နိုင်ငံတကာ အားကစား

အာဆင်နယ်က မန်ချက်စတာယူနိုက်တက်ကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

 

[Zawgyi]

မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အာဆင္နယ္အသင္းက မန္ခ်က္စတာ ယူႏုိက္တက္အသင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ အႏုိင္ရသြားပါတယ္။

ဒီပြဲဟာ မန္ယူအသင္းနည္းျပ ဆုိးလ္ရွားရဲ႕ ပထမဆံုး ပရီးမီးယားလိဂ္႐ႈံးပြဲလည္း ျဖစ္ပါတယ္။

အာဆင္နယ္အသင္းအတြက္ ဦးေဆာင္ဂိုးကို ပြဲအစ ၁၂ မိနစ္မွာ ဇာခါက သြင္းယူခဲ့တာပါ။

ဒီပြဲမွာ မန္ယူအသင္းက ေဘာလံုးပုိင္ဆုိင္မႈ အသာစီးယူႏုိင္ခဲ့ေပမဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြမွာ အျပန္အလွန္ ရွိခဲ့သလုိ တုိက္စစ္မႉး လူကာကူရဲ႕ ကန္ခ်က္ေတြ ဂိုးေပါက္မတည့္တာ၊တုိင္ထိထြက္ခဲ့တာေတြအျပင္ အာဆင္နယ္ဂိုးသမား လီႏုိ လက္စြမ္းျပ ကာကြယ္ႏုိင္ခဲ့တာေၾကာင့္မန္ယူ နစ္နာခဲ့ရပါတယ္။

ဒုတိယဂိုးကုိ ၆၉ မိနစ္မွာ အာဆင္နယ္အသင္း  ပယ္နယ္တီရခဲ့ျပီး တုိက္စစ္မႉး အူဘာမီယန္းကအမွားမရွိ  ကန္သြင္းယူခဲ့ပါတယ္။

ဒီပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကုိေတာ့ အာဆင္နယ္တုိက္စစ္မႉး လာကာဇက္တီက ရရွိခဲ့ပါတယ္။

အႏုိင္ရရွိခဲ့တဲ့ အာဆင္နယ္အာဆင္နယ္အသင္းဟာ အမွတ္ ၆၀ နဲ႔ အဆင့္ ၄ ေနရာကို ရယူႏုိင္ခဲ့ၿပီး မန္ယူက ၅၈ မွတ္နဲ႔ အဆင့္ ၅ မွာရွိေနပါတယ္။

 

[Unicode]

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲဟာ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၂ မိနစ်မှာ ဇာခါက သွင်းယူခဲ့တာပါ။

ဒီပွဲမှာ မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေမှာ အပြန်အလှန် ရှိခဲ့သလို တိုက်စစ်မှူး လူကာကူရဲ့ ကန်ချက်တွေ ဂိုးပေါက်မတည့်တာ၊တိုင်ထိထွက်ခဲ့တာတွေအပြင် အာဆင်နယ်ဂိုးသမား လီနို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့်မန်ယူ နစ်နာခဲ့ရပါတယ်။

ဒုတိယဂိုးကို ၆၉ မိနစ်မှာ အာဆင်နယ်အသင်း  ပယ်နယ်တီရခဲ့ပြီး တိုက်စစ်မှူး အူဘာမီယန်းကအမှားမရှိ  ကန်သွင်းယူခဲ့ပါတယ်။

ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီက ရရှိခဲ့ပါတယ်။

အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အာဆင်နယ်အသင်းဟာ အမှတ် ၆၀ နဲ့ အဆင့် ၄ နေရာကို ရယူနိုင်ခဲ့ပြီး မန်ယူက ၅၈ မှတ်နဲ့ အဆင့် ၅ မှာရှိနေပါတယ်။

MEDIA9

Leave a Reply

Your email address will not be published. Required fields are marked *