ပြည်တွင်း သတင်း အားကစား

အကောင်းဆုံးကစားသမားဆုကို မောင်မောင်လွင် ရရှိ

[Zawgyi] ၂၀၁၈ ခုနှစ်အတွက် မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံးဘောလုံးသမားဆုကို လက်ရွေးစင်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်း၏ ကွင်းလယ်လူ မောင်မောင်လွင်က ရရှိသွားပါတယ်။ မောင်မောင်လွင်ဟာ အဆိုပါဆုကို ကျော်ဇင်ထက်၊ သန်းထက်အောင်တို့ကို ကျော်ဖြတ်ကာ ရယူနိုင်ခဲ့တာလို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပတဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား MFF – MNL Awards Night 2018 ကို မနေ့ညပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ လူငယ်အမှတ်ပေးလိဂ်ပြိုင်ပွဲ ဆုရရှိတဲ့အသင်း၊ ဗိုလ်ချုပ်အောင်ဆန်းရှုံးထွက်ချန်ပီယံအသင်း၊ MPT မြန်မာနေရှင်နယ်လိဂ် ၁ နဲ့ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲတွေမှာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိတဲ့ အသင်းတွေ၊ အသန့်ရှင်းဆုံးအသင်းဆုတွေ၊ နိုင်ငံတကာပြိုင်ပွဲတွေ […]

ပြည်တွင်း သတင်း

လှိုင်သာယာ ညောင်ရွာက ကျူးကျော်အိမ်တွေ ဖယ်ရှားရာက အချေအတင်ဖြစ်

[Zawgyi] ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ညောင်ရွာ ရပ်ကွက်မှာ ရှိတဲ့ ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားဖို့ ရောက်ရှိလာတဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ လက်ရှိနေထိုင်သူတွေအကြား ဒီဇင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းက အချေအတင် ဖြစ်ပွားခဲ့ပါတယ်။ အင်အားသုံး လာရောက် ဖယ်ရှားချိန်မှာ ကျောင်းသားကလေးတွေ ကျောင်းပိတ်ထားချိန်ဖြစ်လို့ ဒီရပ်ကွက်မှာ နေထိုင်ရှိနေကြတဲ့ ကျောင်းသားငယ်တွေနဲ့ အမျိုးသမီးတွေက ရပ်ကွက်ထိပ်ကနေ နေအိမ်တွေ မဖျက်အောင် ပိတ်ဆို့ တားဆီးရာက အချေအတင် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်မှာ ဖျက်မိန့်ကျထားတဲ့ ကျူးကျော်နေအိမ် ၃၉ လုံးထဲမှ ကျူးကျော်နေအိမ် ၁၅ လုံး စတင် ဖယ်ရှားခံခဲ့ရပြီး ကျန်နေအိမ်တွေကို ရှင်းလင်းဖယ်ရှားဖို့ လာကြရာက အချေအတင် ဖြစ်ပွားခဲ့တာလို့ အဲဒီမှာ နေထိုင်ကြသူတွေက ပြောပါတယ်။ […]

နိုင်ငံရေး ပြည်တွင်း သတင်း

တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

[Zawgyi] တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ဒီမိုကရေစီနှင့် တိုင်းပြည် စည်းလုံးညီညွတ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်သည်ကို လိုလားသည်ဆိုလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။ ရန်ကုန်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ဒီဇင်ဘာ ၂၆ ရက်နေ့က ပြုလုပ်သော အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၅ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။ တပ်ချုပ် က“ယခုအခါတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ တပ်မတော်မှ စစ်ရေးဆိုင်ရာ […]

ပြည်တွင်း သတင်း

အမျိုးသမီး လေသူရဲ ၆ ဦး တပ်မတော် စတင် မွေးထုတ်

တပ်မတော်က မွေးထုတ်လိုက်သော အမျိုးသမီး လေသူရဲများ / တပ်မတော်လေ / FB   [Zawgyi] တပ်မတော်မှ မွေးထုတ်လိုက်သည့် ပထမဆုံး အမျိုးသမီး လေသူရဲ ၆ ဦးသည် လေသူရဲအရာရှိများအဖြစ် သင်ကြား လေ့ကျင့် ပေးနိုင်ခဲ့ပြီ ဖြစ်သဖြင့် အမျိုးသားများနှင့် တန်းတူ ပျံသန်းရေးတာဝန်များကို စတင် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။ ဒီဇင်ဘာလ ၂၆ ရက်က ရန်ကုန်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) တွင် ကျင်းပပြုလုပ်သည့် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲ၌ အထက်ပါ အတိုင်း ပြောဆိုခြင်း […]

အကြံပြုချက် အလှအပ

ဆံပင်အဖျား နှစ်ခွဖြစ်ခြင်းတွေကို ပြန်လည်ကောင်းမွန်စေမယ့် နည်းလမ်းများ

မိန်းကလေးတွေအတွက် ဆံပင်ဆိုတာ ဒုတိယမျက်နှာလို့ တင်စားကြပါတယ်   [Zawgyi] မိန်းကလေးတွေအတွက် ဆံပင်ဆိုတာ ဒုတိယမျက်နှာလို့ တင်စားကြပါတယ်။ ဆံသားတွေ ခြောက်သွေ့ပြီး အဖျားနှစ်ခွတွေ ဖြစ်နေတဲ့အခါမျိုးမှာ ဆံပင်အဖျားတွေကို ညှပ် မပစ်ချင်ဘူး ဆိုသူတွေအတွက် ညှပ်ပစ်စရာ မလိုဘဲ ပြန်လည်ကောင်းမွန်လာစေမယ့် သဘာဝနည်းလမ်းတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ (၁) ကြက်ဥ ကြက်ဥမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ ဆံကေသာ ခြောက်သွေ့ပျက်စီးခြင်းတွေနဲ့ ဆံပင်အဖျား နှစ်ခွဖြစ်ခြင်းတွေကို ပြန်လည်ကောင်းမွန်လာစေနိုင်တာကြောင့် ကြက်ဥ ၁ လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တဇွန်းတို့ကို ရောစပ်ကာ ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ ပေါင်းတင်ပေးပြီးမှ ခေါင်းလျှော်ပေးနိုင်ပါတယ်။ (၂) ပျားရည် ပျားရည်ဟာ မျက်နှာ အသားအရေအတွက်သာမက ဆံကေသာ ကျန်းမာရေးအတွက်လည်း အသုံးဝင်လှပါတယ်။ ပျားရည်ကို သူ့သီးသန့်ပဲ […]

စာပေ ပြည်တွင်း ပြပွဲ

The Big Bad Wolf Book Sale တွင် စာအုပ်ဝယ်ယူရာတွင် သိထားသင့်သည့် အချက်များ

  [Zawgyi] ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေးရောင်းပွဲတော်ဟု လူသိများသည့် The Big Bad Wolf Book Sale ကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP) တွင် လာမယ့် ဇန်နဝါရီ ၁၈ မှ ၂၈ ရက်နေ့အတွင်း ကျင်းပပြုလုပ် သွားတော့မည်ဖြစ်သည်။ အဆိုပါ ဈေးရောင်းပွဲတော်ကြီးတွင် အင်္ဂလိပ်ဘာသာ စာအုပ်ပေါင်း (၁) သန်းကျော်ကို မူရင်းဈေး၏ ၅၀ မှ ၉၀ ရာခိုင်နှုန်းအထိ အထူးသက်သာသည့် ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်သောကြောင့် စာအုပ်ချစ်သူများ အနေနှင့် မိမိကြိုက်နှစ်သက်ရာ စာအုပ်များကို အားပါးတရ ၀ယ်ယူနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်နိုင်မည်လည်းဖြစ်သည်။ The Big Bad Wolf စာအုပ်ဈေးပွဲတော်ကို […]

ပညာရေး ပြည်တွင်း သတင်း

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ ၉ သိန်း နီးပါး လျှောက်လွှာတင်ထား

  [Zawgyi] ၂၀၁၈ – ၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် ၂၀၁၉ ခုနှစ် မတ်လအတွင်း ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ လျှောက်လွှာတင်ထားသူ ၉ သိန်းနီးပါး ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဌာနက ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောပါတယ်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ဖြေဆိုဖို့အတွက် ဝင်ရောက်လျှောက်ထားသူ ၈ သိန်း ၉ သောင်း ၆ ထောင်ကျော် ရှိနတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် ဖြေဆိုဖို့ စာစစ်ဌာနပေါင်း အနည်းဆုံး နှစ်ထောင်နီးပါး ဖွင့်လှစ်ပေးဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေတာပါတယ်။ […]

ကျန်းမာရေး နိုင်ငံတကာ သတင်း

နယူးဒေလီ မီးသတ်သမားတွေ လေထုညစ်ညမ်းမှုကို ဖြေရှင်းနေရ

  [Zawgyi] အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှု မြင့်တက်နေလို့ လူသန်းချီ ခံစားနေရတဲ့အတွက် အာဏာပိုင်တွေက မီးသတ်တပ်ဖွဲ့ကို အထပ်မြင့် အဆောက်အဦတွေပေါ်က ရေဖြန်းဖို့ ညွှန်ကြားထားပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားခိုင်းပါတယ်။ နယူးဒေလီမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က လေထုညစ်ညမ်းမှု အမြင့်ဆုံး စံချိန်တင်ခဲ့ပြီး လေထုထဲမှာ ဆာလဖာဒိုင်အောက်ဆိုက်၊ ကာဘွန် မိုနောက်ဆိုက်နဲ့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်တွေ ပါဝင်နေပါတယ်။ မနေ့က ဒီဇင်ဘာလ ၂၆ ရက်မှာ လေတိုက်ခတ်မှုကြောင့် လေထုညစ်ညမ်းမှု အနည်းငယ် သက်သာခဲ့ပေမယ့် လေထုထဲမှာ ညစ်ညမ်းတဲ့ အမှုန်တွေပါဝင်နှုန်းဟာ အန္တရာယ်ရှိတဲ့ အဆင့်မှာပဲ ရှိနေပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က စိတ်ချရတယ်လို့ သတ်မှတ်ထားတဲ့ အဆင့်ထက် ၁၃ ဆ […]

ဆယ်လီ နိုင်ငံတကာ လူမှုဘဝ

ချောင်ယွန်ဖတ်က မိမိကွယ်လွန်ပြီးနောက် ပိုင်ဆိုင်မှုများကို လှူဒါန်း သွားမည်ဟုဆို

  [Zawgyi] ကမ္ဘာကျော်ဟောင်ကောင် ဝါရင့်မင်းသားကြီး ချောင်ယွန်ဖတ်က ၎င်းအနေဖြင့် ကွယ်လွန်ပြီးပါက ပိုင်ဆိုင်မှုများကို လှူဒါန်းသွားမည်ဖြစ်သည်ဟု asiaone သတင်းက ဒီဇင်ဘာ ၂၅ ရက် က ဖော်ပြခဲ့သည်။ ယွန်က ”ခင်ဗျားတို့အနေနဲ့ သေသွားတဲ့အခါမှာ ပိုက်ဆံတွေကို ဘဏ် အကောင့်ထဲထည့်ယူသွားလို့ မရပါဘူး”ဟု ဆိုခဲ့သည်။ ယွန်အနေဖြင့် ပိုင်ဆိုင်မှုများကို လှူဒါန်းသွားရန် ဆုံးဖြတ်ချက်အား ခိုင်မာစေရန် ဇနီးသည်က အင်အား ကောင်းစွာ ပံ့ပိုးခဲ့သည်ဟုလည်း ဆိုသည်။ မင်းသားကြီးအနေဖြင့် အရှေ့ ပိုင်း ဟောင်ကောင်အနုပညာလောကတွင် သြဇာတိက္ကမကြီးရုံမျှမက အ နောက်တိုင်းရုပ်ရှင်လောကတွင်ပါ အော်စကာဆုရရှိသည်အထိ အောင်မြင်သည်ဖြစ်ရာ ဝင်ငွေကောင်းပြီး ပရိသတ်ချစ်ခင်သောဘဝကို ပိုင်ဆိုင်ထားသူဖြစ်သည်။အသက် (၆၃)နှစ်အရွယ်ရှိ ”ယွန်” အား မာတီမီလျံနာဟု Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ ၂ဝ၁၅ ခုနှစ်ကလည်း […]

ဆယ်လီ နိုင်ငံတကာ

ခရစ္စမတ်မှာ ကြင်စဦး ဇနီးမောင်နှံ ဖြစ်သွားကြတဲ့ မိုင်လေဆိုင်းရပ်နဲ့ လိန်းဟမ့်စ်ဝေါ့

  [Zawgyi] မိုင်လေဆိုင်းရပ်စ်နှင့် လိန်းဟမ့်စ့်ဝေါ့တို့သည် ၂ဝ၁၈ ခုနှစ်အတွင်း လက်ထပ်သော ဆယ်လီစုံတွဲစာရင်းတွင် ပါဝင်သွားခဲ့ပြီး ၎င်းတို့သည် ခရစ္စမတ်ကာလကို ကြင်စဦးဟန်နီးမွန်းအဖြစ် ကုန်ဆုံးကြလိမ့်မည်ဟု asiaone သတင်းက ဖော်ပြခဲ့သည်။ asiaone က ဆက်လက်ဖော်ပြခဲ့သည်မှာ မိုင်လေတို့စုံတွဲသည် ၎င်းတို့၏ သူငယ်ချင်း Conrad Carr ၏ အင်စတာဂရမ်တွင် တင်ထားသောပိုစ့်၌ လှပသော ပွဲတက်ဝတ်စုံများဖြင့် ကိတ်မုန့်တစ်လုံးကို အတူလှီးနေ ကြသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။ ၎င်းဓာတ်ပုံတွင် မိုင်လေဆိုင်းရပ်၏ မိခင် Tish က ဂျင်းဘောင်းဘီနှင့် အမည်း ရောင် ဘလောက်စ်၊ လိန်း၏ညီအစ်ကို ခရစ္စက ဟာဝိုင်အီရှပ်နှင့် ညနေစာပွဲတက်ဂျက် ကတ်တို့ဝတ်ဆင်၍ လာရောက်ခဲ့သည်ကို တွေ့ရသည်ဟုဆိုသည်။ Rador အွန်လိုင်း၏ ဖော်ပြချက်အရ ယင်းပွဲတွင်ဧည့်သည်များအား မိုင်လီ၏မွေးရပ် […]