ခေတ်ရေစီး ဆယ်လီ ရုပ်ရှင် အနုပညာ
အကယ်ဒမီရပြီဆိုပေမဲ့ အနုပညာကြေးတော့ တက်မှာမဟုတ်ဘူးဆိုတဲ့ ကျော်ကျော်ဗိုလ်
ကျန်းမာရေး ကိုးကားဖော်ပြချက်များ ခေတ်ရေစီး ဆယ်လီ လူမှုဘဝ
မျက်စိကွယ်နေရှာတဲ့ Golden Retriever ခွေးလေးနဲ့ သူ့ရဲ့လမ်းပြအဖော်
[Zawgyi] ချာလီဟာ ဂလူကိုးမား ခေါ်မျက်တွင်း ဖိအားလွန်ရောဂါကြောင့် ၂၀၁၆ခုနှစ်မှာ ဗယ်ဘက်မျက်လုံးကို ဖယ်ရှားပစ်လိုက်ရပါတယ်။ ကျန်တဲ့တစ်ဖက်ကိုလည်း နောက်နှစ်မှာပဲ အဲဒီရောဂါကြောင့် ဖယ်ရှားပစ်လိုက်ရပြန်ပါတယ်။ ပိုင်ရှင်တွေဖြစ်ကြတဲ့ ချယ်လ်ဆီး နဲ့ အဒ္ဒမ် တို့ဟာ ချာလီ့ကို ခွေးကောင်ပေါက်ကလေး ဘဝတည်းက မွေးစားခဲ့ကြတာဖြစ်ပါတယ်။ ယင်းမိသားစုက နောက်ထပ်ခွေးတစ်ကောင်ထပ်မွေးဖို့ ဆန္ဒရှိနေခဲ့တာကြာပါပြီ။ ဒါ့ကြောင့် ၂၀၁၉ ဇန်နဝါရီလမှာပဲ နောက်ထပ်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မေဗရစ် ကိုထပ်မံမွေးစားခဲ့ပြန်ပါတယ်။ အစပိုင်းတော့ ချာလီက မိသားစုဝင်အသစ်နဲ့ မချင့်မရဲဖြစ်နေပေမဲ့လည်း နောက်ပိုင်းမှာတော့ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ မေးဗရစ်ကလည်း မျက်မမြင် ဒုက္ခိတဖြစ်နေရှာတဲ့ ချာလီကို အမြဲကူညီဖေးမနေပါတယ်။ နှစ်ကောင်လုံးက ထူးခြားတဲ့ကလေးတွေဖြစ်ပြီး အရမ်းလည်းဆော့ကြပါတယ်။ သူတို့လေးတွေကြောင့် ကျွန်တော်တို့ ပျင်းရတယ်လို့မရှိပါဘူး။ ကစားပြန်တဲ့အခါကျရင်လည်း ချာလီကတစ်ခါတစ်ခါ အရုပ်ရှာမတွေ့ဖြစ်ဖြစ်နေတဲ့အခါ မေးဗရစ်ကပြန်ကောက်ပေးပြီး ပြန်ဆော့ကြပါတယ်။ နှစ်ကောင်အတူတူ လမ်းလျှောက်တဲ့အချိန်တွေဆိုရင် […]
နိုင်ငံတကာ သတင်း အားကစား
ကွင်းသစ်ကြီး ဖွင့်လှစ်နိုင်မှုအတွက် တော့တင်ဟမ်ရဲ့ ‘အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီ’လို့ ပိုချက်တီနို ပြော
Photos: Spur   [Zawgyi] နည်းပြ ပိုချက်တီနိုဟာ နောက်ဆုံးတော့ တော့တင်ဟမ်အသင်းရဲ့ ကွင်းသစ်ကြီးထဲမှာ လက်ခံကျင်းပတဲ့ ပထမဆုံး ဘောလုံးပွဲကို ကြည့်ရှုပြီးနောက် သူဟာ ငိုချင်သလို ခံစားချက်မျိုးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ဖွင့်နိုင်ဖို့ စီစဉ်ခဲ့တဲ့ ပွဲကြည့်ခုံ ၆၂,၀၀၀ ဆံ့ အားကစားကွင်းဟာ လာမယ့် ဧပြီ ၃ ရက် ကွင်းဖွင့်ပွဲအကြို စမ်းသပ်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့က အသင်းရဲ့ U-18 နဲ့ ဆောက်သမ်တန်းအသင်းတို့ ပွဲစဉ်ကို ကစားစေခဲ့ပါတယ်။ ဒီပွဲမှာတော့ စပါးရဲ့ လူငယ်အသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကလပ်အသင်းရဲ့ ဝှိုက်ဟတ်လိန်းကွင်းတည်ဆောက်မှုပိုင်းမှာ အကြောင်းကြောင်းကြောင့် နှောင့်နှေးမှုတွေ ရှိခဲ့တာကြောင့် ကွင်းဖွင့်ပွဲကို သတ်မှတ်ချိန်မှာ မကျင်းပနိုင်ခဲ့ဘဲ နောက်ဆုတ်ခဲ့ပါတယ်။ ကွင်းသစ်စီမံကိန်းကို ၂၀၁၇ […]
စာရင်းအင်းထုတ်ပြန်မှု စီးပွားရေး နိုင်ငံတကာ
တရုတ်နိုင်ငံသား အားလုံး၏ ဘဏ်ကတ် ပိုင်ဆိုင်မှုသည် ကတ်ပေါင်း ၇ ဒသမ ၆ ဘီလီယံ နီးပါးရှိ
  [Zawgyi] တရုတ်နိုင်ငံသားတစ်ဦးချင်းစီသည် ပျမ်းမျှအားဖြင့် ၂၀၁၈ခုနှစ်အကုန်တွင် ဘဏ်ကတ် ၅ကတ်ကျော် ကိုင်ဆောင်ထားပြီး ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ မှ လူအများအပြားသည် ငွေစက္ကူဖြင့် လဲလှယ်သုံးစွဲမှုမှ ကတ်စနစ်သို့ ပြောင်းလဲသုံးစွဲလာကြောင်း ဗဟိုဘဏ်၏ အစီရင်ခံစာတစ်ခုအရသိရသည်။ တရုတ်နိုင်ငံ ပြည်သူ့ဘဏ် (PBOC) က ၂၀၁၈ခုနှစ် အကုန်တွင် စုစုပေါင်း ဘဏ်ကတ်အသုံးပြုမှုသည် ၇.၆၀ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၃.၅၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံ၏ ဘဏ်စနစ်ဖြင့် ငွေပေးချေမှုဝန်ဆောင်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်ခု၌ပြောကြားခဲ့သည်။ ၂၀၁၈ခုနှစ်တွင် တရုတ်ယွမ် ၃,၇၆၈.၆၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၆၂ထရီလီယံဒေါ်လာခန့်) တန်ဖိုးရှိသည့် စုစုပေါင်း ငွေကြေးလွှဲပြောင်းမှု အကြိမ်ရေ ၂၂၀.၃၁ ဘီလီယံ ကို ဘဏ်ကတ်ကဲ့သို့သော် ငွေစက္ကူမဟုတ်သည့် ငွေပေးချေသည့် ကိရိယာများအသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း […]
ခေတ်ရေစီး ဆယ်လီ ရုပ်ရှင် အနုပညာ
မြန်မာ့ရုပ်ရှင် – မင်းသား သိန်း ၆၀၀၊ မင်းသမီး သိန်း ၃၀၀၊ မင်းသမီးတွေ ဘာကြောင့် အရနည်းသလဲ
[Zawgyi] 20 မတ် 2019 နာမည်ကြီး မင်းသမီး ဝတ်မှုန်ရွေရည်က လက်ရှိ မင်းသမီးတွေထဲမှာ အနုပညာကြေး အများဆုံးလို့ ပြောကြပါတယ်။ မြန်မာ့ရုပ်ရှင်လောကမှာ ဇာတ်ဆောင်မင်းသားက မင်းသမီးထက် ကားရိုက်ခ ပိုရကြတယ်လို့ ရုပ်ရှင် လောကသားတွေက ပြောပါတယ်။ ခေတ်အဆက်ဆက် မင်းသမီးတွေရတဲ့ အနုပညာကြေးထက် မင်းသားတွေက ပိုရခဲ့ကြတာပါ။ အခုခေတ်မှာဆိုရင် အရင်ခေတ်တွေထက်တောင် မင်းသားက မင်းသမီးထက် ကားရိုက်ခ ပိုရကြပါတယ်။ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က သူ့ခေတ်သူ့အခါကဆိုရင် နာမည်ကြီးသရုပ်ဆောင်ချင်း အတူတူ မင်းသားက မင်းသမီးထက် ၃၀ ရာခိုင်နှုန်း ပိုရပြီး အခုခေတ်မှာ အဲဒီထက်တောင် မင်းသားက ပိုရတယ်လို့ သိရကြောင်း ပြောပါတယ်။ ၂၀၁၈ ခုနှစ်က အကယ်ဒမီရတဲ့ မင်းသား မြင့်မြတ်က လက်ရှိ […]
ခေတ်ရေစီး ရုပ်ရှင် အနုပညာ
“အကယ်ဒမီရတာ ပရိသတ်ကိုထားတဲ့ စေတနာ အရောင်ဟပ်တာပါ”လို့ ပြောတဲ့ ဒါရိုက်တာ ဝိုင်း
[Zawgyi] By ယုဖြူဟန် ယခုနှစ်မှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကြီးမှာ အကယ်ဒမီ ၄ ဆုရှင် ဖြစ်သွားတဲ့ ဒါရိုက်တာ ဝိုင်းကတော့ သူ အကယ်ဒမီ ရတာဟာ ပရိသတ်တွေကို စေတနာထားတဲ့အတွက် ပြန်လည် အရောင်ဟပ်တယ် ထင်ပါတယ်လို့ အကယ်ဒမီ ကျေးဇူးတင်စကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ကျနော် ပရိသတ်ကို စေတနာ ထားပါတယ်။ အဲဒီစေတနာက ပြန်ပြီး အရောင်ဟပ်တယ် ထင်ပါတယ်။ ပရိသတ်တွေရဲ့ မေတ္တာတွေကြောင့် ပါပါတယ်။ ပြီးတော့ ကျနော့်ကို အသက် ၂၃၊ ၂၄ နှစ်အရွယ် ဘိန်းစားဘဝကတည်းက ချော့တခါ၊ ခြောက်တလှည့်နဲ့ ဇာတ်ညွှန်းပညာကို သင်ပြီး လူကောင်း၊ သူကောင်းဖြစ်အောင် ပို့ဆောင်ပေးခဲ့တဲ့ ကျနော့်ဆရာ ညီညီထွန်းလွင်ရဲ့ […]
ပြည်တွင်း သတင်း အနုပညာ
ဒါရိုက်တာ ဏကြီး၊ သရုပ်ဆောင် ပိုင်ဖြိုးသု၊ ဒါရိုက်တာ ခရစ်(စ)တီးနားခီ၊ သရုပ်ဆောင် ဇဏ်ခီတို့ကို လူငယ်ပရိသတ်အချို့မှ ဂုဏ်ပြုဆုများပေးအပ်သွားမည်
  [Zawgyi] အကယ်ဒမီဆန်ခါတင်စာရင်းဝင်ခဲ့သော်လည်း ဆုရရှိခဲ့ ခြင်းမရှိသော ‘မီ’ ရုပ်ရှင်ဇာတ်ကားနှင့် ‘ဥပါယ်တံမျဉ်’ရုပ်ရှင်ဇာတ်ကား ဖန်တီးရိုက်ကူးသူလေးဦးကို ပရိသတ်အချို့မှစုပေါင်းပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်နိုင်ရန်စီ စဉ်နေကြောင်းသိရသည်။ ‘မီ’ရုပ်ရှင်ဇာတ်ကားကိုဖန်တီးခဲ့သော ဒါရိုက်တာဏကြီး၊ သရုပ်ဆောင်ပိုင်ဖြိုးသုနှင့် ‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ် ကားကိုဖန်တီးရိုက်ကူးခဲ့သော ဒါရိုက်တာခရစ်(စ)တီးနားခီ၊ သရုပ် ဆောင်ဇဏ်ခီတို့ကို လူငယ်ပရိသတ်အချို့မှ ဂုဏ်ပြုဆုများပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ”လောလောဆယ်မှာတော့ ကျွန်တော်တို့ဘက်က စီစဉ်နေဆဲအခြေအနေပါ။ အခုဆိုရင် ကျွန်တော်တို့ကို မတည်ပေးတဲ့ အလှူရှင်လည်း ပေါ်လာပါပြီ။ နောက်ဘဏ်အကောင့်ဖွင့်မယ်။ ဘဏ်အကောင့်ကနေ ပါဝင်လှူဒါန်းမယ်ဆိုရင်လည်း လှူဒါန်းလို့ရတယ်။ ဒါကိုလည်း စာရင်းအတိ အကျနဲ့ လုပ်မှာပါ။ ဒီလိုဆုပေးတယ်ဆိုတာက ကျွန်တော်တို့ဇာတ် ကားနဲ့ပတ်သက်တာတွေ ဘာတွေကို တခြားဘာမှမစဉ်းစားဘူး။ ဇာတ်ကားအရည်အသွေးတွေ ဘာတွေကိုပေါ့ နော်။ အခုအကယ်ဒမီပေးလိုက်တဲ့ဇာတ်ကားတွေထက် ဒီဇာတ်ကားတွေက ပိုပြီးတော့သာတယ်။ ဒါကို ပြည်သူတွေအားလုံးသိတယ်။ အဲဒီလိုအရည်အချင်းရှိတဲ့ဇာတ်ကားမျိုးကို ဆုမပေးဘဲနဲ့ […]
နိုင်ငံတကာ လူမှုဘဝ သတင်း
လစာအများစုကို တပည့်တွေအတွက် ထောက်ပံ့ပေးတဲ့ ကင်ညာကျောင်းဆရာ ဒေါ်လာတစ်သန်းတန်ဆုရရှိ
  [Zawgyi] လစာငွေ အများစုကို ဆင်းရဲနွမ်းပါး တပည့်တွေအတွက် ထောက်ပံ့ပေးခဲ့တဲ့ ကင်ညာနိုင်ငံ ကျေးလက်ဒေသမှ သိပ္ပံဘာသာရပ်သင် ကျောင်းဆရာတစ်ဦးကို ကမ္ဘာ့အကောင်းဆုံး ကျောင်းဆရာဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ (ပီတာနှင့် ၎င်းရဲ့တပည့်နှစ်ဦးက ထူးချွန်ဆုရ ပရော့ဂျက်ကို ရှင်းလင်းပြသစဉ်) (Photo: Kipsang Joseph/Standard) တပည့်တွေအပေါ် စေတနာကောင်းလှတဲ့ ကင်ညာကျောင်းဆရာ ပီတာတာဘီချီ (Peter Tabichi) ဟာ ၂၀၁၉ ခုနှစ်အတွက် Golbal Teacher Prize ရွေးချယ်ချီးမြှင့်ခံရပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်း ရရှိခဲ့ပါတယ်။ ကျောင်းဆရာပီတာဟာ ဆင်းရဲနွမ်းပါးပြီး ကျောင်းသူကျောင်းသားတွေ ပုံမှန်ထက် စုံပြုံများပြားကာ ကျောင်းသုံးဖတ်စာအုပ် အနည်းငယ်မျှသာရှိတဲ့ စာသင်ကျောင်းမှာ ၎င်းရဲ့ အောင်မြင်မှုအတွက် ယခုဆုကို ချီးမြှင့်ခံရတာလည်း ဖြစ်ပါတယ်။ ပီတာက […]
ပြည်တွင်း မှုခင်း သတင်း
မန္တလေးကနေ နယူဇီလန်နိုင်ငံကို မူးယစ်ဆေးတွေ အမြန်ချောပို့နဲ့ ပို့တဲ့သူတွေကိုရဲဖမ်း
[Zawgyi]မန္တလေးကနေ နယူဇီလန်နိုင်ငံကို မူးယစ်ဆေးဝါးတွေ အမြန်ချောပို့စနစ်နဲ့ ပို့ဆောင်ဖို့ ကြိုးစားသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကသိရပါတယ်။ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ( တောင်)ရပ်ကွက်က ဟိုတယ်မန္တလေးမှာ ဖွင့်လှစ်ထားတဲ့ DHL အမြန်ချောပို့ပါဆယ်ပစ္စည်းပို့လုပ်ငန်းကို အပ်နှံလာတဲ့ မသင်္ကာဖွယ် ကတ္ထူပုံး(၁)ပုံးရောက်ရှိနေကြောင်း သတင်းအရ မတ်လ ၂၃ ရက်နေ့ မနက်က မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ မူးယစ်အထူးအဖွဲ့သွားရောက်စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီ ကတ္ထူပုံးအတွင်းမှာ ခဲစက္ကူနဲ့ ပတ်ထားတဲ့ အိုက်(စ်)(၁၇၅၀) ဂရမ်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ပစ္စည်းတွေဟာ ကာလတန်ဖိုးအားဖြင့်ကျပ် ၃၅၀ သိန်းကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ Photo – Mandalay Police အဲ့ဒီမူးယစ်ဆေးတွေဟာ နယူဇီလန်ကို ပို့ဆောင်ဖို့ လာရောက်အပ်နှံခဲ့တာဖြစ်တဲ့ အတွက် CCTV မှတ်တမ်းကို ပြန်လည်ကြည့်ရာမှာ လာပို့သူတွေစီးလာတဲ့ ကားကိုသိရတာကြောင့် ဆက်လက်ရှာဖွေမှုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် […]