Featured Video Play Icon
[Zawgyi]
[Unicode]
7 Sense Film Production မှမကြာခင်ရိုက်ကူးထုတ်လုပ်တော့မယ် “Box .88” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေးခြင်းအခမ်းအနားကို မတ်လ ၇ ရက်နေ့တွင် ရွှေတိဂုံစေတီတော်အောင်မြေမှာ ပြုလုပ်ခဲ့ပြီး M3 Food Center မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။။ ဒီဇာတ်ကားမှာ သရုပ်ဆောင်နေတိုး၊ အိန္ဒြာကျော်ဇင်တို့ကို အတူတွဲသရုပ်ဆောင်တာ ပြန်လည်မြင်တွေ့ရတေယ့မှာပါ။
Box No.88 ရုပ်ရှင်ကားကို ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပုံဖော်မှာဖြစ်ပြီး 7th Sense Film Production က ထုတ်လုပ်ရိုက်ကူးသွားမှာဖြစ်ပါတယ်။သရုပ်ဆောင် နေတိုး၊ အိန္ဒြာကျော်ဇင် နဲ့ ထွန်းထွန်း၊ သားညီ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ကာရာဗီ၊ ရွှေရင်အေး၊ မျိုးသက်ပိုင်၊ ကလေးသရုပ်ဆောင် အိန်ဂျယ်တို့အပြင် ဧည့်သည်သရုပ်ဆောင်များဖြစ်တဲ့ မိုးမိုးနဲ့ ဂျဲနီတို့လည်း အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါ တယ်။
ရိုက်ကွင်း တည်နေရာတွေကတာ့ ရန်ကုန်၊ အောင်ပန်း နှင့် ထိုင်းနိုင်ငံ(ဘန်ကောက်) စတဲ့ မြို့တွေမှာ ရိုက်ကူးပုံဖော်သွားမှာဖြစ်တယ်လို့ ဒါရိုက်တာ ဝင်းလွင်ထက်က ပြောပြခဲ့ပါတယ်။
MEDIA9
Leave a Reply
Your email address will not be published. Required fields are marked *