Featured Video Play Icon

 

[Zawgyi]

ေဟာလိဝုဒ္ အမ်ိဳးသမီး စူပါဟီး႐ုိး႐ုပ္ရွင္ Captain Marvel ကို လာမယ့္ မတ္လ ၈ ရက္ေန႔ ႐ုံတင္ျပသေတာ့မွာပါ။

Action Adventure Sci-Fi အမ်ိဳးအစား ႐ုပ္ရွင္ျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ Marvel Studios က တင္ဆက္လိုက္တာျဖစ္ၿပီး အေမရိကန္ ဒါ႐ုိက္တာ Anna Boden နဲ႔ Ryan Fleck တို႔က ႐ုိက္ကူး ပံုေဖာ္ေပးထားတာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ကားထဲက Captain Marvel ေနရာမွာ ေဟာလိဝုဒ္ မင္းသမီး Brie Larson က ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး တျခားသ႐ုပ္ေဆာင္မ်ားျဖစ္တဲ့ Samuel L. Jackson၊ Ben Mendelsohn၊ Gemma Chan နဲ႔ Jude Law တို႔ကလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ဒီ႐ုပ္ရွင္ကားမွာေတာ့ U.S Air Force ရဲ႕ အမ်ိဳးသမီး Fighter Pilot တဦးျဖစ္တဲ့ Carol Danvers ဟာ Starforce အဖြဲ႔ဝင္ စူပါဟီး႐ုိး Captain Marvel ဘယ္လိုျဖစ္လာခဲ့သလဲ ဆုိတာကို ျမင္ေတြ႔ရမွာပါ။

Marvel ကေတာ့ ဒီ Captain Marvel ဟာ Marvel Comics ရဲ႕ရုပ္ရွင္ကားေတြထဲမွာ အင္အားအႀကီးဆံုးဇာတ္ေကာင္ ျဖစ္တယ္လို႔ ေျပာၾကားထားခဲ့ၿပီး ေနာက္ထပ္ ႐ုံတင္ျပသမယ့္ Avengers: Endgame ႐ုပ္ရွင္ကားထဲမွာ ပါဝင္လာမယ့္ Captain Marvel ရဲ႕ အခန္းက႑ဟာ ဘယ္ေလာက္အေရးပါႏုိင္မလဲဆုိတာ ပရိသတ္မ်ား ႐ႈစားၾကရမွာ ျဖစ္ပါတယ္။

ၾကာျမင့္ခ်ိန္ ၁၂၄ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကို ဘတ္ဂ်က္ အေမရိကန္ေဒၚလာ ၁၅၂ သန္း အကုန္အက်ခံ ႐ုိက္ကူးထားပါတယ္။

ဒီကားထဲမွာ ၾကမ္းတမ္းတဲ့ တိုက္ခိုက္မႈေတြ၊ ဇာတ္ဝင္ခန္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား ဒုိင္ယာေလာ့ခ္ေတြ ပါဝင္ေနတဲ့အတြက္ အသက္ ၁၃ ႏွစ္ေအာက္ ကေလးငယ္ေတြ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္နဲ႔မွ ၾကည့္႐ႈသင့္တဲ့ PG-13 အဆင့္ သတ္မွတ္ထားပါတယ္။

 

[Unicode]

ဟောလိဝုဒ် အမျိုးသမီး စူပါဟီးရိုးရုပ်ရှင် Captain Marvel ကို လာမယ့် မတ်လ ၈ ရက်နေ့ ရုံတင်ပြသတော့မှာပါ။

Action Adventure Sci-Fi အမျိုးအစား ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ Marvel Studios က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ဒါရိုက်တာ Anna Boden နဲ့ Ryan Fleck တို့က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲက Captain Marvel နေရာမှာ ဟောလိဝုဒ် မင်းသမီး Brie Larson က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး တခြားသရုပ်ဆောင်များဖြစ်တဲ့ Samuel L. Jackson၊ Ben Mendelsohn၊ Gemma Chan နဲ့ Jude Law တို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်ကားမှာတော့ U.S Air Force ရဲ့ အမျိုးသမီး Fighter Pilot တဦးဖြစ်တဲ့ Carol Danvers ဟာ Starforce အဖွဲ့ဝင် စူပါဟီးရိုး Captain Marvel ဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာကို မြင်တွေ့ရမှာပါ။

Marvel ကတော့ ဒီ Captain Marvel ဟာ Marvel Comics ရဲ့ရုပ်ရှင်ကားတွေထဲမှာ အင်အားအကြီးဆုံးဇာတ်ကောင် ဖြစ်တယ်လို့ ပြောကြားထားခဲ့ပြီး နောက်ထပ် ရုံတင်ပြသမယ့် Avengers: Endgame ရုပ်ရှင်ကားထဲမှာ ပါဝင်လာမယ့် Captain Marvel ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါနိုင်မလဲဆိုတာ ပရိသတ်များ ရှုစားကြရမှာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၂၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁၅၂ သန်း အကုန်အကျခံ ရိုက်ကူးထားပါတယ်။

ဒီကားထဲမှာ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေ ပါဝင်နေတဲ့အတွက် အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *