နိုင်ငံတကာ ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း

မြန်မာပြည် ပထမဆုံး ရုပ်ရှင်ရုံနဲ့ မခွေးလေးထွင်ခဲ့တဲ့ လမ်းစ

ဓာတ္ပုံ – Wikipedia

 

[Zawgyi]

ျဖစ္ရပ္ေတြက ဒီကစတာ။ ၁၈၇၂ ခုႏွစ္အစ။ ေန႔တေန႔ေပါ့။

အေမရိကန္ အထက္လႊတ္ေတာ္အမတ္ စတင္းဖို႔ဒ္နဲ႔ သူ႔မိတ္ေဆြတို႔ အသည္းအသန္ ျငင္းခုန္ၾကတယ္။

ႏွစ္ေယာက္စလုံးက ကယ္လီဖိုးနီးယားရဲ႕ နာမည္ႀကီးေတြကိုး။ သူတို႔ျငင္းခုန္ရာကို ၾကားနာရသူေတြအဖို႔ ပြဲႀကီးပြဲေကာင္းဆိုေတာ့ လူက တျဖည္းျဖည္း မ်ားလာတယ္။

ပရိသတ္ကပါ သူ႔ဘက္ကိုယ့္ဘက္ အၿပိဳင္ျငင္းလာတယ္။ ဒီေတာ့ အျငင္းအခုန္အတြက္ သက္ေသျပဖို႔ လိုလာၿပီ။ အဲဒီမွာ သူေ႒းႀကီး စတင္းဖို႔ဒ္ဟာ အဲ့ဒီေခတ္က ေဒၚလာေလးေသာင္း အကုန္ခံၿပီး သက္ေသျပဖို႔ လုပ္ေဆာင္လိုက္တယ္။

သူတို႔ ဒီဘိတ္ေခါင္းစဥ္က…

ခင္ဗ်ားတို႔ စဥ္းစားၿပီးၿပီဆိုရင္ လက္ေတြ႔လုပ္ေဆာင္ စမ္းသပ္ပုံကို ဆက္ေျပာမယ္။ စတင္းဖို႔ဒ္က ေစာေစာေျပာခဲ့သလိုပဲ ေဒၚလာေလးေသာင္း အကုန္ခံၿပီး ျမင္းေျပးေနတာကို ဓာတ္ပုံ႐ုိက္ သက္ေသျပဖို႔ ျပင္ဆင္ခဲ့တယ္။ ဓာတ္ပုံဆရာကလည္း နာမည္ေက်ာ္ “အက္ဒဝပ္မိုင္းဘရစ္ခ်္”။ သူက ဓာတ္ပုံ႐ုိက္ဖို႔ စီစဥ္တယ္။ ဒါက တပုံတည္းနဲ႔ မဆုံးျဖတ္ႏိုင္ဘူး။ ဓာတ္ပုံေပါင္းမ်ားစြာ ႐ုိက္ရမွာ။ ဒီေတာ့ မိုင္းဘရစ္အတြက္ ကင္မရာေပါင္းမ်ားစြာ လိုတယ္။ အဲ့ဒီေခတ္အခါက ဓာတ္ပုံကို တပုံခ်င္းပဲ အလွ႐ုိက္ႏိုင္ေသးတာကိုး။ ဒီေတာ့ သူ႔အဖို႔ အခ်ိန္ယူ အႀကံထုတ္ရေသးတယ္။ အဆုံးမွာေတာ့ သူက ကင္မရာ ၂၄ လုံးနဲ႔႐ုိက္မယ္။ ကင္မရာတလုံးနဲ႔တလုံးကို တေပအကြာမွာ ထားမယ္။ ႐ုိက္ကူးရာမွာလည္း တခ်ိန္တည္း တၿပိဳင္တည္း ႐ုိက္ကူးရမွာပဲျဖစ္တယ္။ ၿပီးတာနဲ႔ ဓာတ္ပုံေလးပုံကို ဆက္ၿပီး ၾကည့္ရမွာပါ။“..ျမင္းတေကာင္ ကဆုန္ခ်ေျပးရင္ တခ်န္ခ်ိန္မွာ ေျခေလးေခ်ာင္းစလုံး ေျမျပင္နဲ႔ လြတ္သလား မလြတ္ဘူးလား” တဲ့။ ကဲ… သည္ဒီဘိတ္မွာ..ကိုယ့္ဆရာတို႔ ဘယ္ဘက္ေနမလဲ ဆိုတာ အရင္စဥ္းစားၾကည့္ပါအုံး…။

ခ်ိန္းဆိုတဲ့ေန႔ေရာက္ေတာ့ အားလုံးေရွ႕ေမွာက္မွာ မိုင္းဘရစ္ခ်္ စီစဥ္ထားတဲ့အတိုင္း ကင္မရာ ၂၄ လုံးနဲ႔ တၿပိဳင္တည္း ႐ုိက္ကူးလိုက္တယ္။ ခ်က္ခ်င္းပဲ ဓာတ္ပုံဖလင္ေဆးၿပီး ၂၄ ပုံကို ဆက္စပ္ၾကည့္လိုက္တဲ့ အခါမွာေတာ့…

စတင္းဖို႔ဒ္ အႏိုင္ရလိုက္ပါတယ္။ ပုံတပုံက အခ်ိန္တခုအတြင္းမွာ ေျခေလးေခ်ာင္းလုံး ေျမျပင္နဲ႔လြတ္ေနတာကို ေတြ႔ရတယ္။ စတင္းဖို႔ဒ္ အႏိုင္ရသြားပါၿပီ။ အဲဒီ ၂၄ ပုံကို သူ႔အစီစဥ္အတိုင္း အေပါက္ေလးတေပါက္ကေန အျမန္ဆြဲၾကည့္လိုက္ရင္ ျမင္းေျပးေနတဲ့ပုံ ျဖစ္ေနတာကို ေတြ႔ရတယ္။ အဲဒါကို နမူနာယူၿပီး “မီဇိုနီးယား” ဆိုသူက ႐ုပ္ပုံေလးေတြကို မွန္ေပၚမွာ ကူးယူၿပီး မွန္ဘီလူးနဲ႔ ပိတ္ကားေပၚထိုးျပရာက ႐ုပ္ရွင္ေပၚလာတယ္လို႔ ဆိုၾကတယ္။

အဲဒီ ၁၈၇၂ ခုႏွစ္ထဲမွာပဲ ေသာမတ္အယ္ဒီဆင္ကလည္း ဓာတ္ပုံေတြကို ရစ္လုံးနဲ႔ရစ္ၿပီး လက္နဲ႔လွည့္ျပရတဲ့ မွန္အိမ္ငယ္တခု တည္ထြင္ခဲ့တယ္လို႔ ဆိုပါတယ္။ စတင္းဖို႔ဒ္တို႔ျဖစ္ရပ္နဲ႔ မီဇိုနီးယားတို႔ လုပ္ေဆာင္မႈၿပီးမွ ျဖစ္လာတာလို႔လည္း ဆိုတယ္။ ဒါေပမယ့္ လူထုေရွ႕ေမွာက္ အေရာက္တင္ျပႏိုင္ခဲ့တာက ၁၈၈၉ ေအာက္တိုဘာ ၆ ရက္ေန႔မွ ျပသႏိုင္ခဲ့တာပါ။ အဲဒီေန႔မွာပဲ အယ္ဒီဆင္က ပရိသတ္ကို ဖိတ္ေခၚၿပီး ႐ုပ္ေသကေန ႐ုပ္ရွင္ျဖစ္လာပုံကို ျပသခဲ့သလို  ဒီလိုျဖစ္လာေအာင္ ဘယ္လို႐ုိက္ကူးရမယ္ ဆုိတာကိုပါ ရွင္းျပခဲ့တယ္။ ဒါေပမယ့္ စီးပြားေရးအရ ႐ုံဝင္ခယူၿပီး ျပသႏိုင္ခဲ့တာက ၁၈၉၅ ေမ ၂၀ ရက္ေန႔ နယူးေယာက္မွာ စတင္ျပခဲ့တာ။ ကမၻာမွာ ႐ုပ္ရွင္အစကို အဲဒီေန႔ကိုပဲ သတ္မွတ္ခဲ့ဟန္ပါပဲ။

ကမၻာမွာ ၁၈၉၅ ႐ုပ္ရွင္ျပၿပီးတဲ့ေနာက္ ၁၅ ႏွစ္အၾကာ ၁၉၁၀ ထဲမွာ ျမန္မာလူထုဟာ ပိတ္ကားေပၚက အ႐ုပ္ေတြရဲ႕ လႈပ္ရွားမႈကို စတင္ျမင္ေတြ႔ၾကရတာလို႔ ဆိုပါတယ္။ ႐ုပ္ရွင္႐ုံကေတာ့ ရန္ကုန္ၿမိဳ႕ လမ္းမေတာ္လမ္းနဲ႔ က်ဳံးႀကီးလမ္းေထာင့္ က်ဳံးဖို႔ထားတဲ့ ေျမကြက္လပ္ေပၚမွာ ရြက္ဖ်င္တဲႀကီးထိုးၿပီး ျပခဲ့တာ။ ႐ုံအမည္က “အယ္ဒီဆင္” လို႔ ေခၚခဲ့တယ္လို႔ ဒဂုဏ္ပ ဦးဘတင္ရဲ႕ ျမန္မာ႐ုပ္ရွင္အေၾကာင္း ျပဳစုခဲ့တဲ့ စာအုပ္မွာ ေတြ႔ရတယ္။ ေက်ာက္မီးေသြးသုံး ဓာတ္အားေပးစက္နဲ႔ ျပသခဲ့တာ။ စတင္ျပခဲ့တာက အေနာက္ႏိုင္ငံက သတင္းကားေတြပဲ ျဖစ္တယ္။ ၁၉၁၁ ထဲမွာ အေမရိကန္ ဗြီတာဂရပ္ကုမၸဏီက ျမန္မာျပည္လာၿပီး သတင္းကား႐ုိက္တယ္။ သူ႐ုိက္တာေတြကို အယ္ဒီဆင္႐ုံမွာ ျပတယ္။ ျမန္မာမိန္းမႀကီးတေယာက္ ကြမ္းသီးဖက္၊ ေျပာင္းဖူးဖက္နဲ႔ လိပ္တဲ့ ေဆးလိပ္အႀကီးႀကီးကို မီးခိုးေငြ႔တလူလူနဲ႔ ေသာက္ေနပုံ။ မိန္းမ ေလးငါးေယာက္ ေရွ႕ေနာက္ စီတန္းထိုင္လို႔ ဆံပင္ဖားလ်ားခ်ၿပီး တေယာက္ေခါင္းတေယာက္ သန္းရွာေနပုံေတြ ပါသေပါ့။ ဒါ.. ဗမာေတြကို ႐ုိက္ကူးခဲ့တဲ့ မွတ္တမ္း႐ုပ္ရွင္ အစေပါ့။

အဲလို နာမည္ႀကီးတဲ့ အယ္ဒီဆင္ဘိုင္စကုပ္႐ုံနဲ႔အတူ ေပၚလာတာက မေခြးေလး ဘူးသီးေၾကာ္ပါ။ က်ေနာ္ကေတာ့ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္လို႔ ခပ္ျမဴးျမဴးေလး မွတ္တမ္းတင္ခ်င္မိတယ္။ မေခြးေလး႐ုပ္ရည္က အတန္အသင့္ရွိတယ္။ ကိုယ္လုံးလွလွေပါ့။ အရြယ္ကလည္း ႏွစ္ဆယ္ဝန္းက်င္ေလာက္ ရွိေနပါၿပီ။ သူ႔ေခတ္သူ႔အခါက မေခြးေလး အေၾကာင္း သီခ်င္းေတာင္ စပ္ဆိုခဲ့ရတယ္လို႔ သိမီသူေတြဆီက တဆင့္ခံ ၾကားနာခဲ့ဖူးတယ္။ ဟိုအရင္က ျမန္မာ့ဓေလ့မွာ အေၾကာ္တဲ၊ အေၾကာ္ဖိုဆိုတာ လူေနအိမ္ေျခနဲ႔ ခပ္လွမ္းလွမ္းမွာပဲ ရွိခဲ့တာကလား။ မနက္လင္းလို႔ သေရစာ စားခ်င္ရင္ အေၾကာ္ဖို သြားဝယ္ရတာေပါ့။ ေနျမင့္လို႔ အေၾကာ္မကုန္မွ အရပ္ထဲ လွည့္ေရာင္းရတာ။ ဘူးသီးေၾကာ္ကို အဲ့ဒီကာလေတြက “ဘူးသီးငါးေပါင္းေၾကာ္” လို႔ ေခၚေၾကာင္း မွတ္သားခဲ့ရဖူးတယ္။

