[Zawgyi]

လစာေငြ အမ်ားစုကုိ ဆင္းရဲႏြမ္းပါး တပည့္ေတြအတြက္ ေထာက္ပံ့ေပးခဲ့တဲ့ ကင္ညာႏုိင္ငံ ေက်းလက္ေဒသမွ သိပၸံဘာသာရပ္သင္ ေက်ာင္းဆရာတစ္ဦးကုိ ကမာၻ႕အေကာင္းဆုံး ေက်ာင္းဆရာဆု ေပးအပ္ခ်ီးျမွင့္ခဲ့ေၾကာင္း သိရပါတယ္။

(ပီတာႏွင့္ ၎ရဲ႕တပည့္ႏွစ္ဦးက ထူးခၽြန္ဆုရ ပေရာ့ဂ်က္ကုိ ႐ွင္းလင္းျပသစဥ္) (Photo: Kipsang Joseph/Standard)

တပည့္ေတြအေပၚ ေစတနာေကာင္းလွတဲ့ ကင္ညာေက်ာင္းဆရာ ပီတာတာဘီခ်ီ (Peter Tabichi) ဟာ ၂၀၁၉ ခုႏွစ္အတြက္ Golbal Teacher Prize ေ႐ြးခ်ယ္ခ်ီးျမွင့္ခံရၿပီး ဆုေၾကးေငြ အေမရိကန္ေဒၚလာ ၁ သန္း ရ႐ွိခဲ့ပါတယ္။ ေက်ာင္းဆရာပီတာဟာ ဆင္းရဲႏြမ္းပါးၿပီး ေက်ာင္းသူေက်ာင္းသားေတြ ပုံမွန္ထက္ စုံၿပဳံမ်ားျပားကာ ေက်ာင္းသံုးဖတ္စာအုပ္ အနည္းငယ္မွ်သာ႐ွိတဲ့ စာသင္ေက်ာင္းမွာ ၎ရဲ႕ ေအာင္ျမင္မႈအတြက္ ယခုဆုကုိ ခ်ီးျမွင့္ခံရတာလည္း ျဖစ္ပါတယ္။

ပီတာက တပည့္ေတြကုိ သိပၸံပညာဟာ ၎တုိ႕ရဲ႕ အနာဂတ္အတြက္ လမ္းေၾကာင္းျဖစ္တယ္ဆုိတာကုိ သိျမင္ေစလုိတယ္လို႕ ဆုိပါတယ္။ ေက်ာင္းဆရာပီတာကုိ Global Teacher Prize ေပးအပ္ခ်ီးျမွင့္တဲ့ အခမ္းအနားကုိ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု ဒူဘုိင္းၿမဳိ႕မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

(ေက်ာင္းဆရာပီတာကုိ Global Teacher Prize ေပးအပ္ခ်ီးျမွင့္စဥ္) (Photo: AFP/Getty Images)

ကင္ညာႏုိင္ငံရဲ႕ အစြန္အဖ်ား Rift Valley ေဒသ႐ွိ စာသင္ေက်ာင္းေလးမွာ တပည့္ေတြအတြက္ ဆရာတစ္ေယာက္ရဲ႕ ထူးျခားေလးစားဖြယ္ရာ ေပးဆပ္စြမ္းေဆာင္မႈကုိ အသိအမွတ္ျပဳၿပီး Global Teacher Prize ဆုခ်ီးျမွင့္ျခင္းျဖစ္တယ္လို႕ ဆုိပါတယ္။

သိပၸံဘာသာရပ္သင္ၾကားတဲ့ ေက်ာင္းဆရာပီတာက ၎ရ႐ွိတဲ့ လစာေငြရဲ႕ ၈၀ ရာခုိင္ႏႈန္းကုိ တပည့္ေတြအတြက္ ေထာက္ပ့ံေပးခဲ့ပါတယ္။ ေက်ာင္းဆရာပီတာ စာသင္ၾကားေပးေနတဲ့ Keriko Mixed Day အလယ္တန္းေက်ာင္းဟာ ကင္ညာႏုိင္ငံ နာကူ႐ူၿမဳိ႕ ပီဝါနီေက်း႐ြာမွာ႐ွိၿပီး အဆုိပါေက်ာင္းမွ ေက်ာင္းသူေက်ာင္းသားေတြဟာ ဆင္းရဲႏြမ္းပါးၾကတာေၾကာင့္ ေက်ာင္းဝတ္စုံနဲ႕ စာအုပ္ေတြလည္း မတတ္ႏုိင္ၾကပါဘူး။

(ပီတာရဲ႕တပည့္မ်ား ေက်ာင္းကုိလာေရာက္ရသည့္ လမ္းတစ္ေနရာ) (Photo: Getty Images)

“ဒါက ေငြတစ္ခုတည္းေၾကာင့္ မဟုတ္ပါဘူး” လုိ႕ ေက်ာင္းဆရာပီတာက ေျပာပါတယ္။ ပီတာရဲ႕ တပည့္ေတြအားလုံးနီးပါးဟာ အလြန္ခ်ဳိ႕ငဲ့တဲ့ မိသားစုေတြမွျဖစ္ၾကၿပီး အမ်ားအျပားဟာ မိဘမဲ့ေတြ သုိ႕မဟုတ္ မိဘေတြနဲ႕ ကြဲကြာသြားၾကသူေတြလို႕ ဆုိပါတယ္။

ေက်ာင္းဆရာပီတာက သိပၸံပညာအေၾကာင္းကုိ ကင္ညာမွာသာမက အာဖရိကတစ္ဝွမ္းမွာပါ ျဖန္႕ေဝေပးႏုိင္ရန္ ရည္မွန္းထားတယ္လို႕လည္း ေျပာပါတယ္။ Global Teacher Prize ကုိ Varkey Foundation က ေပးအပ္ခ်ီးျမွင့္တာျဖစ္ၿပီး ႏုိင္ငံေပါင္း ၁၇၉ ႏုိင္ငံမွ အဆုိျပဳခံရသူ ၁၀,၀၀၀ အနက္မွ ေက်ာင္းဆရာပီတာကုိ ေ႐ြးခ်ယ္ခဲ့တာလည္း ျဖစ္ပါတယ္။

(ေဒၚလာတစ္သန္း ဆုေၾကးေငြ ရ႐ွိခဲ့သည့္ ေက်ာင္းဆရာပီတာ) (Photo: AP)

ပီတာရဲ႕ေက်ာင္းမွာ စာအုပ္ သုိ႕မဟုတ္ ေက်ာင္းဆရာ ဆရာမ မလုံေလာက္မႈ အပါအဝင္ လိုအပ္မႈေတြ႐ွိေနပါတယ္။ စာသင္ခန္းတစ္ခန္းမွာ ေက်ာင္းသူေက်ာင္းသား ၃၅ ဦးမွ ၄၀ ဦး ႐ွိသင့္တာျဖစ္ေပမဲ့ ပီတာရဲ႕ေက်ာင္းမွာေတာ့ တစ္ခန္းလွ်င္ ေက်ာင္းသူေက်ာင္းသား ၇၀ သုိ႕မဟုတ္ ၈၀ အထိ႐ွိေနၿတယ္ပီး ျပည့္က်ပ္ေနကာ ဆရာဆရာမေတြအတြက္ စာသင္ၾကားေရး အခက္အခဲေတြ ႐ွိေနေၾကာင္းလည္း သိရပါတယ္။

ဒါ့အျပင္ ေကာင္းမြန္တဲ့ အင္တာနက္စနစ္မ႐ွိတာေၾကာင့္ သိပၸံဘာသာရပ္ သင္ခန္းစာေတြအတြက္ လုိအပ္တဲ့ အခ်က္အလက္ေတြကုိ ဆုိက္ဘာကေဖးဆုိင္သုိ႕သြားေရာက္ၿပီး download လုပ္ရေလ့႐ွိပါတယ္။

(၂၀၁၉ ခုႏွစ္ Global Teacher Prize ဆု႐ွင္ ေက်ာင္းဆရာပီတာ) (Photo: Global Teacher Prize)

ေက်ာင္းဆရာပီတာရဲ႕ေက်ာင္းမွာ တက္ေရာက္ေနၾကတဲ့ ေက်ာင္းသူေက်ာင္းသား အမ်ားအျပားဟာလည္း ၄ မုိင္နီးပါး႐ွိတဲ့ လမ္းၾကမ္းတစ္ေလွ်ာက္ ေျခက်င္းခရီးျဖင့္ ေက်ာင္းလာတက္ၾကရတာ ျဖစ္ပါတယ္။ ယခုလုိ မျပည့္မစုံနဲ႕ အခက္အခဲမ်ား ႐ွိေနခဲ့ေပမဲ့လည္း ေက်ာင္းဆရာပီတာရဲ႕ တပည့္ေတြက ထူးခၽြန္ၾကသူေတြျဖစ္ၿပီး ၿဗိတိန္ႏုိင္ငံ႐ွိ Royal Society of Chemistry အဖြဲ႕အစည္းက ေပးအပ္ခ်ီးျမွင့္တဲ့ ဆုတစ္ခုအပါအဝင္ ႏုိင္ငံအဆင့္နဲ႕ ႏုိင္ငံတကာအဆင့္ သိပၸံဘာသာရပ္ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈေတြရခဲ့ၾကတယ္လုိ႕ သိရပါတယ္။

 

[Unicode]

လစာငွေ အများစုကို ဆင်းရဲနွမ်းပါး တပည့်တွေအတွက် ထောက်ပံ့ပေးခဲ့တဲ့ ကင်ညာနိုင်ငံ ကျေးလက်ဒေသမှ သိပ္ပံဘာသာရပ်သင် ကျောင်းဆရာတစ်ဦးကို ကမ္ဘာ့အကောင်းဆုံး ကျောင်းဆရာဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

တပည့်တွေအပေါ် စေတနာကောင်းလှတဲ့ ကင်ညာကျောင်းဆရာ ပီတာတာဘီချီ (Peter Tabichi) ဟာ ၂၀၁၉ ခုနှစ်အတွက် Golbal Teacher Prize ရွေးချယ်ချီးမြှင့်ခံရပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်း ရရှိခဲ့ပါတယ်။ ကျောင်းဆရာပီတာဟာ ဆင်းရဲနွမ်းပါးပြီး ကျောင်းသူကျောင်းသားတွေ ပုံမှန်ထက် စုံပြုံများပြားကာ ကျောင်းသုံးဖတ်စာအုပ် အနည်းငယ်မျှသာရှိတဲ့ စာသင်ကျောင်းမှာ ၎င်းရဲ့ အောင်မြင်မှုအတွက် ယခုဆုကို ချီးမြှင့်ခံရတာလည်း ဖြစ်ပါတယ်။

ပီတာက တပည့်တွေကို သိပ္ပံပညာဟာ ၎င်းတို့ရဲ့ အနာဂတ်အတွက် လမ်းကြောင်းဖြစ်တယ်ဆိုတာကို သိမြင်စေလိုတယ်လို့ ဆိုပါတယ်။ ကျောင်းဆရာပီတာကို Global Teacher Prize ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားကို အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကင်ညာနိုင်ငံရဲ့ အစွန်အဖျား Rift Valley ဒေသရှိ စာသင်ကျောင်းလေးမှာ တပည့်တွေအတွက် ဆရာတစ်ယောက်ရဲ့ ထူးခြားလေးစားဖွယ်ရာ ပေးဆပ်စွမ်းဆောင်မှုကို အသိအမှတ်ပြုပြီး Global Teacher Prize ဆုချီးမြှင့်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

သိပ္ပံဘာသာရပ်သင်ကြားတဲ့ ကျောင်းဆရာပီတာက ၎င်းရရှိတဲ့ လစာငွေရဲ့ ၈၀ ရာခိုင်နှုန်းကို တပည့်တွေအတွက် ထောက်ပံ့ပေးခဲ့ပါတယ်။ ကျောင်းဆရာပီတာ စာသင်ကြားပေးနေတဲ့ Keriko Mixed Day အလယ်တန်းကျောင်းဟာ ကင်ညာနိုင်ငံ နာကူရူမြို့ ပီဝါနီကျေးရွာမှာရှိပြီး အဆိုပါကျောင်းမှ ကျောင်းသူကျောင်းသားတွေဟာ ဆင်းရဲနွမ်းပါးကြတာကြောင့် ကျောင်းဝတ်စုံနဲ့ စာအုပ်တွေလည်း မတတ်နိုင်ကြပါဘူး။

“ဒါက ငွေတစ်ခုတည်းကြောင့် မဟုတ်ပါဘူး” လို့ ကျောင်းဆရာပီတာက ပြောပါတယ်။ ပီတာရဲ့ တပည့်တွေအားလုံးနီးပါးဟာ အလွန်ချို့ငဲ့တဲ့ မိသားစုတွေမှဖြစ်ကြပြီး အများအပြားဟာ မိဘမဲ့တွေ သို့မဟုတ် မိဘတွေနဲ့ ကွဲကွာသွားကြသူတွေလို့ ဆိုပါတယ်။

ကျောင်းဆရာပီတာက သိပ္ပံပညာအကြောင်းကို ကင်ညာမှာသာမက အာဖရိကတစ်ဝှမ်းမှာပါ ဖြန့်ဝေပေးနိုင်ရန် ရည်မှန်းထားတယ်လို့လည်း ပြောပါတယ်။ Global Teacher Prize ကို Varkey Foundation က ပေးအပ်ချီးမြှင့်တာဖြစ်ပြီး နိုင်ငံပေါင်း ၁၇၉ နိုင်ငံမှ အဆိုပြုခံရသူ ၁၀,၀၀၀ အနက်မှ ကျောင်းဆရာပီတာကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပီတာရဲ့ကျောင်းမှာ စာအုပ် သို့မဟုတ် ကျောင်းဆရာ ဆရာမ မလုံလောက်မှု အပါအဝင် လိုအပ်မှုတွေရှိနေပါတယ်။ စာသင်ခန်းတစ်ခန်းမှာ ကျောင်းသူကျောင်းသား ၃၅ ဦးမှ ၄၀ ဦး ရှိသင့်တာဖြစ်ပေမဲ့ ပီတာရဲ့ကျောင်းမှာတော့ တစ်ခန်းလျှင် ကျောင်းသူကျောင်းသား ၇၀ သို့မဟုတ် ၈၀ အထိရှိနေတြယ်ပီး ပြည့်ကျပ်နေကာ ဆရာဆရာမတွေအတွက် စာသင်ကြားရေး အခက်အခဲတွေ ရှိနေကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ကောင်းမွန်တဲ့ အင်တာနက်စနစ်မရှိတာကြောင့် သိပ္ပံဘာသာရပ် သင်ခန်းစာတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေကို ဆိုက်ဘာကဖေးဆိုင်သို့သွားရောက်ပြီး download လုပ်ရလေ့ရှိပါတယ်။

ကျောင်းဆရာပီတာရဲ့ကျောင်းမှာ တက်ရောက်နေကြတဲ့ ကျောင်းသူကျောင်းသား အများအပြားဟာလည်း ၄ မိုင်နီးပါးရှိတဲ့ လမ်းကြမ်းတစ်လျှောက် ခြေကျင်းခရီးဖြင့် ကျောင်းလာတက်ကြရတာ ဖြစ်ပါတယ်။ ယခုလို မပြည့်မစုံနဲ့ အခက်အခဲများ ရှိနေခဲ့ပေမဲ့လည်း ကျောင်းဆရာပီတာရဲ့ တပည့်တွေက ထူးချွန်ကြသူတွေဖြစ်ပြီး ဗြိတိန်နိုင်ငံရှိ Royal Society of Chemistry အဖွဲ့အစည်းက ပေးအပ်ချီးမြှင့်တဲ့ ဆုတစ်ခုအပါအဝင် နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့် သိပ္ပံဘာသာရပ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရခဲ့ကြတယ်လို့ သိရပါတယ်။

Source: The Guardian, BBC, Global Teacher Prize, Global Education & Skill Forum

Credit: Duwun

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *