ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း

မြန်မာပြည်မှ အိုင်းရစ်လူမျိး ရဟန်း

[Zawgyi]

ျမန္မာႏိုင္ငံႏွင့္ အိုင္ယာလန္ႏိုင္ငံအၾကား ဆက္ဆံေရးသည္ သမိုင္းေၾကာင္း ရွည္ၾကာကာ စိတ္ဝင္စားဖြယ္ေကာင္းလွသည္။ အိုင္းရစ္လူမ်ိဳး (Irish) အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားစြာတို႔သည္ ျမန္မာအေရးကိစၥမ်ားတြင္ ပါဝင္ခဲ့ၾကသည္။ အထူးျခားဆုံး ပုဂၢိဳလ္တစ္ဦးမွာ ဦးဓမၼေလာက (အမည္ရင္း မသိရ) ျဖစ္သည္။ ယင္းကို ဒပ္ဘလင္ၿမိဳ႕ (Dublin) ရွိ ခ်ိဳ႕တဲ့ေသာ မိသားစုမွ ေမြးဖြားႀကီးျပင္းခဲ့ၿပီး ၁၈၅၆ ခုႏွစ္တြင္ အေမရိကန္သို႔ ေ႐ႊ႕ေျပာင္းေနထိုင္ခဲ့သည္။ အေမရိကားတေလွ်ာက္ ျဖတ္သန္းေပါက္ေရာက္သည့္ ပထမဦးဆုံးေသာ ရထားလမ္းမ်ားျဖင့္ ခရီးႏွင္လာရာ ဂ်ပန္သို႔ မီးသေဘၤာျဖင့္ ေရာက္ရွိခဲ့သည္။ ထ့ိုေနာက္ သီေပါမင္း ပါေတာ္မူခါနီး အခ်ိန္တြင္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိလာခဲ့သည္။ အတန္းပညာ မသင္ၾကားခဲ့ရေသာ္လည္း ဗုဒၶဘာသာကို ထူးထူးျခားျခား စိတ္ပါဝင္စားခဲ့ကာ ၁၈၉၀ ျပည့္ႏွစ္မ်ားတြင္ ရဟန္းဝတ္ခဲ့ၿပီး ပထမဦးဆုံးေသာ အေနာက္တိုင္းသား သံဃာတစ္ဦး ျဖစ္လာခဲ့သည္။ ေနာက္တြင္မူ ျမန္မာျပည္တစ္ဝန္း နာမည္ႀကီး လာခဲ့ၿပီး ေနာင္အခါ အာရွတစ္ဝွမ္းတြင္ တရားေဟာ ဆရာေတာ္၊ နယ္ခ်ဲ႕ဆန႔္က်င္သူႏွင့္ ခရစ္ယာန္သာသနာျပဳျခင္းကို ဆန႔္က်င္ခဲ့သူအျဖစ္ ထင္ရွားလာေလသည္။ (ၿဗိတိသွ်အစိုးရက နယ္ခ်ဲ႕ဆန႔္က်င္ေရးတရားေဟာေျပာသျဖင့္ ဖမ္းဆီးခဲ့သည္) ဆရာေတာ္သည္ စီယမ္ (Siam)၊ စင္ကာပူ၊ စီလုံု (Ceylon) ႏွင့္ ၾသစေၾတးလ်သို႔ပင္ ခရီးဆန႔္ခဲ့ေသးသည္။ ရန္ကုန္ၿမိဳ႕တြင္ ဆယ္စုႏွစ္မ်ားစြာ သီတင္းသုံးခဲ့ၿပီး ၁၉၁၅ ခုႏွစ္ဝန္းက်င္တြင္ မေပ်ာက္ခ်င္းမလွ ေပ်ာက္သြားခဲ့သည္။

[Unicode]

မြန်မာပြည်မှ အိုင်းရစ်လူမျိး ရဟန်း

မြန်မာနိုင်ငံနှင့် အိုင်ယာလန်နိုင်ငံအကြား ဆက်ဆံရေးသည် သမိုင်းကြောင်း ရှည်ကြာကာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ အိုင်းရစ်လူမျိုး (Irish) အမျိုးသား၊ အမျိုးသမီးများစွာတို့သည် မြန်မာအရေးကိစ္စများတွင် ပါဝင်ခဲ့ကြသည်။ အထူးခြားဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ ဦးဓမ္မလောက (အမည်ရင်း မသိရ) ဖြစ်သည်။ ယင်းကို ဒပ်ဘလင်မြို့ (Dublin) ရှိ ချို့တဲ့သော မိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး ၁၈၅၆ ခုနှစ်တွင် အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ အမေရိကားတလျှောက် ဖြတ်သန်းပေါက်ရောက်သည့် ပထမဦးဆုံးသော ရထားလမ်းများဖြင့် ခရီးနှင်လာရာ ဂျပန်သို့ မီးသင်္ဘောဖြင့် ရောက်ရှိခဲ့သည်။ ထ့ိုနောက် သီပေါမင်း ပါတော်မူခါနီး အချိန်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ အတန်းပညာ မသင်ကြားခဲ့ရသော်လည်း ဗုဒ္ဓဘာသာကို ထူးထူးခြားခြား စိတ်ပါဝင်စားခဲ့ကာ ၁၈၉၀ ပြည့်နှစ်များတွင် ရဟန်းဝတ်ခဲ့ပြီး ပထမဦးဆုံးသော အနောက်တိုင်းသား သံဃာတစ်ဦး ဖြစ်လာခဲ့သည်။ နောက်တွင်မူ မြန်မာပြည်တစ်ဝန်း နာမည်ကြီး လာခဲ့ပြီး နောင်အခါ အာရှတစ်ဝှမ်းတွင် တရားဟော ဆရာတော်၊ နယ်ချဲ့ဆန့်ကျင်သူနှင့် ခရစ်ယာန်သာသနာပြုခြင်းကို ဆန့်ကျင်ခဲ့သူအဖြစ် ထင်ရှားလာလေသည်။ (ဗြိတိသျှအစိုးရက နယ်ချဲ့ဆန့်ကျင်ရေးတရားဟောပြောသဖြင့် ဖမ်းဆီးခဲ့သည်) ဆရာတော်သည် စီယမ် (Siam)၊ စင်ကာပူ၊ စီလုံု (Ceylon) နှင့် သြစတြေးလျသို့ပင် ခရီးဆန့်ခဲ့သေးသည်။ ရန်ကုန်မြို့တွင် ဆယ်စုနှစ်များစွာ သီတင်းသုံးခဲ့ပြီး ၁၉၁၅ ခုနှစ်ဝန်းကျင်တွင် မပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။

Credit : အေမ့ခံအတိတ္

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *