[Zawgyi]

ကာရင္းမ္ ၀ါရစ္စ္ အုိလာမီကန္ ဟာ အသက္(၁၁)ႏွစ္သာ ရွိေသးေပမယ့္ သူ႔ရဲ႕ အ့ံမခန္း ပန္းခ်ီလက္ရာေတြေၾကာင့္ လတ္တေလာ ကမာၻတစ္၀ွမ္းက သတင္းေတြထဲမွာ ဦးစားေပးေဖာ္ျပခံရသူ ျဖစ္လာေနပါတယ္။ အသက္ငယ္ေသးေပမယ့္ အစစ္နဲ႔မျခား ပံုတူဆြဲႏိုင္တဲ့ သူ႔ရဲ႕ပညာစြမ္းကို ျပင္သစ္သမၼတ အီမန္ႏူရယ္မက္ခရြန္ ကိုယ္တိုင္ကေတာင္ အသိအမွတ္ျပဳခဲ့ပါတယ္။ မက္ခရြန္ဟာ ႏိုင္ဂ်ီးရီးယားကို ဇူလိုင္(၃)ရက္ေန႔က သံတမန္ခရီးစဥ္နဲ႔ အလည္အပတ္ေရာက္ခဲ့ပါတယ္။

ကာရင္းမ္က သမၼတကို ေက်းဇူးတင္ေၾကာင္း ျပသတဲ့အေနနဲ႔ မက္ခရြန္ရဲ႕ ပံုတူကို (၂)နာရီထဲနဲ႔ အခ်ိန္ယူ ေရးဆြဲၿပီး ျပင္သစ္သမၼတကို အစြမ္းျပခဲ့တာေၾကာင့္ မက္ခရြန္အပါအ၀င္ တစ္ကမာၻလံုးက လူေတြပါ ကာရင္းမ္ကို ခ်ီးက်ဴးေလးစားခဲ့ၾကပါတယ္။  ကာရင္းမ္ဟာ ႏိုင္ဂ်ီးရီးယားႏိုင္ငံ လာဂို႔စ္အမည္ရတဲ့ ၿမိဳ႕ေလးတစ္ၿမိဳ႕က ဆင္းရဲသားရပ္ကြက္တစ္ခုမွာ ၾကီးျပင္းခဲ့ပါတယ္။

အသက္(၆)ႏွစ္ေလာက္မွာပဲ ပန္းခ်ီပညာကို စတင္စိတ္၀င္စားလာခဲ့ၿပီး သူ႔ရဲ႕ အၾကိဳက္ဆံုး ကာတြန္းဇာတ္ေကာင္ေတြကို ေရးဆြဲစျပဳလာပါတယ္။ (၂)ႏွစ္အၾကာမွာေတာ့ လာဂုိ႔စ္က အႏုပညာရွင္လက္သစ္ေတြအတြက္ ဖြဲ႔စည္းထားတဲ့ အဖြဲ႔အစည္းတစ္ခုထဲမွာ ပါ၀င္ခဲ့ပါတယ္။ အဲ့ဒီမွာပဲ မီးေသြး၊ ခဲတံတို႔ကို သံုးၿပီး အစစ္နဲ႔မျခား ထူးျခားလြန္းတဲ့ ပန္းခ်ီကားေရးဆြဲနည္းေတြကို သင္ယူခဲ့ပါတယ္။

ကာရင္းမ္ရဲ႕ ဆရာျဖစ္တဲ့ အက္ဒီနီရီ အက္ဒီ၀ူးလ္ကလည္း ဆရာေကာင္းတစ္ဦးပါ။ သူက ကာရင္းမ္ကို အညတရ လမ္းေဘးအႏုပညာသည္ေလး တစ္ေယာက္လို႔ မခံယူေစပဲ ကိုယ့္ကိုကိုယ္ခမ္းနားၾကီးက်ယ္တဲ့ ပန္းခ်ီဆရာတစ္ဦးအျဖစ္ စိတ္ထဲစြဲမွတ္ထားဖို႔ သင္ၾကားေပးခဲ့ပါတယ္။ အက္ဒီနီရီက ကာရင္းမ္ဟာ ငယ္ရြယ္ေသးတာေၾကာင့္ ေကာင္ေလးအေနနဲ႔ တက္လမ္းအမ်ားၾကီး ရွိေၾကာင္းဆိုပါတယ္။

ပန္းခ်ီမွာ ပါရမီထူးခြ်န္လွတဲ့ ကာရင္းမ္က ေနာင္တစ္ခ်ိန္ ျပတိုက္ေတြထဲမွာ ျပသမယ့္ လက္ရာေျမာက္ ပန္းခ်ီကားေတြမွာ သူ႔နာမည္ကို နာမည္ၾကီးပန္းခ်ီ အေက်ာ္အေမာ္ၾကီးေတြနဲ႔ တန္းတူပါ၀င္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သူ႔အိပ္မက္ကိုေျပာျပခဲ့ပါတယ္။

[Unicode]

အသက်(၁၁)နှစ်အရွယ်နဲ့ ပန်းချီကို လက်ဖျားခါလောက်အောင် ဆွဲပြခဲ့တဲ့ ပါရမီရှင် ကောင်လေး

ကာရင်းမ် ဝါရစ်စ် အိုလာမီကန် ဟာ အသက်(၁၁)နှစ်သာ ရှိသေးပေမယ့် သူ့ရဲ့ အံ့မခန်း ပန်းချီလက်ရာတွေကြောင့် လတ်တလော ကမ္ဘာတစ်ဝှမ်းက သတင်းတွေထဲမှာ ဦးစားပေးဖော်ပြခံရသူ ဖြစ်လာနေပါတယ်။ အသက်ငယ်သေးပေမယ့် အစစ်နဲ့မခြား ပုံတူဆွဲနိုင်တဲ့ သူ့ရဲ့ပညာစွမ်းကို ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန် ကိုယ်တိုင်ကတောင် အသိအမှတ်ပြုခဲ့ပါတယ်။ မက်ခရွန်ဟာ နိုင်ဂျီးရီးယားကို ဇူလိုင်(၃)ရက်နေ့က သံတမန်ခရီးစဉ်နဲ့ အလည်အပတ်ရောက်ခဲ့ပါတယ်။

ကာရင်းမ်က သမ္မတကို ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ မက်ခရွန်ရဲ့ ပုံတူကို (၂)နာရီထဲနဲ့ အချိန်ယူ ရေးဆွဲပြီး ပြင်သစ်သမ္မတကို အစွမ်းပြခဲ့တာကြောင့် မက်ခရွန်အပါအဝင် တစ်ကမ္ဘာလုံးက လူတွေပါ ကာရင်းမ်ကို ချီးကျူးလေးစားခဲ့ကြပါတယ်။  ကာရင်းမ်ဟာ နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်အမည်ရတဲ့ မြို့လေးတစ်မြို့က ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။

အသက်(၆)နှစ်လောက်မှာပဲ ပန်းချီပညာကို စတင်စိတ်ဝင်စားလာခဲ့ပြီး သူ့ရဲ့ အကြိုက်ဆုံး ကာတွန်းဇာတ်ကောင်တွေကို ရေးဆွဲစပြုလာပါတယ်။ (၂)နှစ်အကြာမှာတော့ လာဂို့စ်က အနုပညာရှင်လက်သစ်တွေအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီမှာပဲ မီးသွေး၊ ခဲတံတို့ကို သုံးပြီး အစစ်နဲ့မခြား ထူးခြားလွန်းတဲ့ ပန်းချီကားရေးဆွဲနည်းတွေကို သင်ယူခဲ့ပါတယ်။

ကာရင်းမ်ရဲ့ ဆရာဖြစ်တဲ့ အက်ဒီနီရီ အက်ဒီဝူးလ်ကလည်း ဆရာကောင်းတစ်ဦးပါ။ သူက ကာရင်းမ်ကို အညတရ လမ်းဘေးအနုပညာသည်လေး တစ်ယောက်လို့ မခံယူစေပဲ ကိုယ့်ကိုကိုယ်ခမ်းနားကြီးကျယ်တဲ့ ပန်းချီဆရာတစ်ဦးအဖြစ် စိတ်ထဲစွဲမှတ်ထားဖို့ သင်ကြားပေးခဲ့ပါတယ်။ အက်ဒီနီရီက ကာရင်းမ်ဟာ ငယ်ရွယ်သေးတာကြောင့် ကောင်လေးအနေနဲ့ တက်လမ်းအများကြီး ရှိကြောင်းဆိုပါတယ်။

ပန်းချီမှာ ပါရမီထူးချွန်လှတဲ့ ကာရင်းမ်က နောင်တစ်ချိန် ပြတိုက်တွေထဲမှာ ပြသမယ့် လက်ရာမြောက် ပန်းချီကားတွေမှာ သူ့နာမည်ကို နာမည်ကြီးပန်းချီ အကျော်အမော်ကြီးတွေနဲ့ တန်းတူပါဝင်ဖို့ မျှော်လင့်ထားတယ်လို့ သူ့အိပ်မက်ကိုပြောပြခဲ့ပါတယ်။

Credit : Shwemom

Leave a Reply

Your email address will not be published. Required fields are marked *