ဗဟုသုတ မြန်မာ့သမိုင်း လူမှုဘဝ အနုပညာ

လှေကလေးလှော်လို့ ဒို့မပျော်ရသေးဘူး ဒိုရာရေ….

ဓာတ္ပံု – မိုးမခ

 

[Zawgyi]

“ေလွကေလးကိုေလွာ္မည္…ေဘးမသန္းဘဲ ေအးခ်မ္းေတာ့မည္”..တဲ့။ တခ်ိန္က နာမည္ႀကီးအဆိုေတာ္ ဘိလပ္ျပန္သန္းေအးရဲ႕ ၾကည္လဲ့လဲ့အသံနဲ႔ ေက်ာ္ၾကားခဲ့တဲ့ သီခ်င္းေပ့ါ။

သူကေတာ့ ခရစ္ေတာ္မွာ ၿငိမ္သက္စြာ အိပ္ေပ်ာ္ေနခဲ့ပါၿပီ။ သူ႔ရဲ႕ဆိတ္ၿငိမ္မႈကို အေႏွာင့္အယွက္မျပဳဘဲ သူ႔ပုံရိပ္ေတြကို ေဖြရွာၾကည့္ခ်င္လာတယ္။ သူ႔တန္ဖုိးကို ရွာဖို႔မဟုတ္ဘူး။ သူ႔ပုံရိပ္ကို ၾကည့္ခ်င္႐ုံသက္သက္ပါ။

သူ႔ပုံရိပ္ၾကည့္မယ္ဆိုေတာ့မွ မေက်မနပ္ မ်က္ႏွာထားနဲ႔ ဒိုရာပုံသြင္က ထင္ဟပ္လာတယ္။ ဘယ္ေက်နပ္ပါ့မလဲေလ။ သူ႔ကို ဒိုရာလို႔ သုံးလိုက္မိေပသကိုး။ တကယ္ေတာ့ ေဒၚသန္းေအးက သူ႔ကို ဒိုရာသန္းေအးလို႔ ထည့္ေခၚတာကို မႀကိဳက္ဘူးပဲ။ ဘာပဲျဖစ္ျဖစ္ ဒီအမွားနဲ႔ပဲ စလိုက္ၾကရေအာင္ပါ ဒိုရာရယ္။

မက္သဒစ္ေက်ာင္းရဲ႕ ဆရာမ ေဒၚထူးနဲ႔ ပါဠိစာ၊ ျမန္မာစာသင္ေပးတဲ့ ေက်ာင္းဆရာေလး ဦးပိုျမတို႔က ေမြးဖြားေပးလိုက္တဲ့သူေပါ့။ သူ႔ကိုေမြးတာက ကိုလိုနီေခတ္ဦး ၁၉ဝ၈ခု၊ ေဖေဖာ္ဝါရီ ၁၆ မွာ ေမြးခဲ့တယ္။ ငယ္စဥ္က မက္သဒစ္ အမ်ိဳးသမီးေက်ာင္းမွာ ေနခဲ့တာ။ ဒီေတာ့ သူ႔နာမည္က ဒိုရာသန္းေအး ျဖစ္လာေရာ။ သူ႔မွာ အစ္ကိုတေယာက္နဲ႔ ေမာင္ငယ္တေယာက္ ရွိတယ္။ အစ္ကိုက ေတာ္မီေသာင္းတန္၊ ေမာင္က ဂၽြန္သန္းတင္။ ဒိုရာ ၁၃ ႏွစ္သမီးအရြယ္ေရာက္ေတာ့ ဖခင္ျဖစ္သူ ဦးပိုျမ ေလျဖတ္သြားတယ္။ အိပ္ရာထဲ ၂ ႏွစ္ေလာက္ လဲေနၿပီးမွ ဆုံးသြားတာတဲ့။ မိခင္ ေဒၚထူးလည္း ကေလးသုံးေယာက္နဲ႔ ႐ုန္းကန္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒီလိုနဲ႔ ဒိုရာ ၁၆ ႏွစ္သမီးအရြယ္ ေရာက္ေတာ့ အထက္တန္းေအာင္လို႔ ဂ်ပ္ဆင္ေကာလိပ္ တက္ခဲ့တာေပါ့။ သူတို႔ေခတ္က ေမဂ်ာမရွိေသးဘူး။ ဘာသာတြဲယူတဲ့ ပညာေရးစနစ္ေလ။ ဒီေတာ့ ဒိုရာက အဂၤလိပ္စာေပ၊ အင္ဒီးယားသမိုင္းနဲ႔ ဒႆနိကေဗဒ ဘာသာရပ္တို႔ ဘာသာတြဲ ယူခဲ့တာ။ ဘြဲ႔ရေတာ့လည္း ဒီဘာသာတြဲေတြနဲ႔ ရခဲ့တာ။ ၁၉၂၈ ခုႏွစ္ေပါ့။ သူတို႔တက္ခ့ဲတဲ့ ရန္ကုန္တကၠသိုလ္ဆိုတာ အခုရွိေနတဲ့ ကမာရြတ္ကေက်ာင္း မဟုတ္ဘူး။ အဲ့ဒီအခ်ိန္က အေဆာက္အုံေတာင္ မေဆာက္ရေသးဘူး။ အေဆာက္အအုံေဆာက္ဖို႔ ျပင္ဆင္ေနခ်ိန္၊ ရန္ပုံေငြ ရွာေဖြေနခ်ိန္ေပါ့။

အဲ့ဒီအခ်ိန္က ဂ်ပ္ဆင္ေကာလိပ္မွာ ေတးဂီတကလပ္တခု ရွိခဲ့တယ္။ Glee Club လို႔ေခၚတယ္။ အဲ့ဒီကလပ္ရဲ႕ ဦးစီးအဖြဲ႔ဝင္ထဲမွာ ရန္ကုန္တကၠသိုလ္ သမိုင္းပါေကၡ D.G.E Hall လည္း ပါဝင္တယ္။ သူ႔ေခတ္နဲ႔သူေတာ့ နာမည္ႀကီး အဆိုေတာ္တေယာက္ေပါ့။ သမိုင္းပညာရွင္အျဖစ္လည္း ထင္ေပၚေက်ာ္ၾကားခဲ့သူပါ။

အဲ့ဒီမွာ ဂ်ီအီးေဟာတို႔အဖြဲ႔က ရန္ကုန္တကၠသိုလ္ အေဆာက္အအုံသစ္ ရန္ပုံေငြအတြက္ ေတးဂီတ၊ တီးဝိုင္းနဲ႔ အႏုပညာေဖ်ာ္ေျဖပြဲကို ဂ်ဴဗလီေဟာမွာ ျပဳလုပ္ဖို႔ စိတ္ကူးခဲ့ၾကတယ္။ အဲ့မွာ Glee Club အဖြဲ႔ဝင္ ဂ်ပ္ဆင္ေကာလိပ္ေက်ာင္းသူ ဒိုရာသန္းေအးကို သီဆိုေပးဖို႔ ကမ္းလွမ္းရာက သူ႔ဗီဇအငုတ္ေလး အညြန္႔ထြက္လာခဲ့တာပဲ။

ဂ်ဴဗလီေဟာ ဂီတပြဲေတာ္မွာ Rangoon Orchestra Society တီးဝိုင္းနဲ႔ သီဆိုခဲ့တယ္။ ဒါဟာ ဒိုရာရဲ႕ ပြဲဦးထြက္ေအာင္ပြဲလို႔ ဆိုရမွာပါ။ ဒိုရာသန္းေအးရယ္လို႔ လူမ်ားစု ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့တာေပါ့။ ဆရာ၊ ဆရာမနဲ႔ ပညာေရးေလာကရွိ တာဝန္ရွိသူေတြလည္း သူ႔ကို သတိထားမိလာၾကတယ္။

ကိုယ့္တိုင္းျပည္အက်ိဳးတြက္ဆိုေတာ့ စိတ္အားသန္သန္နဲ႔ ကူညီလုပ္ေဆာင္ေပးခဲ့တာပဲ။ သူ ဘြဲ႔ရၿပီးတဲ့ေနာက္ သူ႔ရဲ႕ထက္ျမက္တဲ့ ပညာပါရမီေၾကာင့္ အဂၤလန္ Institute of Education မွာ ပညာသင္ဆု ရရွိခဲ့တယ္။ သူဟာ လန္ဒန္ရွိ Brondesburg Teacher College မွာလည္း တက္ေရာက္ၿပီး ဒီပလုိမာလက္မွတ္ ယူႏိုင္ခဲ့တယ္။

အဂၤလန္မွာ ေက်ာင္းတက္ေနတုန္း Royal Academy က ပန္းခ်ီဆရာ Gerald Kelly က သူ႔ကိုေတြ႔ေတာ့ ဗမာေမာ္ဒယ္တေယာက္အျဖစ္ လုပ္ေပးဖို႔ သူ႔ကို အကူအညီေတာင္းတယ္။ တကယ္ေတာ့ Kelly က ျမန္မာႏိုင္ငံမွာ လေပါင္းမ်ားစြာေနထိုင္ၿပီး ပန္းခ်ီဆြဲခဲ့တဲ့သူ။ ဗမာမွာ လက္စမသတ္ခဲ့ရတဲ့ ပန္းခ်ီကားေတြအတြက္ ေမာ္ဒယ္ထိုင္ေပးခဲ့ရေသးတယ္။ Kelly ရဲ႕ ျမန္မာဆိုင္ရာ ပန္းခ်ီကားေတြရဲ႕ ဗမာအမိ်ဳးသမီးပုံ အေတာ္မ်ားမ်ားဟာ ဒိုရာရဲ႕ပုံေတြ မ်ားတယ္။ စပ္အုံၾကာနဲ႔ ဆာဟာကုတ္ဘတ္တလာရဲ႕ပုံေတြက လြဲလို႔ေပါ့။

၁၉၃၁ ခုႏွစ္ထဲမွာေတာ့ ပညာသင္ၿပီးၿပီမို႔ အဂၤလန္က ျပန္ေရာက္လာခဲ့ၿပီးေနာက္ ဟသၤာတ ေအဘီအမ္ေက်ာင္းမွာ အဂၤလိပ္စာဆရာမအျဖစ္ သင္ၾကားေပးခဲ့ေသးတယ္။ ၿပီးမွ ရန္ကုန္တကၠသိုလ္ ပညာေရးေလ့က်င့္ေရးေကာလိပ္ (တီတီစီ) မွာ အဂၤလိပ္စာဆရာအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့တယ္။

တရက္သားေတာ့ သူ႔အစ္ကို ေတာ္မီေသာင္းတင္နဲ႔ ဦးညီပုတို႔က သီခ်င္းဆို ဓာတ္ျပားသြင္းဖို႔ ကမ္းလွမ္းတယ္။ သူက ျငင္းပယ္လိုက္တယ္။ ဦးညီပုက ဒိုရာ ဂ်ဴဗလီေဟာ တကၠသိုလ္ အေဆာက္အုံ ရန္ပုံေငြရွာပြဲမွာ သီခ်င္းဆိုစဥ္ကတည္းက သူ႔အသံကို သေဘာက်ခဲ့တာ။ ေနာက္ဆုံး သူ႔အစ္ကိုနဲ႔ ဦးညီပုတို႔ ဇြဲေကာင္းေကာင္းနဲ႔ အဆြယ္ညက္ခဲ့တာေၾကာင့္ ဒိုရာသီခ်င္းဆိုဖို႔ သေဘာတူလိုက္ရပါေတာ့တယ္။

သူ ပထမဆုံး စဆိုခဲ့တာက ေရႊတိုင္ညြန္႔ေရးစပ္တဲ့ “ျမပန္းေခြ” ေပါ့။ ဦးညီပုဆိုတာက ေအဝမ္းဖလင္ ကုမၸဏီက ကိုလံဘီယာဓာတ္ျပားနဲ႔ ထုတ္လုပ္ခဲ့တာ။ အဆိုေတာ္နာမည္ကိုေတာ့ သူ အဂၤလန္က ျပန္လာတဲ့အတြက္ “ဘိလပ္ျပန္သန္းေအး” လို႔ ေပးလိုက္တယ္။

ဒီအခ်ိန္ကစလို႔ ျမန္မာလူထုၾကားမွာ ဘိလပ္ျပန္သန္းေအးဆိုတာ ေခတ္စားလာေတာ့တာပဲ။ ကိုေအာင္ဆန္း၊ ကိုဘဟိန္း၊ ကိုေ႒းၿမိဳင္ စတဲ့ တကၠသိုလ္ေက်ာင္းသားေတြၾကားမွာ တသသ တစြဲတလမ္း နားဆင္ၾကဆိုပဲ။

သိန္းေဖျမင့္နဲ႔ ဒဂုံတာရာတို႔ဆိုရင္ ေက်ာင္းသားမ်ားရန္ပုံေငြအတြက္ ႐ုပ္ရွင္႐ုိက္ဖို႔ မင္းသမီးအျဖစ္ ကမ္းလွမ္းခဲ့ေသးတယ္။ သူကလည္း မင္းသမီးလုပ္ဖို႔ အစီအစဥ္ မရွိေပမယ့္ ေက်ာင္းေတာ္သားေတြအတြက္ဆို လုပ္ေပးပါ့မယ္လို႔ ကတိေပးသတဲ့။ မင္းသုဝဏ္ရဲ႕ ေမာင္ေခြးဖို႔ကဗ်ာကို တကၠသိုလ္မဂၢဇင္းမွာ အဂၤလိပ္လိုေရးထားတဲ့ သူ႔ေဝဖန္စာကို ေက်ာင္းသားတိုင္း သေဘာက်ၾကတယ္။

ကိုေအာင္ဆန္းဆိုရင္ သူ႔အသံၾသႀကီးနဲ႔ ျမပန္းေခြသီခ်င္း ညည္းေလ့ရွိသတဲ့။ ဒဂုံတာရာကေတာ့ ႐ုပ္ရွင္႐ုိက္ဖို႔ ဘိလပ္ျပန္သန္းေအးနဲ႔ေတြ႔ၿပီး ပညာေရးတကၠသိုလ္က ျပန္လာကတည္းက “ေမ” ဝတၳဳအတြက္ အစပ်ိဳးခဲ့တယ္လို႔ေတာင္ ဆုိပါတယ္။

ေနာက္ထပ္ နာမည္ႀကီးတပုဒ္က “ေလွကေလးကိုေလွာ္မည္ ေဘးမသန္းပဲ ေအးခ်မ္းေတာ့မည္” ဆိုတဲ့ သီခ်င္းေပါ့။ ဒီေန႔ေခတ္လူငယ္ေတြၾကားအထိ ေခတ္စားေနတုန္းပဲ။ ဒီသီခ်င္း နာမည္ႀကီးၿပီးေနာက္ ဒုတိယကမၻာစစ္ႀကီးျဖစ္လို႔ ဘိလပ္ျပန္သန္းေအးလည္း ေလွကေလးကို မေလွာ္ႏိုင္ေတာ့ဘဲ စစ္ေျပးဘဝနဲ႔ အိႏၵိယကုိ ကုန္းလမ္းခရီးပဲ သြားရပါေတာ့တယ္။

စစ္အတြင္း အိႏၵိယမွာရွိစဥ္ အိႏၵိယ နယူးေဒလီ အသံလႊင့္ဌာနကေန သူ႔အသံ ျပန္ၾကားလာရတယ္။ သတင္းေၾကညာသူ ဘိလပ္ျပန္သန္းေအးေပါ့။ စစ္ႀကီးၿပီးေတာ့လည္း ျမန္မာျပည္ ျပန္မလာေတာ့ဘဲ ဗြီအိုေအမွာ အလုပ္ဆက္လုပ္ေနခဲ့တယ္။ ဗြီအိုေအကထြက္ၿပီး ကုလသမဂၢမွာ အလုပ္ဝင္ခဲ့ျပန္တယ္။

နယူးေဒလီ႐ုံးမွာ သူရွိစဥ္ ေဒၚခင္ၾကည္ကလည္း သံအမတ္အျဖစ္ ေရာက္ခ်ိန္နဲ႔ ကိုက္ေနေတာ့ မစုတို႔နဲ႔က အဲ့ဒီအခ်ိန္တည္းက ခင္မင္ရင္ႏွီးခဲ့ၾကတာ။ အဖမဲ့သမီးမို႔လည္း တြယ္တာ သံေယာဇဥ္ႀကီးခဲ့ဟန္ပဲ။ ဗိုလ္ခ်ဳပ္အေပၚ ေလးစားျမတ္ႏိုးစိတ္လည္း ပါမွာပါ။

ႏိုရီကိုကေတာ့ “လန္ဒန္မွာရွိတဲ့ ျမန္မာတခ်ိဳ႕ကေတာ့ အန္တီ(ဒိုရာ) အေနနဲ႔ ဗိုလ္ခ်ဳပ္အေပၚ ေလးစားတာထက္ပိုတဲ့ စိတ္အေနအထားမ်ိဳး ရွိခဲ့လို႔” ဆိုၿပီး Letter For Aung San Suu Kyi မွာ ေဖာ္ျပထားေလရဲ႕။

တကယ္ေတာ့ ေဒၚစုနဲ႔ ဘိလပ္ျပန္သန္းရဲ႕ ဆုံခ်က္ဟာ ဗိုလ္ခ်ဳပ္တို႔ လြတ္လပ္ေရးအတြက္ ေဆြးေႏြးစဥ္ကတည္းက တႏွစ္သာသာရွိေသးတဲ့ မစုေလးအတြက္ ေကာ္ပတ္႐ုပ္တခု ဝယ္ေပးကတည္းက ေရစက္ရွိခဲ့ဟန္ပါ။

အဲ့ဒီတုန္းက ဗိုလ္ခ်ဳပ္တို႔ ပင္ပန္းၿပီး ညစ္ႏြမ္းေနတဲ့စိတ္ကို သူ႔သီခ်င္းေတြနဲ႔ ေဖ်ာ္ေျဖေပးခဲ့တာ။ ဒါဟာလည္း သူ႔ရဲ႕ တတ္ႏိုင္တဲ့ဘက္က ႏိုင္ငံအက်ိဳး လုပ္ေဆာင္လိုဟန္ ျပခ်က္တခု ျဖစ္ပါလိမ့္မယ္။ ဗိုလ္ခ်ဳပ္ႀကိဳက္တဲ့ ျမပန္းေခြသီခ်င္း၊ စိန္ျခဴးၾကာေညာင္ ေဘာလယ္တို႔အျပင္ “ေလွကေလးေလွာ္မည္၊ ေဘးမသန္းပဲ ေအးခ်မ္းေတာ့မည္” တို႔ကို သူ႔ရဲ႕ ၾကည္လဲ့လဲ့အသံနဲ႔ အားပါးတရ ေဖ်ာ္ေျဖခြင့္ ရခဲ့သည္ပဲေလ။ သူလည္း လြတ္လပ္ေရး လိုခ်င္ရွာေပမေပါ့။

ဗိုလ္ခ်ဳပ္တို႔ လုပ္ႀကံခံရတဲ့သတင္းၾကားေတာ့ သူ႔ရဲ႕ ျပည္ေတာ္ျပန္ေမ်ာ္လင့္ခ်က္လည္း ပ်က္သြားေကာင္း ပ်က္သြားေပမေပါ့။ ဒါက သူ႔ကံၾကမၼာပဲ မဟုတ္လား။ ဒါေပမယ့္ မစုေလးအေပၚထားတဲ့ သံေယာဇဥ္ကေတာ့ မေသးဟန္ပဲ။

“က်မေသရင္ ေဟာ့ဒီပစၥည္းေတြက မစုအတြက္ပဲေလ” တဲ့။ မစု ေနအိမ္အက်ယ္ခ်ဳပ္က်ေတာ့ မိုက္ကယ္ကို သမက္တေယာက္လို ျပဳစုခဲ့တယ္။ ဒိုရာရဲ႕ ေနာက္ဆုံးအခ်ိန္ေတြဟာ စုနဲ႔ မိုက္ကယ္တို႔ရဲ႕ ပတ္ဝန္းက်င္က လူေတြၾကားမွာ ကုန္ဆုံးေစခဲ့တယ္လို႔ ႏိုရီကိုက ေဖာ္ျပထားေလရဲ႕။

မသန္းေအးနဲ႔ စုဟာ တူတာေတြ အမ်ားႀကီးရွိသတဲ့။ ႏိုင္ငံျခားမွာ ေနထိုင္ေပမယ့္ ျမန္မာမႈျမတ္ႏိုးတာ၊ ျမန္မာအမ်ိဳးသမီးဝတ္စုံကို တန္ဖိုးထားတာ။ ျမန္မာလုံခ်ည္ေတြကို စင္နဲ႔အျပည့္ တင္ထားၿပီး ဘယ္ကိုပဲေရာက္ေရာက္ အပါသယ္သြားခဲ့တယ္။ ဒါေတြကိုၾကည့္ေနရရင္ သူ ဗမာျပည္ကို ေရာက္ေနသလို ခံစားရတယ္၊ ဗမာျပည္ အလြမ္းေျပေပါ့… တဲ့။

ႏိုင္ငံျခားမွာ အထီးက်န္စြာ ေနရေပမယ့္ ကိုယ့္ေရေျမ ကိုယ့္ေဒသကိုေတာ့ လြမ္းရွာမွာပါပဲ။ အရြယ္ရေတာ့မွ သူ႔ထက္ငယ္တဲ့ ၾသစႀတီးယားႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္ ႐ုိက္ကူးသူ ဝါနာဖန္း (Warner Fend) နဲ႔ လက္ထပ္ခဲ့တယ္။

၁၉၉၄ ခုႏွစ္က ေဒၚစုကိုေပးတဲ့ ေန႐ူးဆုကို ေဒၚစုကိုယ္စား ဘိလပ္ျပန္သန္းေအးပဲ တက္ယူေပးခဲ့တာ။ ဒီလိုနဲ႔ ၂ဝဝ၇ ခု ဇြန္လထဲမွာေတာ့ သူခ်စ္ေသာသူ အားလုံးကို ထားရစ္လို႔ ခရစ္ေတာ္မွာ ဘိလပ္ျပန္သန္းေအးတေယာက္ အိပ္စက္အနားယူသြားခဲ့ပါၿပီ။ သူကေတာ့ ေလွကေလးကို ေလွာ္ခတ္ရင္း ေအးခ်မ္းဆိတ္ၿငိမ္စြာ အနားယူသြားခဲ့ေပမယ့္ သူခ်စ္ေသာ ေဒၚစုနဲ႔အတူ ျမန္မာျပည္သူေတြကေတာ့…။ “ေလွကေလးေလွာ္လို႔ ေပ်ာ္ဖို႔ အခ်ိန္မေရာက္ႏိုင္ေသးပါဘူး” ဒိုရာေရ…။

 

[Unicode]

“လှေကလေးကိုလှော်မည်…ဘေးမသန်းဘဲ အေးချမ်းတော့မည်”..တဲ့။ တချိန်က နာမည်ကြီးအဆိုတော် ဘိလပ်ပြန်သန်းအေးရဲ့ ကြည်လဲ့လဲ့အသံနဲ့ ကျော်ကြားခဲ့တဲ့ သီချင်းပေ့ါ။

သူကတော့ ခရစ်တော်မှာ ငြိမ်သက်စွာ အိပ်ပျော်နေခဲ့ပါပြီ။ သူ့ရဲ့ဆိတ်ငြိမ်မှုကို အနှောင့်အယှက်မပြုဘဲ သူ့ပုံရိပ်တွေကို ဖွေရှာကြည့်ချင်လာတယ်။ သူ့တန်ဖိုးကို ရှာဖို့မဟုတ်ဘူး။ သူ့ပုံရိပ်ကို ကြည့်ချင်ရုံသက်သက်ပါ။

သူ့ပုံရိပ်ကြည့်မယ်ဆိုတော့မှ မကျေမနပ် မျက်နှာထားနဲ့ ဒိုရာပုံသွင်က ထင်ဟပ်လာတယ်။ ဘယ်ကျေနပ်ပါ့မလဲလေ။ သူ့ကို ဒိုရာလို့ သုံးလိုက်မိပေသကိုး။ တကယ်တော့ ဒေါ်သန်းအေးက သူ့ကို ဒိုရာသန်းအေးလို့ ထည့်ခေါ်တာကို မကြိုက်ဘူးပဲ။ ဘာပဲဖြစ်ဖြစ် ဒီအမှားနဲ့ပဲ စလိုက်ကြရအောင်ပါ ဒိုရာရယ်။

မက်သဒစ်ကျောင်းရဲ့ ဆရာမ ဒေါ်ထူးနဲ့ ပါဠိစာ၊ မြန်မာစာသင်ပေးတဲ့ ကျောင်းဆရာလေး ဦးပိုမြတို့က မွေးဖွားပေးလိုက်တဲ့သူပေါ့။ သူ့ကိုမွေးတာက ကိုလိုနီခေတ်ဦး ၁၉ဝ၈ခု၊ ဖေဖော်ဝါရီ ၁၆ မှာ မွေးခဲ့တယ်။ ငယ်စဉ်က မက်သဒစ် အမျိုးသမီးကျောင်းမှာ နေခဲ့တာ။ ဒီတော့ သူ့နာမည်က ဒိုရာသန်းအေး ဖြစ်လာရော။ သူ့မှာ အစ်ကိုတယောက်နဲ့ မောင်ငယ်တယောက် ရှိတယ်။ အစ်ကိုက တော်မီသောင်းတန်၊ မောင်က ဂျွန်သန်းတင်။ ဒိုရာ ၁၃ နှစ်သမီးအရွယ်ရောက်တော့ ဖခင်ဖြစ်သူ ဦးပိုမြ လေဖြတ်သွားတယ်။ အိပ်ရာထဲ ၂ နှစ်လောက် လဲနေပြီးမှ ဆုံးသွားတာတဲ့။ မိခင် ဒေါ်ထူးလည်း ကလေးသုံးယောက်နဲ့ ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ ဒိုရာ ၁၆ နှစ်သမီးအရွယ် ရောက်တော့ အထက်တန်းအောင်လို့ ဂျပ်ဆင်ကောလိပ် တက်ခဲ့တာပေါ့။ သူတို့ခေတ်က မေဂျာမရှိသေးဘူး။ ဘာသာတွဲယူတဲ့ ပညာရေးစနစ်လေ။ ဒီတော့ ဒိုရာက အင်္ဂလိပ်စာပေ၊ အင်ဒီးယားသမိုင်းနဲ့ ဒဿနိကဗေဒ ဘာသာရပ်တို့ ဘာသာတွဲ ယူခဲ့တာ။ ဘွဲ့ရတော့လည်း ဒီဘာသာတွဲတွေနဲ့ ရခဲ့တာ။ ၁၉၂၈ ခုနှစ်ပေါ့။ သူတို့တက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဆိုတာ အခုရှိနေတဲ့ ကမာရွတ်ကကျောင်း မဟုတ်ဘူး။ အဲ့ဒီအချိန်က အဆောက်အုံတောင် မဆောက်ရသေးဘူး။ အဆောက်အအုံဆောက်ဖို့ ပြင်ဆင်နေချိန်၊ ရန်ပုံငွေ ရှာဖွေနေချိန်ပေါ့။

အဲ့ဒီအချိန်က ဂျပ်ဆင်ကောလိပ်မှာ တေးဂီတကလပ်တခု ရှိခဲ့တယ်။ Glee Club လို့ခေါ်တယ်။ အဲ့ဒီကလပ်ရဲ့ ဦးစီးအဖွဲ့ဝင်ထဲမှာ ရန်ကုန်တက္ကသိုလ် သမိုင်းပါက္ခေ D.G.E Hall လည်း ပါဝင်တယ်။ သူ့ခေတ်နဲ့သူတော့ နာမည်ကြီး အဆိုတော်တယောက်ပေါ့။ သမိုင်းပညာရှင်အဖြစ်လည်း ထင်ပေါ်ကျော်ကြားခဲ့သူပါ။

အဲ့ဒီမှာ ဂျီအီးဟောတို့အဖွဲ့က ရန်ကုန်တက္ကသိုလ် အဆောက်အအုံသစ် ရန်ပုံငွေအတွက် တေးဂီတ၊ တီးဝိုင်းနဲ့ အနုပညာဖျော်ဖြေပွဲကို ဂျူဗလီဟောမှာ ပြုလုပ်ဖို့ စိတ်ကူးခဲ့ကြတယ်။ အဲ့မှာ Glee Club အဖွဲ့ဝင် ဂျပ်ဆင်ကောလိပ်ကျောင်းသူ ဒိုရာသန်းအေးကို သီဆိုပေးဖို့ ကမ်းလှမ်းရာက သူ့ဗီဇအငုတ်လေး အညွန့်ထွက်လာခဲ့တာပဲ။

ဂျူဗလီဟော ဂီတပွဲတော်မှာ Rangoon Orchestra Society တီးဝိုင်းနဲ့ သီဆိုခဲ့တယ်။ ဒါဟာ ဒိုရာရဲ့ ပွဲဦးထွက်အောင်ပွဲလို့ ဆိုရမှာပါ။ ဒိုရာသန်းအေးရယ်လို့ လူများစု ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာပေါ့။ ဆရာ၊ ဆရာမနဲ့ ပညာရေးလောကရှိ တာဝန်ရှိသူတွေလည်း သူ့ကို သတိထားမိလာကြတယ်။

ကိုယ့်တိုင်းပြည်အကျိုးတွက်ဆိုတော့ စိတ်အားသန်သန်နဲ့ ကူညီလုပ်ဆောင်ပေးခဲ့တာပဲ။ သူ ဘွဲ့ရပြီးတဲ့နောက် သူ့ရဲ့ထက်မြက်တဲ့ ပညာပါရမီကြောင့် အင်္ဂလန် Institute of Education မှာ ပညာသင်ဆု ရရှိခဲ့တယ်။ သူဟာ လန်ဒန်ရှိ Brondesburg Teacher College မှာလည်း တက်ရောက်ပြီး ဒီပလိုမာလက်မှတ် ယူနိုင်ခဲ့တယ်။

အင်္ဂလန်မှာ ကျောင်းတက်နေတုန်း Royal Academy က ပန်းချီဆရာ Gerald Kelly က သူ့ကိုတွေ့တော့ ဗမာမော်ဒယ်တယောက်အဖြစ် လုပ်ပေးဖို့ သူ့ကို အကူအညီတောင်းတယ်။ တကယ်တော့ Kelly က မြန်မာနိုင်ငံမှာ လပေါင်းများစွာနေထိုင်ပြီး ပန်းချီဆွဲခဲ့တဲ့သူ။ ဗမာမှာ လက်စမသတ်ခဲ့ရတဲ့ ပန်းချီကားတွေအတွက် မော်ဒယ်ထိုင်ပေးခဲ့ရသေးတယ်။ Kelly ရဲ့ မြန်မာဆိုင်ရာ ပန်းချီကားတွေရဲ့ ဗမာအမျိုးသမီးပုံ အတော်များများဟာ ဒိုရာရဲ့ပုံတွေ များတယ်။ စပ်အုံကြာနဲ့ ဆာဟာကုတ်ဘတ်တလာရဲ့ပုံတွေက လွဲလို့ပေါ့။

၁၉၃၁ ခုနှစ်ထဲမှာတော့ ပညာသင်ပြီးပြီမို့ အင်္ဂလန်က ပြန်ရောက်လာခဲ့ပြီးနောက် ဟင်္သာတ အေဘီအမ်ကျောင်းမှာ အင်္ဂလိပ်စာဆရာမအဖြစ် သင်ကြားပေးခဲ့သေးတယ်။ ပြီးမှ ရန်ကုန်တက္ကသိုလ် ပညာရေးလေ့ကျင့်ရေးကောလိပ် (တီတီစီ) မှာ အင်္ဂလိပ်စာဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။

တရက်သားတော့ သူ့အစ်ကို တော်မီသောင်းတင်နဲ့ ဦးညီပုတို့က သီချင်းဆို ဓာတ်ပြားသွင်းဖို့ ကမ်းလှမ်းတယ်။ သူက ငြင်းပယ်လိုက်တယ်။ ဦးညီပုက ဒိုရာ ဂျူဗလီဟော တက္ကသိုလ် အဆောက်အုံ ရန်ပုံငွေရှာပွဲမှာ သီချင်းဆိုစဉ်ကတည်းက သူ့အသံကို သဘောကျခဲ့တာ။ နောက်ဆုံး သူ့အစ်ကိုနဲ့ ဦးညီပုတို့ ဇွဲကောင်းကောင်းနဲ့ အဆွယ်ညက်ခဲ့တာကြောင့် ဒိုရာသီချင်းဆိုဖို့ သဘောတူလိုက်ရပါတော့တယ်။

သူ ပထမဆုံး စဆိုခဲ့တာက ရွှေတိုင်ညွန့်ရေးစပ်တဲ့ “မြပန်းခွေ” ပေါ့။ ဦးညီပုဆိုတာက အေဝမ်းဖလင် ကုမ္ပဏီက ကိုလံဘီယာဓာတ်ပြားနဲ့ ထုတ်လုပ်ခဲ့တာ။ အဆိုတော်နာမည်ကိုတော့ သူ အင်္ဂလန်က ပြန်လာတဲ့အတွက် “ဘိလပ်ပြန်သန်းအေး” လို့ ပေးလိုက်တယ်။

ဒီအချိန်ကစလို့ မြန်မာလူထုကြားမှာ ဘိလပ်ပြန်သန်းအေးဆိုတာ ခေတ်စားလာတော့တာပဲ။ ကိုအောင်ဆန်း၊ ကိုဘဟိန်း၊ ကိုဋ္ဌေးမြိုင် စတဲ့ တက္ကသိုလ်ကျောင်းသားတွေကြားမှာ တသသ တစွဲတလမ်း နားဆင်ကြဆိုပဲ။

သိန်းဖေမြင့်နဲ့ ဒဂုံတာရာတို့ဆိုရင် ကျောင်းသားများရန်ပုံငွေအတွက် ရုပ်ရှင်ရိုက်ဖို့ မင်းသမီးအဖြစ် ကမ်းလှမ်းခဲ့သေးတယ်။ သူကလည်း မင်းသမီးလုပ်ဖို့ အစီအစဉ် မရှိပေမယ့် ကျောင်းတော်သားတွေအတွက်ဆို လုပ်ပေးပါ့မယ်လို့ ကတိပေးသတဲ့။ မင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ကဗျာကို တက္ကသိုလ်မဂ္ဂဇင်းမှာ အင်္ဂလိပ်လိုရေးထားတဲ့ သူ့ဝေဖန်စာကို ကျောင်းသားတိုင်း သဘောကျကြတယ်။

ကိုအောင်ဆန်းဆိုရင် သူ့အသံသြကြီးနဲ့ မြပန်းခွေသီချင်း ညည်းလေ့ရှိသတဲ့။ ဒဂုံတာရာကတော့ ရုပ်ရှင်ရိုက်ဖို့ ဘိလပ်ပြန်သန်းအေးနဲ့တွေ့ပြီး ပညာရေးတက္ကသိုလ်က ပြန်လာကတည်းက “မေ” ဝတ္ထုအတွက် အစပျိုးခဲ့တယ်လို့တောင် ဆိုပါတယ်။

နောက်ထပ် နာမည်ကြီးတပုဒ်က “လှေကလေးကိုလှော်မည် ဘေးမသန်းပဲ အေးချမ်းတော့မည်” ဆိုတဲ့ သီချင်းပေါ့။ ဒီနေ့ခေတ်လူငယ်တွေကြားအထိ ခေတ်စားနေတုန်းပဲ။ ဒီသီချင်း နာမည်ကြီးပြီးနောက် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လို့ ဘိလပ်ပြန်သန်းအေးလည်း လှေကလေးကို မလှော်နိုင်တော့ဘဲ စစ်ပြေးဘဝနဲ့ အိန္ဒိယကို ကုန်းလမ်းခရီးပဲ သွားရပါတော့တယ်။

စစ်အတွင်း အိန္ဒိယမှာရှိစဉ် အိန္ဒိယ နယူးဒေလီ အသံလွှင့်ဌာနကနေ သူ့အသံ ပြန်ကြားလာရတယ်။ သတင်းကြေညာသူ ဘိလပ်ပြန်သန်းအေးပေါ့။ စစ်ကြီးပြီးတော့လည်း မြန်မာပြည် ပြန်မလာတော့ဘဲ ဗွီအိုအေမှာ အလုပ်ဆက်လုပ်နေခဲ့တယ်။ ဗွီအိုအေကထွက်ပြီး ကုလသမဂ္ဂမှာ အလုပ်ဝင်ခဲ့ပြန်တယ်။

နယူးဒေလီရုံးမှာ သူရှိစဉ် ဒေါ်ခင်ကြည်ကလည်း သံအမတ်အဖြစ် ရောက်ချိန်နဲ့ ကိုက်နေတော့ မစုတို့နဲ့က အဲ့ဒီအချိန်တည်းက ခင်မင်ရင်နှီးခဲ့ကြတာ။ အဖမဲ့သမီးမို့လည်း တွယ်တာ သံယောဇဉ်ကြီးခဲ့ဟန်ပဲ။ ဗိုလ်ချုပ်အပေါ် လေးစားမြတ်နိုးစိတ်လည်း ပါမှာပါ။

နိုရီကိုကတော့ “လန်ဒန်မှာရှိတဲ့ မြန်မာတချို့ကတော့ အန်တီ(ဒိုရာ) အနေနဲ့ ဗိုလ်ချုပ်အပေါ် လေးစားတာထက်ပိုတဲ့ စိတ်အနေအထားမျိုး ရှိခဲ့လို့” ဆိုပြီး Letter For Aung San Suu Kyi မှာ ဖော်ပြထားလေရဲ့။

တကယ်တော့ ဒေါ်စုနဲ့ ဘိလပ်ပြန်သန်းရဲ့ ဆုံချက်ဟာ ဗိုလ်ချုပ်တို့ လွတ်လပ်ရေးအတွက် ဆွေးနွေးစဉ်ကတည်းက တနှစ်သာသာရှိသေးတဲ့ မစုလေးအတွက် ကော်ပတ်ရုပ်တခု ဝယ်ပေးကတည်းက ရေစက်ရှိခဲ့ဟန်ပါ။

အဲ့ဒီတုန်းက ဗိုလ်ချုပ်တို့ ပင်ပန်းပြီး ညစ်နွမ်းနေတဲ့စိတ်ကို သူ့သီချင်းတွေနဲ့ ဖျော်ဖြေပေးခဲ့တာ။ ဒါဟာလည်း သူ့ရဲ့ တတ်နိုင်တဲ့ဘက်က နိုင်ငံအကျိုး လုပ်ဆောင်လိုဟန် ပြချက်တခု ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်ကြိုက်တဲ့ မြပန်းခွေသီချင်း၊ စိန်ခြူးကြာညောင် ဘောလယ်တို့အပြင် “လှေကလေးလှော်မည်၊ ဘေးမသန်းပဲ အေးချမ်းတော့မည်” တို့ကို သူ့ရဲ့ ကြည်လဲ့လဲ့အသံနဲ့ အားပါးတရ ဖျော်ဖြေခွင့် ရခဲ့သည်ပဲလေ။ သူလည်း လွတ်လပ်ရေး လိုချင်ရှာပေမပေါ့။

ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့သတင်းကြားတော့ သူ့ရဲ့ ပြည်တော်ပြန်မျော်လင့်ချက်လည်း ပျက်သွားကောင်း ပျက်သွားပေမပေါ့။ ဒါက သူ့ကံကြမ္မာပဲ မဟုတ်လား။ ဒါပေမယ့် မစုလေးအပေါ်ထားတဲ့ သံယောဇဉ်ကတော့ မသေးဟန်ပဲ။

“ကျမသေရင် ဟော့ဒီပစ္စည်းတွေက မစုအတွက်ပဲလေ” တဲ့။ မစု နေအိမ်အကျယ်ချုပ်ကျတော့ မိုက်ကယ်ကို သမက်တယောက်လို ပြုစုခဲ့တယ်။ ဒိုရာရဲ့ နောက်ဆုံးအချိန်တွေဟာ စုနဲ့ မိုက်ကယ်တို့ရဲ့ ပတ်ဝန်းကျင်က လူတွေကြားမှာ ကုန်ဆုံးစေခဲ့တယ်လို့ နိုရီကိုက ဖော်ပြထားလေရဲ့။

မသန်းအေးနဲ့ စုဟာ တူတာတွေ အများကြီးရှိသတဲ့။ နိုင်ငံခြားမှာ နေထိုင်ပေမယ့် မြန်မာမှုမြတ်နိုးတာ၊ မြန်မာအမျိုးသမီးဝတ်စုံကို တန်ဖိုးထားတာ။ မြန်မာလုံချည်တွေကို စင်နဲ့အပြည့် တင်ထားပြီး ဘယ်ကိုပဲရောက်ရောက် အပါသယ်သွားခဲ့တယ်။ ဒါတွေကိုကြည့်နေရရင် သူ ဗမာပြည်ကို ရောက်နေသလို ခံစားရတယ်၊ ဗမာပြည် အလွမ်းပြေပေါ့… တဲ့။

နိုင်ငံခြားမှာ အထီးကျန်စွာ နေရပေမယ့် ကိုယ့်ရေမြေ ကိုယ့်ဒေသကိုတော့ လွမ်းရှာမှာပါပဲ။ အရွယ်ရတော့မှ သူ့ထက်ငယ်တဲ့ သြစတြီးယားနိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဝါနာဖန်း (Warner Fend) နဲ့ လက်ထပ်ခဲ့တယ်။

၁၉၉၄ ခုနှစ်က ဒေါ်စုကိုပေးတဲ့ နေရူးဆုကို ဒေါ်စုကိုယ်စား ဘိလပ်ပြန်သန်းအေးပဲ တက်ယူပေးခဲ့တာ။ ဒီလိုနဲ့ ၂ဝဝ၇ ခု ဇွန်လထဲမှာတော့ သူချစ်သောသူ အားလုံးကို ထားရစ်လို့ ခရစ်တော်မှာ ဘိလပ်ပြန်သန်းအေးတယောက် အိပ်စက်အနားယူသွားခဲ့ပါပြီ။ သူကတော့ လှေကလေးကို လှော်ခတ်ရင်း အေးချမ်းဆိတ်ငြိမ်စွာ အနားယူသွားခဲ့ပေမယ့် သူချစ်သော ဒေါ်စုနဲ့အတူ မြန်မာပြည်သူတွေကတော့…။ “လှေကလေးလှော်လို့ ပျော်ဖို့ အချိန်မရောက်နိုင်သေးပါဘူး” ဒိုရာရေ…။

ကိုးကား – Wikipedia။ ႏိုရီကို – Letter For Assk။ ဒဂုံတာရာ – ဖ်တ္ကနဲေတြ႔ရေသာ ႐ုပ္ပုံလႊာကားခ်ပ္မ်ား။

Credit: DVB (သုတကေဖး)

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *