ခေတ်ရေစီး နိုင်ငံတကာ သတင်း အနုပညာ

ပရိသတ်ကို ကြေညာထားခြင်းမရှိဘဲ Album ထုတ်လိုက်တဲ့ Eminem

Eminem ရဲ့ ဖြန့်ချိလိုက်တဲ့Album အသစ် Kamikaze   [Zawgyi] အမေရိကန် Hip hop အဆိုတော် Eminem ဟာ ၂၀၁၇ ခုနှစ်က Revival ဆိုတဲ့ ခွေကိုထုတ်ထားပါတယ်။ ဒါပေမယ့် သြဂုတ်လ ၃၁ရက်နေ့ မနက် ၁၀နာရီနဲ့ ၄၀ မိနစ်မှာ “Kamikaze”ဆိုတဲ့ Album အသစ်ကို ထုတ်လိုက်တာကြောင့် သူ့ပရိသတ်အားလုံးက အံ့သြပျော်ရွှင်နေကြပါတယ်။ ဒီအခွေရဲ့ Album Art မှာ တိုက်လေယာဉ်ရဲ့ နောက်ဖက်အစွန်းကပုံပါရှိပြီး FU-2 ဆိုတဲ့ စာသားလည်း ပါရှိပါတယ်။ ဒီ Album Art ဟာ ၁၉၈၆ ခုနှစ်က ထွက်ရှိထားတဲ့ Beastie Boys အဖွဲ့ရဲ့ Licensed to Ill ဆိုတဲ့ […]

နိုင်ငံတကာ သတင်း အားကစား

မန်ယူအသင်းအကြောင်း မြန်မာနိုင်ငံအခြေအနေနှင့် နှိုင်းယှဉ်ပြီး မော်ရင်ဟို ဖြေဆို

ဓာတ်ပုံ – Getty   [Zawgyi] မန်ချက်စတာယူနိုက်တက်အသင်း လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ မော်ရင်ဟိုက သတင်းထောက်တွေကို ဖြေကြားရာမှာ မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေ၊ အခက်အခဲတွေနဲ့ နှိုင်းယှဉ်ပြီး ဖြေကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်ညက ပရီးမီးယားလိဂ် ပွဲစဉ် ၃ လက်ကျန်ပွဲအဖြစ် မန်ယူနဲ့ စပါးတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စပါးက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ခုလိုဖြေခဲ့တာပါ။ “ဒီပွဲမတိုင်ခင်မှာ သတင်းတွေဖတ်ဖြစ်ခဲ့ရင် တွေ့ရမှာပါ။ မန်ယူအသင်းက လက်ရှိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး၊ သတင်းတွေကို ကြည့်လိုက်ရင် မြန်မာနိုင်ငံအကြောင်းပဲ တွေ့ရပါလိမ့်မယ်။ အဲဒါကမှ တကယ့်ခက်ခဲတဲ့ အချိန်ကာလပဲဗျ။” အခုရှုံးပွဲဟာ မော်ရင်ဟိုအတွက် သူ့ရဲ့ နည်းပြသက်တမ်းတလျှောက် […]

နိုင်ငံတကာ သတင်း အားကစား

ဘန်လေအသင်းရဲ့ လက်ရှိခြေစွမ်းကို သွားရောက်လေ့လာခဲ့တဲ့ မော်ရင်ဟို

  [Zawgyi] မန်ချက်စတာယူနိုက်တက်အသင်းမန်နေဂျာ မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ သူ့အတွက် အရေးပါတဲ့ ပြိုင်ပွဲတွေကို စတင်ရင်ဆိုင်ချိန်ရောက်နေသလို အသင်းမှာ ဆက်လက်ရှိရေးအတွက် ရုန်းကန်ရမဲ့ ကာလဖြစ်နေ ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နှစ်ပွဲဆက် ရှုံးခဲ့ခြင်းက သူ့အတွက် ကြီးမားတဲ့ဖိအားတစ်ခု ဖြစ်နေပြီး တနင်္ဂနွေနေ့မှာ ကစားမဲ့ ဘန်လေအသင်းနဲ့ ပွဲမှာ ရှုံးနိမ့်လို့ မဖြစ်သလို အနိုင်ရလဒ်ဖြစ်လာမှသာ သူ့အတွက် အသက်ရှူချောင်သွားမှာ ဖြစ်ပါတယ်။ ပွဲမ၀င်ခင် အပြင်ကကျင်းပဆိုသလို မော်ရင်ဟိုဟာ သူယခင်က ကျင့်သုံးခဲ့တဲ့ ပြိုင်ဘက်အသင်းတွေ ကိုသွားရောက်လေ့လာတဲ့ အလုပ်ကို စတင်ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ ကြာသပတေးနေ့ ညမှာ ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ အိုလံပီယာကော့စ်အသင်းရဲ့ ယူရိုပါလိဂ်ပွဲကို သွားရောက်ကြည့်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မော်ရင်ဟိုဟာ ဖိအားတွေများစွာရှိနေတဲ့အတွက် ဘန်လေကွင်းမှာ ရှိတဲ့ လုံခြုံရေး […]

နိုင်ငံတကာ လူမှုဘဝ အားကစား

လူ့ဘဝဇာတ်ခုံပေါ်က ထိုးနှက်ချက်တွေနဲ့အတူ ဘောလုံးသမားဘဝကို စွန့်စားရောက်ရှိလာတဲ့ မာနေး

  [Zawgyi] လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ မာနေးဟာ သူ့ဘ၀ရဲ့ တစ်စိတ်တစ်ဒေသကိုဖွင့်ဟပြောဆိုလိုက် ပါတယ်။ သူပြောဆိုလိုက်တဲ့ ဘောလုံးသမားဘ၀ဟာ ကြိုးစားမှုတွေကြောင့် ဆီနီဂေါနိုင်ငံက ကျေးရွာလေး တစ်ရွာကနေ ကမ္ဘာ့ကျော်ဘောလုံးသမား ဖြစ်ဖို့ဖြတ်သန်းလာခဲ့ရတဲ့ ခရီးရှည်ကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မာနေးက ဆက်လက်ရွေးလျားနေဆဲပါပဲ။ သူ့အတွက် မောပန်းမှုတွေ မရှိတာကိုတွေ့နေရပါတယ်။ ဒါကလည်း ၀ါသနာအရင်းခံတဲ့ ဖြစ်ချင်ဇောက သူ့ကို ဦးဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ မာနေးဟာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာကြီးမားတဲ့ လီဗာပူးလ်အသင်းမှာ ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားခွင့်ရသလို အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်သလို ပြိုင်ပွဲကို ထိန်းချုပ်နိုင်စွမ်းရှိသူပါ။ ဒါပေမဲ့ မာနေးရဲ့ မိသားစုတွေက သူ့ကို ဘောလုံးသမားမဖြစ်စေချင်ပါဘူး။ ကျေးရွာရဲ့ ဓလေ့အတိုင်း မိဘတွေ ရဲ့ စေတနာအတိုင်း ကိုယ့်သားသမီးကို ပညာတတ်ကြီး ဖြစ်စေချင်လို့ ကျောင်းတက်ဖို့ကိုပဲ […]

ခရီးသွား ပြည်တွင်း သတင်း

မြဝတီ-ကော့ကရိတ် အမြန်လမ်းမကြီး အနီးရှိ တောနော်ရေတံခွန်၌ ညအိပ်အနားယူ အပန်းဖြေနိုင်ရန် စခန်းတစ်ခု တည်ဆောက်နေ

  [Zawgyi] ကရင်ပြည်နယ် မြဝတီမြို့နှင့် ၁၇ မိုင်၊ ကော့ကရိတ်မြို့နှင့် ၁၁ မိုင်ခန့်ကွာဝေးသော မြဝတီ-ကော့ကရိတ်အမြန်လမ်းမ ကြီးနံဘေးရှိ ”တောနော်”ရေတံခွန်အား ခရီးသွားပြည်သူများလာ ရောက်လည်ပတ်အပန်းဖြေနိုင်ရန် နိုဝင်ဘာလအတွင်း အပြီးတည် ဆောက်နေကြောင်း သိရသည်။ အဆိုပါတောနော်ရေတံခွန်၌ ခရီးသွားများအနားယူအပန်းဖြေ နိုင်စေရန် ရွှေမြစ်သောင်ရင်းကုမ္ပဏီက ၂ဝ၁၇ ခုနှစ် ဧပြီလတွင်စတင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ ညအိပ်အနားယူနိုင်ရန် ဘန်ဂလို ၁ဝ လုံးကိုတည်ဆောက်နေသည်။ ”ကျွန်တော်တို့ကရင်ပြည် နယ်မှာ ခရီးသွားလုပ်ငန်းတွေဖွံ့ ဖြိုးမှုအားနည်းနေပါသေးတယ်။ ပြီးတော့ကျွန်တော်တို့ဒီဒေါန တောင်ကြောမှာ အခုလိုသဘာဝအတိုင်းသာယာလှပတဲ့ ရေတံခွန် တွေရှိနေတာကို ပြည်တွင်းပြည်ပခရီးသွားတွေလာရောက်လည် ပတ်အပန်းဖြေအနားယူနိုင်အောင် ဆောင်ရွက်နေတာပါ။ နွေရာသီ ရောက်ရင် အလွန်သာယာတဲ့နေ ရာဖြစ်တာကြောင့် ညအိပ်အနားယူနိုင်ဖို့ ဘန်ဂလိုတွေတည်ဆောက် နေတာပါ”ဟု ရွှေမြစ်သောင်ရင်း ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးတင်ဝင်းကပြောကြားသည်။ အဆိုပါ’တောနော်’ […]

ပညာရေး ပြည်တွင်း လူမှုဘဝ သတင်း အလုပ်အကိုင်အခွင့်အလမ်း

တက္ကသိုလ်အလိုက် သတ်မှတ်ခွဲခြားခြင်းမရှိဘဲ ရရှိသည့်ဘွဲ့ကိုသာ အသိအမှတ်ပြု၍ အလုပ်အကိုင် ခေါ်ယူခြင်းဖြစ်ဟု ဆို

  [Zawgyi] အစိုးရဌာန အသီးသီးအတွက် ပြည်ထောင်စုရာထူးဝန်မှ ခေါ်ယူသော ရာထူးနေရာများအတွက် ၂၀၁၈ခုနှစ် ဇန်န၀ါရီလအထိ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်စသည်ဖြင့် တက္ကသိုလ်အလိုက် သတ်မှတ်ခွဲခြားခြင်းမရှိဘဲ ရရှိသည့်ဘွဲ့ကိုသာ အသိအမှတ်ပြု၍ အလုပ်အကိုင် ခေါ်ယူခြင်းရှိကြောင်း ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သြဂုတ် ၂၉ ရက်တွင်ပြောကြားသည်။ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး က အင်ဂျင်နီယာ COE(Center of Excellent) တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ရရှိသူများ၏ အလုပ်အကိုင်အခွင့်အလမ်း စီစဉ်ထားရှိမှုနှင့် အခြားနည်းပညာ တက္ကသိုလ် များမှ ရရှိသောဘွဲ့သည် မည်သို့ ကွာခြားမှုရှိသည်ကို သိလိုကြောင်းမေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင်ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဘွဲ့ရ ကျောင်းသူ ကျောင်းသားများ အလုပ်အကိုင်ရရှိရေးအတွက် ၂၀၁၇-၁၈ ပညာသင်နှစ်မှစ၍ ဘွဲ့ကြိုအင်ဂျင်နီယာ […]

စာရင်းအင်းထုတ်ပြန်မှု စီးပွားရေး ပြည်တွင်း သတင်း

ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဆောက်လုပ်ရေး ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု အသစ်များမရှိ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့နည်းရခြင်းဖြစ် ဟုဆို

  [Zawgyi] ယခင်နှစ်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့နည်းရခြင်းမှာ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များမရှိခြင်းကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။ သြဂုတ် ၃ဝ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂ဝ၁၇ ဧပြီ ၁ ရက်နေ့မှ ၂ဝ၁၈ မတ် ၃၁ အထိလုပ်ဆောင်ခဲ့သည့်လုပ်ငန်းအစီအစဉ်ကို ရှင်းလင်းစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ”ယခင်ဘဏ္ဍာနှစ်ထက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာသန်း ၉ဝဝ ခန့်လျော့နည်းရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုအနက် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များ မရှိခြင်းသည် အကြောင်းရင်းတစ်ခုဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။ ယင်းသို့ လျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသည့် နိုင်ငံအ ရေအတွက်နှင့် လုပ်ငန်းအရေအတွက် ပိုမိုများပြားလာသည်ကို တွေ့နိုင်ကြောင်း၊ ရေနံနှင့် […]

စာရင်းအင်းထုတ်ပြန်မှု စီးပွားရေး ပြည်တွင်း သတင်း

နိုင်ငံတော်သို့ ရွှေကြွေးကျန် ပေးသွင်းရန် ရှိနေသည့် ကုမ္ပဏီ ၁ဝဝ ကျော်ကို တရားစွဲမည်

  [Zawgyi] နိုင်ငံတော်ကိုပေးသွင်းရန်ကျန်ရှိနေသည့် ရွှေ ကြွေးကျန်ကုမ္ပဏီ ၁ဝဝ ကျော်ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ သြဂုတ် ၃ဝ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာ ရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အမှတ်စဉ် (၇/ ၂ဝ၁၈) နှင့်ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ”စာချုပ်ပါ စည်းမျဉ်းများ အတိုင်းမလိုက်နာတဲ့ ကုမ္ပဏီများကို တည်ဆဲဥပဒေများနဲ့ အရေးယူ ဆောင်ရွက်လျက်ရှိကာ နိုင်ငံ တော်သို့ပေးသွင်းရန်ကျန်ရှိတဲ့ ရွှေ စင်များကို ဆောလျင်စွာရရှိရေး တရားစွဲဆို ကောက်ခံလျက်ရှိပါတယ်”ဟု ၎င်းကပြောသည်။ အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီက စာချုပ်အရ ပေး […]

နိုင်ငံတကာ မတော်တဆမှု သတင်း သိပ္ပံနှင့်နည်းပညာ

နိုင်ငံတကာအာကာသစခန်း နှင့် ချိတ်ဆက်ထားသော ရုရှားအာကာသယာဉ်တွင် လေယိုစိမ့်မှုဖြစ်ပွား

  [Zawgyi] နိုင်ငံတကာ အာကာသစခန်း (ISS) မှ အာကာသယာဉ်မှူးများသည် ISS နှင့် ချိတ်ဆက်ထားသော ရုရှား Soyuz အာကာသယာဉ် ၌ လေယိုစိမ့်မှုတစ်ခုဖြစ်ပွားနေသည်ကို သိရှိခဲ့ကြောင်း ရုရှားနိုင်ငံ အာကာသကော်ပိုရေးရှင်း Roscosmos က သြဂုတ် ၃၀ ရက်တွင်ပြောကြားခဲ့သည်။ သြဂုတ် ၂၉ ရက် ညပိုင်းတွင် အာကာသစခန်း၌ လေဖိအားကျဆင်းမှု တစ်ခုဖြစ်ပွားခဲ့ရာ ရုရှားအာကာသယာဉ်၌ အာကာသယာဉ်မှူး ၆ဦး စလုံး စုဝေးပြီး Soyuz MS-09 အာကာသယာဉ်ပေါ်တွင် အပေါက်ငယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Roscosmos ခေါင်းဆောင် Dmitry Rogozin ကပြောကြားခဲ့သည်။ အဆိုပါ အပေါက်ငယ်သည်  ဥက္ကာပျံငယ်တစ်ခုကြောင့် ဖြစ်ပေါ်နိုင်ခဲ့ခြေရှိပြီး အာကာသယာဉ်မှူးများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိကြောင်း၊ အာကာသယာဉ်မှူးများအနေဖြင့် အာကာသအပြင်သို့ ထွက်စရာမလိုဘဲ […]

ကျောင်း စနစ် ပညာရေး ပြည်တွင်း သင်တန်း သတင်း

ကိုယ်ပိုင်ဘာသာရပ်သင် ဆရာများအတွက် ရက်တိုသင်တန်းများကို ပြဋ္ဌာန်းချက်များနှင့်အညီ ဖွင့်လှစ်ပေးမည်

  [ Zawgyi ] ပညာရေးဘွဲ့နဲ့ ဆရာအတတ်ဒီပလိုမာ မရရှိသေးတဲ့ ဆရာ၊ ဆရာမတွေကို ဆရာအတတ်ပညာ ရက်တိုသင်တန်းများ ပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေများနဲ့အညီ အခြေခံပညာဦးစီးဌာနနဲ့ အဆင့်မြင့်‌ပညာ ဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်မှာ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၂) နဲ့ ထုတ်ပြန်ထားတဲ့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်းဥပဒေ အခန်း (၅)၊ နည်းဥပဒေ ၁၄ နည်းဥပဒေခွဲ (ဃ) မှာလည်း ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်လိုသူများအနက် သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီမှုမရှိသဖြင့် ဆရာအတတ်ပညာ ရက်တိုသင်တန်း တက်ရောက်လိုပါကြောင်း တင်ပြလာပါက ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သတ်မှတ်ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။ […]