုနှစ်မှာ အဘိုးဖြစ်သူ ပြောပြခဲ့တဲ့ ရေနွေးပူတွေ စီးဆင်းနေတဲ့ မြစ်ကို အမေဇုန် […]

ခေတ်ရေစီး ဆယ်လီ လူမှုဘဝ

ချစ်သူချောချောလေးနဲ့ လျှောက်လည်ခဲ့တဲ့ MALIA OBAMA

[Zawgyi] Malia Obama လို့ဆိုလိုက်ရင် အမေရိကန်သမ္မတဟောင်း Barack Obama ရဲ့သမီးကြီးဖြစ်သူလို့လူတိုင်းကသိကြမယ်ထင်ပါတယ်။ Malia က ဗြိတိန်သားချောချောလေးနဲ့ကြိုက်နေကြတယ်ဆိုတာလဲ မူလူကွန်ယက်အင်တာနက်သုံးကြတဲ့ သူတွေနဲ့မစိမ်းတော့တဲ့ခေါင်းစဉ်ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ် ကလန်ဒန်မြို့ပေါ်မှာ နှစ်ဦးသား အပြင်ထွက်လည်ပတ်ခဲ့ကြတာကို တွေ့ရပါတယ်။ ယူကေအခြေစိုက် Daily Mail သတင်းစားမှာတော့ Malia ဝတ်ဆင်ထားတဲ့ ဖက်ရှင်ကို ဦးစားပေးရေးသားထားပြီး အသက် ၂၀ ရှိနေပြီဖြစ်တဲ့ Malia ဟာ ယူရို ၁၃၀ တန် ဖိနပ်နဲ့ အဖြူရောင် နွေရာသီဝတ်စုံ လေးကို ရွေးချယ်ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို လန်ဒန်က Mayfair ချစ်သူ Rory Farquharson နဲ့အတူ မှာတွေ့လိုက်ရတာဖြစ်ပါတယ်။ Farquharson ကိုတော့ Malia နဲ့အတူလက်တွဲလက်လျှောက်လာတာတွေ့ရပြီး လက်တစ်ဖက်ကလဲဆေးလိပ်သောက်နေတာ ကိုတွေ့ခဲ့ရပါတယ်။ Farquharson […]

ပြည်တွင်း မှုခင်း သတင်း

အောင်ရဲထွေး အမှု အပေါ် တရားရုံး၏ ဆုံးဖြတ်ချက်အား အစိုးရ ရှေ့နေချုပ် ပါယ်ချ၊ ဒေါ်အောင်ဆန်းစုကြည်ပင် မေးခွန်းထုတ်လာရသည့်အထိ ဖြစ်လာ

[Zawgyi] နိုင်ငံ အတွင်းရှိ တရားစီရင်ရေး နှင့် ဥပဒေ စိုးမိုးရေး အား ပြည်သူအများ က ပြင်းထန်စွာ ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ဖေ့ဘုတ် လူရွှင်တော် အောင်ရဲထွေးအား အသတ်ခံခဲ့ရမှုအပေါ် သံသယ ရှိသူများ အား ဂွင်းလုံးကျွတ် ပြန်လွှတ်ပေးခဲ့သည့် ရန်ကုန် တရားရုံး၏ ဆုံးဖြတ်ချက်အား ပြည်ထောင်စု ရှေ့နေချုပ် ရုံးမှ ပါယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။ သံသယ ရှိသူ သုံးဦးအား သေဆုံးသူဖက်မှ ကြေအေးလိုက်သည် ဆိုကာ ရန်ကုန် အရှေ့ပိုင်း တရားရုံးမှ ချွင်းချက်မရှိ ပြန်လွှတ်ပေးခဲ့ပါတယ်။ လူသတ်မှုကို တဖက်မှ ကြေအေး ၍ ပြန်လွှတ်ပေးရသည် ဆိုသော တရားသူကြီးတဦး၏ ဆင်ခြင်ညဏ်အပေါ် တနိုင်ငံလုံးက အံ့အား တသင့် ဖြစ်ပြီး ၎င်းတို့ လုံခြုံရေး […]

ပြည်တွင်း သတင်း သဘာဝဘေးအန္တရာယ်

မြန်မာရေဘေး ကုလ ကူညီဖို့ညှိနှိုင်း

ရေကြီးရေမြုပ် [Zawgyi] မြန်မာနိုင်ငံမှာ ရေကြီးနေတဲ့ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေက မြစ်ရေတွေဟာ စိုးရိမ်ရေအမှတ်ကို ဆက်လက် ကျော်လွန်နေပြီး ပဲခူးတိုင်းထဲမှာ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ ကရင်ပြည်နယ်မှာ သံလွင်မြစ်၊ မွန်ပြည်နယ်မှာ ဘီးလင်းမြစ်ရေတွေဟာ စိုးရိမ်ရေ အမှတ်ထက် ဆက်လက်ကျော်လွန်နေတယ်လို့ ဒီနေ့ အင်္ဂါနေ့မနက်အစောပိုင်းမှာ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ရေဘေးအတွက် အကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂက ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Faren Haq က ပြောပါတယ်။ “ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာ မုတ်သုန်မိုး သည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် နိုင်ငံတဝှမ်း ရေဘေး ဒုက္ခ ကြုံနေရပါတယ်။ ဒေသခံ ၁ သိန်း ၁ သောင်းကျော်လည်း အိုးအိမ်မဲ့ […]

နိုင်ငံတကာ သတင်း

ကမ္ဘောဒီးယားရွေးကောက်ပွဲ တပါတီအောင်ပွဲခံမှု နိုင်ငံတကာဝေဖန်

အနိုင်ရ (CPP) ပါတီခေါင်းဆောင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen [Zawgyi] ကမ္ဘောဒီးယားနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ CPPပါတီက လွှတ်တော်တွင်းက အမတ်နေရာအား လုံးကို သူတို့ပါတီက အနိုင်ရလိုက်တယ်လို့ မနေ့ကကြေညာခဲ့ပါတယ်။ ဒီပါတီကချည်းပဲအနိုင်ရနေတာမို့ ကမ္ဘောဒီးယား ဟာ တပါတီစံနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံအဖြစ်ပြောင်းလဲနေတဲ့သဘောဖြစ်နေပါတယ်။ အဓိကအတိုက်အခံနိုင်ငံရေးပါတီကို ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်မပေးတာကြောင့် လက်ရှိရွေးကောက်ပွဲကို အခွင့်အရေးအုပ်စုတွေကအပြစ်တင်နေကြ ပါတယ်။ အခုရွေးကောက်ပွဲမှာ သေးငယ်တဲ့ နိုင်ငံရေးပါတီ ၁၉ခုပါဝင်ယှဉ်ပြိုင်ခဲ့ပေမဲ့လည်း အောင်မြင်မှုအနည်းအကျဉ်းပဲ ရခဲ့ပါတယ်။ လောလောဆယ်တော့ ရွေးကောက်ပွဲရလာဒ်တွေကို တရားဝင်မကြေညာသေးပါဘူး။ နှစ်ပေါင်း၃၃နှစ်အုပ် ချုပ်လာခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီး ချုပ်ဟွန်ဆန်ကတော့ နောက်ထပ်ဝန်ကြီးချုပ်သက်တမ်း၅နှစ်တာဝန်ယူဖို့ပြင်ဆင် ထားပါပြီ။ အမေရိကန်ပြည်ထောင်စုကတော့ အခုရွေးကောက်ပွဲကို လွတ်လည်းမလွတ်လပ်ဘူး၊ တရားမျှတမှုလည်းမရှိဘူးလို့ တုန့်ပြန်လိုက်ပြီး ကမ္ဘောဒီးယားအစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို အမေရိကန်ပြည်ဝင်ခွင့်ဗီဇာတင်းကျပ်မှုလုပ်တာတွေ အပါအ၀င် ပြစ်ဒဏ်ခတ်မှုတွေလုပ်ရေးကို စဉ်းစားမယ်လို့ အမေရိကန်အစိုးရကပြောပါတယ်။ အခုရွေးကောက်ပွဲမှာ မဲ မထည့်ပဲနေတဲ့သူတွေကို […]

နိုင်ငံတကာ သတင်း

အီရန်သမ္မတနဲ့ တွေ့ဆုံဖို့ Trump အဆင်သင့်

အမေရိကန်သမ္မတ Donald Trump နဲ့ အီရန်သမ္မတ Hassan Rouhani [Zawgyi] အမေရိကန် သမ္မတ Donald Trump က သူဟာ အီရန်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ တနင်္လာနေ့မှာ ပြောကြားလိုက် ပါတယ်။ သမ္မတအိမ်ဖြူ အရှေ့ဘက် ခန်းမထဲမှာ အီတလီဝန်ကြီးချုပ် ဂျူဆပေး ကောင်တီ (Giuseppe Conte) နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက သမ္မတကို အီရန်သမ္မတ Hassan Rouhani နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိမရှိမေးမြန်းရာမှာ သမ္မတ Trump က အခုလို ဖြေကြား လိုက်တာပါ။ တွေ့ဆုံဆွေးနွေးမှုကို သူယုံကြည်ကြောင်း သမ္မတက ပြန်ဖြေခဲ့သလို အထူးသဖြင့် စစ်တွေ၊ လူသေဆုံးမှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ တခြား […]

မိုးလေဝသ သတင်း သဘာဝဘေးအန္တရာယ်

ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး နှင့် မွန်ပြည်နယ် ရှိ မြို့ နယ်တစ်ချို့ တွင် မြစ်ရေကြီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြရန် မိုးဇလထုတ်ပြန်

မြစ်ရေခန့်မှန်းချက်ပြဇယား အားတွေ့ရစဉ် (ဓာတ်ပုံ–မိုးဇလ) [Zawgyi] ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်ကြသူများအနေဖြင့် မြစ်ရေကြီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြပါရန်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် ရွှေကျင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ အကြံပြုချက် ထုတ်ပြန်သည်။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀) နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် […]

ပြည်တွင်း သတင်း

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် စိုးရိမ်စရာမဟုတ်သလို ရန်သူမဟုတ်ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြောကြား

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အားတွေ့ရစဉ် (ဓာတ်ပုံ– YRG) ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် စိုးရိမ်စရာမဟုတ်သလို ရန်သူမဟုတ်ကြောင်း မိတ်ဆွေသာဖြစ်ကြောင်း လက်တွေ့ကျကျ မရှိမဖြစ် အသိစိတ်ဓာတ်ရှိရှိနှင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည့်အလုပ် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။ [Zawgyi] မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့၊ နံနက်၉နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတကြီးက အထက်ပါအတိုင်း လမ်းညွှန်ပြောကြားခဲ့ခြင်း ဖြစ်သည်။“လက်ရှိအခြေအနေမှာ ပြုပြင်ပြောင်းလဲရေးကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့ များစွာလိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကို လုပ်တဲ့အခါမှာ တချို့စိုးရိမ်ကြတာ ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းက စိုးရိမ်စရာမဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် ရန်သူမဟုတ်ပါဘူး။ မိတ်ဆွေဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးအလုပ်သည် အတင်းအဓမ္မ ခိုင်းနေရမယ့် အလုပ်မဟုတ်ပါဘူး။ လက်တွေ့ကျကျ မရှိမဖြစ် အသိစိတ်ဓာတ်ရှိရှိနဲ့ အားလုံးဝိုင်းဝန်း […]