Featured Video Play Icon

 

[Zawgyi]






 

[Unicode]

အင်္ဂလန်ဘောလုံးရာသီရဲ့ ပထမဆုံး ဆုဖလားလုပွဲအဖြစ် ချဲလ်ဆီးနဲ့ မန်စီးတီးတို့ မနေ့ညက ကာရာဘောင်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရာ မန်စီးတီးက ပယ်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးနဲ့နိုင်ပြီး ဒီရာသီအတွက် ပထမဆုံးဆုဖလား ရယူသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ ဟာဇက်၊ ဝီလျံ၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ ပက်ဒရို၊ လူးဝစ္စ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့သလို မန်စီးတီးကလည်း အဂွေရို၊ စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ ဒေးဗစ်ဆေးလ်ဗား၊ ဒီဘရိုင်း၊ ဖာနန်ဒင်ဟိုတို့ ဦးဆောင် ယှဉ်ပြိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ ရယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အသာရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတော့ သွင်းယူနိုင်ခြင်း မရှိပါဘူး။

သာမန် ပွဲကစားချိန် မိနစ် ၉၀ အထိ သရေကျပြီး အချိန်ပို နာရီဝက် ဆက်လက်ယှဉ်ပြိုင်ရာမှာလည်း တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်တဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ပယ်နယ်တီကန်သွင်းရာမှာတော့ ချဲလ်ဆီးက ဂျော်ဂျင်ဟိုနဲ့ ဒေးဗးစ်လူးဝစ္စတို့ရဲ့ ပယ်နယ်တီ မဝင်တဲ့အတွက် မန်စီးတီးက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး ကာရာဘောင်ဖလား ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။

Credit: DVB

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *