[Zawgyi]
Photo: EPA

ဘာစီလိုနာနည္းျပ ဗယ္ဗာဒီဟာ ၅ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ေနတဲ့ တိုက္စစ္ကစားသမား ဆြာရက္ဇ္ဘက္ကေန ခုခံကာကြယ္ေျပာဆိုသြားပါတယ္။

လာလီဂါအမွတ္ေပးဇယားဦးေနသူ ဘာစီလိုနာအသင္းဟာ လိုင္ယြန္နဲ႔ ခ်န္ပီယံလိဂ္ ရႈံးထြက္ (၁၆) သင္းအဆင့္ ပထမေက်ာ့ပြဲစဥ္အပါအဝင္ သူတို႔ရဲ႕ ေနာက္ဆုံး ၄ ပြဲမွာ ၂ ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ ဆြာရက္ဇ္ဟာ ၿပီးခဲ့တဲ့ စေနေန႔က ဆီဗီလာနဲ႔ လိဂ္ပြဲမွာ ၁ ဂိုးသြင္းယူခဲ့အၿပီး ပြဲေပါင္း ၂၃၁ ပြဲမွာ ၁၆၈ ဂိုးနဲ႔ ဘာစီလိုနာရဲ႕ ထာဝရဂိုးသြင္းအမ်ားဆုံးကစားသမားစာရင္းမွာ ထိပ္ဆုံး ၅ ေနရာမွာ ရပ္တည္ခဲ့ပါတယ္။

“က်ေနာ္တို႔ဟာ ဒီကလပ္အသင္းရဲ႕ သမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းတဲ့ ထိပ္ဆုံး ၅ ေနရာက ကစားသမားအေၾကာင္းကို ေျပာေနတာပါ။ ေနာက္ဆုံး ကစားခဲ့တဲ့ ၂ ပြဲရဲ႕ အခ်က္အလက္ေတြကို က်ေနာ္တို႔ ၾကည့္မယ္ဆိုရင္ သူဟာ (ဆြာရက္ဇ္) ဂိုးသြင္းဖို႔ အခြင့္အေရးေတြ ရွင္းရွင္းလင္းလင္း ရရွိခဲ့ပါတယ္။

“လူးဝစ္မွာ အခြင့္အေရးေတြရွိမယ္ဆိုရင္ သူဟာ ဂိုးသြင္းယူဖို႔ဆိုတာ ဒါက ပုံမွန္အေနအထားပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ ဘာလုပ္ေတြ လုပ္ျပခဲ့ၿပီးသလဲဆိုတာေၾကာင့္ပါ။

“ကလပ္အသင္းမွာ သူ႔ရဲ႕ သမိုင္းေၾကာင္းကို သိေနၿပီဆိုေတာ့ တစ္ခုတည္းေသာအရာက သူ႔ကို က်ေနာ္တို႔ သည္းခံေပးဖို႔ပဲျဖစ္ပါတယ္။ က်ေနာ္နဲ႔ ဘယ္သူမဆို သည္းခံမႈရွိပါတယ္။ သူဟာ ႀကီးက်ယ္ခမ္းနားတဲ့ ကစားသမားတစ္ေယာက္ျဖစ္လို႔ပါ။ ၿပီးေတာ့ က်ေနာ္တို႔ သူ႔အေပၚ အမ်ားႀကီး ယုံၾကည္ပါတယ္။”လို႔ နည္းျပ ဗယ္ဗာဒီက ေျပာပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာ ေအာက္တိုဘာလက ရီးယဲလ္မက္ဒရစ္ဘက္ကို သြင္းတဲ့ ဟက္ထရစ္သြင္းဂိုးေတြအပါအဝင္ ဒီရာသီမွာ ၁၆ ဂိုး သြင္းယူထားပါတယ္။ ဒါေပမယ့္ သူဟာ ၿပီးခဲ့တဲ့ လက ၁ ဂိုးသာ သြင္းယူထားႏိုင္ခဲ့ပါတယ္။

လာလီဂါခ်န္ပီယံ ဘာစီလိုနာအသင္းဟာ ၿပိဳင္ပြဲစုံမွာ သူတို႔ရဲ႕ ေနာက္ဆုံး ၅ ပြဲမွာ ၄ ပြဲထိ သေရက်ထားေပမယ့္လည္း အမွတ္ေပးဇယားမွာေတာ့ ထိပ္ဆုံးကေန ဦးေဆာင္ၿပီး ၇ မွတ္အထိ ျဖတ္ထားပါတယ္။

 

Credit : Mizzima 

The Padaythar

 

[Unicode]

ဂိုးပေါက်ပျောက်နေတဲ့ ဆွာရက်ဇ်ဘက်က ကာကွယ်ရပ်တည်ပေးတဲ့ နည်းပြ ဗယ်ဗာဒီ
Photo: EPA

ဘာစီလိုနာနည်းပြ ဗယ်ဗာဒီဟာ ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်ကစားသမား ဆွာရက်ဇ်ဘက်ကနေ ခုခံကာကွယ်ပြောဆိုသွားပါတယ်။

လာလီဂါအမှတ်ပေးဇယားဦးနေသူ ဘာစီလိုနာအသင်းဟာ လိုင်ယွန်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပထမကျော့ပွဲစဉ်အပါအဝင် သူတို့ရဲ့ နောက်ဆုံး ၄ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ဆီဗီလာနဲ့ လိဂ်ပွဲမှာ ၁ ဂိုးသွင်းယူခဲ့အပြီး ပွဲပေါင်း ၂၃၁ ပွဲမှာ ၁၆၈ ဂိုးနဲ့ ဘာစီလိုနာရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံး ၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

“ကျနော်တို့ဟာ ဒီကလပ်အသင်းရဲ့ သမိုင်းမှာ ဂိုးအများဆုံးသွင်းတဲ့ ထိပ်ဆုံး ၅ နေရာက ကစားသမားအကြောင်းကို ပြောနေတာပါ။ နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲရဲ့ အချက်အလက်တွေကို ကျနော်တို့ ကြည့်မယ်ဆိုရင် သူဟာ (ဆွာရက်ဇ်) ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရှင်းရှင်းလင်းလင်း ရရှိခဲ့ပါတယ်။

“လူးဝစ်မှာ အခွင့်အရေးတွေရှိမယ်ဆိုရင် သူဟာ ဂိုးသွင်းယူဖို့ဆိုတာ ဒါက ပုံမှန်အနေအထားပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ဘာလုပ်တွေ လုပ်ပြခဲ့ပြီးသလဲဆိုတာကြောင့်ပါ။

“ကလပ်အသင်းမှာ သူ့ရဲ့ သမိုင်းကြောင်းကို သိနေပြီဆိုတော့ တစ်ခုတည်းသောအရာက သူ့ကို ကျနော်တို့ သည်းခံပေးဖို့ပဲဖြစ်ပါတယ်။ ကျနော်နဲ့ ဘယ်သူမဆို သည်းခံမှုရှိပါတယ်။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ဖြစ်လို့ပါ။ ပြီးတော့ ကျနော်တို့ သူ့အပေါ် အများကြီး ယုံကြည်ပါတယ်။”လို့ နည်းပြ ဗယ်ဗာဒီက ပြောပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ အောက်တိုဘာလက ရီးယဲလ်မက်ဒရစ်ဘက်ကို သွင်းတဲ့ ဟက်ထရစ်သွင်းဂိုးတွေအပါအဝင် ဒီရာသီမှာ ၁၆ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ လက ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲစုံမှာ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲထိ သရေကျထားပေမယ့်လည်း အမှတ်ပေးဇယားမှာတော့ ထိပ်ဆုံးကနေ ဦးဆောင်ပြီး ၇ မှတ်အထိ ဖြတ်ထားပါတယ်။

 

Credit : Mizzima 

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *