[Unicode]

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္သာရီတိုင်းခရီးစဉ် အဖြစ် ဖေဖော်ဝါရီလ ၁၄ ရက် ညနေပိုင်းက ကော့သောင်းမြို့ကို ရောက်ရှိ လာပြီး ဒီမနက် လူထုနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရောက်လာစဉ်မှာ ကော့သောင်းဒေသခံအချို့က လျှပ်စစ်မီတာခ ဈေးနှုန်းမြင့်မားနေတဲ့ကိစ္စ ၊ ကျွန်းတွေပေါ်မှာ ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးနေတာတွေနဲ့ တိုင်းအစိုးရအဖွဲ့ကို အရေးယူဖို့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံနဲ့ အဖွဲ့ဝင်တွေဟာ မနေ့ညက ကော့သောင်းမြို့မှာ တည်းခိုပြီး ဒီကနေ့ မနက်ပိုင်းမှာ ကော့သောင်းဒေသခံတွေနဲ့ လူထုတွေ့ဆုံပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် နေ့လည်ပိုင်းမှာတော့ တနင်္သာရီတိုင်းရဲ့ မြို့တော် ထားဝယ်မြို့ကို ဆက်လက်သွားရောက်မှာလည်းဖြစ်ပါတယ်။

 

[Zawgyi]

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ တနသၤာရီတိုင္းခရီးစဥ္ အျဖစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ ညေနပိုင္းက ေကာ့ေသာင္းၿမိဳ႕ကို ေရာက္ရွိ လာၿပီး ဒီမနက္ လူထုနဲ႔ ေတြ႔ဆံုဖုိ႔ရွိပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ေရာက္လာစဥ္မွာ ေကာ့ေသာင္းေဒသခံအခ်ဳိ႕က လွ်ပ္စစ္မီတာခ ေစ်းနႈန္းျမင့္မားေနတဲ့ကိစၥ ၊ ကြ်န္းေတြေပၚမွာ ကုမၸဏီေတြကို လုပ္ကိုင္ခြင့္ေပးေနတာေတြနဲ႔ တိုင္းအစိုးရအဖြဲ႔ကို အေရးယူဖို႔ ဆိုင္းဘုတ္ေတြကိုင္ေဆာင္ၿပီး ဆႏၵထုတ္ေဖာ္ ခဲ့ၾကပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ အဖြဲ႔ဝင္ေတြဟာ မေန႔ညက ေကာ့ေသာင္းၿမိဳ႕မွာ တည္းခိုၿပီး ဒီကေန႔ မနက္ပိုင္းမွာ ေကာ့ေသာင္းေဒသခံေတြနဲ႔ လူထုေတြ႔ဆံုပြဲျပဳလုပ္မွာ ျဖစ္ပါတယ္။

ဒီကေန႔ ေဖေဖာ္၀ါရီ ၁၅ ရက္ ေန႔လည္ပိုင္းမွာေတာ့ တနသၤာရီတိုင္းရဲ႕ ၿမိဳ႕ေတာ္ ထားဝယ္ၿမိဳ႕ကို ဆက္လက္သြားေရာက္မွာလည္းျဖစ္ပါတယ္။

Credit: DVB

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *