[Zawgyi]

21 ေဖေဖာ္ဝါရီ 2019
ေနအိမ္ထဲမွာ ေသနတ္က်ည္ထိမွန္ေသဆုံးခဲ့ရတဲ့ မနီနီစိုး
ရခိုင္ျပည္နယ္အတြင္း ေဖေဖာ္ဝါရီ ၂၀ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ျမန္မာတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ (ေအေအ) တို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ ျမင္းဖူးေက်း႐ြာမွာေနထိုင္တဲ့ အသက္ ၁၈ ႏွစ္ အ႐ြယ္ အမ်ိဳးသမီးငယ္တစ္ဦးကို က်ည္ဆန္ ထိၿပီး ေသဆုံးသြားခဲ့တယ္လို႔ ျမင္းဖူးေက်း႐ြာမွာေနထိုင္သူအခ်ိဳ႕က ဘီဘီစီကိုအတည္ျပဳေျပာၾကားခဲ့ပါတယ္။

ႏွစ္ဖက္တိုက္ပြဲေတြေၾကာင့္ ေဖေဖာ္ဝါရီ ၂၀ရက္ေန႔က ျမင္းဖူး ေက်း႐ြာ အ.လ.က စာသင္ေက်ာင္းတစ္ေက်ာင္းမွာ စာေမးပြဲ ေျဖဆိုေနတဲ့ အ႒မတန္းနဲ႔ စတုတၳတန္း ေက်ာင္းသား၊ေက်ာင္းသူ အေယာက္ ၉၀ ဝန္းက်င္ နဲ႔ ဆရာ ဆရာမေတြလည္း စာစစ္ခန္းထဲ မွာ တစ္ေနကုန္နီးပါးပိတ္မိခဲ့တယ္လို႔လည္း ေက်း႐ြာသားေတြကေျပာပါတယ္။

‘ ‘ မနက္ ၁၀ နာရီေက်ာ္ေက်ာ္ေလာက္မွာ ျမင္းဖူးေက်း႐ြာအနီးမွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခု မိုင္းခြဲတိုက္ခိုက္ခံ ရအၿပီးမွာ ႐ြာေတြထဲကို လက္နက္ႀကီးလက္နက္ငယ္ေတြက်လာတာပဲ။ ေသသြားတဲ့သူက မနီနီစိုးပါ။ ေသနတ္သံေတြၾကားရလို႔ သူတို႔က အိမ္ေပၚတက္ေျပးတာ။ အိမ္ထဲကို က်ည္ဆန္က်ၿပီးမွန္လို႔ ေသသြားတာပါ။”လို႔ ျမင္းဖူးေက်း႐ြာသားတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

အရွိန္ရေနတဲ့ရခိုင္ျပည္နယ္က တိုက္ပြဲဟာ ေရရွည္ျဖစ္သြားႏိုင္မလား
ဒါ့အျပင္ ေဖေဖာ္ဝါရီ ၂၀ရက္ေန႔ ေျမာက္ဦးၿမိဳ႕နယ္ ေပါက္ပင္ကြင္းေက်း႐ြာ အေရွ႕ဘက္ နလိပ္ေက်း႐ြာအနီးမွာလည္း တပ္မေတာ္နဲ႔ ေအေအတို႔အၾကား ျဖစ္ပြားခဲ့တဲ့ စစ္ပြဲေတြအတြင္း တပ္မေတာ္ဘက္က ရဟတ္ယာဥ္ေတြ အသုံးျပဳ တိုက္ခိုက္ခဲ့တယ္လို႔လည္း ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရတဲ့ ေပါက္ပင္ကြင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက ဘီဘီစီကိုေျပာပါတယ္။

ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔မွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ထဲက ေက်း႐ြာသား ၅၀၀ ေက်ာ္ဟာ နီးစပ္ရာ ေက်း႐ြာေတြကို ထြက္ေျပးခိုလႈံေနၾကရတယ္လို႔လည္း သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၆ရက္ေန႔ကလည္း ရခိုင္ ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေျမာက္ဘက္မွာရွိတဲ့ သမီးလွ ေက်း႐ြာက အသက္ ၇ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးလည္း ေနအိမ္ထဲရွိေနစဥ္ ေသနတ္က်ည္ထိမွန္ခဲ့လို႔ ေသဆုံးခဲ့ရပါေသးတယ္။

 

Credit: BBC

The Padaythar

 

[Unicode]

ရခိုင်မှာ ရွာတွေထဲထိ ကျည်ဆန်နဲ့လက်နက်ကြီးတွေကျလို့ အမျိုးသမီးငယ်တစ်ဦး သေဆုံး

21 ဖေဖော်ဝါရီ 2019
နေအိမ်ထဲမှာ သေနတ်ကျည်ထိမှန်သေဆုံးခဲ့ရတဲ့ မနီနီစိုး
ရခိုင်ပြည်နယ်အတွင်း ဖေဖော်ဝါရီ ၂၀ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ရဲ့ တိုက်ပွဲတွေကြောင့် မြင်းဖူးကျေးရွာမှာနေထိုင်တဲ့ အသက် ၁၈ နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦးကို ကျည်ဆန် ထိပြီး သေဆုံးသွားခဲ့တယ်လို့ မြင်းဖူးကျေးရွာမှာနေထိုင်သူအချို့က ဘီဘီစီကိုအတည်ပြုပြောကြားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီ ၂၀ရက်နေ့က မြင်းဖူး ကျေးရွာ အ.လ.က စာသင်ကျောင်းတစ်ကျောင်းမှာ စာမေးပွဲ ဖြေဆိုနေတဲ့ အဋ္ဌမတန်းနဲ့ စတုတ္ထတန်း ကျောင်းသား၊ကျောင်းသူ အယောက် ၉၀ ဝန်းကျင် နဲ့ ဆရာ ဆရာမတွေလည်း စာစစ်ခန်းထဲ မှာ တစ်နေကုန်နီးပါးပိတ်မိခဲ့တယ်လို့လည်း ကျေးရွာသားတွေကပြောပါတယ်။

‘ ‘ မနက် ၁၀ နာရီကျော်ကျော်လောက်မှာ မြင်းဖူးကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံ ရအပြီးမှာ ရွာတွေထဲကို လက်နက်ကြီးလက်နက်ငယ်တွေကျလာတာပဲ။ သေသွားတဲ့သူက မနီနီစိုးပါ။ သေနတ်သံတွေကြားရလို့ သူတို့က အိမ်ပေါ်တက်ပြေးတာ။ အိမ်ထဲကို ကျည်ဆန်ကျပြီးမှန်လို့ သေသွားတာပါ။”လို့ မြင်းဖူးကျေးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အရှိန်ရနေတဲ့ရခိုင်ပြည်နယ်က တိုက်ပွဲဟာ ရေရှည်ဖြစ်သွားနိုင်မလား
ဒါ့အပြင် ဖေဖော်ဝါရီ ၂၀ရက်နေ့ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ အရှေ့ဘက် နလိပ်ကျေးရွာအနီးမှာလည်း တပ်မတော်နဲ့ အေအေတို့အကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်း တပ်မတော်ဘက်က ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ပေါက်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဘီဘီစီကိုပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာသား ၅၀၀ ကျော်ဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြရတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ရက်နေ့ကလည်း ရခိုင် ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ဘက်မှာရှိတဲ့ သမီးလှ ကျေးရွာက အသက် ၇နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း နေအိမ်ထဲရှိနေစဉ် သေနတ်ကျည်ထိမှန်ခဲ့လို့ သေဆုံးခဲ့ရပါသေးတယ်။

 

Credit: BBC

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *