[Zawgyi]

 

အကယ္ဒမီစာရင္းဝင္ မုန္းစြဲ ဇာတ္ကားအြန္လိုင္းေပၚ၌ပ်ံ႕ႏွံ႔ေန

၂၀၁၉ ျမန္မာ့႐ုပ္ရွင္အကယ္ဒမီေပးaပြဲ က်င္းပဖို႔ အလြန္နီးကပ္ေနတဲ့အခ်ိန္မွာပဲ အမ်ားက အကယ္ဒမီရမယ္လို႔ တစ္ေပးေနတဲ့ မုန္းစြဲဇာတ္ကားဟာ အြန္လိုင္းေပၚမွာ တရားမဝင္ပ်ံ႕ႏွံ႔ ေနလ်က္ရွိပါတယ္။ မည္သို႔မည္ပုံပ်ံ႕ႏွံ႔သည္ကိုေတာ့ အတိအက်မသိရေသးေသာ္လည္း
ျပန႔္ႏွံ႔ေနေသာ မုန္းစြဲ႐ုပ္ရွင္ဇာတ္ကားရဲ႕ဗီဒီယိုဖိုင္တြင္ အကယ္ဒမီ အမွတ္တံဆိပ္ လည္းပါဝင္ေနျခင္းေၾကာင့္ မည္သည့္ေနရာမွျပန႔္ႏွံျခင္းျဖစ္ေၾကာင္းကို ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။

ယင္းလုပ္ရပ္ဟာ ျမန္မာႏိုင္ငံ႐ုပ္ရွင္ေလာက တစ္ခုလုံးသာမက အႏုပညာရပ္ဝန္း တစ္ခုလုံးကိုပါ ဆုံးရႈံးမႈ နစ္နာမႈမ်ား ျဖစ္ပြားေစႏိုင္ပါတယ္။
မည္သည့္ရည္႐ြယ္ခ်က္ေၾကာင့္ျဖစ္ေစ အဆိုပါလုပ္ရပ္မ်ားဟာ အမ်ားအတြက္ ဆိုးက်ိဳးကိုသာ ဦးတည္ေစတာေၾကာင့္ အေရးယူေဆာင္႐ြက္ဖို႔လည္း လိုအပ္လွပါတယ္။

အႏုပညာ ရပ္ဝန္းကညီအစ္ကိုေမာင္ႏွမ မိသားစုမ်ားကလည္း ဝိုင္းဝန္းကူညီေဆာင္႐ြက္ရန္လည္းလိုအပ္လွပါတယ္။
မုန္းစြဲဇာတ္ကားယခုလို တရားမဝင္ပ်ံ႕ႏွံ႔ရျခင္းကို မလိုလားတဲ့ ရီျမင့္႐ုပ္႐ွင္ထုတ္လုပ္ေရး၏ ထုတ္လုပ္သူ အကယ္ဒမီ ခင္စႏၵာျမင့္မွလည္း ယင္းျဖစ္ရပ္အေပၚအလြန္ပင္ဝမ္းနည္းရေၾကာင္းကိုသူ႔ရဲ႕ ေဖ့စ္ဘုတ္ စာမ်က္ႏွာေပၚမွာ ေဖာ္ျပခဲ့သလို အျခားအႏုပညာရပ္ဝန္းမွ ညီအစ္ကိုေမာင္ႏွမမ်ားလည္း ဝိုင္းဝန္းရႈံ႕ခ်ခဲ့ၾကပါတယ္။

ထို႔ေၾကာင့္ ျမန္မာ့႐ုပ္ရွင္ခ်စ္ပရိသတ္မ်ားအေနျဖင့္ အဆိုပါဇာတ္ကားအား အြန္လိုင္းေပၚတြင္ တရားမဝင္ျဖန႔္ျဖဴးျခင္းကို ဆက္လက္မျပန႔္ပြားေအာင္တစ္ေထာင့္တစ္ေနရာမွ ပါဝင္ကူညီ ေဖးမေပးေစလိုပါေၾကာင္း တင္ျပလိုက္ရပါတယ္။

 

Media9

 

[Unicode]

အကယ်ဒမီစာရင်းဝင် မုန်းစွဲ ဇာတ်ကားအွန်လိုင်းပေါ်၌ပျံ့နှံ့နေ

၂၀၁၉ မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးaပွဲ ကျင်းပဖို့ အလွန်နီးကပ်နေတဲ့အချိန်မှာပဲ အများက အကယ်ဒမီရမယ်လို့ တစ်ပေးနေတဲ့ မုန်းစွဲဇာတ်ကားဟာ အွန်လိုင်းပေါ်မှာ တရားမဝင်ပျံ့နှံ့ နေလျက်ရှိပါတယ်။ မည်သို့မည်ပုံပျံ့နှံ့သည်ကိုတော့ အတိအကျမသိရသေးသော်လည်း
ပြန့်နှံ့နေသော မုန်းစွဲရုပ်ရှင်ဇာတ်ကားရဲ့ဗီဒီယိုဖိုင်တွင် အကယ်ဒမီ အမှတ်တံဆိပ် လည်းပါဝင်နေခြင်းကြောင့် မည်သည့်နေရာမှပြန့်နှံခြင်းဖြစ်ကြောင်းကို မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ယင်းလုပ်ရပ်ဟာ မြန်မာနိုင်ငံရုပ်ရှင်လောက တစ်ခုလုံးသာမက အနုပညာရပ်ဝန်း တစ်ခုလုံးကိုပါ ဆုံးရှုံးမှု နစ်နာမှုများ ဖြစ်ပွားစေနိုင်ပါတယ်။
မည်သည့်ရည်ရွယ်ချက်ကြောင့်ဖြစ်စေ အဆိုပါလုပ်ရပ်များဟာ အများအတွက် ဆိုးကျိုးကိုသာ ဦးတည်စေတာကြောင့် အရေးယူဆောင်ရွက်ဖို့လည်း လိုအပ်လှပါတယ်။

အနုပညာ ရပ်ဝန်းကညီအစ်ကိုမောင်နှမ မိသားစုများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လည်းလိုအပ်လှပါတယ်။
မုန်းစွဲဇာတ်ကားယခုလို တရားမဝင်ပျံ့နှံ့ရခြင်းကို မလိုလားတဲ့ ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး၏ ထုတ်လုပ်သူ အကယ်ဒမီ ခင်စန္ဒာမြင့်မှလည်း ယင်းဖြစ်ရပ်အပေါ်အလွန်ပင်ဝမ်းနည်းရကြောင်းကိုသူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့သလို အခြားအနုပညာရပ်ဝန်းမှ ညီအစ်ကိုမောင်နှမများလည်း ဝိုင်းဝန်းရှုံ့ချခဲ့ကြပါတယ်။

ထို့ကြောင့် မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် အဆိုပါဇာတ်ကားအား အွန်လိုင်းပေါ်တွင် တရားမဝင်ဖြန့်ဖြူးခြင်းကို ဆက်လက်မပြန့်ပွားအောင်တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီ ဖေးမပေးစေလိုပါကြောင်း တင်ပြလိုက်ရပါတယ်။

 

Media9

Leave a Reply

Your email address will not be published. Required fields are marked *