မြန်မာ့သမိုင်း သမိုင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

[Zawgyi]

ဗိုလ္ခ်ဳပ္ေအာင္ဆန္း (၁၉၁၅- ၁၉၄၇)

အာဇာနည္ေခါင္းေဆာင္ႀကီး ဗုိလ္ခ်ဳပ္ေအာင္ဆန္းကို မေကြးတိုင္း၊ ေတာင္တြင္းႀကီးခ႐ိုင္၊ နတ္ေမာက္ၿမိဳ႕မွာ ဖခင္ အမိန္႔ေတာ္ရေရွ႕ေန ဦးဖာနဲ႔ မိခင္ ေဒၚစုတုိ႔က ၁၉၁၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၃ ရက္မွာ ဖြားျမင္ၿပီး ဇာတာအရ အမည္က ေမာင္ထိန္လင္းျဖစ္ၿပီး ငယ္နာမည္ကေတာ့ ေအာင္ဆန္း ျဖစ္ပါတယ္။

နတ္ေမာက္ၿမိဳ႕ ဆရာေတာ္ ဦးေသာဘိတေက်ာင္းမွာ ပညာစသင္ၿပီး ေရနံေခ်ာင္း အမ်ိဳးသားအထက္တန္းေက်ာင္းကေန ၁ဝ တန္းကို ျမန္မာ၊ ပါဠိ ဂုဏ္ထူးနဲ႔ ေအာင္ျမင္ပါတယ္။ အဲဒီေနာက္ ရန္ကုန္တကၠသိုလ္မွာ တက္ေရာက္ၿပီး ၁၉၃၅-၃၆ ခုႏွစ္ကစလို႔ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားသမဂၢ အမႈေဆာင္ အဖြဲ႔ဝင္ ျဖစ္ခဲ့ပါတယ္။

အဲဒီေနာက္ ေက်ာင္းသားသမဂၢက ထုတ္ေဝတဲ့ အိုးေဝမဂၢဇင္းအယ္ဒီတာ ျဖစ္လာၿပီး The Hell Hound At Large (ငရဲေခြးႀကီး လြတ္ေနသည္) ဆိုတဲ့စာကို ေဖာ္ျပရာမွာ စာေရးသူကို ေဖာ္ထုတ္ေပးဖို႔ ေက်ာင္းအုပ္ႀကီးက ေတာင္းဆိုေပမယ့္ ျငင္းပယ္လို႔ ေက်ာင္းထုတ္ခံခဲ့ရပါတယ္။

ဒါေၾကာင့္ ၁၉၃၆၊ ေဖေဖာ္ဝါရီ ၂၅ ရက္မွာ ဒုတိယအႀကိမ္ ေက်ာင္းသားသပိတ္ကို သမဂၢက ဦးေဆာင္ျပခဲ့ၿပီး ေက်ာင္းျပန္တက္ခြင့္ ရခဲ့ပါတယ္။

၁၉၃၈ မွာေတာ့ တို႔ဗမာအစည္းအ႐ုံးကို ဝင္ေရာက္ၿပီး ၁၉၃၉ ခုႏွစ္မွာ အတြင္းေရးမႉး ျဖစ္လာပါတယ္။

၁၉၄ဝ ခုႏွစ္ တို႔ဗမာအစည္းအ႐ံုးရဲ႕ ေဟာေျပာပြဲတခုမွာ ခ်င္းေတာင္တန္းအေၾကာင္း ေဟာေျပာလို႔ ဖမ္းဆီးရာမွာ ပုန္းေနတာေၾကာင့္ ရာဇဝတ္ဝန္က ဆုေငြ ၅ က်ပ္ ထုတ္ခဲ့ပါတယ္။

အဲဒီေနာက္ တ႐ုတ္ကြန္ျမဴနစ္ပါတီနဲ႔ ဆက္သြယ္ဖို႔ အမိြဳင္ၿမိဳ႕ကို ထြက္ခြာသြားေပမယ့္ အဆက္အသြယ္မရ ျဖစ္ေနတုန္း ျပည္တြင္းက ရဲေဘာ္ေတြရဲ႕ အဆက္အသြယ္နဲ႔ ဂ်ပန္စစ္ဗိုလ္ ဗိုလ္မႉးႀကီး ဆူဇူကီး (ဗိုလ္မိုးႀကဳိး) က ဂ်ပန္ကို ေခၚယူခဲ့ပါတယ္။

ဂ်ပန္မွာ လြတ္လပ္ေရးကိစၥေတြ ေဆြးေႏြးၿပီး ျမန္္မာႏိုင္ငံကို ျပန္လာတဲ့အခါ ျပည္သူ႔အေရးေတာ္ပံု ပါတီဝင္ေတြနဲ႔ ဆက္လက္တိုင္ပင္ခဲ့ပါတယ္။

အဲဒီေနာက္ ရဲေဘာ္သံုးက်ိပ္နဲ႔အတူ ဂ်ပန္ႏိုင္ငံကို ထြက္ခြာၿပီး ဟိုင္နန္ကြၽန္းနဲ႔ ထိုင္ဝမ္ကြၽန္းတို႔မွာ စစ္ပညာသင္ခဲ့ပါတယ္။

၁၉၄၁ ခုႏွစ္၊ ဒီဇင္ဘာ ၂၇ ရက္မွာေတာ့ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (ဘီအိုင္ေအ) ကို ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ဖြဲ႔စည္းခဲ့ပါတယ္။

ဒီေနာက္ ၿဗိတိသွ်တုိ႔ကို တိုက္ခိုက္ဖို႔အတြက္ ဒုတိယ စစ္ေသနာပတိအျဖစ္္ ေမာ္လၿမိဳင္စစ္ေၾကာင္းနဲ႔ ျမန္္မာႏုိင္ငံကို ခ်ီတက္ခဲ့ပါတယ္။

၁၉၄၂ ခုႏွစ္၊ ဇူလိုင္ ၂၇ ရက္မွာ ဂ်ပန္တို႔က ဘီအိုင္ေအကို ဖ်က္သိမ္းၿပီး ဗမာ့ကာကြယ္ေရးတပ္မေတာ္ (ဘီဒီေအ) အျဖစ္ ဖြဲ႔စည္းရာမွာ ဗိုလ္မႉးႀကီးအဆင့္နဲ႔ စစ္ေသနာပတိျဖစ္လာၿပီး ၁၉၄၃ မွာ ဗိုလ္ခ်ဳပ္ ျဖစ္လာပါတယ္။

၁၉၄၂ မွာ ေျမာင္းျမၿမိဳ႕ေန ဦးဖိုးညႇင္း၊ ေဒၚဖြားစုတုိ႔ရဲ႕ သားသမီး ၁ဝ ေယာက္ထဲက ၈ ေယာက္ေျမာက္သမီး သူနာျပဳဆရာမ မခင္ၾကည္နဲ႔ လက္ထပ္ၿပီး သား ၂ ေယာက္၊ သမီး ၂ ေယာက္ ဖြားျမင္ခဲ့ပါတယ္။ သားတေယာက္နဲ႔ သမီးတေယာက္ကေတာ့ ငယ္စဥ္ကပဲ ကြယ္လြန္ခဲ့ပါတယ္။

၁၉၄၃ ဂ်ပန္ေခတ္ ျမန္္မာႏိုင္ငံအစိုးရအဖြဲ႔မွာ ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ယူၿပီး ဗမာျပည္ကြန္ျမဴနစ္ပါတီ ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးလို႔ ဖက္ဆစ္ဂ်ပန္ကို ေတာ္လွန္ဖို႔ စီစဥ္ခဲ့ပါတယ္။

၁၉၄၅၊ မတ္ ၂၇ ရက္မွာ ဂ်ပန္ကို ေတာ္လွန္ၿပီးတဲ့ေနာက္ စစ္တပ္ကထြက္ၿပီး (ဖက္စစ္တိုက္ဖ်က္ေရးအဖြဲ႔/ ဖက္ဆစ္တိုက္ဖ်က္ေရး ျပည္သူ႔လြတ္လပ္ေရးအဖြဲ႔ခ်ဳပ္ကေန ေျပာင္းလဲဖြဲ႔စည္းထားတဲ့) ဖက္ဆစ္ဆန္႔က်င္ေရး ျပည္သူ႔လြတ္လပ္ေရးအဖြဲ႔ (ဖဆပလ) ကို ဝင္ေရာက္ခဲ့လို႔ ၁၉၄၆၊ ဇန္နဝါရီမွာ က်င္းပတဲ့ ဖဆပလ ပထမဆံုး ျပည္လံုးကြၽတ္ညီလာခံမွာ ဥကၠ႒ ျဖစ္လာပါတယ္။

၁၉၄၆ ခုႏွစ္မွာ ဖဆပလဟာ ႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရး အမႈေဆာင္ေကာင္စီမွာ ပါဝင္လာၿပီး ဗို္လ္ခ်ဳပ္ေအာင္ဆန္းက ကာကြယ္ေရးဌာနနဲ႔ ႏိုင္ငံျခားေရးဌာနေတြကို တာဝန္ယူခဲ့ပါတယ္။

အဲဒီေနာက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္ေတြနဲ႔ ၿဗိတိသွ်အစိုးရ ကိုယ္စားလွယ္တို႔ အဂၤလန္မွာ ေတြ႔ဆံုၿပီး ၁၉၄၇၊ ဇန္နဝါရီ ၂၇ ရက္ေန႔မွာ ေအာင္ဆန္း-အက္တလီစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ပါတယ္။

ေတာင္တန္းနဲ႔ ျပည္မ လြတ္လပ္ေရး ပူးတြဲယူဖို႔အတြက္ ပင္လံုစာခ်ဳပ္ကို ရွမ္းျပည္နယ္ ပင္လံုၿမိဳ႕မွာ တိုင္းရင္းသားကိုယ္စားလွယ္ ၂၃ ေယာက္နဲ႔ ၁၉၄၇၊ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔မွာ ခ်ဳပ္ဆိုခဲ့ပါတယ္။

၁၉၄၇၊ ဇူလိုင္ ၁၉ ရက္၊ မနက္ ၁ဝ နာရီ ၃၅ မိနစ္မွာ ဝန္ႀကီးေတြနဲ႔အတူ အတြင္းဝန္မ်ား႐ံုးမွာ အစည္းအေဝးလုပ္ေနရင္း ဂဠဳန္ဦးေစာ ခိုင္းေစတဲ့ လူသတ္သမားေတြရဲ႕ လုပ္ႀကံသတ္ျဖတ္မႈေၾကာင့္ က်ဆံုးခဲ့ပါတယ္။

၁၉၅၉၊ မတ္ ၂၇ ရက္ေန႔မွာ ႏိုင္ငံေတာ္ကေန လြတ္လပ္ေရးေမာ္ကြန္းဝင္ (ပထမဆင့္) အျဖစ္ ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ပါတယ္။

[Unicode]

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅- ၁၉၄၇)

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်း၊ တောင်တွင်းကြီးခရိုင်၊ နတ်မောက်မြို့မှာ ဖခင် အမိန့်တော်ရရှေ့နေ ဦးဖာနဲ့ မိခင် ဒေါ်စုတို့က ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ဖွားမြင်ပြီး ဇာတာအရ အမည်က မောင်ထိန်လင်းဖြစ်ပြီး ငယ်နာမည်ကတော့ အောင်ဆန်း ဖြစ်ပါတယ်။

နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်းမှာ ပညာစသင်ပြီး ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းကနေ ၁ဝ တန်းကို မြန်မာ၊ ပါဠိ ဂုဏ်ထူးနဲ့ အောင်မြင်ပါတယ်။ အဲဒီနောက် ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ပြီး ၁၉၃၅-၃၆ ခုနှစ်ကစလို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ကျောင်းသားသမဂ္ဂက ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ဖြစ်လာပြီး The Hell Hound At Large (ငရဲခွေးကြီး လွတ်နေသည်) ဆိုတဲ့စာကို ဖော်ပြရာမှာ စာရေးသူကို ဖော်ထုတ်ပေးဖို့ ကျောင်းအုပ်ကြီးက တောင်းဆိုပေမယ့် ငြင်းပယ်လို့ ကျောင်းထုတ်ခံခဲ့ရပါတယ်။

ဒါကြောင့် ၁၉၃၆၊ ဖေဖော်ဝါရီ ၂၅ ရက်မှာ ဒုတိယအကြိမ် ကျောင်းသားသပိတ်ကို သမဂ္ဂက ဦးဆောင်ပြခဲ့ပြီး ကျောင်းပြန်တက်ခွင့် ရခဲ့ပါတယ်။

၁၉၃၈ မှာတော့ တို့ဗမာအစည်းအရုံးကို ဝင်ရောက်ပြီး ၁၉၃၉ ခုနှစ်မှာ အတွင်းရေးမှူး ဖြစ်လာပါတယ်။

၁၉၄ဝ ခုနှစ် တို့ဗမာအစည်းအရုံးရဲ့ ဟောပြောပွဲတခုမှာ ချင်းတောင်တန်းအကြောင်း ဟောပြောလို့ ဖမ်းဆီးရာမှာ ပုန်းနေတာကြောင့် ရာဇဝတ်ဝန်က ဆုငွေ ၅ ကျပ် ထုတ်ခဲ့ပါတယ်။

အဲဒီနောက် တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ဖို့ အမွိုင်မြို့ကို ထွက်ခွာသွားပေမယ့် အဆက်အသွယ်မရ ဖြစ်နေတုန်း ပြည်တွင်းက ရဲဘော်တွေရဲ့ အဆက်အသွယ်နဲ့ ဂျပန်စစ်ဗိုလ် ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) က ဂျပန်ကို ခေါ်ယူခဲ့ပါတယ်။

ဂျပန်မှာ လွတ်လပ်ရေးကိစ္စတွေ ဆွေးနွေးပြီး မြန်မာနိုင်ငံကို ပြန်လာတဲ့အခါ ပြည်သူ့အရေးတော်ပုံ ပါတီဝင်တွေနဲ့ ဆက်လက်တိုင်ပင်ခဲ့ပါတယ်။

အဲဒီနောက် ရဲဘော်သုံးကျိပ်နဲ့အတူ ဂျပန်နိုင်ငံကို ထွက်ခွာပြီး ဟိုင်နန်ကျွန်းနဲ့ ထိုင်ဝမ်ကျွန်းတို့မှာ စစ်ပညာသင်ခဲ့ပါတယ်။

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်မှာတော့ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖွဲ့စည်းခဲ့ပါတယ်။

ဒီနောက် ဗြိတိသျှတို့ကို တိုက်ခိုက်ဖို့အတွက် ဒုတိယ စစ်သေနာပတိအဖြစ် မော်လမြိုင်စစ်ကြောင်းနဲ့ မြန်မာနိုင်ငံကို ချီတက်ခဲ့ပါတယ်။

၁၉၄၂ ခုနှစ်၊ ဇူလိုင် ၂၇ ရက်မှာ ဂျပန်တို့က ဘီအိုင်အေကို ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ဖွဲ့စည်းရာမှာ ဗိုလ်မှူးကြီးအဆင့်နဲ့ စစ်သေနာပတိဖြစ်လာပြီး ၁၉၄၃ မှာ ဗိုလ်ချုပ် ဖြစ်လာပါတယ်။

၁၉၄၂ မှာ မြောင်းမြမြို့နေ ဦးဖိုးညှင်း၊ ဒေါ်ဖွားစုတို့ရဲ့ သားသမီး ၁ဝ ယောက်ထဲက ၈ ယောက်မြောက်သမီး သူနာပြုဆရာမ မခင်ကြည်နဲ့ လက်ထပ်ပြီး သား ၂ ယောက်၊ သမီး ၂ ယောက် ဖွားမြင်ခဲ့ပါတယ်။ သားတယောက်နဲ့ သမီးတယောက်ကတော့ ငယ်စဉ်ကပဲ ကွယ်လွန်ခဲ့ပါတယ်။

၁၉၄၃ ဂျပန်ခေတ် မြန်မာနိုင်ငံအစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးလို့ ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ စီစဉ်ခဲ့ပါတယ်။

၁၉၄၅၊ မတ် ၂၇ ရက်မှာ ဂျပန်ကို တော်လှန်ပြီးတဲ့နောက် စစ်တပ်ကထွက်ပြီး (ဖက်စစ်တိုက်ဖျက်ရေးအဖွဲ့/ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကနေ ပြောင်းလဲဖွဲ့စည်းထားတဲ့) ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလ) ကို ဝင်ရောက်ခဲ့လို့ ၁၉၄၆၊ ဇန်နဝါရီမှာ ကျင်းပတဲ့ ဖဆပလ ပထမဆုံး ပြည်လုံးကျွတ်ညီလာခံမှာ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

၁၉၄၆ ခုနှစ်မှာ ဖဆပလဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေး အမှုဆောင်ကောင်စီမှာ ပါဝင်လာပြီး ဗိုလ်ချုပ်အောင်ဆန်းက ကာကွယ်ရေးဌာနနဲ့ နိုင်ငံခြားရေးဌာနတွေကို တာဝန်ယူခဲ့ပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်တွေနဲ့ ဗြိတိသျှအစိုးရ ကိုယ်စားလှယ်တို့ အင်္ဂလန်မှာ တွေ့ဆုံပြီး ၁၉၄၇၊ ဇန်နဝါရီ ၂၇ ရက်နေ့မှာ အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

တောင်တန်းနဲ့ ပြည်မ လွတ်လပ်ရေး ပူးတွဲယူဖို့အတွက် ပင်လုံစာချုပ်ကို ရှမ်းပြည်နယ် ပင်လုံမြို့မှာ တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ယောက်နဲ့ ၁၉၄၇၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့ပါတယ်။

၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ မနက် ၁ဝ နာရီ ၃၅ မိနစ်မှာ ဝန်ကြီးတွေနဲ့အတူ အတွင်းဝန်များရုံးမှာ အစည်းအဝေးလုပ်နေရင်း ဂဠုန်ဦးစော ခိုင်းစေတဲ့ လူသတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ပါတယ်။

၁၉၅၉၊ မတ် ၂၇ ရက်နေ့မှာ နိုင်ငံတော်ကနေ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) အဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

Credit : DVB

Leave a Reply

Your email address will not be published. Required fields are marked *