ကျန်းမာရေး အစားအသောက်

သက်သတ်လွတ် စားသူတွေ ကျန်းမာရေး ပိုကောင်းတဲ့ အကြောင်းရင်း ၅ ချက်

သက်သတ်လွတ် အစားအစာတွေမှာ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်   [Zawgyi] “သက်သတ်လွတ် စားသုံးတယ်”ဆိုတာ သာမန်အားဖြင့် ကြည့်ရင်တော့ ရွေးချယ်စားသုံးစရာ ဟင်းအမယ်တွေ နည်းတာကြောင့် ငြီးငွေ့စရာ ကောင်းတယ်လို့ ထင်မိကြမှာပါ။ လေ့လာချက်တွေအရ ဆိုရင် သက်သတ်လွတ် စားသုံးသူတွေဟာ သက်သတ်လွတ် မစားသူတွေထက် ကျန်းမာရေး ပိုကောင်းမွန်ကြပြီး မိမိရဲ့နေထိုင်မှုပုံစံကလည်း ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ (၁) အသားတွေမှာ သက်သတ်လွတ် အစားအစာတွေထက် ပြည့်ဝဆီနဲ့ ကိုလက်စထရော ပါဝင်မှုနှုန်းတွေ များပြားတာကြောင့် သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဒါကြောင့်မို့လို့ သက်သတ်လွတ် စားသုံးသူတွေဟာ သာမန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ နည်းတယ်လို့ အာဟာရ ပညာရှင်တွေက ဆိုပါတယ်။ (၂) အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်တွေအရ သက်သတ်လွတ်စားသုံးသူတွေဟာ […]

ဆယ်လီ နိုင်ငံတကာ

Justin Bieber နဲ့ ရင်သွေးယူချင်နေပြီ ဆိုတဲ့ Hailey Baldwin

မော်ဒယ် Hailey Baldwin နဲ့ အဆိုတော် Justin Bieber   [Zawgyi] မော်ဒယ် Hailey Baldwin ဟာ အဆိုတော် Justin Bieber နဲ့ ရင်သွေးယူဖို့ မစောင့်နိုင်တော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် မော်ဒယ် Hailey ဟာ မကြာသေးခင်တုန်းက ကနေဒါပေါ့ပ်အဆိုတော် Justin Bieber နဲ့ လက်ထပ်ခဲ့ပြီး အခုတော့ မိသားစု တခုကို တနေ့မှာ ထူထောင်ပြီး စတင် စဉ်းစားနေပြီလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ သူက “ကျမ ကလေး ချစ်တတ်တယ်။ ကျမ ကိုယ်ပိုင် ရင်သွေးလေးကို မွေးဖို့ မစောင့်နိုင်တော့ဘူး။ အခုတော့ တကယ့်ကို နီးကပ်နေပြီလို့ ကျမ ပြောနိုင်ပါတယ်” လို့ […]

နိုင်ငံတကာ နိုင်ငံရေး သတင်း

ရုရှားက ခရိုင်းမီးယားဒေသတွင် ဝေဟင်ပစ်ဒုံးကျည်စနစ် ဖြန့်ကြက်

ဓာတ်ပုံ – AFP   [Zawgyi] ရုရှားဟာ နိုဝင်ဘာ ၂၉ ရက်နေ့က ခရိုင်းမီးယားဒေသမှာ S-400 ဝေဟင်ပစ်ဒုံးကျည်စနစ်တွေကို ဖြန့်ကြက်ခဲ့ပါတယ်။ ရုရှားလေတပ် ဒုတိယဗိုလ်ချုပ်ကြီးက ဖြန့်ကြက်ထားတဲ့ ဒုံးကျည်တွေဟာ ပစ်မှတ်ရဲ့ အမြင့်နဲ့ အမြန်နှုန်းကို ထည့်တွက်စရာမလိုဘဲ ဝေဟင်ကာကွယ်ရေး လုပ်ဆောင်နိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။ သူက အဲဒီဒုံးကျည်စနစ်ဟာ အမြင့် ကီလိုမီတာ ၃၀ မှာ အမြန်နှုန်း တနာရီ ကီလိုမီတာ ၂,၇၀၀ နဲ့ လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ခရိုင်းမီးယားကျွန်းဆွယ်ကနေ ယူကရိန်း ရေတပ်သင်္ဘော ၃ စီးကို ရုရှားက ဖမ်းဆီးခဲ့ပြီးနောက်မှာ အခုလို ဒုံးကျည်စနစ်သစ်တွေကို ဖြန့်ကြက်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ရုရှားဟာ […]

ပြည်တွင်း သတင်း အားကစား

မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖလား၊ အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အားကစားသမား ၃၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်

  [Zawgyi] ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ဝင်း မိုးလုံလေလုံခန်းမ၌ ကျင်းပသည်။ ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင် ရွေးချယ်တင်မြောက်ရေး ကြီးကြပ်ရွေး ချယ်တင်မြောက်ရေး ကော်မရှင်ဥက္ကဌ ဦးအောင်ဒင်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်တို့က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြသည်။ ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများ၊ ဝန်ကြီးဌာနအသင်းများ ကလပ် အသင်းများ၊ အားကစားနှင့် ကာယပညာသပ္ပံ ကျောင်းများမှ အသင်းများ၊ စုစုပေါင်း အသင်း ၈၀၊ အားကစားသမား ၃၈၀ ကျော် […]

နိုင်ငံတကာ ဗဟုသုတ အစားအသောက်

ဆာတေး

[Zawgyi] ဆာတေးသည် ဟင်းခတ်အမွေးအကြိုင်တို့ဖြင့် နှယ်၍ တံစို့ထိုး ကင်ထားသော အစားအစာတစ်မျိုးဖြစ်ပြီး ဆော့ဖြင့် တွဲဖက်၍ စားသုံးရပါသည်။ အရှေ့တောင်အာရှ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် စားသုံးသော ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။ ဆာတေးတွင် ကြက်သား၊ ဆိတ်သား၊ သိုးသား၊ အမဲသား၊ ဝက်သား၊ ငါး၊ အခြားသော အသားများ သို့မဟုတ် တို့ဖူးတို့အား အတုံးလေးများအဖြစ် လှီးထားပြီး ဝါစို့တွင် ထိုးသီထားသည်။ မူလအစစ်အမှန်မှာ အုန်းလက်ကြောဖြင့် ပြုလုပ်ထားသော တံစို့ကိုသာ အသုံးပြုကြသည်။ ထို့နောက် စပ်သော ဟင်းခတ်အမွေးအကြိုင် အမျိုးမျိုးတို့ဖြင့် ရောစပ်၍ သစ်သားမီး သို့မဟုတ် မီးသွေးမီးဖိုပေါ်တွင် ကင်ရသည်။ ဆာတေးကို ဆော့အမျိုးမျိုးနှင့် တွဲဖက်စားသုံးလေ့ရှိပြီး အများဆုံး စားသုံးသော ဆော့မှာ မြေပဲဆော့နှင့် […]

ကျန်းမာရေး ဆေးရုံဆေးခန်းဆိုင်ရာ

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းအား သုံးနှစ်တာကာလအတွင်း လူနာနှင့် အလှူရှင် ၅၉ တွဲကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့

  [Zawgyi] မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ကျောက်ကပ်ဝေဒနာရှင်များအတွက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းကို သုံးနှစ်တာကာလအတွင်း လူနာနှင့် အလှူရှင် ၅၉ တွဲအား အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီး ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကုသဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ ဦးမင်းသူက ပြောကြားသည်။ အဆိုပါဆေးရုံကြီးမှ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ် စက်တင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ပြီး လစဉ် ကျောက်ကပ်အလှူရှင် နှစ်တွဲနှုန်းဖြင့် အစားထိုး ခွဲစိတ်ကုသပေးခဲ့ရာ ယခုနှစ် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းလုပ်ငန်းအား ၅၉ တွဲမြောက်အဖြစ် အသက် ၂၃ နှစ် အရွယ် ကျောက်ကပ်ဝေဒနာရှင် အမျိုးသမီးကို ကျောက်ကပ်အလှူရှင် အသက် ၃၅ […]

ကိုးကားဖော်ပြချက်များ လူမှုဘဝ အကြံပြုချက်

အမျိုးသမီးများဖောက်ပြားနေလျှင် ဖော်ပြတတ်သည့်အမူအကျင့်၇မျိုး

[Zawgyi] ကောင်းမွန်တဲ့ အိမ်ထောင်ရေး(သို့)ဖို/မ ဆက်ဆံရေးမှာ အခြေခံဖောင်ဒေးရှင်းဟာ ယုံကြည်မှုပဲဖြစ်ပါတယ်။ အဲဒီဖောင်ဒေးရှင်း ပျက်ပြားသွားတဲ့အခါမှာတော့ ဒါဟာသာမန် ပြဿနာလေးတစ်ခုလောက် မဟုတ်ဘဲ ဟာရီကိန်းမုန်တိုင်းတစ်ခုမှန်း သင်နားလည်လာပါလိမ့်မယ်။ ယုံကြည်မှုဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြားနိုင်ပါတယ်။ ဒါပေမဲ့ ဖောက်ပြန်ခြင်းဟာ ယုံကြည်မှုကို အဆုံးသတ်စေရုံမကဘဲ နှစ်ကိုယ်တူ တည်ဆောက်ခဲ့တဲ့ ကမ္ဘာလေးကိုပါ ပျက်သုဉ်းသွားစေနိုင်ပါတယ်။ အမျိုးသားတွေကသာ ဖောက်ပြားဖို့အခွင့်အလမ်းအများဆုံးလို့ ယူဆလာခဲ့ကြပေမဲ့လည်း ယနေ့ခေတ်မှာတော့ အမျိုးသမီးတွေကလည်း အမီလိုက်လာနေပြီဖြစ်ပါတယ်။ အမျိုးသမီးတွေဖောက်ပြားမှုကို အမိအရ ရိပ်မိသိရှိဖို့ ကတော့မလွယ်ပေမဲ့လည်း သင်္ကာမကင်းစရာ အမူအယာလေးများကတော့ ပေါ်ပေါ်လာတတ်ပါတယ်။ အောက်မှာတော့ အမျိုးသားများအနေနဲ့ မိမိတို့မြတ်နိုးရတဲ့ အမျိုးသမီးများ ဖောက်ပြားမှုရှိမရှိ သတိထား စောင့်ကြည့်ရမယ့် အမှုအကျင့်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။   ၁။ အဆက်မပြတ်ရမယ်ရှာခြင်း မိန်းမမှန်ရင်ဗျစ်တောက် ဗျစ်တောက်လုပ်တတ်ကြတာချည်းပဲလို့ တချို့ယောက်ျားတွေဆင်ခြေပေးချင်ပေးမှာပါ။ မှန်ပါတယ် ဒါပေမဲ့ လိုတာထက်ပိုလာရင်တော့ […]

ပန်းချီ ပြပွဲ

မြန်မာရေဆေးပန်းချီပြပွဲ(၂၀၁၈)အား အမျိုးသားပြတိုက်(ရန်ကုန်)၌ ကျင်းပမည်

မြန်မာရေဆေးပန်းချီပြပွဲ(၂၀၁၈) ကျင်းပမည့် အမျိုးသားပြတိုက်(ရန်ကုန်)အား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Religious Affairs and Culture- CultureNews)   [Zawgyi] မြန်မာရေဆေးပန်းချီပြပွဲ(၂၀၁၈) ဖွင့်ပွဲအား ဒီဇင်ဘာလ ၁ ရက်တွင် အမျိုးသားပြတိုက်(ရန်ကုန်) ၊ဘက်စုံခန်းမ ၊ အမှတ် ၆၆/၇၄ ၊ ပြည်လမ်း ၊ ဒဂုံမြို့နယ် ၊ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီး ဌာနထံမှ သိရသည်။ မြန်မာ့ရေဆေးပန်းချီပြပွဲ(၂၀၁၈)တွင် ပန်းချီပညာရှင်(၁၁)ဦး၏ ပန်းချီ လက်ရာများအား ဒီဇင်ဘာ ၁ ရက်မှ ၇ ရက် အထိ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ […]

ခေတ်ရေစီး အင်တာနက်

သုံးစွဲသူအချက်အလက်ကို ရောင်းစားဖို့FACEBOOK စဉ်းစားခဲ့

  [Zawgyi] သိမ်းဆည်းခံထားရတဲ့ ကုမ္ပဏီတွင်း  စာရွက်စာတမ်းတွေအရ Facebook ဟာ လူမှုကွန်ရက် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ယူသုံးတဲ့ ကုမ္ပဏီတွေဆီကနေ ပိုက်ဆံကောက်ဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ Photo: Ars Technica Wall Street Journal ဟာ Facebook ရဲ့ ၂၀၁၂ နဲ့ ၂၀၁၄ အကြား အီးမေးလ်တွေကနေ ဒီသတင်းကို ဖော်ပြခဲ့တာပါ။ ၂၀၁၂ ခုနှစ်က Facebook ဟာ အများပိုင် ရှယ်ယာဖွင့်ပြီး ဝင်ငွေ တက်အောင် လုပ်နေချိန်မှာ ကုမ္ပဏီရဲ့ users တွေဆီကနေ အချက်အလက်ရယူတဲ့ ကုမ္ပဏီတွေကို တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ ၂ သိန်းခွဲ ကောက်ခံဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ တရားရုံးဆီရောက်လာတဲ့ အီးမေးလ်မူရင်း […]

နိုင်ငံတကာ အားကစား

လက်မှတ်အားလုံး ရောင်းကုန်သွားပြီဖြစ်တဲ့ ဗီယက်နမ်-ဖိလစ်ပိုင်ပွဲ

  [Zawgyi] ပရိသတ် ၄သောင်းကျော်ဆံ့တဲ့ မိုင်ဒင်းကွင်းကြီးရဲ့ လက်မှတ်အားလုံးဟာ ပွဲကစားမယ့် ဒီဇင်ဘာ ၆ ရက်နေ့မတိုင်ခင် ပွဲကြို ၇ နေ့ကတည်းက ရောင်းကုန်သွားတာပါ။ Photo – Shutterstock ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲတွေကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြန်လည်စတင်ကစားမှာ ဖြစ်ပြီး နှစ်ကျော့စနစ်အရ ဒုတိယအကျော့ ပွဲတွေကို ၅ ရက်နေနဲ့ ၆ ရက်နေ့တွေမှာ ဆက်လက်ကစားစေမှာပါ။ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲမှာတော့ မလေးရှားနဲ့ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်အသင်းတို့ ကစားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ထိုင်းနဲ့ မလေးရှား၊ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ ပြန်လည်ကစားပါမယ်။ Photo – AFF SUZUKI CUP 2018 ဒီဇင်ဘာ ၆ […]