ခေတ်ရေစီး ဗဟုသုတ အလှအပ

ဆံပင်တွေကို သိသိသာသာ အရှည်မြန်လာစေနိုင်မယ့် သဘာဝရှားစောင်းလက်ပပ်

  [Zawgyi] ဆံပင်ကောင်းခြင်းကလည်း အလှတရားတစ်မျိုးပါပဲ။ ရှားစောင်းလက်ပပ်က ဆံပင်တွေကို သိသိသာသာ အရှည်မြန်လာစေနိုင်တဲ့ မှော်အစွမ်းပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်ကို မျက်နှာအသားအရေအတွက်ပါ သုံးပေးနိုင်လို့ သုံးနေကြသူတွေကတော့ ရှားစောင်းလက်ပပ်ရဲ့အစွမ်းကို သိပြီးဖြစ်မှာပါ။ (၁) ရှားစောင်းလက်ပပ်နဲ့ သံပယိုရည် သံပရိုရည်က ဗီတာမင် ဘီ ၊ စီ ၊ phosphorous ၊ magnesium ၊ calcium နဲ့ folic acid တို့ပါဝင်တယ်။ ဒီဓာတ်တွေက ဆံပင်တွေကို ကျန်းမာသန်စွမ်းစေနိုင်ပြီး အရှည်မြန်လာစေနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ်(စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ သံပရိုရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)။ – ရှားစောင်းလက်ပပ် နဲ့ သံပရိုရည်တို့ကို ရောပေးပါ။ – ရလာတဲ့အရောကို ဦးရေပြားနဲ့ […]

ပြည်တွင်း လမ်း/တံတား သတင်း

ထောက်ကြန့် ခုံးကျော်တံတား တည်ဆောက်မည့် စီမံကိန်း ပယ်ဖျက်

  [Zawgyi] ပြည်သူ့ငွေစာရင်းကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက် ဆွေးနွေးခဲ့တဲ့ ထောက်ကြန့် ခုံးကျော်တံတား တည်ဆောက်မယ့် စီမံကိန်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ပယ်ဖျက်လိုက်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ခုလို ပယ်ဖျက်လိုက်တဲ့အကြောင်း ပြောသွားပါတယ်။ “သြဂုတ်လ ၁၃ ရက်နေ့က လုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ညှိနှိုင်းအစည်းအဝေးမှာ ထောက်ကြန့် ခုံးကျော်တံတားကို တည်ဆောက်ခြင်းမပြုဘဲ လွှဲပြောင်းသုံးစွဲမယ်လို့ ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရသုံးမှန်းခြေငွေစာရင်းကို ဘဏ္ဍာရေးကော်မရှင်ကို ပေးပို့ပြီးဖြစ်တဲ့အတွက် ဘတ်ဂျက်သန်း ၂ ထောင်ကို ထုတ်ပယ်ခြင်းမပြုဘဲနဲ့ မနေ့က တိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ ပယ်ဖျက်ပါတယ်။ အဲဒီအစား တိုင်းချင်းဆက် […]

တီထွင်မှု နိုင်ငံတကာ သတင်း အသုံးအဆောင်

AI ကင်မရာ ၄ လုံးပါဝင်တဲ့ Redmi Note 6 Pro ကို Xiaomi မိတ်ဆက်

  [ Zawgyi ] Xiaomi ဟာ Mi.com က ထိုင်းဖိုရမ်မှာ Redmi Note 6 Pro ကို တရားဝင်ထုတ်ဖော် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်းဟာ AI ကင်မရာ ၄ လုံးပါဝင်တဲ့ Xiaomi ရဲ့ ပထမဆုံးထုတ်ကုန် ဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။ ဒါ့အပြင် Redmi Note 6 Pro ဟာ dual ကင်မရာ ၂ ခု ပါဝင်လာတဲ့ ပထမဆုံးဖုန်း ဖြစ်လာပါတယ်။ ကျောဘက် dual ကင်မရာမှာ 12MP နဲ့ 5MP depth sensor ကိုအသုံးပြုထားပါတယ်။ အဲဒီ dual ကင်မရာစနစ်က Redmi Note 5 Pro နဲ့ဆင်တူပြီး Redmi […]

ကျန်းမာရေး ခေတ်ရေစီး ဗဟုသုတ အလှအပ

စမ်းသပ်ပြုလုပ်ကြည့်ဖို့ မသင့်တဲ့ အလှအပဆိုင်ရာ နည်းလမ်းများ

သစ်ကြံပိုးခေါက်ကို အသုံးပြုပြီး မျက်နှာပေါင်းတင်ခြင်းဟာ ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်   [Zawgyi] အလှအပကြိုက်တဲ့ ပျိုမေတွေ အများစုဟာ လွယ်ကူသက်သာတဲ့ အလှအပဆိုင်ရာ နည်းလမ်းတွေကို စိတ်ဝင်တစား လိုက်လံပြုလုပ်တတ်ကြပြီး တချို့သော အလှအပဆိုင်ရာ နည်းလမ်းတွေကတော့ စမ်းသပ်ပြုလုပ်ကြည့်ရင် အသားအရေအတွက် အန္တရာယ်ရှိနိုင်တာကြောင့် သတိထားမိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ (၁) သစ်ကြံပိုးခေါက်ကို အသုံးပြုပြီး မျက်နှာပေါင်းတင်ခြင်းဟာ ဝက်ခြံတွေကို သက်သာစေနိုင်တယ် ဆိုပေမယ့် ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ အနေနဲ့တော့ လုံးဝ မစမ်းသပ်ကြည့်သင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင်တော့ သစ်ကြံပိုးခေါက်ဟာ မျက်နှာအသားအရေကို စပ်ဖျဉ်းဖျဉ်း ဖြစ်ရာကနေ လောင်သွားတဲ့အထိပါ ဖြစ်စေနိုင်တာကြောင့် ယုံကြည် စိတ်ချရလောက်တဲ့ အလှအပ နည်းလမ်းတခုတော့ မဟုတ်ပါဘူး။ (၂) မျက်နှာအသားအရေပေါ်က ဝက်ခြံတွေကို သွားတိုက်ဆေး လိမ်းကျံခြင်းအားဖြင့် ပျောက်ကင်းနိုင်တယ်ဆိုတဲ့ နည်းလမ်းဟာ […]

နိုင်ငံတကာ ရုပ်ရှင် သတင်း အနုပညာ

Batman ရုပ်ရှင်သစ်ကို လာမယ့်နှစ်နွေရာသီတွင် စတင်ရိုက်ကူးမည်

Batman အဖြစ်သရုပ်ဆောင်တဲ့ မင်းသား Ben Affleck   [Zawgyi] ၂၀၁၆ ခုနှစ်ကစလို့ Caped Crusader အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ben Affleck ဟာ ဇာတ်ညွှန်းရေးသူနဲ့ ဒါရိုက်တာအဖြစ် လုပ်ဆောင်ဖို့ အစီအစဉ်ကနေ နုတ်ထွက်သွားပြီးတဲ့နောက် Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးဟာ ဒါရိုက်တာအသစ် Matt Reeves ရဲ့ ဇာတ်ညွှန်းကို အတည်ပြုခဲ့ပြီး အခုတော့ Batman ရုပ်ရှင်စတင်ရိုက်ကူးမယ့်ရက်ကို သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ The Wrap မီဒီယာရဲ့ Umberto Gonzalez က “စတူဒီယိုဟာ သူ့ရဲ့ လင်းနို့လူသား ရုပ်ရှင်ဇာတ်ညွှန်းအကြမ်းကို သဘောကျပါတယ်။ သူဟာ ပြန်လည်သုံး သပ်နေပြီးတော့ ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ် နွေရာသီကာလမှာ စတင်ထုတ်လုပ်ဖို့ မျှော်မှန်းထားပါတယ်” လို့ […]

ကွန်ပျူတာ တီထွင်မှု လူမှုဘဝ သိပ္ပံနှင့်နည်းပညာ အင်တာနက်

ဖန်တီးသူ ပေါလ်ဘူချ်ခိုင်ပြောပြတဲ့ Gmail ဖြစ်ပေါ်လာပုံ

  [ Zawgyi ] အခုအင်တာဗျူးဟာ ဂျက်ဆီကာလစ်ဗင်စတန်ရဲ့ Founders at Work: Stories of Startups’ Early Days စာအုပ်ကနေ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ အဲဒီစာအုပ်က နာမည်ကျော်နည်းပညာ ကုမ္ပဏီတွေရဲ့ အစောပိုင်းနေ့ရက်တွေက ဖြစ်ပျက်သမျှအပေါ် တည်ထောင်သူတွေကို မေးမြန်းထားတာ ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီလူတွေဟာ ကျော်ကြားထင်ရှားသူတွေ ဖြစ်နေပါပြီ။ စာအုပ်ထဲမှာ စတိဗ်ဝေါ့ဇနိယက်ဇ် (Apple), ကက်ထရီနာဖိတ်ထ် (Flickr), မစ်ခ်ျကာပူ (Lotus), မက်စ်လက်ဗ်ချင် (PayPal) နဲ့ ဆာဘီယာဘာရှား (Hotmail) တို့ကို တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးတွေ ပါဝင်လာပါတယ်။ အခုဖော်ပြပေးမှာကတော့ အင်တာဗျူးမေးမြန်းသူ ဂျက်ဆီကာလစ်ဗင်စတုန်းက Gmail ဖန်တီးသူ ပေါလ်ဘူခ်ျခိုင်နဲ့ တွေ့ဆုံမေးမြန်း ထားတာတွေထဲက ကောက်နုတ်ဖော်ပြချက်တွေ ဖြစ်ပါတယ်။ […]

နိုင်ငံတကာ ရုပ်ရှင် သတင်း အနုပညာ

နိုဝင်ဘာမှာ ထွက်လာမယ့် The Girl In The Spider’s Web

[Zawgyi] စာရေးဆရာ Stieg Larsson ရဲ့ “Millennium” ဝတ္ထုဇာတ်လမ်းတွဲကို ရိုက်ကူးတင်ဆက်ထားတဲ့ “The girl with the dragon tattoos” ဇာတ်ကား နှင့် “The girl who kicked the hornet nest” ဇာတ်ကားများဟာ ဝတ္ထုများမှာလည်း အောင်မြင်ခဲ့သလို ဇာတ်ကားများမှာလည်း အထိုက်အလျှောက်အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ ယခုတစ်ဖန် တတိယမြောက်ဇာတ်ကားဖြစ်တဲ့ “The girl in the spider’s web” ဇာတ်ကားကို လာမယ့် နိုဝင်ဘာလ ၉ရက်မှာ စတင်ရုံတင်ပြသမှာဖြစ်ပါတယ်။ ယခင်ဇာတ်လမ်းများမှာတော့ နဂါးဆေးမင်ကြောင်နှင့်ဂျက်မ Lisbeth Salander ဟာနိုင်ငံ့သူလျှိုဖခင်နှင့် ဆိုးသွမ်းတဲ့နိုင်ငံရေးသမား များရဲ့လက်ချက်နဲ့ ငယ်စဉ်ကတည်းက လူရုပ်မပေါ် ခေါင်းမဖော်အောင် အနိုင်ကျင့် အနှိပ်စက်ခံထားရတဲ့ဘဝမှ ရုန်းထွက်ခဲ့ပြီး မိခင်ကိုနှိပ်စက်ပြီးသတ်ခဲ့တဲ့ […]

နိုင်ငံရေး ပြည်တွင်း သတင်း

ဒေါ်အောင်ဆန်းစုကြည်ဆီက ဂုဏ်ထူးဆောင်နိုင်ငံသားဆု ပြန်ရုပ်သိမ်းမှုအပေါ် ကနေဒါဝန်ကြီးချုပ်အမြင်

  [Zawgyi] နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ကနေဒါ အောက်လွှတ်တော်က ကြာသပတေးနေ့မှာ တညီတညွတ်ထဲ မဲခွဲဆုံးဖြတ်ပြီး ပြန်လည် ရုပ်သိမ်းလိုက်ပါပြီ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၂၀၀၇ နှစ်မှာ ပေးအပ်ထားတဲ့ ဒီဆုကို အခုလို ရုပ်သိမ်းလိုက်တာလို့ ဆိုပါတယ်။ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ဒီဆု ပြန်လည်ရုပ်သိမ်းရခြင်းနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။ “သူနိုင်ငံသားဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ရိုဟင်ဂျာတွေအတွက် ဘယ်လိုနည်းနဲ့မှ အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။ လွှတ်တော်က သူ့ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတာကြောင့် လွှတ်တော်က ပြန်ရုပ်သိမ်းနိုင်တာပါ။ ကျနော်တို့ အာရုံစိုက်တာက နိုင်ငံအတွင်းမှာ၊ ဒါမှမဟုတ် ဒုက္ခသည်တွေအဖြစ် ဘေးဒုက္ခကြုံနေရသူ သန်းပေါင်းများစွာကို အကူအညီပေးဖို့ ဖြစ်ပါတယ်။” […]

နိုင်ငံတကာ နိုင်ငံရေး သတင်း

အီရန်မှာ လျှို့ဝှက်အဏုမြူသိုလှောင်ရုံ ရှိနေတယ်လို့ နေတန်ယာဟု ပြော

  [Zawgyi] အီရန်နိုင်ငံဟာ မြို့တော် တီဟီရန်မှာ လျှို့ဝှက်အဏုမြူသိုလှောင်တစ်ခု ရှိနေတယ်လို့ စက်တင်ဘာ ၂၇ ရက်က ကုလသမဂ္ဂမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောခဲ့ပါတယ်။ မြေပုံတစ်ချပ်ရယ်၊ အပြင်ပန်းအနေနဲ့တော့ အန္တရာယ် တစ်စုံတစ်ရာ ရှိပုံမရတဲ့ ဓာတ်ပုံတစ်ပုံတို့ကို ပြသပြီး နေတန်ယာဟုက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ “မေလတုန်းက အီရန်နဲ့ လျှို့ဝှက်အဏုမြူစခန်းတစ်ခုကို ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့တယ်။ ဒီကနေ့မှာတော့ ဒုတိယ နောက်ထပ်တစ်ခုကို ကျွန်တော် ထုတ်ဖော်ပြသတာပဲ ဖြစ်တယ်။ အီရန်မှာ လျှို့ဝှက်အဏုမြူသိုလှောင်ရုံ ရှိထားတယ်။”လို့ နေတန်ယာဟုက ဆိုပါတယ်။ ဒီလျှို့ဝှက်သိုလှောင်ရုံဟာ အီရန်ရဲ့ နျူကလီးယားလက်နက်စီမံကိန်းအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အမြောက်အမြားကို သိုလှောင်ရာလည်း ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ “အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ရေး သူတို့ရဲ့ ရည်မှန်းချက်ကို […]

နိုင်ငံတကာ သတင်း အားကစား

၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ VAR စနစ် အသုံးပြုဖို့ စီစဉ်နေ

(ဓာတ်ပုံ – အီးပီအေ) [Zawgyi] လာမယ့် ဇန်နဝါရီ ယူအေအီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၉ အာရှဖလားပြိုင်ပွဲရဲ့ အဆင့်အချို့မှာ ဗီဒီယိုအကူဒိုင်စနစ် (VAR) ကို အသုံးပြုဖို့ စီစဉ်နေတယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က ကြာသပတေးနေ့က ပြောပါတယ်။ VAR နည်းပညာကို ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအသုံးပြုခဲ့သလို လက်ရှိမှာလည်း ဥရောပထိတန်းလိဂ်ပြိုင်ပွဲမှာပါ အသုံးပြုနေတာဖြစ်ပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်က အာရှဖလားပြိုင်ပွဲမှာ VAR စနစ်ကို အသုံးပြုဖို့ စီစဉ်ထားပြီး လိုအပ်တဲ့ ပြင်ဆင်မှုအားလုံးအတွက် နောက်ဆုံးအတည်ပြုခြင်းကိုတော့ စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။ VAR စနစ်အသုံးပြုဖို့ အစီအစဉ်မှာ ပြိုင်ပွဲနဲ့ နီးကပ်နေပေမယ့်လည်း ဒါဟာ ဖီဖာရဲ့ အစီအစဉ်နဲ့ အလားတူပုံစံမျိုးဖြစ်တဲ့ ကမ္ဘာ့ဖလားမစတင်မီ ၃ လခန့်က VAR စနစ်ကို အသုံးပြုဖို့ အတည်ပြုခဲ့သလိုမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ […]