Featured Video Play Icon
ဆယ်လီ အနုပညာ အမေးအဖြေ

ကိုယ်တိုင်ဖြစ်ချင်တဲ့အချစ်ရေးကိုဖွင့်ဟပြောခဲ့ပြီး ပိုင်တံခွန်နဲ့ပုံတွေအကြောင်းရှင်းပြခဲ့တဲ့ ပြည့်ဝတီမောင်

  “အနုပညာမောင်နှမတွေတွေ့ရင် စစနောက်နောက်နဲ့ ဓါတ်ပုံတင်တဲ့သဘောပါ။ဘာမှတော့မဟုတ်ပါဘူး။ crush ဖြစ်ပါတယ်။အရင်တုန်းကတော့ ဒီအစ်ကိုကြီးမဆိုးဘူး ဘာညာတော့ပြောခဲ့ဖူးပါတယ်။အဲလိုမျိုးကြီးတော့မဟုတ်ပါဘူး။အခုချိန်မှာ အေးဆေးနေရတာကြိုက်လို့ အချစ်ရေးကို မစဉ်းစားသေးပါဘူး။အမှန်အတိုင်းပြောရရင်တော့ ကိုကိုတွေကိုပိုကြိုက်ပါတယ်”လို့ ပိုင်တံခွန်နဲ့ဓါတ်ပုံတွေကို အရမ်းမေးနေကြတဲ့ ပရိသတ်တွေအပေါ်မှာ စကားဆိုခဲ့တဲ့ ပြည့်ဝတီမောင်  

ဆယ်လီ အနုပညာ အမေးအဖြေ

ပြည့်ဝတီမောင်နဲ့ရိုက်ထားတဲ့ပုံလေးတွေကို ဒုတိယအကြိမ်တင်ဖြစ်တဲ့အကြောင်းပြောပြလာတဲ့ ပိုင်တံခွန်

  “ပြည့်နဲ့ကျွန်တော်နဲ့က မောင်နှမအရင်းတွေလိုပါပဲ။သူနဲ့ဓါတ်ပုံရိုက်ရင် သီးသန့်တိုင်ပင်နေစရာမလိုဘူး။ကျွန်တော်တင်ထားတဲ့ ပုံတွေအကုန်လုံးကလည်း တိုင်ပင်ပြီးရိုက်ထားတာမဟုတ်ဘူး။ရှုတင်ထဲမှာရိုက်ထားတဲ့ပုံလေးတွေပဲ သဘောကျလို့တင်တာများတယ်။ဒီလောက်ပါပဲ။တခြားဘာမှမဟုတ်ပါဘူး”လို့ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ပြည့်ဝတီမောင်နဲ့ရိုက်ထားတဲ့ပုံလေးတွေအပေါ်မှာ ပြန်လည်ရှင်းပြခဲ့တဲ့ ပိုင်တံခွန်

ရုပ်ရှင် အနုပညာ အမေးအဖြေ

ဦးကျော်သူပြောပြခဲ့တဲ့”ဒဏ္ဍာရီပင်လယ်”ရုပ်ရှင်ဇာတ်ကားကြီးအကြောင်း

  “အိပ်ရာဝင်ပုံပြင်တို့၊ရေသူမဇာတ်ကားတို့ကျွန်တော်မကြည့်ပါဘူး။ကျွန်တော့စိတ်ကူးနဲ့ကျွန်တော် ဒီ”ဒဏ္ဍာရီပင်လယ်”ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်မယ်။နိုင်ငံရဲ့တိုးတက်ပြောင်းလဲမှု၊ဆုတ်ယုတ်မှုကိုသိချင်ရင် ကျွန်တော်တို့အသင်းကို လာကြည့်လိုက်ပါ။မနှစ်ကနဲ့ဒီနှစ် အသုဘဘယ်လောက်ချရလဲ..ကျန်းမာရေးဝန်ဆောင်မှု ဘယ်လောက်ပေးရလဲ…ပညာရေးအတွက် ဘယ်လောက်လုပ်ပေးရလဲဆိုတာ နှိုင်းယှဉ်ကြည့်လိုက်ရင် သိသာပါတယ်။ဒါတွေမစဉ်းစားပါဘူး။ကျွန်တော်လုပ်စရာရှိတာ လုပ်ပေးတာပါ”လို့ပြောပြခဲ့တဲ့ သရုပ်ဆောင်၊ဒါရိုက်တာကျော်သူ

ခေတ်ရေစီး အားကစား

မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေခဲပြင်စကိတ်ကွင်းဖြစ်တဲ့ Royal Sportainment Complex ဖွင့်ပွဲအခမ်းအနား

  မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေခဲပြင်စကိတ်ကွင်းဖြစ်တဲ့ Royal Sportainment Complex ဖွင့်ပွဲအခမ်းအနားကို၂၀၁၉ ခုနှစ် ဧပြီလ (၂၈)ရက်နေ့က မရမ်းကုန်းမြို့နယ်၊ တော်ဝင်လမ်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင်၊ဝိုင်းစုခိုင်သိန်းစတဲ့ နိုင်ငံကျော်အနုပညာရှင်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။ 8°Celsius to – 10°Celsius ကြားရှိ ရေခဲပြင် စကိတ်စီးကွင်းထဲတွင် လူအယောက် (၅၀) ၀င်ရောက် ကစားနိုင်ပြီး ရေခဲပြင်စကိတ်စီး ကစားသမားများနဲ့ လာရောက် ကြည့်ရှုလေ့လာလိုသူများ နားနေရန် Espace Cafe ကိုလဲ ရေခဲပြင်စကိတ်ကွင်း ဘေးမှာ ထည့်သွင်းဖွင့်လှစ်ထားပါတယ်။ရေခဲပြင်စကိတ်နဲ့အတူ Bowling Center ကိုလည်း အဲ့ဒီနေ့မှာပဲ တစ်ပြိုင်နက် ဖွင့်လှစ်သွားခဲ့ကြောင်းသိရပါတယ်။

ဆယ်လီ အမေးအဖြေ အားကစား

အားကစားက ကျန်းမာရေးနဲ့ နုပျိုလန်းဆန်းနေစေဖို့ အထောက်အကူဖြစ်စေတယ်လို့ ပြောလာတဲ့ စိုင်းစိုင်း

  အထက်တန်းကျောင်းသားဘဝက ဂျူဒိုနဲ့ ဘက်စကက်ဘောကစားတယ်။အသက်ကြီးလာတော့ ကြက်တောင်ရိုက်တယ်။အခုနောက်ဆုံး Gym သွားပြီးပြေးတယ်။နုပျိုလန်းဆန်းဖို့ အတွက်ကျန်းမာရေးက အရေးကြီးသလို၊ အားကစားက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ကျွန်တော်ကတော့ ကြိုးခုန်တာကနေ ထုပ်ဆီးတိုးတဲ့အထိ အကုန်လုံးကို အားပေးပါတယ်”လို့ အားကစားနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကိုပြောပြခဲ့တဲ့ စိုင်းစိုင်း

ဆယ်လီ ရုပ်ရှင် အနုပညာ အမေးအဖြေ

အလင်းရောင်ပြောပြလာတဲ့ ရေသူမနဲ့လူနဲ့အချစ်ဇာတ်လမ်း(သို့)”ဒဏ္ဍာရီပင်လယ်”ရုပ်ရှင်ဇာတ်ကားကြီး

  “တစ်ကားနဲ့တစ်ကား ရိုက်ကွင်းမှာဒဏ်ရာရတာက ကျွန်တော့အတွက် အမှတ်တရဖြစ်စရာလို့ပဲခံယူပါတယ်။” ရေသူမနဲ့လူနဲ့ကြားက အချစ်ဇာတ်လမ်းဖြစ်တဲ့ “ဒဏ္ဍာရီပင်လယ်”ရုပ်ရှင်ဇာတ်ကားကြီးမှာ သူဌေးသား၊ဟော်တယ်ပိုင်ရှင် ကောင်းကင် အဖြစ်နဲ့ ရေအောက်ဇာတ်ဝင်ခန်းတွေကို လူစားမထိုးဘဲသရုပ်ဆောင်မယ့် ရုပ်ရှင်သရုပ်ဆောင် အလင်းရောင်

ရုပ်ရှင် အနုပညာ အမေးအဖြေ

ရေစိုသွားသောစက္ကူမြို့ပြ(သို့)ဇာတ်ညွှန်းအောင်ကြီးနှာင့်တွေ့ဆုံခြင်း(အပိုင်း-၁)

  အကုသိုလ်ဘယ်လိုညစ်ညစ်ယူတယ် ကုသိုလ် စွတ်စွတ်မဖြူမချင်းမယူဘူး လေးပါးကျော့ရှိန်ဝရဇိန်၊တိုက်ဆိုင်မှုရှိလျှင် ၊ လူမိုက်တရာ စတဲ့ ဇာတ်ကားကောင်းတွေရဲ့ ဇာတ်ညွှန်းအနုပညာရှင် ရဲ့ ဘ၀ဇာတ်ကြောင်း။

ဆယ်လီ အနုပညာ အမေးအဖြေ

“ဒီနှစ် Myanmar Idol မှာ ပြိုင်ပွဲဝင်တွေပိုကောင်းလာမယ်”ဆိုတဲ့ ကျော်ထက်အောင်

  ကျွန်တော်ပြန်ပါတာပဲသိတာပါ၊ဘယ်ဒိုင်တွေပြန်ပါလာမယ်ဆိုတာ မသိပါဘူး။Idol က အဲဒီလိုမျိုး လျှို့ဝှက်တာ။ကျွန်တော်ကတော့ ဖြစ်တည်သွားတဲ့အပေါ်မှာ ပိုပြီးကြွလာအောင်လိုက်လုပ်ပေးဖို့ပဲ အရေးကြီးပါတယ်။အဲဒါမှ ကိုယ်လုပ်ရတာပိုကောင်းမှာပေါ့။ဒီနှစ် Myanmar Idol မှာ ပြိုင်ပွဲဝင်တွေပိုကောင်းလာပြီး ရွေးချယ်မှုတွေပိုမြင့်တက်လာမှာပါ”ဆိုတဲ့ ကျော်ထက်အောင်

ဆယ်လီ ရုပ်ရှင် အနုပညာ အမေးအဖြေ

တိုးတက်ပြောင်းလဲလာတဲ့ ရုပ်ရှင်လောကရဲ့အမြင်ကွဲလွဲမှုတွေကို ပြောပြခဲ့တဲ့ အကယ်ဒမီမင်းဦး

  “အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ပဲရှိတယ်။တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေတင်ပြီး ချက်ချင်းပဲပြင်လိုက်လို့ ဟောလီးဝုဒ်တို့၊ဘောလီးဝုဒ်တို့ကို ရောက်သွားမယ်လို့ မျှော်လင့်လို့မရပါဘူး။ပြောင်းလဲဖို့ကြိုးစားတာကို လက်ခံပေးဖို့လိုတယ်”လို့ တိုးတက်ပြောင်းလဲလာတဲ့ ရုပ်ရှင်လောကရဲ့ အမြင်ကွဲလွဲမှုတွေကို ပြောပြခဲ့တဲ့ အကယ်ဒမီမင်းဦး

ဆယ်လီ အစားအသောက် အမေးအဖြေ

နေဆန်းပြောပြလာတဲ့ သရုပ်ဆောင်မင်းသားဘဝနဲ့ နယူးချစ်တီးထမင်းဆိုင်ပိုင်ရှင်ဘဝ

  “ကိုယ်ကိုယ်တိုင်ဝင်စားချင်တဲ့ဆိုင်မျိုးဖြစ်အောင် ရည်ရွယ်ပြီး “နယူးချစ်တီး”ကိုဖွင့်ထားတာပါ။သူကကိုယ်တိုင်စားပွဲထိုးရတာလည်းသဘောကျတယ်လေ။မမြတ်တော့တာမှမဟုတ်တာ။အမြတ်နည်းသွားတာပဲရှိတယ်။အရေအတွက်များများရောင်းရတော့ ဈေးမတက်ဖို့တောင့်ခံနိုင်ပါသေးတယ်”လို့ နယူးချစ်တီးအကြောင်း ပြောပြခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်နေဆန်း နဲ့ ဇနီးသည်ချောစု….