ဘူးသီးေၾကာ္ကို အဲ့လိုေရာင္းခဲ့တာပါ။ ဆရာႀကီး ဒဂုဏ္ပဦးတင္က “အယ္ဒီဆင္ ဘုိင္စကုပ္႐ုံအေၾကာင္းကို ေရးလွ်င္ လမ္းမေတာ္ထိပ္ဝက မေခြးေလး ဘူးသီးငါးေပါင္းေၾကာ္ကို သတိရေပသည္။ ရန္ကုန္ၿမိဳ႕တြင္ ဆုိင္ခင္း၍ ပြဲေဈးတန္းမွာ ဘူးသီးေၾကာ္ေရာင္းျခင္းကို မေခြးေလးက စထြင္ခဲ့ေလသည္ တဲ့။ စထြင္တယ္ဆိုေတာ့ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ပဲေပါ့။ ဆရာႀကီးက သည္လိုဆိုခ်င္ဟန္ပါ။ အဲ့ဒီေခတ္က လူေတြရဲ႕ ပါးစပ္ဖ်ားမွာ “လမ္းမေတာ္ထိပ္ဝမွာ တံဆိပ္ရတဲ့ ဘူးသီးငါးေပါင္းေၾကာ္” လို႔ေတာင္ စာဖြဲ႔ရဆိုပဲ။ အခုေတာ့ ပြဲေဈးေတြမွာ ဘူးသီးေၾကာ္ေတြ ဆိုင္ဖြင့္လို႔ တခမ္းတနား ေရာင္းေနၾကပါၿပီ။ ဘာပဲျဖစ္ျဖစ္ ဒါဟာ ျမန္မာျပည္ ႐ုပ္ရွင္စေရာက္ျခင္းနဲ႔အတူ ေျပာင္းလဲသြားတဲ့ ေခတ္သ႐ုပ္သကန္တခု ျဖစ္ခဲ့ပါတယ္။

ဒီမွာ က်ေနာ္တခုေျပာခ်င္တာက သမိုင္းက ျဖစ္ရပ္ေတြကို မွတ္တမ္းတင္ႏိုင္သလို ေခတ္ကာလရဲ႕ “ဝန္းက်င္ေငြ႔” (Atmosphere) ကိုေတာ့ Public Memoir က ေပးႏိုင္တာေၾကာင့္ မေခြးေလးအေၾကာင္း ေျပာျဖစ္တာပါ။ ေနာင္ ၁၀ ႏွစ္အၾကာမွာေတာ့ လန္ဒန္အပ္ဦးအုံးေမာင္က ျမန္မာ႐ုပ္ရွင္ကို စြန္႔ဦးတီထြင္ လုပ္ငန္းရွင္အျဖစ္ ထြက္ေပၚလာခဲ့ပါေတာ့တယ္။

 

[Unicode]

ဖြစ်ရပ်တွေက ဒီကစတာ။ ၁၈၇၂ ခုနှစ်အစ။ နေ့တနေ့ပေါ့။

အမေရိကန် အထက်လွှတ်တော်အမတ် စတင်းဖို့ဒ်နဲ့ သူ့မိတ်ဆွေတို့ အသည်းအသန် ငြင်းခုန်ကြတယ်။

နှစ်ယောက်စလုံးက ကယ်လီဖိုးနီးယားရဲ့ နာမည်ကြီးတွေကိုး။ သူတို့ငြင်းခုန်ရာကို ကြားနာရသူတွေအဖို့ ပွဲကြီးပွဲကောင်းဆိုတော့ လူက တဖြည်းဖြည်း များလာတယ်။

ပရိသတ်ကပါ သူ့ဘက်ကိုယ့်ဘက် အပြိုင်ငြင်းလာတယ်။ ဒီတော့ အငြင်းအခုန်အတွက် သက်သေပြဖို့ လိုလာပြီ။ အဲဒီမှာ သူဋ္ဌေးကြီး စတင်းဖို့ဒ်ဟာ အဲ့ဒီခေတ်က ဒေါ်လာလေးသောင်း အကုန်ခံပြီး သက်သေပြဖို့ လုပ်ဆောင်လိုက်တယ်။

သူတို့ ဒီဘိတ်ခေါင်းစဉ်က…

ခင်ဗျားတို့ စဉ်းစားပြီးပြီဆိုရင် လက်တွေ့လုပ်ဆောင် စမ်းသပ်ပုံကို ဆက်ပြောမယ်။ စတင်းဖို့ဒ်က စောစောပြောခဲ့သလိုပဲ ဒေါ်လာလေးသောင်း အကုန်ခံပြီး မြင်းပြေးနေတာကို ဓာတ်ပုံရိုက် သက်သေပြဖို့ ပြင်ဆင်ခဲ့တယ်။ ဓာတ်ပုံဆရာကလည်း နာမည်ကျော် “အက်ဒဝပ်မိုင်းဘရစ်ချ်”။ သူက ဓာတ်ပုံရိုက်ဖို့ စီစဉ်တယ်။ ဒါက တပုံတည်းနဲ့ မဆုံးဖြတ်နိုင်ဘူး။ ဓာတ်ပုံပေါင်းများစွာ ရိုက်ရမှာ။ ဒီတော့ မိုင်းဘရစ်အတွက် ကင်မရာပေါင်းများစွာ လိုတယ်။ အဲ့ဒီခေတ်အခါက ဓာတ်ပုံကို တပုံချင်းပဲ အလှရိုက်နိုင်သေးတာကိုး။ ဒီတော့ သူ့အဖို့ အချိန်ယူ အကြံထုတ်ရသေးတယ်။ အဆုံးမှာတော့ သူက ကင်မရာ ၂၄ လုံးနဲ့ရိုက်မယ်။ ကင်မရာတလုံးနဲ့တလုံးကို တပေအကွာမှာ ထားမယ်။ ရိုက်ကူးရာမှာလည်း တချိန်တည်း တပြိုင်တည်း ရိုက်ကူးရမှာပဲဖြစ်တယ်။ ပြီးတာနဲ့ ဓာတ်ပုံလေးပုံကို ဆက်ပြီး ကြည့်ရမှာပါ။“..မြင်းတကောင် ကဆုန်ချပြေးရင် တချန်ချိန်မှာ ခြေလေးချောင်းစလုံး မြေပြင်နဲ့ လွတ်သလား မလွတ်ဘူးလား” တဲ့။ ကဲ… သည်ဒီဘိတ်မှာ..ကိုယ့်ဆရာတို့ ဘယ်ဘက်နေမလဲ ဆိုတာ အရင်စဉ်းစားကြည့်ပါအုံး…။

ချိန်းဆိုတဲ့နေ့ရောက်တော့ အားလုံးရှေ့မှောက်မှာ မိုင်းဘရစ်ချ် စီစဉ်ထားတဲ့အတိုင်း ကင်မရာ ၂၄ လုံးနဲ့ တပြိုင်တည်း ရိုက်ကူးလိုက်တယ်။ ချက်ချင်းပဲ ဓာတ်ပုံဖလင်ဆေးပြီး ၂၄ ပုံကို ဆက်စပ်ကြည့်လိုက်တဲ့ အခါမှာတော့…

စတင်းဖို့ဒ် အနိုင်ရလိုက်ပါတယ်။ ပုံတပုံက အချိန်တခုအတွင်းမှာ ခြေလေးချောင်းလုံး မြေပြင်နဲ့လွတ်နေတာကို တွေ့ရတယ်။ စတင်းဖို့ဒ် အနိုင်ရသွားပါပြီ။ အဲဒီ ၂၄ ပုံကို သူ့အစီစဉ်အတိုင်း အပေါက်လေးတပေါက်ကနေ အမြန်ဆွဲကြည့်လိုက်ရင် မြင်းပြေးနေတဲ့ပုံ ဖြစ်နေတာကို တွေ့ရတယ်။ အဲဒါကို နမူနာယူပြီး “မီဇိုနီးယား” ဆိုသူက ရုပ်ပုံလေးတွေကို မှန်ပေါ်မှာ ကူးယူပြီး မှန်ဘီလူးနဲ့ ပိတ်ကားပေါ်ထိုးပြရာက ရုပ်ရှင်ပေါ်လာတယ်လို့ ဆိုကြတယ်။

အဲဒီ ၁၈၇၂ ခုနှစ်ထဲမှာပဲ သောမတ်အယ်ဒီဆင်ကလည်း ဓာတ်ပုံတွေကို ရစ်လုံးနဲ့ရစ်ပြီး လက်နဲ့လှည့်ပြရတဲ့ မှန်အိမ်ငယ်တခု တည်ထွင်ခဲ့တယ်လို့ ဆိုပါတယ်။ စတင်းဖို့ဒ်တို့ဖြစ်ရပ်နဲ့ မီဇိုနီးယားတို့ လုပ်ဆောင်မှုပြီးမှ ဖြစ်လာတာလို့လည်း ဆိုတယ်။ ဒါပေမယ့် လူထုရှေ့မှောက် အရောက်တင်ပြနိုင်ခဲ့တာက ၁၈၈၉ အောက်တိုဘာ ၆ ရက်နေ့မှ ပြသနိုင်ခဲ့တာပါ။ အဲဒီနေ့မှာပဲ အယ်ဒီဆင်က ပရိသတ်ကို ဖိတ်ခေါ်ပြီး ရုပ်သေကနေ ရုပ်ရှင်ဖြစ်လာပုံကို ပြသခဲ့သလို  ဒီလိုဖြစ်လာအောင် ဘယ်လိုရိုက်ကူးရမယ် ဆိုတာကိုပါ ရှင်းပြခဲ့တယ်။ ဒါပေမယ့် စီးပွားရေးအရ ရုံဝင်ခယူပြီး ပြသနိုင်ခဲ့တာက ၁၈၉၅ မေ ၂၀ ရက်နေ့ နယူးယောက်မှာ စတင်ပြခဲ့တာ။ ကမ္ဘာမှာ ရုပ်ရှင်အစကို အဲဒီနေ့ကိုပဲ သတ်မှတ်ခဲ့ဟန်ပါပဲ။

ကမ္ဘာမှာ ၁၈၉၅ ရုပ်ရှင်ပြပြီးတဲ့နောက် ၁၅ နှစ်အကြာ ၁၉၁၀ ထဲမှာ မြန်မာလူထုဟာ ပိတ်ကားပေါ်က အရုပ်တွေရဲ့ လှုပ်ရှားမှုကို စတင်မြင်တွေ့ကြရတာလို့ ဆိုပါတယ်။ ရုပ်ရှင်ရုံကတော့ ရန်ကုန်မြို့ လမ်းမတော်လမ်းနဲ့ ကျုံးကြီးလမ်းထောင့် ကျုံးဖို့ထားတဲ့ မြေကွက်လပ်ပေါ်မှာ ရွက်ဖျင်တဲကြီးထိုးပြီး ပြခဲ့တာ။ ရုံအမည်က “အယ်ဒီဆင်” လို့ ခေါ်ခဲ့တယ်လို့ ဒဂုဏ်ပ ဦးဘတင်ရဲ့ မြန်မာရုပ်ရှင်အကြောင်း ပြုစုခဲ့တဲ့ စာအုပ်မှာ တွေ့ရတယ်။ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်နဲ့ ပြသခဲ့တာ။ စတင်ပြခဲ့တာက အနောက်နိုင်ငံက သတင်းကားတွေပဲ ဖြစ်တယ်။ ၁၉၁၁ ထဲမှာ အမေရိကန် ဗွီတာဂရပ်ကုမ္ပဏီက မြန်မာပြည်လာပြီး သတင်းကားရိုက်တယ်။ သူရိုက်တာတွေကို အယ်ဒီဆင်ရုံမှာ ပြတယ်။ မြန်မာမိန်းမကြီးတယောက် ကွမ်းသီးဖက်၊ ပြောင်းဖူးဖက်နဲ့ လိပ်တဲ့ ဆေးလိပ်အကြီးကြီးကို မီးခိုးငွေ့တလူလူနဲ့ သောက်နေပုံ။ မိန်းမ လေးငါးယောက် ရှေ့နောက် စီတန်းထိုင်လို့ ဆံပင်ဖားလျားချပြီး တယောက်ခေါင်းတယောက် သန်းရှာနေပုံတွေ ပါသပေါ့။ ဒါ.. ဗမာတွေကို ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင် အစပေါ့။

အဲလို နာမည်ကြီးတဲ့ အယ်ဒီဆင်ဘိုင်စကုပ်ရုံနဲ့အတူ ပေါ်လာတာက မခွေးလေး ဘူးသီးကြော်ပါ။ ကျနော်ကတော့ စွန့်ဦးတီထွင် လုပ်ငန်းရှင်လို့ ခပ်မြူးမြူးလေး မှတ်တမ်းတင်ချင်မိတယ်။ မခွေးလေးရုပ်ရည်က အတန်အသင့်ရှိတယ်။ ကိုယ်လုံးလှလှပေါ့။ အရွယ်ကလည်း နှစ်ဆယ်ဝန်းကျင်လောက် ရှိနေပါပြီ။ သူ့ခေတ်သူ့အခါက မခွေးလေး အကြောင်း သီချင်းတောင် စပ်ဆိုခဲ့ရတယ်လို့ သိမီသူတွေဆီက တဆင့်ခံ ကြားနာခဲ့ဖူးတယ်။ ဟိုအရင်က မြန်မာ့ဓလေ့မှာ အကြော်တဲ၊ အကြော်ဖိုဆိုတာ လူနေအိမ်ခြေနဲ့ ခပ်လှမ်းလှမ်းမှာပဲ ရှိခဲ့တာကလား။ မနက်လင်းလို့ သရေစာ စားချင်ရင် အကြော်ဖို သွားဝယ်ရတာပေါ့။ နေမြင့်လို့ အကြော်မကုန်မှ အရပ်ထဲ လှည့်ရောင်းရတာ။ ဘူးသီးကြော်ကို အဲ့ဒီကာလတွေက “ဘူးသီးငါးပေါင်းကြော်” လို့ ခေါ်ကြောင်း မှတ်သားခဲ့ရဖူးတယ်။

ဘူးသီးကြော်ကို အဲ့လိုရောင်းခဲ့တာပါ။ ဆရာကြီး ဒဂုဏ်ပဦးတင်က “အယ်ဒီဆင် ဘိုင်စကုပ်ရုံအကြောင်းကို ရေးလျှင် လမ်းမတော်ထိပ်ဝက မခွေးလေး ဘူးသီးငါးပေါင်းကြော်ကို သတိရပေသည်။ ရန်ကုန်မြို့တွင် ဆိုင်ခင်း၍ ပွဲဈေးတန်းမှာ ဘူးသီးကြော်ရောင်းခြင်းကို မခွေးလေးက စထွင်ခဲ့လေသည် တဲ့။ စထွင်တယ်ဆိုတော့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ပဲပေါ့။ ဆရာကြီးက သည်လိုဆိုချင်ဟန်ပါ။ အဲ့ဒီခေတ်က လူတွေရဲ့ ပါးစပ်ဖျားမှာ “လမ်းမတော်ထိပ်ဝမှာ တံဆိပ်ရတဲ့ ဘူးသီးငါးပေါင်းကြော်” လို့တောင် စာဖွဲ့ရဆိုပဲ။ အခုတော့ ပွဲဈေးတွေမှာ ဘူးသီးကြော်တွေ ဆိုင်ဖွင့်လို့ တခမ်းတနား ရောင်းနေကြပါပြီ။ ဘာပဲဖြစ်ဖြစ် ဒါဟာ မြန်မာပြည် ရုပ်ရှင်စရောက်ခြင်းနဲ့အတူ ပြောင်းလဲသွားတဲ့ ခေတ်သရုပ်သကန်တခု ဖြစ်ခဲ့ပါတယ်။

ဒီမှာ ကျနော်တခုပြောချင်တာက သမိုင်းက ဖြစ်ရပ်တွေကို မှတ်တမ်းတင်နိုင်သလို ခေတ်ကာလရဲ့ “ဝန်းကျင်ငွေ့” (Atmosphere) ကိုတော့ Public Memoir က ပေးနိုင်တာကြောင့် မခွေးလေးအကြောင်း ပြောဖြစ်တာပါ။ နောင် ၁၀ နှစ်အကြာမှာတော့ လန်ဒန်အပ်ဦးအုံးမောင်က မြန်မာရုပ်ရှင်ကို စွန့်ဦးတီထွင် လုပ်ငန်းရှင်အဖြစ် ထွက်ပေါ်လာခဲ့ပါတော့တယ်။

ကိုကား – ဒဂုဏ္ပ ဦးတင္ ကၽြႏုပ္ႏွင့္ ျမန္မာ႐ုပ္ရွင္ေလာက

Credit: DVB (သုတကေဖး)

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *