ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း

အရှေ့တိုင်းဒေဝီ တော်ဝင်နှင်းဆီ

 

[Zawgyi]

ပထမကမၻာစစ္မတိုင္မီ ဂ်ာမနီ အိမ္ေရွ႕မင္းသား အေရွ႕တိုင္းဘက္ဆီ တိုင္းခန္းလွည့္လည္ရင္း အိႏိၵယကိုေရာက္တယ္။ အိႏၵိယ လူ႔မလိုင္တို႔ တည္ေထာင္ထားရာ ကလပ္ကိုလည္း အလည္အပတ္သြားခဲ့တယ္။

အဲ့ဒီမွာ အိႏၵိယနဲ႔မတူတဲ့ အေရွ႕တိုင္းသူတေယာက္ကို ျမင္လိုက္ခ်ိန္မွာ “အို… လွလြန္းပါဘိ၊ အေရွ႕တိုင္းရဲ႕ ေတာ္ဝင္ႏွင္းဆီေပပဲ” လို႔ ႏႈတ္က တဖြဖြ ရြတ္ဆိုရေလာက္ေအာင္၊ ဂ်ာမနီရဲ႕အိမ္ေရွ႕မင္းသား ရာဇိေႁႏၵပ်က္ေလာက္ေအာင္ ေခ်ာေမာေျပျပစ္သူတဦး ရွိခဲ့ဖူးသတဲ့။

အဲ့ဒါကေတာ့ ျမန္မာ့ရာဇေသြး လင္းပင္ထိပ္တင္မလတ္ပါပဲ။ သူက ကေနာင္မင္းသားႀကီးရဲ႕ သားေတာ္တပါးျဖစ္တဲ့ လင္းပင္မင္းသားရဲ႕ သမီးေတာ္တပါးေပါ့။

အိမ္ေရွ႕စံ ကေနာင္မင္းႀကီးရဲ႕ ေျမးအရင္းႀကီးေပပဲ။ တကယ္ေတာ့ လင္းပင္မင္းသားဟာ ခမည္းေတာ္က ေနာင္ကြယ္လြန္ခ်ိန္မွာ ၇ ႏွစ္သားပဲ ရွိေသးတာ။ အရြယ္ေရာက္လာေတာ့ ျမင္းကြန္း၊ ျမင္းခုံတိုင္ ညီေနာင္ကို လက္စားေခ်ဖို႔ ရွမ္းျပည္ဘက္ထြက္ခြာၿပီး မၾကာမီအခ်ိန္မွာပဲ သီေပါဘုရင္နဲ႔ မိဘုရား ပါေတာ္မူေၾကာင္းသိတာနဲ႔ အဂၤလိပ္ကို ဆက္လက္ပုန္ကန္ေနတယ္။

ဒါေပမယ့္ ၁၈၈၇ ခုႏွစ္ထဲမွာေတာ့ အဂၤလိပ္နဲ႔ စစ္ေျပၿငိမ္းေရးစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ရတယ္။ စာခ်ဳပ္ ခ်ဳပ္ၿပီးတဲ့ေနာက္ အဂၤလိပ္တို႔က လင္းပင္မင္းသားကို အိႏၵိယပို႔လိုက္တာပဲ။

အိႏၵိယေရာက္တဲ့အခ်ိန္ထိ လင္းပင္ဟာ တကိုယ္တည္း ေနထိုင္ေနရဆဲပါ။ ေနာက္မွ အဂၤလိပ္တို႔က လင္းပင္ႏွစ္သက္တဲ့ ေရနံ႔သာခင္ခင္ႀကီးဆိုတဲ့ မင္းသမီးကို အိႏၵိယရွိ လင္းပင္မင္းသားထံ ပို႔ခဲ့တယ္။ အိႏၵိယမွာပဲ လင္းပင္မင္းသားနဲ႔ ေရနံ႔သာခင္ခင္ႀကီး လက္ထပ္ပြဲ က်င္းပရတာပါ။ အဲ့ဒီလက္ထပ္ပြဲကို ဗမာျပည္က စိန္ေဗဒါႀကီးကိုယ္တိုင္ ျမန္မာ့ဆိုင္းဝုိင္းနဲ႔ က်င္းပခဲ့တယ္လို႔ ဆိုပါတယ္။

သူတို႔ဇနီးေမာင္ႏွံကေန သားသမီး ၆ ေယာက္ ေမြးဖြားခဲ့တယ္။ သမီးသုံးေယာက္က လင္းပင္ထိပ္တင္မႀကီး၊ လင္းပင္ထိပ္တင္မလတ္နဲ႔ လင္းပင္ထိပ္တင္မေထြးတို႔ပဲ။ သားသမီးအားလုံးကေတာ့ အယ္ဟာဗတ္ (Allhabad) အထက္တန္းေက်ာင္းမွာ တက္ခဲ့တာ။ ထိပ္တင္မလတ္ရဲ႕အလွဟာ အထက္တန္းေက်ာင္းသာမက လူကုံထံေတြၾကားမွာ ေရပန္းအစားဆုံး ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

အဲ့ဒါကို သက္ေသထူဖို႔ကေတာ့ အေရွ႕တိုင္းဘက္ကို တိုင္းခန္းလွည့္လည္လာတဲ့ ဂ်ာမနီ အိမ္ေရွ႕မင္းသားရဲ႕ အေရွ႕တိုင္းရဲ႕ ေတာ္ဝင္ႏွင္းဆီ ဆိုတဲ့ ႐ုတ္တရက္ ႏႈတ္ထြက္စကားပဲေပါ့။

သူ႔ကို မ်က္ဝါးထင္ထင္ ႀကဳံေတြ႔ရသူ ၿဗိတိသွ်ႏိုင္ငံသား ေမာရစ္ေကာလစ္က “မလတ္ကား စာဖြဲ႔ရေလာက္ေအာင္ ေခ်ာေမာလွပသူျဖစ္သည္။ ပိုးထဘီအျပာ၊ အက်ႌအျဖဴတို႔ကို ဝတ္ဆင္ထားသည္။ အသားအေရမွာ ဝါဝင္းၿပီး ေရႊေရာင္ေတာက္ေနသည္ဟု ထင္ရသည္။ မ်က္လုံးအိမ္ႀကီးမ်ားမွာ ရႊန္းလဲ့ၿပီး အေရာင္ေတာက္ေနသည္။ ေျခဆစ္လက္ဆစ္တို႔မွာ သြယ္ေျပာင္းႏူးညံံ့သည္။” လို႔ ဆိုပါတယ္။

သူ႔ရဲ႕ သြင္ျပင္နဲ႔ပတ္သက္ၿပီး “႐ႈိက္ဖိုႀကီးငယ္ အသြယ္သြယ္ကို တင့္တယ္ေစမႈ၊ သိၾကားထုသို႔ ဆိုတဲ့ ေရွးစာဆိုမ်ား တင္စားခ်က္လိုပင္” လို႔ အခ်ိဳ႕က ဆိုၾကပါတယ္။ တကယ့္နန္းဆန္အလွပဲ ျဖစ္မွာပါ။

နယ္ႏွင္ခံ နန္းက်မင္းသားတို႔ရဲ႕ သဘာဝအတိုင္း တိုင္းႏိုင္ငံနဲ႔ေဝးရာမွာ ႀကီးျပင္းခဲ့ရတာဆိုေတာ့ ထိပ္တင္မလတ္ အရြယ္ေရာက္ခ်ိန္က အယ္ဟာဗတ္ၿမိဳ႕ေလးမွာ၊ အယ္ဟာဗတ္ အထက္တန္းေက်ာင္းမွာ ျမန္မာဆိုလို႔ သူတို႔ေမာင္ႏွမေတြပဲ ရွိတာကလား။

ဒီေတာ့ လူငယ္ဘာဝ မိမိနဲ႔အဆင့္တူတဲ့ နီေပါအိမ္ေရွ႕မင္းသားေလးနဲ႔ ခ်စ္ႀကိဳးသြယ္မိတာ ဆန္းသလား။ ဆန္းေနတာက သူတို႔ႏွစ္ဦး အိမ္ေထာင္ျပဳမွာကို အိမ္ေရွ႕မင္းသားဘက္ကေရာ၊ လင္းပင္မင္းသားႀကီးကပါ သေဘာတူဟန္ မရွိပါဘူး။ အခ်ိဳ႕အဆိုေတြကေတာ့ သေဘာမတူတဲ့ ၾကားထဲကပဲ သူတို႔ႏွစ္ဦး ေစ့စပ္ခဲ့တယ္လို႔ ဆိုပါတယ္။

နီေပါဘုရင္ဘက္က ျဗာဟၼဏ အယူဝါဒ ရွိသူေတြ။ ျမန္မာမင္းသမီးက ဗုဒၶဘာသာ။ ဟိုဘက္က မူးႀကီးမတ္ရာ ေဆြေတာ္မ်ိဳးေတာ္တို႔အားလုံး ဝိုင္းဝန္းကန္႔ကြက္ၾကေပါ့။ အဲ့ဒီလို အေခ်အတင္ လြန္ဆြဲေနခ်ိန္မွာပဲ မလတ္တို႔ ၁၉၂၁ ခုႏွစ္ထဲမွာ ျပည္ေတာ္ျပန္ခြင့္ ရခဲ့ပါၿပီ။ နီေပါမင္းသားရဲ႕ ဂယက္ေတြလည္း ပါေကာင္းပါမွာပါ။ ရန္ကုန္ေရာက္ေတာ့ သုံးဧကေလာက္က်ယ္တဲ့ ၿခံတခုနဲ႔ အလြန္ႀကီးမားတဲ့ အိမ္၊ ေႁခြရံသင္းပင္းနဲ႔တကြ အဂၤလန္အစိုးရက ထားေပးခဲ့တယ္။

မလတ္တို႔ အဲဒီအခ်ိန္က ေနခဲ့တဲ့ၿခံႀကီးက အရင္ တ႐ုတ္စာသင္ေက်ာင္း လုပ္ခဲ့ဖူးတဲ့ “နန္ယန္းေက်ာင္း” ဝန္းႀကီးပါပဲ။ စံအိမ္နာမည္ကိုေတာ့ ကုန္းေဘာင္ဆက္ပီပီ “ရတနာသိဃၤ” လို႔ ေပးထားတယ္။

ထိပ္တင္မလတ္နဲ႔ နီေပါမင္းသား လက္ထပ္ရက္နီးလာၿပီ။ ၁၉၁၅ ဇန္နဝါရီ ၂၄ ရက္ သူတို႔လက္ထပ္ဖို႔ရက္ပါ။ ဒါေပမယ့္ ၁၉၁၄၊ ဒီဇင္ဘာလမွာေတာ့ သတင္းဆိုးတခု ဝင္လာခဲ့ပါတယ္။

အဲ့ဒါကေတာ့ နန္းေတာ္အသိုင္းအဝိုင္းတခုလုံး ဝိုင္းဝန္းကန္႔ကြက္တဲ့ဒဏ္ မခံႏိုင္တဲ့အဆုံး မင္းသားေလးဟာ အဆိပ္ေသာက္ၿပီး ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားၿပီဆိုတဲ့ သတင္းပါ။ အခ်ိဳ႕မွတ္တမ္းေတြကေတာ့ အဆိပ္မိေသဆုံးတယ္လို႔ ဆိုပါတယ္။

ထိပ္တင္မလတ္ႏွင့္ သမီး ရတနာနတ္မယ္။ (ဓာတ္ပံု – Wikipedia)

ျမန္မာအသိုင္းအဝိုင္းမွာလည္း ပေဒသရာဇ္ဘုရင္စနစ္ကို ေမ့ေလ်ာ့သြားခဲ့ၾကၿပီ။ သူတို႔မိသားစုနဲ႔ ျမန္မာလူထု ကင္းေဝးသြားၾကၿပီ။ ေခတ္ေတြ အျမင္ေတြလည္း ေျပာင္းကုန္ပါၿပီ။ေခ်ာေမာလွပၿပီး အေရွ႕တိုင္းရဲ႕ ေတာ္ဝင္ႏွင္းဆီလို႔ အတင္စားခံရတဲ့ မလတ္တေယာက္ အခ်စ္ေရးမွာေတာ့ ကံမေကာင္းခဲ့ဟန္ပါပဲ။ ဘာသာအယူဝါဒတို႔ သားေကာင္ ျဖစ္ခဲ့ရတယ္လို႔ပဲ ဆိုရမလားပဲ။ ႏွစ္အတန္ၾကာထိ အထီးက်န္ခဲ့ရတယ္လို႔ ဆိုရမွာပါ။

ဒီလိုနဲ႔ ၁၉၂၈ ခုႏွစ္ထဲ အေရာက္မွာေတာ့ အာရွရဲ႕ ေတာ္ဝင္ႏွင္းဆီတေယာက္ ဘြတ္ကီဒိုင္ (ျမင္းပြဲဒိုင္) ဟားဘတ္ဘဲလာမီဆိုတဲ့ ၾသစေၾတးလ်ႏိုင္ငံသား အဂၤလိပ္လူမ်ိဳးနဲ႔ လက္ထပ္လိုက္ပါေတာ့တယ္။

ဖခင္ မိခင္ သေဘာမတူတဲ့ၾကားကပဲ မိမိကိုယ္တိုင္လည္း ဗုဒၶဘာသာကေန မကူးေျပာင္းသလို သားသမီးေတြကိုလည္း ဗုဒၶဘာသာ ျဖစ္ေစရပါ့မယ္ဆိုတဲ့ ကတိနဲ႔ လက္ထပ္ခဲ့တယ္လို႔ ဆိုၾကပါတယ္။

သူတို႔လက္ထပ္ပြဲရဲ႕ မွတ္ပုံတင္အရာရွိအျဖစ္ ေမာရစ္ေကာလစ္ကပဲ လုပ္ေဆာင္ေပးခဲ့တယ္လို႔ ေမာရစ္ေကာလစ္ရဲ႕ Trial in Burma မွာ ေဖာ္ျပထားပါတယ္။

ေနာက္ပိုင္းေတာ့ မလတ္ဟာ ေမၿမိဳ႕ကိုေျပာင္းၿပီး ေနထိုင္ခဲ့တယ္။ ေမၿမိဳ႕ေနအိမ္ကိုေတာ့ Rose View လို႔ အမည္ေပးတာကိုၾကည့္ရင္ ဂ်ာမနီအိမ္ေရွ႕မင္းသားရဲ႕ အေရွ႕တိုင္းရဲ႕ ေတာ္ဝင္ႏွင္းဆီ ဆိုတာကို အသိအမွတ္ ျပဳသြားေလသလားလို႔ ယူဆရဟန္ပါပဲ။

အဲ့ဒီမွာေတာ့ ေလးဆယ္ေက်ာ္မွ ကံေပၚဆိုသလိုပဲ အရြယ္လြန္မွ သမီးတေယာက္ ေမြးဖြားခဲ့တယ္။ အရြယ္လြန္မွရလို႔ နတ္ေပးတဲ့ကေလးဆိုတဲ့ အဓိပၸာယ္နဲ႔ ရတနာနတ္မယ္လို႔ ကင္ပြန္းတပ္ခဲ့တယ္။

ရတနာနတ္မယ္လို႔ အမည္ေပးခဲ့တဲ့ သမီးေလးဟာ ေနာင္ႏွစ္ေပါင္း ၄ဝ နီးပါးရွိတဲ့ အခ်ိန္မွာေတာ့ မဆလပါတီဥကၠ႒ႀကီး ဦးေနဝင္းရဲ႕ ပၪၥမေျမာက္မယားအျဖစ္ ေရာက္ရွိခဲ့ပါေတာ့တယ္။ မိခင္ျဖစ္သူ အေရွ႕တိုင္းေဒဝီ ေတာ္ဝင္ႏွင္းဆီ တပြင့္ကေတာ့  ၁၉၆၅ ခုႏွစ္မွာ ေႂကြလြင့္သြားခဲ့ပါၿပီ။

 

 

[Unicode]

ပထမကမ္ဘာစစ်မတိုင်မီ ဂျာမနီ အိမ်ရှေ့မင်းသား အရှေ့တိုင်းဘက်ဆီ တိုင်းခန်းလှည့်လည်ရင်း အိန္ဒိယကိုရောက်တယ်။ အိန္ဒိယ လူ့မလိုင်တို့ တည်ထောင်ထားရာ ကလပ်ကိုလည်း အလည်အပတ်သွားခဲ့တယ်။

အဲ့ဒီမှာ အိန္ဒိယနဲ့မတူတဲ့ အရှေ့တိုင်းသူတယောက်ကို မြင်လိုက်ချိန်မှာ “အို… လှလွန်းပါဘိ၊ အရှေ့တိုင်းရဲ့ တော်ဝင်နှင်းဆီပေပဲ” လို့ နှုတ်က တဖွဖွ ရွတ်ဆိုရလောက်အောင်၊ ဂျာမနီရဲ့အိမ်ရှေ့မင်းသား ရာဇိန္ဒြေပျက်လောက်အောင် ချောမောပြေပြစ်သူတဦး ရှိခဲ့ဖူးသတဲ့။

အဲ့ဒါကတော့ မြန်မာ့ရာဇသွေး လင်းပင်ထိပ်တင်မလတ်ပါပဲ။ သူက ကနောင်မင်းသားကြီးရဲ့ သားတော်တပါးဖြစ်တဲ့ လင်းပင်မင်းသားရဲ့ သမီးတော်တပါးပေါ့။

အိမ်ရှေ့စံ ကနောင်မင်းကြီးရဲ့ မြေးအရင်းကြီးပေပဲ။ တကယ်တော့ လင်းပင်မင်းသားဟာ ခမည်းတော်က နောင်ကွယ်လွန်ချိန်မှာ ၇ နှစ်သားပဲ ရှိသေးတာ။ အရွယ်ရောက်လာတော့ မြင်းကွန်း၊ မြင်းခုံတိုင် ညီနောင်ကို လက်စားချေဖို့ ရှမ်းပြည်ဘက်ထွက်ခွာပြီး မကြာမီအချိန်မှာပဲ သီပေါဘုရင်နဲ့ မိဘုရား ပါတော်မူကြောင်းသိတာနဲ့ အင်္ဂလိပ်ကို ဆက်လက်ပုန်ကန်နေတယ်။

ဒါပေမယ့် ၁၈၈၇ ခုနှစ်ထဲမှာတော့ အင်္ဂလိပ်နဲ့ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုလိုက်ရတယ်။ စာချုပ် ချုပ်ပြီးတဲ့နောက် အင်္ဂလိပ်တို့က လင်းပင်မင်းသားကို အိန္ဒိယပို့လိုက်တာပဲ။

အိန္ဒိယရောက်တဲ့အချိန်ထိ လင်းပင်ဟာ တကိုယ်တည်း နေထိုင်နေရဆဲပါ။ နောက်မှ အင်္ဂလိပ်တို့က လင်းပင်နှစ်သက်တဲ့ ရေနံ့သာခင်ခင်ကြီးဆိုတဲ့ မင်းသမီးကို အိန္ဒိယရှိ လင်းပင်မင်းသားထံ ပို့ခဲ့တယ်။ အိန္ဒိယမှာပဲ လင်းပင်မင်းသားနဲ့ ရေနံ့သာခင်ခင်ကြီး လက်ထပ်ပွဲ ကျင်းပရတာပါ။ အဲ့ဒီလက်ထပ်ပွဲကို ဗမာပြည်က စိန်ဗေဒါကြီးကိုယ်တိုင် မြန်မာ့ဆိုင်းဝိုင်းနဲ့ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ဇနီးမောင်နှံကနေ သားသမီး ၆ ယောက် မွေးဖွားခဲ့တယ်။ သမီးသုံးယောက်က လင်းပင်ထိပ်တင်မကြီး၊ လင်းပင်ထိပ်တင်မလတ်နဲ့ လင်းပင်ထိပ်တင်မထွေးတို့ပဲ။ သားသမီးအားလုံးကတော့ အယ်ဟာဗတ် (Allhabad) အထက်တန်းကျောင်းမှာ တက်ခဲ့တာ။ ထိပ်တင်မလတ်ရဲ့အလှဟာ အထက်တန်းကျောင်းသာမက လူကုံထံတွေကြားမှာ ရေပန်းအစားဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒါကို သက်သေထူဖို့ကတော့ အရှေ့တိုင်းဘက်ကို တိုင်းခန်းလှည့်လည်လာတဲ့ ဂျာမနီ အိမ်ရှေ့မင်းသားရဲ့ အရှေ့တိုင်းရဲ့ တော်ဝင်နှင်းဆီ ဆိုတဲ့ ရုတ်တရက် နှုတ်ထွက်စကားပဲပေါ့။

သူ့ကို မျက်ဝါးထင်ထင် ကြုံတွေ့ရသူ ဗြိတိသျှနိုင်ငံသား မောရစ်ကောလစ်က “မလတ်ကား စာဖွဲ့ရလောက်အောင် ချောမောလှပသူဖြစ်သည်။ ပိုးထဘီအပြာ၊ အင်္ကျီအဖြူတို့ကို ဝတ်ဆင်ထားသည်။ အသားအရေမှာ ဝါဝင်းပြီး ရွှေရောင်တောက်နေသည်ဟု ထင်ရသည်။ မျက်လုံးအိမ်ကြီးများမှာ ရွှန်းလဲ့ပြီး အရောင်တောက်နေသည်။ ခြေဆစ်လက်ဆစ်တို့မှာ သွယ်ပြောင်းနူးညံံ့သည်။” လို့ ဆိုပါတယ်။

သူ့ရဲ့ သွင်ပြင်နဲ့ပတ်သက်ပြီး “ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို တင့်တယ်စေမှု၊ သိကြားထုသို့ ဆိုတဲ့ ရှေးစာဆိုများ တင်စားချက်လိုပင်” လို့ အချို့က ဆိုကြပါတယ်။ တကယ့်နန်းဆန်အလှပဲ ဖြစ်မှာပါ။

နယ်နှင်ခံ နန်းကျမင်းသားတို့ရဲ့ သဘာဝအတိုင်း တိုင်းနိုင်ငံနဲ့ဝေးရာမှာ ကြီးပြင်းခဲ့ရတာဆိုတော့ ထိပ်တင်မလတ် အရွယ်ရောက်ချိန်က အယ်ဟာဗတ်မြို့လေးမှာ၊ အယ်ဟာဗတ် အထက်တန်းကျောင်းမှာ မြန်မာဆိုလို့ သူတို့မောင်နှမတွေပဲ ရှိတာကလား။

ဒီတော့ လူငယ်ဘာဝ မိမိနဲ့အဆင့်တူတဲ့ နီပေါအိမ်ရှေ့မင်းသားလေးနဲ့ ချစ်ကြိုးသွယ်မိတာ ဆန်းသလား။ ဆန်းနေတာက သူတို့နှစ်ဦး အိမ်ထောင်ပြုမှာကို အိမ်ရှေ့မင်းသားဘက်ကရော၊ လင်းပင်မင်းသားကြီးကပါ သဘောတူဟန် မရှိပါဘူး။ အချို့အဆိုတွေကတော့ သဘောမတူတဲ့ ကြားထဲကပဲ သူတို့နှစ်ဦး စေ့စပ်ခဲ့တယ်လို့ ဆိုပါတယ်။

နီပေါဘုရင်ဘက်က ဗြာဟ္မဏ အယူဝါဒ ရှိသူတွေ။ မြန်မာမင်းသမီးက ဗုဒ္ဓဘာသာ။ ဟိုဘက်က မူးကြီးမတ်ရာ ဆွေတော်မျိုးတော်တို့အားလုံး ဝိုင်းဝန်းကန့်ကွက်ကြပေါ့။ အဲ့ဒီလို အချေအတင် လွန်ဆွဲနေချိန်မှာပဲ မလတ်တို့ ၁၉၂၁ ခုနှစ်ထဲမှာ ပြည်တော်ပြန်ခွင့် ရခဲ့ပါပြီ။ နီပေါမင်းသားရဲ့ ဂယက်တွေလည်း ပါကောင်းပါမှာပါ။ ရန်ကုန်ရောက်တော့ သုံးဧကလောက်ကျယ်တဲ့ ခြံတခုနဲ့ အလွန်ကြီးမားတဲ့ အိမ်၊ ခြွေရံသင်းပင်းနဲ့တကွ အင်္ဂလန်အစိုးရက ထားပေးခဲ့တယ်။

မလတ်တို့ အဲဒီအချိန်က နေခဲ့တဲ့ခြံကြီးက အရင် တရုတ်စာသင်ကျောင်း လုပ်ခဲ့ဖူးတဲ့ “နန်ယန်းကျောင်း” ဝန်းကြီးပါပဲ။ စံအိမ်နာမည်ကိုတော့ ကုန်းဘောင်ဆက်ပီပီ “ရတနာသိင်္ဃ” လို့ ပေးထားတယ်။

ထိပ်တင်မလတ်နဲ့ နီပေါမင်းသား လက်ထပ်ရက်နီးလာပြီ။ ၁၉၁၅ ဇန်နဝါရီ ၂၄ ရက် သူတို့လက်ထပ်ဖို့ရက်ပါ။ ဒါပေမယ့် ၁၉၁၄၊ ဒီဇင်ဘာလမှာတော့ သတင်းဆိုးတခု ဝင်လာခဲ့ပါတယ်။

အဲ့ဒါကတော့ နန်းတော်အသိုင်းအဝိုင်းတခုလုံး ဝိုင်းဝန်းကန့်ကွက်တဲ့ဒဏ် မခံနိုင်တဲ့အဆုံး မင်းသားလေးဟာ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီဆိုတဲ့ သတင်းပါ။ အချို့မှတ်တမ်းတွေကတော့ အဆိပ်မိသေဆုံးတယ်လို့ ဆိုပါတယ်။

မြန်မာအသိုင်းအဝိုင်းမှာလည်း ပဒေသရာဇ်ဘုရင်စနစ်ကို မေ့လျော့သွားခဲ့ကြပြီ။ သူတို့မိသားစုနဲ့ မြန်မာလူထု ကင်းဝေးသွားကြပြီ။ ခေတ်တွေ အမြင်တွေလည်း ပြောင်းကုန်ပါပြီ။ချောမောလှပပြီး အရှေ့တိုင်းရဲ့ တော်ဝင်နှင်းဆီလို့ အတင်စားခံရတဲ့ မလတ်တယောက် အချစ်ရေးမှာတော့ ကံမကောင်းခဲ့ဟန်ပါပဲ။ ဘာသာအယူဝါဒတို့ သားကောင် ဖြစ်ခဲ့ရတယ်လို့ပဲ ဆိုရမလားပဲ။ နှစ်အတန်ကြာထိ အထီးကျန်ခဲ့ရတယ်လို့ ဆိုရမှာပါ။

ဒီလိုနဲ့ ၁၉၂၈ ခုနှစ်ထဲ အရောက်မှာတော့ အာရှရဲ့ တော်ဝင်နှင်းဆီတယောက် ဘွတ်ကီဒိုင် (မြင်းပွဲဒိုင်) ဟားဘတ်ဘဲလာမီဆိုတဲ့ သြစတြေးလျနိုင်ငံသား အင်္ဂလိပ်လူမျိုးနဲ့ လက်ထပ်လိုက်ပါတော့တယ်။

ဖခင် မိခင် သဘောမတူတဲ့ကြားကပဲ မိမိကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကနေ မကူးပြောင်းသလို သားသမီးတွေကိုလည်း ဗုဒ္ဓဘာသာ ဖြစ်စေရပါ့မယ်ဆိုတဲ့ ကတိနဲ့ လက်ထပ်ခဲ့တယ်လို့ ဆိုကြပါတယ်။

သူတို့လက်ထပ်ပွဲရဲ့ မှတ်ပုံတင်အရာရှိအဖြစ် မောရစ်ကောလစ်ကပဲ လုပ်ဆောင်ပေးခဲ့တယ်လို့ မောရစ်ကောလစ်ရဲ့ Trial in Burma မှာ ဖော်ပြထားပါတယ်။

နောက်ပိုင်းတော့ မလတ်ဟာ မေမြို့ကိုပြောင်းပြီး နေထိုင်ခဲ့တယ်။ မေမြို့နေအိမ်ကိုတော့ Rose View လို့ အမည်ပေးတာကိုကြည့်ရင် ဂျာမနီအိမ်ရှေ့မင်းသားရဲ့ အရှေ့တိုင်းရဲ့ တော်ဝင်နှင်းဆီ ဆိုတာကို အသိအမှတ် ပြုသွားလေသလားလို့ ယူဆရဟန်ပါပဲ။

အဲ့ဒီမှာတော့ လေးဆယ်ကျော်မှ ကံပေါ်ဆိုသလိုပဲ အရွယ်လွန်မှ သမီးတယောက် မွေးဖွားခဲ့တယ်။ အရွယ်လွန်မှရလို့ နတ်ပေးတဲ့ကလေးဆိုတဲ့ အဓိပ္ပာယ်နဲ့ ရတနာနတ်မယ်လို့ ကင်ပွန်းတပ်ခဲ့တယ်။

ရတနာနတ်မယ်လို့ အမည်ပေးခဲ့တဲ့ သမီးလေးဟာ နောင်နှစ်ပေါင်း ၄ဝ နီးပါးရှိတဲ့ အချိန်မှာတော့ မဆလပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့ ပဉ္စမမြောက်မယားအဖြစ် ရောက်ရှိခဲ့ပါတော့တယ်။ မိခင်ဖြစ်သူ အရှေ့တိုင်းဒေဝီ တော်ဝင်နှင်းဆီ တပွင့်ကတော့  ၁၉၆၅ ခုနှစ်မှာ ကြွေလွင့်သွားခဲ့ပါပြီ။

Credit: DVB

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *