ဆောင်းပါး ပြည်တွင်း မြန်မာ့သမိုင်း သမိုင်း

သမိုင်းတွင် မမေ့နိုင်သောနေ့

[Zawgyi]

၁၉၄၇ ခု ဇူလိုင္လ ၁၉ ရက္၊ စေနေန႕ နံနက္ ၁၀ နာရီ ၃၇ မိနစ္ခန႔္၊ လူမသမာတစု၏ လုပ္ႀကံမႈေၾကာင့္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ႏွင့္တကြ ျမန္မာ့ ေခါင္းေဆာင္ႀကီးမ်ား က်ဆဳံးေသာေန႕ကို ေမ့မရသကဲ့သို႔ က်ေနာ့္အဖို႔ သကၠရာဇ္ ၁၂၂၈ ခု ဒုတိယဝါဆို လျပည့္ေက်ာ္ ၇ ရက္ ၾကာသပေတးေန႕ (၂၊ ၈၊ ၁၈၆၆) ေန႕ ႏွစ္ခ်က္တီးခန႔္ အခ်ိန္၊ မႏၲေလး ေတာင္ေျခ နန္းေျမဘုံသာ စံနန္းေတာ္ လႊတ္ေတာ္အနီး တဲႀကီးတြင္ အိမ္ေရွ႕ကေနာင္မင္းႏွင့္တကြ ျမန္မာ မႉးႀကီးမတ္ႀကီး အခ်ိဳ႕ အား ျမင္ကြန္းစားႏွင့္ ျမင္းခုံတိုင္စားတို႔ လုပ္ႀကံေသာ ေန႕ကိုလည္း ေမ့၍ မရနိုင္ပါ။

နန္းေျမဘုံသာ စံနန္းေတာ္၏ ပုံ၊ လႊတ္ေတာ္၏ ပုံ၊ ျမင္ကြန္းမင္းသား၏ ဝင္းပုံမ်ားပါေသာ ေရွးေဟာင္း ေျမပုံတခုကို မႏၲေလးၿမိဳ႕ ပုဂံအတြင္းဝန္မင္း ေက်ာင္းတိုက္ ဆရာေတာ္ ဦးပညာဝံသထံမွ ေတြ႕ရွိ ေလ့လာခြင့္ ရရွိေသာအခါ၊ ထိုေန႕ ထိုရက္က ျဖစ္ပ်က္ခဲ့ပုံမ်ားကို မ်က္ဝါးထင္ထင္ျမင္ရဘိသကဲ့သို႔ ထင္ျမင္လာပါသည္။

ကေနာင္မင္းသား က်ဆဳံးေသာေနရာ အတိအက်ကိဳ ေျမပုံအရ မႏၲေလးေတာင္ေျခသို႔ ကြင္းဆင္း သုေတသန ရွာမွီးခဲ့ သည္။

လႊတ္ေတာ္ဝင္း ေနရာသည္ မႏၲေလး ေတာင္ေျခ၊ ေ႐ႊနန္းေတာ္ ေက်ာင္းမ်ားရွိရာ၏ ေတာင္ဘက္၊ ယခု ႐ြာသာယာ ဟူ၍ လည္းေခၚေသာ အကြက္အမွတ္ ၅၄ စီဝိုင္ ၉ ေနရာျဖစ္သည္။ လႊတ္ေတာ္၏ ေျမာက္တြင္ ျမင္ကြန္းမင္းသား ဝင္း ရွိ၍ အေနာက္တြင္ မယ္ေတာ္ဘုရား ဝင္းရွိသည္။

နန္းေျမဘုံသာ စံနန္းေတာ္ ေနရာသည္ကား ယခု စႏၵာမုနိဘုရား တည္ထားေသာေနရာျဖစ္၍ ထိုစံနန္းေတာ္၏ ေတာင္ ဘက္တြင္ နန္းမေတာ္ ဘုရားဝင္း၊ ေျမာက္နန္းေတာ္ ဘုရားဝင္း၊ အေနာက္နန္းေတာ္ ဘုရားဝင္းဟူ၍ အေရွ႕-အေနာက္ စဥ္လ်က္ရွိသည္။

ကေနာင္မင္းသား က်ဆံုးေသာ ေနရာမွာ ကုန္းေဘာင္ ရာဇာဝင္ႀကီး အလိုအရ “လႊတ္ေတာ္ ေတာင္ေလွကား အနီး ျမင္ကြန္းစား လူ ငျဖဴသီး လုပ္ႀကံ၍ နတ္႐ြာစံသည္” ဟု ေဖာ္ျပထားသည္။

ထို႔ေနာက္ သကၠရာဇ္ ၁၂၂၈ ခု ဒုတိယဝါဆို လျပည့္ေက်ာ္ ၉ ရက္ေန႕ အိမ္ေရွ႕မင္း အေလာင္းကို နန္းေျမဘုံသာ စံနန္း ေတာ္ ေဆာင္မတြင္ ေခါင္းသြင္း၍ ထီးျဖဴဝဲယာ ေလးစင္းစီ အေဆာင္အ႐ြက္ အေစာင့္အေနမ်ားႏွင့္ ခင္းက်င္းထား သည္။

သကၠရာဇ္ ၁၂၂၉ ခု နယုန္လဆန္း ၅ ရက္ေန႕ နန္းေျမဘုံသာ စံနန္းေတာ္ေဆာင္မကို ဖ်က္သိမ္း၍ အိမ္ေရွ႕မင္း အေလာင္း သၿဂိဳဟ္ရန္ အုတ္ဂူ၊ ယင္းအနီး မလြန္မင္းသား၊ စကုမင္းသား၊ ျပင္စည္မင္းသားတို႔ သၿဂိဳဟ္ရန္ အုတ္ဂူ တည္ၿပီးလွ်င္ ယင္းဂူမ်ားတြင္ အိမ္ေရွ႕မင္း အေလာင္း၊ မင္းသားမ်ား အေလာင္းကို ေခါင္းႏွင့္တကြ ဝန္ေထာက္ စာေရး ႀကီး လႊတ္ေတာ္အဇာရွိ မႉးမတ္ေတာ္ မင္းေဆြမင္းမ်ိဳးတို႔ ၾကပ္မတ္၍ သြင္းထားရသည္။

ယင္းသို႔ ဂူအေရွ႕ႏွစ္ေတာင္အကြာတြင္ စႏၵာမုနိဘုရား ကိန္းဝပ္ရန္ ပလႅင္ခံ၍ တည္သည္။ အုတ္ဂူမ်ားအေပၚ အုတ္ရိုး ေစတီ တည္ထားသည္။

ဤကား ကေနာင္မင္းသား က်ဆဳံးရာႏွင့္ သၿဂိဳဟ္ရာ ေနရာမ်ား သုေတသန လာေရာက္ျပဳသူမ်ားႏွင့္ အခ်ိဳ႕ေသာ ပုဂၢိဳလ္ မ်ားသည္ ကေနာင္မင္းသားတို႔အား လုပ္ႀကံသည္ကို အုတ္ၿမိဳ႕ရိုးအတြင္းရွိ လႊတ္ေတာ္ႏွင့္ နန္းေတာ္ႀကီးမွာ ဟု အထင္ ရွိတတ္ေလသည္။

မင္းတုန္း မင္းတရားႀကီးသည္ သကၠရာဇ္ ၁၂၂၄ ခု ေႏွာင္းတန္ခူး လျပည့္ေက်ာ္ ၅ ရက္ေန႕မွ စ၍ နန္းေျမဘုံသာ စံနန္း ေတာ္သို႔ ထြက္၍ေနသည္။ ေဗဒင္ေၾကာင့္သာ ျပင္ပထြက္ေနသည္ဟု ယူဆရန္ မရွိေခ်။

မင္းတုန္းမင္းႀကီး၏ လုပ္ငန္းမ်ားသည္ကား မႏၲေလးေတာင္ႏွင့္ ေတာင္ေျခတဝိုက္မွာသာ ရွိေနသည္။ ခုနစ္ဌာန အပါ အဝင္ ကုသိုလ္ေတာ္ႀကီး ဘုရား၊ အတုမရွိ ေက်ာင္းေတာ္ႀကီး၊ ပိဋကတ္တိုက္၊ ပ႒ာန္းသိမ္ေတာ္၊ သုဓမၼာဇရပ္မ်ား ေဆာက္လုပ္ဆဲျဖစ္သည္။

ထို႔အနီး၌ ေက်ာက္ေတာ္ႀကီး ဘုရား ထုလုပ္ေနသည္။ စံေက်ာင္းေတာ္ ေဆာက္ေနသည္။ မႏၲေလး ေတာင္ေပၚ ဘုရား (အေနာ္ရထာ၏ ဆုေတာင္းျပည့္) ႏွင့္ ဗ်ာဒိတ္ၫႊန္း ႐ုပ္ပြားေတာ္ႀကီးမ်ား၊ ေစာင္းတန္းမ်ား ေဆာက္လုပ္ေနသည္။

ဤသို႔ နည္းျဖင့္ ရန္ကင္းေတာင္ေျခ သြား၍ ၿမိဳ႕သာကုန္း အရပ္တြင္ ယာယီစံနန္း ေဆာက္ကာ ကုသိုလ္ေတာ္ ေက်ာက္ ေစတီႀကီး တည္ရန္ စီစဥ္ခဲ့ေသးေၾကာင္း မွတ္သားရေလသည္။

မင္းတုန္းမင္းသည္ ၁၂၂၈ ခု ဒုတိယဝါဆို လျပည့္ေက်ာ္ ၇ ရက္ေန႕တြင္ ပြဲေတာ္ေဆာင္မွ သားေတာ္ မကၡရာ မင္းသား၊ အေနာက္ဝန္ ရပ္ေစာက္ၿမိဳ႕စား၊ လွိုင္းတက္ၿမိဳ႕စား၊ ဘုန္းေတာ္ျဖစ္ ေသနတ္ဗိုလ္ ကိုယ္ရံေတာ္၊ စားေတာ္ကြမ္း၊ ေရ ထီး ဓား လက္စြဲ ႐ုံးမိသမွ် လူ ၄၀ ေက်ာ္ ၅၀ ခန႔္ နန္းမေတာ္ မိဖုရားေခါင္ႀကီး၊ မင္းမိဖုရား သားေတာ္ သမီးေတာ္တို႔ပါ စံနန္းေတာ္ အေနာက္တံခါးသို႔ ထြက္လာၾကသည္။

ဝင္းေတာ္ျပင္ ေရာက္ရာ ျမင္ကြန္း၊ ျမင္းခုံတိုင္ စားတို႔က လုပ္ႀကံရန္ အေစာင့္ထားသူ ငပိုက္ႀကီးကို ေတြ႕ၾကသည္။ ငပိုက္ႀကီး မလုပ္ႀကံဝံ့၍ မင္းတုန္းမင္းအား ထမ္း၍ ျမင္းရွိရာသို႔ ပို႔လွ်င္ မင္းတုန္းမင္းလည္း ၿမိဳ႕ေျမာက္ မ်က္မန္းဦး တံခါးမွ ေ႐ႊနန္းေတာ္ သို႔ ဝင္ေလသည္။

ထိုေန႕ထိုရက္က ျမင္ကြန္း၊ ျမင္းခုံတိုင္တို႔ အေရးေတာ္ပုံကို မႏၲေလးေတာင္ အေရွ႕ သီလရွင္ဆရာ မယ္ကင္းေခ်ာင္မွ ဆီး၍ ၾကည့္ပါလွ်င္ နန္းေတာ္သူ နန္းေတာ္သားမ်ား သတ္ၾက၊ ခုတ္ၾက၊ ေျပးၾက၊ လႊားၾကသည္မ်ားကို အတိုင္းသား ျမင္ရနိုင္ေလသည္။

ျမင္ကြန္း၊ ျမင္းခုံတိုင္ စားတို႔သည္ ထိုေန႕ထိုရက္၌ နန္းေျမဘုံသာ စံနန္းေတာ္ ေတာင္ေန အိမ္ဝင္းက လူဆိုးလူသြမ္း တို႔ကို ေပါင္းသင္းစု႐ုံး စည္းၾကပ္ အရက္ေသစာ တိုက္လ်က္ ရွိသည္။

တဖန္ ေ႐ႊၿမိဳ႕ေတာ္ႀကီး ေတာင္မ်က္ႏွာ ေဟာ္ကုန္းအရပ္မွ မီးထင္း ရွို႔ျပ၍ လူ ၄၀ ေက်ာ္ ၅၀ ခန႔္ ဓားလြတ္ကိုယ္ေစ့ႏွင့္ ျမင္ကြန္း ျမင္းခုံတိုင္တို႔ ဦးစီးကာ နန္းေတာ္၊ လႊတ္ေတာ္မ်ားဆီကို ဝင္လာၾကသည္။

အိမ္ေရွ႕ ကေနာင္မင္းသည္ လႊတ္ေတာ္၌တက္ရာ လက္သုံးေတာ္ ဓား၊ လွံ၊ ေသနတ္မွစ၍ ေနာက္ပါ ကြၽန္ေတာ္မ်ိဳး မ်ား ကို စံနန္းေတာ္ဝင္းျပင္ အုတ္ဇရပ္မွာ ထားခဲ့ရေလသည္။ ေရွာင္တခင္ျဖစ္၍ တဲႀကီးက ဆင္းသြားသည္တြင္ လႊတ္ေတာ္ ေတာင္ေလွကား အနီး၌ ငျဖဴသီး လုပ္ႀကံ၍ နတ္႐ြာစံသည္။

ျမေတာင္ၿမိဳ႕စား ေသနတ္ဝန္ႀကီးလည္း သူပုန္တို႔ ဓားခ်က္ႏွင့္ ဆုံးသည္။ ေလာင္းရွည္ၿမိဳ႕စား ဝန္ႀကီး၊ လက္ဝဲဝင္းမႉး ေျမဒူးၿမိဳ႕စား လယ္ဝန္သံေတာ္ဆင့္၊ နားခံ ငျပားႀကီး၊ ငရနဲေခၚ သႏၲီ ႏွစ္ၿမိဳ႕အုပ္တို႔ႏွင့္ လူအမ်ားမွာ သူပုန္တို႔ ဓားထိ ျခင္း ခံရသည္။

ဝန္ေထာက္ၿမိဳ႕သစ္ၿမိဳ႕စား မိုးနဲ ဗိုလ္မႉး၊ ဝန္ေထာက္ ပုပၸားၿမိဳ႕စား၊ ေက်ာက္ရဲၿမိဳ႕စား၊ ၿမိဳ႕ဝန္၊ ၿမိဳ႕သာ ၿမိဳ႕စား၊ၿမိဳ႕ဝန္၊ သစ္ေတာဝန္၊ က်ီဝန္၊ ဆင္ဝန္၊ ပင္းတလဲဝန္၊ ေတာင္ငူရမည္သင္း ႏွစ္ၿမိဳ႕ဝန္ တို႔မွစ၍ မႉးေတာ္မတ္ေတာ္ တို႔လည္း ကိုယ္လြတ္ေရွာင္ရွား ထြက္ေျပးၾကသည္။

သားေတာ္ မလြန္မင္းသား၊ ျပင္စည္မင္းသား၊ စကုမင္းသား တို႔ကိုလည္း အိမ္ေရွ႕မင္း အမိန႔္ေတာ္ႏွင့္ဆို၍ ထင္ေယာင္ ထင္မွား ျပဳလုပ္ လူေစလႊတ္ေခၚၿပီး စံနန္းေတာ္ လက္ယာဝင္း တံခါးျပင္၌ လုပ္ႀကံ အသတ္ခံရသည္။

သူပုန္လူ ၄၀ ေက်ာ္ႏွင့္ ျမင္ကြန္းစား၊ ျမင္းခုံတိုင္စားတို႔လည္း တံခါးနီက အတင္းဝင္ၿပီး “နန္းေျမဘုံသာ စံနန္းေတာ္” သို႔ တက္ၾကသည္။ ေရွ႕ဝင္းမႉး သူရဲဝန္၊ ေတာင္ဒဝယ္ဗိုလ္၊ ကင္းဝန္တို႔လည္း ခုခံၾကရာ စံနန္းေတာ္ထက္ ဦးလည္ျပန္ ေသြးသံတခ်င္းႏွင့္ ေသဆုံးၾကသည္။

ကေနာင္မင္းသား၏ ေက်းကြၽန္မ်ားလည္း သူတို႔၏ သခင္ကို အႏွံ႕ရွာေဖြရန္ စံနန္းေတာ္တံခါးမွ ဝင္လာၾကရာ၊ ျမင္ကြန္း မင္းသားႏွင့္ သူပုန္တို႔လည္း ထြက္ေျပးကာ က်ဳံးအတြင္း ေ႐ႊၿမိဳ႕ေတာ္ ဦးထိပ္တံခါးကို ဖြင့္၍ ေ႐ြးေတာ္ယူ တံခါးကို ေဖာက္ၾက ျပန္သည္။

ထိုမွတဆင့္ သစ္တပ္တြင္းသို႔ ဝင္ေရာက္နိုင္ၿပီး နန္းၿမိဳ႕တြင္း လႊတ္ေတာ္တြင္ ရွိေနၾကေသာ မေကြးၿမိဳ႕စား ဝန္ႀကီး သတိုးမင္းႀကီး မဟာမင္းလွသီဟသူ၊ ဝန္ေထာက္ ေက်ာက္ရဲၿမိဳ႕စား မင္းႀကီးမင္းေခါင္ မဟာသီဟသူ၊ ဝန္ေထာက္ အသည္ဝန္ မဟာသီဟသူရ တို႔လည္း ဖမ္းမိကာ ခ်ည္ေႏွာင္ ခံေနၾကရသည္။

သူပုန္တို႔ တံခါးနီေတာ္ကို ပြင့္ေအာင္ ႀကိဳးစားေသာ္လည္း မရ။ မင္းတုန္း မင္းတရားႀကီးလည္း “ငါ့ကို ရန္မျပဳႏွင့္” ဟူ ေသာ အမိန႔္ေတာ္ စာပုရပိုက္ကို ပဝါနီ ရစ္ပတ္ၿပီး ျမင္ကြန္း၊ ျမင္းခုံတိုင္စားတို႔ မယ္ေတာ္ ေတာင္ေ႐ႊေရး မိဖုရားအား သြားေရာက္ ေပးေစသည္။

ျမင္ကြန္း သူပုန္တို႔စီးထားေသာ လႊတ္ေတာ္သို႔ အိမ္ေရွ႕မႈထမ္းမ်ားက ဝင္ေရာက္ တိုက္ျပန္ရာ၊ ျမင္ကြန္းစား ညီအစ္ကို ႏွင့္ သူပုန္တပ္ကို မရပ္မေနနိုင္။ သူပုန္တို႔ ေသေက်ပ်က္စီးကာ ထြက္ေျပးရေလသည္။ တဖန္ နန္းေတာ္ အေနာက္ တံခါး သို႔ လာ၍ တိုက္ခိုက္ျပန္ရာတြင္လည္း ေသေက် ပ်က္စီးမ်ား၍ ေ႐ႊၿမိဳ႕ေတာ္ ေတာင္မ်က္ႏွာ ရန္နည္းတံခါးက ထြက္ ၍ ဧရာဝတီျမစ္ ဆိပ္ကမ္းတြင္ ဆိုက္ထားေသာ “ေရနန္းစၾကာ” မင္းသေဘၤာကို ယူၿပီး စုန္ဆင္း ေျပးၾက ေလေတာ့ သည္။

ဤသို႔ မေမ့နိုင္ေသာ ၁၂၂၈ ခု အေရးေတာ္သည္ကား မည္သို႔ေသာ သူမ်ား၏ ပေယာဂေၾကာင့္ ျဖစ္ရပါသနည္း။ အခါေပး ဦးပုညေၾကာင့္ခ်ည္းကား ေဗဒင္ႏွင့္ ဆက္စပ္ ေတြးေန၍ မျဖစ္ေတာ့ေခ်။

၁၉၄၇ ခု ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတို႔၏ လုပ္ႀကံမႈကို ဖန္တီးသူတို႔ကား မည္သူတို႔နည္း။ နယ္ခ်ဲ့၏ ပေယာဂ ျဖစ္ေၾကာင္း အထင္အရွား ေတြ႕ခဲ့ၾကၿပီ။

၁၂၂၈ ခုႏွစ္အတြင္း မႏၲေလး နန္းတြင္းေရး၌ ဆာ အာသာဖယ္ရာ တို႔သည္ ေအာက္ျမန္မာျပည္ ရန္ကုန္ၿမိဳ႕မွ မည္မွ် စက္ပုန္း ခုတ္၍ ႀကံစည္ေနၾကေပမည္နည္း။ ေဒါက္တာ ဝီလ်ံတို႔လည္း မႏၲေလးတြင္ ေရာက္လ်က္ ရွိေလၿပီ။ ေနာက္ပိုင္း ၌ ျမင္ကြန္းႏွင့္ ျမင္းခုံတိုင္စားတို႔အား အဂၤလိပ္တို႔ ကူညီေနပုံမ်ားကို ေတြ႕ရျခင္းပင္ နယ္ခ်ဲ့၏ ပေယာဂ မကင္းနိုင္ ပုံကို ရိပ္စားဖြယ္ ရွိေလသည္။

အိမ္ေရွ႕ ကေနာင္ မင္းသားႀကီး၏ စြမ္းရည္မ်ားကိုကား မခ်ဲ့ၿပီ။ ထိုစဥ္က အိမ္ေရွ႕ ကေနာင္မင္းသား က်ဆဳံးသည့္ အတြက္ ျမန္မာမ်ား ဆုံးရႈံး နစ္နာခဲ့ရဘိသို႔ ဗိုလ္ခ်ဳပ္တို႔ ၁၉၄၇ ခု ဇူလိုင္လ ၁၉ ရက္ေန႕ က်ဆဳံးသည္မွာ ျမန္မာ့အတြက္ ဆုံးရႈံးနစ္နာခဲ့ရသည္။ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ခ်ီတက္ရာ နယ္ခ်ဲ့ကို သတိျပဳရာသည္။  ။

ဤေဆာင္းပါးကို ရာျပည့္ စာအုပ္တိုက္က ထုတ္ေဝေသာ ဦးေမာင္ေမာင္တင္ (မဟာဝိဇၹာ) ေရးသား ျပဳစုသည့္ “ျမန္မာမင္း လက္ထက္ေတာ္ စာတမ္းမ်ား”စာအုပ္မွ ကူးယူ ေဖာ္ျပပါသည္။

[Unicode]

သမိုင်းတွင် မမေ့နိုင်သောနေ့

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်၊ လူမသမာတစု၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ် အောင်ဆန်း နှင့်တကွ မြန်မာ့ ခေါင်းဆောင်ကြီးများ ကျဆုံးသောနေ့ကို မေ့မရသကဲ့သို့ ကျနော့်အဖို့ သက္ကရာဇ် ၁၂၂၈ ခု ဒုတိယဝါဆို လပြည့်ကျော် ၇ ရက် ကြာသပတေးနေ့ (၂၊ ၈၊ ၁၈၆၆) နေ့ နှစ်ချက်တီးခန့် အချိန်၊ မန္တလေး တောင်ခြေ နန်းမြေဘုံသာ စံနန်းတော် လွှတ်တော်အနီး တဲကြီးတွင် အိမ်ရှေ့ကနောင်မင်းနှင့်တကွ မြန်မာ မှူးကြီးမတ်ကြီး အချို့ အား မြင်ကွန်းစားနှင့် မြင်းခုံတိုင်စားတို့ လုပ်ကြံသော နေ့ကိုလည်း မေ့၍ မရနိုင်ပါ။

နန်းမြေဘုံသာ စံနန်းတော်၏ ပုံ၊ လွှတ်တော်၏ ပုံ၊ မြင်ကွန်းမင်းသား၏ ဝင်းပုံများပါသော ရှေးဟောင်း မြေပုံတခုကို မန္တလေးမြို့ ပုဂံအတွင်းဝန်မင်း ကျောင်းတိုက် ဆရာတော် ဦးပညာဝံသထံမှ တွေ့ရှိ လေ့လာခွင့် ရရှိသောအခါ၊ ထိုနေ့ ထိုရက်က ဖြစ်ပျက်ခဲ့ပုံများကို မျက်ဝါးထင်ထင်မြင်ရဘိသကဲ့သို့ ထင်မြင်လာပါသည်။

ကနောင်မင်းသား ကျဆုံးသောနေရာ အတိအကျကို မြေပုံအရ မန္တလေးတောင်ခြေသို့ ကွင်းဆင်း သုတေသန ရှာမှီးခဲ့ သည်။

လွှတ်တော်ဝင်း နေရာသည် မန္တလေး တောင်ခြေ၊ ရွှေနန်းတော် ကျောင်းများရှိရာ၏ တောင်ဘက်၊ ယခု ရွာသာယာ ဟူ၍ လည်းခေါ်သော အကွက်အမှတ် ၅၄ စီဝိုင် ၉ နေရာဖြစ်သည်။ လွှတ်တော်၏ မြောက်တွင် မြင်ကွန်းမင်းသား ဝင်း ရှိ၍ အနောက်တွင် မယ်တော်ဘုရား ဝင်းရှိသည်။

နန်းမြေဘုံသာ စံနန်းတော် နေရာသည်ကား ယခု စန္ဒာမုနိဘုရား တည်ထားသောနေရာဖြစ်၍ ထိုစံနန်းတော်၏ တောင် ဘက်တွင် နန်းမတော် ဘုရားဝင်း၊ မြောက်နန်းတော် ဘုရားဝင်း၊ အနောက်နန်းတော် ဘုရားဝင်းဟူ၍ အရှေ့-အနောက် စဉ်လျက်ရှိသည်။

ကနောင်မင်းသား ကျဆုံးသော နေရာမှာ ကုန်းဘောင် ရာဇာဝင်ကြီး အလိုအရ “လွှတ်တော် တောင်လှေကား အနီး မြင်ကွန်းစား လူ ငဖြူသီး လုပ်ကြံ၍ နတ်ရွာစံသည်” ဟု ဖော်ပြထားသည်။

ထို့နောက် သက္ကရာဇ် ၁၂၂၈ ခု ဒုတိယဝါဆို လပြည့်ကျော် ၉ ရက်နေ့ အိမ်ရှေ့မင်း အလောင်းကို နန်းမြေဘုံသာ စံနန်း တော် ဆောင်မတွင် ခေါင်းသွင်း၍ ထီးဖြူဝဲယာ လေးစင်းစီ အဆောင်အရွက် အစောင့်အနေများနှင့် ခင်းကျင်းထား သည်။

သက္ကရာဇ် ၁၂၂၉ ခု နယုန်လဆန်း ၅ ရက်နေ့ နန်းမြေဘုံသာ စံနန်းတော်ဆောင်မကို ဖျက်သိမ်း၍ အိမ်ရှေ့မင်း အလောင်း သဂြိုဟ်ရန် အုတ်ဂူ၊ ယင်းအနီး မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ သဂြိုဟ်ရန် အုတ်ဂူ တည်ပြီးလျှင် ယင်းဂူများတွင် အိမ်ရှေ့မင်း အလောင်း၊ မင်းသားများ အလောင်းကို ခေါင်းနှင့်တကွ ဝန်ထောက် စာရေး ကြီး လွှတ်တော်အဇာရှိ မှူးမတ်တော် မင်းဆွေမင်းမျိုးတို့ ကြပ်မတ်၍ သွင်းထားရသည်။

ယင်းသို့ ဂူအရှေ့နှစ်တောင်အကွာတွင် စန္ဒာမုနိဘုရား ကိန်းဝပ်ရန် ပလ္လင်ခံ၍ တည်သည်။ အုတ်ဂူများအပေါ် အုတ်ရိုး စေတီ တည်ထားသည်။

ဤကား ကနောင်မင်းသား ကျဆုံးရာနှင့် သဂြိုဟ်ရာ နေရာများ သုတေသန လာရောက်ပြုသူများနှင့် အချို့သော ပုဂ္ဂိုလ် များသည် ကနောင်မင်းသားတို့အား လုပ်ကြံသည်ကို အုတ်မြို့ရိုးအတွင်းရှိ လွှတ်တော်နှင့် နန်းတော်ကြီးမှာ ဟု အထင် ရှိတတ်လေသည်။

မင်းတုန်း မင်းတရားကြီးသည် သက္ကရာဇ် ၁၂၂၄ ခု နှောင်းတန်ခူး လပြည့်ကျော် ၅ ရက်နေ့မှ စ၍ နန်းမြေဘုံသာ စံနန်း တော်သို့ ထွက်၍နေသည်။ ဗေဒင်ကြောင့်သာ ပြင်ပထွက်နေသည်ဟု ယူဆရန် မရှိချေ။

မင်းတုန်းမင်းကြီး၏ လုပ်ငန်းများသည်ကား မန္တလေးတောင်နှင့် တောင်ခြေတဝိုက်မှာသာ ရှိနေသည်။ ခုနစ်ဌာန အပါ အဝင် ကုသိုလ်တော်ကြီး ဘုရား၊ အတုမရှိ ကျောင်းတော်ကြီး၊ ပိဋကတ်တိုက်၊ ပဋ္ဌာန်းသိမ်တော်၊ သုဓမ္မာဇရပ်များ ဆောက်လုပ်ဆဲဖြစ်သည်။

ထို့အနီး၌ ကျောက်တော်ကြီး ဘုရား ထုလုပ်နေသည်။ စံကျောင်းတော် ဆောက်နေသည်။ မန္တလေး တောင်ပေါ် ဘုရား (အနော်ရထာ၏ ဆုတောင်းပြည့်) နှင့် ဗျာဒိတ်ညွှန်း ရုပ်ပွားတော်ကြီးများ၊ စောင်းတန်းများ ဆောက်လုပ်နေသည်။

ဤသို့ နည်းဖြင့် ရန်ကင်းတောင်ခြေ သွား၍ မြို့သာကုန်း အရပ်တွင် ယာယီစံနန်း ဆောက်ကာ ကုသိုလ်တော် ကျောက် စေတီကြီး တည်ရန် စီစဉ်ခဲ့သေးကြောင်း မှတ်သားရလေသည်။

မင်းတုန်းမင်းသည် ၁၂၂၈ ခု ဒုတိယဝါဆို လပြည့်ကျော် ၇ ရက်နေ့တွင် ပွဲတော်ဆောင်မှ သားတော် မက္ခရာ မင်းသား၊ အနောက်ဝန် ရပ်စောက်မြို့စား၊ လှိုင်းတက်မြို့စား၊ ဘုန်းတော်ဖြစ် သေနတ်ဗိုလ် ကိုယ်ရံတော်၊ စားတော်ကွမ်း၊ ရေ ထီး ဓား လက်စွဲ ရုံးမိသမျှ လူ ၄၀ ကျော် ၅၀ ခန့် နန်းမတော် မိဖုရားခေါင်ကြီး၊ မင်းမိဖုရား သားတော် သမီးတော်တို့ပါ စံနန်းတော် အနောက်တံခါးသို့ ထွက်လာကြသည်။

ဝင်းတော်ပြင် ရောက်ရာ မြင်ကွန်း၊ မြင်းခုံတိုင် စားတို့က လုပ်ကြံရန် အစောင့်ထားသူ ငပိုက်ကြီးကို တွေ့ကြသည်။ ငပိုက်ကြီး မလုပ်ကြံဝံ့၍ မင်းတုန်းမင်းအား ထမ်း၍ မြင်းရှိရာသို့ ပို့လျှင် မင်းတုန်းမင်းလည်း မြို့မြောက် မျက်မန်းဦး တံခါးမှ ရွှေနန်းတော် သို့ ဝင်လေသည်။

ထိုနေ့ထိုရက်က မြင်ကွန်း၊ မြင်းခုံတိုင်တို့ အရေးတော်ပုံကို မန္တလေးတောင် အရှေ့ သီလရှင်ဆရာ မယ်ကင်းချောင်မှ ဆီး၍ ကြည့်ပါလျှင် နန်းတော်သူ နန်းတော်သားများ သတ်ကြ၊ ခုတ်ကြ၊ ပြေးကြ၊ လွှားကြသည်များကို အတိုင်းသား မြင်ရနိုင်လေသည်။

မြင်ကွန်း၊ မြင်းခုံတိုင် စားတို့သည် ထိုနေ့ထိုရက်၌ နန်းမြေဘုံသာ စံနန်းတော် တောင်နေ အိမ်ဝင်းက လူဆိုးလူသွမ်း တို့ကို ပေါင်းသင်းစုရုံး စည်းကြပ် အရက်သေစာ တိုက်လျက် ရှိသည်။

တဖန် ရွှေမြို့တော်ကြီး တောင်မျက်နှာ ဟော်ကုန်းအရပ်မှ မီးထင်း ရှို့ပြ၍ လူ ၄၀ ကျော် ၅၀ ခန့် ဓားလွတ်ကိုယ်စေ့နှင့် မြင်ကွန်း မြင်းခုံတိုင်တို့ ဦးစီးကာ နန်းတော်၊ လွှတ်တော်များဆီကို ဝင်လာကြသည်။

အိမ်ရှေ့ ကနောင်မင်းသည် လွှတ်တော်၌တက်ရာ လက်သုံးတော် ဓား၊ လှံ၊ သေနတ်မှစ၍ နောက်ပါ ကျွန်တော်မျိုး များ ကို စံနန်းတော်ဝင်းပြင် အုတ်ဇရပ်မှာ ထားခဲ့ရလေသည်။ ရှောင်တခင်ဖြစ်၍ တဲကြီးက ဆင်းသွားသည်တွင် လွှတ်တော် တောင်လှေကား အနီး၌ ငဖြူသီး လုပ်ကြံ၍ နတ်ရွာစံသည်။

မြတောင်မြို့စား သေနတ်ဝန်ကြီးလည်း သူပုန်တို့ ဓားချက်နှင့် ဆုံးသည်။ လောင်းရှည်မြို့စား ဝန်ကြီး၊ လက်ဝဲဝင်းမှူး မြေဒူးမြို့စား လယ်ဝန်သံတော်ဆင့်၊ နားခံ ငပြားကြီး၊ ငရနဲခေါ် သန္တီ နှစ်မြို့အုပ်တို့နှင့် လူအများမှာ သူပုန်တို့ ဓားထိ ခြင်း ခံရသည်။

ဝန်ထောက်မြို့သစ်မြို့စား မိုးနဲ ဗိုလ်မှူး၊ ဝန်ထောက် ပုပ္ပားမြို့စား၊ ကျောက်ရဲမြို့စား၊ မြို့ဝန်၊ မြို့သာ မြို့စား၊မြို့ဝန်၊ သစ်တောဝန်၊ ကျီဝန်၊ ဆင်ဝန်၊ ပင်းတလဲဝန်၊ တောင်ငူရမည်သင်း နှစ်မြို့ဝန် တို့မှစ၍ မှူးတော်မတ်တော် တို့လည်း ကိုယ်လွတ်ရှောင်ရှား ထွက်ပြေးကြသည်။

သားတော် မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသား တို့ကိုလည်း အိမ်ရှေ့မင်း အမိန့်တော်နှင့်ဆို၍ ထင်ယောင် ထင်မှား ပြုလုပ် လူစေလွှတ်ခေါ်ပြီး စံနန်းတော် လက်ယာဝင်း တံခါးပြင်၌ လုပ်ကြံ အသတ်ခံရသည်။

သူပုန်လူ ၄၀ ကျော်နှင့် မြင်ကွန်းစား၊ မြင်းခုံတိုင်စားတို့လည်း တံခါးနီက အတင်းဝင်ပြီး “နန်းမြေဘုံသာ စံနန်းတော်” သို့ တက်ကြသည်။ ရှေ့ဝင်းမှူး သူရဲဝန်၊ တောင်ဒဝယ်ဗိုလ်၊ ကင်းဝန်တို့လည်း ခုခံကြရာ စံနန်းတော်ထက် ဦးလည်ပြန် သွေးသံတချင်းနှင့် သေဆုံးကြသည်။

ကနောင်မင်းသား၏ ကျေးကျွန်များလည်း သူတို့၏ သခင်ကို အနှံ့ရှာဖွေရန် စံနန်းတော်တံခါးမှ ဝင်လာကြရာ၊ မြင်ကွန်း မင်းသားနှင့် သူပုန်တို့လည်း ထွက်ပြေးကာ ကျုံးအတွင်း ရွှေမြို့တော် ဦးထိပ်တံခါးကို ဖွင့်၍ ရွေးတော်ယူ တံခါးကို ဖောက်ကြ ပြန်သည်။

ထိုမှတဆင့် သစ်တပ်တွင်းသို့ ဝင်ရောက်နိုင်ပြီး နန်းမြို့တွင်း လွှတ်တော်တွင် ရှိနေကြသော မကွေးမြို့စား ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှသီဟသူ၊ ဝန်ထောက် ကျောက်ရဲမြို့စား မင်းကြီးမင်းခေါင် မဟာသီဟသူ၊ ဝန်ထောက် အသည်ဝန် မဟာသီဟသူရ တို့လည်း ဖမ်းမိကာ ချည်နှောင် ခံနေကြရသည်။

သူပုန်တို့ တံခါးနီတော်ကို ပွင့်အောင် ကြိုးစားသော်လည်း မရ။ မင်းတုန်း မင်းတရားကြီးလည်း “ငါ့ကို ရန်မပြုနှင့်” ဟူ သော အမိန့်တော် စာပုရပိုက်ကို ပဝါနီ ရစ်ပတ်ပြီး မြင်ကွန်း၊ မြင်းခုံတိုင်စားတို့ မယ်တော် တောင်ရွှေရေး မိဖုရားအား သွားရောက် ပေးစေသည်။

မြင်ကွန်း သူပုန်တို့စီးထားသော လွှတ်တော်သို့ အိမ်ရှေ့မှုထမ်းများက ဝင်ရောက် တိုက်ပြန်ရာ၊ မြင်ကွန်းစား ညီအစ်ကို နှင့် သူပုန်တပ်ကို မရပ်မနေနိုင်။ သူပုန်တို့ သေကျေပျက်စီးကာ ထွက်ပြေးရလေသည်။ တဖန် နန်းတော် အနောက် တံခါး သို့ လာ၍ တိုက်ခိုက်ပြန်ရာတွင်လည်း သေကျေ ပျက်စီးများ၍ ရွှေမြို့တော် တောင်မျက်နှာ ရန်နည်းတံခါးက ထွက် ၍ ဧရာဝတီမြစ် ဆိပ်ကမ်းတွင် ဆိုက်ထားသော “ရေနန်းစကြာ” မင်းသင်္ဘောကို ယူပြီး စုန်ဆင်း ပြေးကြ လေတော့ သည်။

ဤသို့ မမေ့နိုင်သော ၁၂၂၈ ခု အရေးတော်သည်ကား မည်သို့သော သူများ၏ ပယောဂကြောင့် ဖြစ်ရပါသနည်း။ အခါပေး ဦးပုညကြောင့်ချည်းကား ဗေဒင်နှင့် ဆက်စပ် တွေးနေ၍ မဖြစ်တော့ချေ။

၁၉၄၇ ခု ဗိုလ်ချုပ် အောင်ဆန်းတို့၏ လုပ်ကြံမှုကို ဖန်တီးသူတို့ကား မည်သူတို့နည်း။ နယ်ချဲ့၏ ပယောဂ ဖြစ်ကြောင်း အထင်အရှား တွေ့ခဲ့ကြပြီ။

၁၂၂၈ ခုနှစ်အတွင်း မန္တလေး နန်းတွင်းရေး၌ ဆာ အာသာဖယ်ရာ တို့သည် အောက်မြန်မာပြည် ရန်ကုန်မြို့မှ မည်မျှ စက်ပုန်း ခုတ်၍ ကြံစည်နေကြပေမည်နည်း။ ဒေါက်တာ ဝီလျံတို့လည်း မန္တလေးတွင် ရောက်လျက် ရှိလေပြီ။ နောက်ပိုင်း ၌ မြင်ကွန်းနှင့် မြင်းခုံတိုင်စားတို့အား အင်္ဂလိပ်တို့ ကူညီနေပုံများကို တွေ့ရခြင်းပင် နယ်ချဲ့၏ ပယောဂ မကင်းနိုင် ပုံကို ရိပ်စားဖွယ် ရှိလေသည်။

အိမ်ရှေ့ ကနောင် မင်းသားကြီး၏ စွမ်းရည်များကိုကား မချဲ့ပြီ။ ထိုစဉ်က အိမ်ရှေ့ ကနောင်မင်းသား ကျဆုံးသည့် အတွက် မြန်မာများ ဆုံးရှုံး နစ်နာခဲ့ရဘိသို့ ဗိုလ်ချုပ်တို့ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ ကျဆုံးသည်မှာ မြန်မာ့အတွက် ဆုံးရှုံးနစ်နာခဲ့ရသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ချီတက်ရာ နယ်ချဲ့ကို သတိပြုရာသည်။  ။

ဤဆောင်းပါးကို ရာပြည့် စာအုပ်တိုက်က ထုတ်ဝေသော ဦးမောင်မောင်တင် (မဟာဝိဇ္ဖာ) ရေးသား ပြုစုသည့် “မြန်မာမင်း လက်ထက်တော် စာတမ်းများ”စာအုပ်မှ ကူးယူ ဖော်ပြပါသည်။

Credit : Irrawaddy

Leave a Reply

Your email address will not be published. Required fields are marked *