ခေတ်ရေစီး ဆယ်လီ သတင်း အနုပညာ

ထိုင်းနဲ့ မြန်မာအနုပညာရှင်များ ပူးပေါင်းရိုက်ကူးမယ့် LADYBOY

 

[Zawgyi]

ျမန္မာႏုိင္ငံက နာမည္ေက်ာ္အႏုပညာရွင္ေတြနဲ႔ ယိုးဒယားက အႏုပညာရွင္ေတြ ပူးေပါင္းၿပီး ရုိက္ကူးမယ့္ Ladyboy ရုပ္ရွင္ ဇာတ္ကားႀကီး ကုိ Bo Bo Entertainment က ထုတ္လုပ္ၿပီး ဒါရုိက္တာကုိေပါက္က စက္တင္ဘာလ အတြင္းမွာ ရုိက္ကူးသြား မွာျဖစ္ပါတယ္။

Lady Boy ရုပ္ရွင္ဇာတ္ကားႀကီး ကန္ေတာ့ပြဲကုိ ၾသဂုတ္လ ၂၉ ရက္ေန႔ မနက္ပုိင္းက M3 Food Canter မွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီဇာတ္ကား ထဲမွာ ျမန္မာႏုိင္ငံရဲ႕ ေအာင္ျမင္တဲ့ အႏုပညာရွင္မ်ားနဲ႔ အတူ ထုိင္းႏုိင္ငံမွာ ရွိတဲ့ အႏုပညာရွင္ေတြ ပူးေပါင္းၿပီးရက္ေပါင္း(၂၀) အၾကာ ရုိက္ကူးသြားမယ္ လုိ႔လည္း မီဒီယာေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။

” ဇာတ္ကားနာမည္အရေတာ့ ေယာက်္ားလ်ာကား၊ အေျခာက္ကားလုိ႔ေတာ့ ထင္ေကာင္း ထင္လိမ့္မယ္။ တကယ္ေတာ့ ဒီဇာတ္ကားက အေျခာက္ ဇာတ္ကားမဟုတ္ပါဘူး၊ ဘန္ေကာက္ကုိ ေရာက္သြားတ့ဲလူတစ္ေယာက္ရဲ႕ ဘာသာစကားနားမလည္မႈေတြေၾကာင့္ ျဖစ္ေပၚ လာတဲ့ အခက္အခဲေတြၾကားမွာ အဆင္ေျပသလုိ ေနရတဲ့ ပုံစံေလးပါ”လုိ႔ ကုိေပါက္က ေျပာပါတယ္။

Lady Boy ရုပ္ရွင္ဇာတ္ကားထဲမွာေတာ့ ထိုင္းႏုိင္ငံမွာ ေနထုိင္ၿပီး ထုိင္းႏုိင္ငံရဲ႕ အႏုပညာရွင္တစ္ေယာက္အျဖစ္ ပါဝင္သရုပ္ေဆာင္ရမယ့္ အိေခ်ာပို က သူ႔ရဲ႕ ကာရုိက္တာအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ေနတယ္ဆုိၿပီးေတာ့ ၾသဂုတ္လ ၂၉ ရက္ေန႔ မနက္က Ladyboy ရုပ္ရွင္ကန္ေတာ့ပြဲမွာ မီဒီယာေတြကုိ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

” ဒီဇာတ္ကားထဲမွာေတာ့ အိေခ်ာက ႏုိင္ငံျခားမွာေနတဲ့ ေမာ္ဒယ္ မင္းသမီး ပုံစံနဲ႔ပါဝင္သရုပ္ေဆာင္ရမွာပါ။ ဒီဇာတ္ကားကုိလည္း ျပည္ပနဲ႔ ေပါင္းရုိက္တာ ျဖစ္တဲ့အတြက္ အိေခ်ာပါဝင္ရမယ့္ ကာရုိက္တာပုိင္းေရာ၊ အဝတ္အစားပုိင္းေတြက အစ ပီျပင္ေအာင္၊ အေကာင္းဆုံး ျဖစ္ေအာင္ ျပင္ဆင္ေနပါတယ္” လုိ႔ ဆုိပါတယ္။

Ladyboy ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ဂ်ဳိကာ ကေတာ့ ထုိင္းႏုိင္ငံသူ အေျခာက္မတစ္ေယာက္ ကာရုိက္တာနဲ႔ ပါဝင္သရုပ္ေဆာင္ရမွာ  ျဖစ္ပါ တယ္။ ဒါကလည္း သူ႔အတြက္ ပထမဆုံး အေျခာက္ကာရုိက္တာကုိ သရုပ္ေဆာင္ရတာပါ ဆုိၿပီးေတာ့ အမွတ္တရ ေျပာျပခဲ့ပါတယ္။

” ဒီဇာတ္ကားထဲမွာေတာ့ ပထမဦးဆုံး ဂ်ဳိကာ ပထမဆုံး အေျခာက္ကာရုိက္တာလုပ္ရမွာ။ ဒီဇာတ္ကားထဲမွာေတာ့ ကၽြန္ေတာ္က ထုိင္းႏုိင္ငံ မွာေနၿပီးေတာ့ အေဆာင္မွဴးအေျခာက္ႀကီးေပါ့ေနာ္။ အေျခာက္ေတြပဲ လက္ခံတယ္၊ ကၽြန္ေတာ္က ျမန္မာလူမ်ဳိးေတြဆိုရင္ေတာ့ ခ်စ္တတ္ တယ္။ အိေခ်ာပုိဦးေလးေနရာက သရုပ္ေဆာင္ရတာေပါ့” လုိ႔ သူကဆုိပါတယ္။

Ladyboy ရုပ္ရွင္ဇာတ္ကားႀကီးကုိ စက္တင္ဘာလ ၅ ရက္ေန႔က စၿပီး ထုိင္းႏုိင္ငံမွာ ရက္ ၂၀ အၾကာ ရုိက္ကူးသြားမယ္လုိ႔ သိရပါတယ္။ ဒီဇာတ္ကားထဲမွာ သရုပ္ေဆာင္ ေျပတီဦး၊ ခန္႔စည္သူ၊ ေက်ာ္ေက်ာ္ဗုိ၊ ဂ်ဳိကာနဲ႔ အိေခ်ာပုိတုိ႔နဲ႔ အတူ ထုိင္းမင္းသမီးေလး ကဒါဖီ ကလည္း အဓိက သရုပ္ေဆာင္အျဖစ္ ပါဝင္သြားမွာျဖစ္ပါတယ္။

 

[Unicode]

မြန်မာနိုင်ငံက နာမည်ကျော်အနုပညာရှင်တွေနဲ့ ယိုးဒယားက အနုပညာရှင်တွေ ပူးပေါင်းပြီး ရိုက်ကူးမယ့် Ladyboy ရုပ်ရှင် ဇာတ်ကားကြီး ကို Bo Bo Entertainment က ထုတ်လုပ်ပြီး ဒါရိုက်တာကိုပေါက်က စက်တင်ဘာလ အတွင်းမှာ ရိုက်ကူးသွား မှာဖြစ်ပါတယ်။

Lady Boy ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက M3 Food Canter မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကား ထဲမှာ မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ အနုပညာရှင်များနဲ့ အတူ ထိုင်းနိုင်ငံမှာ ရှိတဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီးရက်ပေါင်း(၂၀) အကြာ ရိုက်ကူးသွားမယ် လို့လည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

” ဇာတ်ကားနာမည်အရတော့ ယောကျ်ားလျာကား၊ အခြောက်ကားလို့တော့ ထင်ကောင်း ထင်လိမ့်မယ်။ တကယ်တော့ ဒီဇာတ်ကားက အခြောက် ဇာတ်ကားမဟုတ်ပါဘူး၊ ဘန်ကောက်ကို ရောက်သွားတဲ့လူတစ်ယောက်ရဲ့ ဘာသာစကားနားမလည်မှုတွေကြောင့် ဖြစ်ပေါ် လာတဲ့ အခက်အခဲတွေကြားမှာ အဆင်ပြေသလို နေရတဲ့ ပုံစံလေးပါ”လို့ ကိုပေါက်က ပြောပါတယ်။

Lady Boy ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ထိုင်းနိုင်ငံရဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ရမယ့် အိချောပို က သူ့ရဲ့ ကာရိုက်တာအတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေတယ်ဆိုပြီးတော့ သြဂုတ်လ ၂၉ ရက်နေ့ မနက်က Ladyboy ရုပ်ရှင်ကန်တော့ပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

” ဒီဇာတ်ကားထဲမှာတော့ အိချောက နိုင်ငံခြားမှာနေတဲ့ မော်ဒယ် မင်းသမီး ပုံစံနဲ့ပါဝင်သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားကိုလည်း ပြည်ပနဲ့ ပေါင်းရိုက်တာ ဖြစ်တဲ့အတွက် အိချောပါဝင်ရမယ့် ကာရိုက်တာပိုင်းရော၊ အဝတ်အစားပိုင်းတွေက အစ ပီပြင်အောင်၊ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်နေပါတယ်” လို့ ဆိုပါတယ်။

Ladyboy ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဂျိုကာ ကတော့ ထိုင်းနိုင်ငံသူ အခြောက်မတစ်ယောက် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ရမှာ  ဖြစ်ပါ တယ်။ ဒါကလည်း သူ့အတွက် ပထမဆုံး အခြောက်ကာရိုက်တာကို သရုပ်ဆောင်ရတာပါ ဆိုပြီးတော့ အမှတ်တရ ပြောပြခဲ့ပါတယ်။

” ဒီဇာတ်ကားထဲမှာတော့ ပထမဦးဆုံး ဂျိုကာ ပထမဆုံး အခြောက်ကာရိုက်တာလုပ်ရမှာ။ ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က ထိုင်းနိုင်ငံ မှာနေပြီးတော့ အဆောင်မှူးအခြောက်ကြီးပေါ့နော်။ အခြောက်တွေပဲ လက်ခံတယ်၊ ကျွန်တော်က မြန်မာလူမျိုးတွေဆိုရင်တော့ ချစ်တတ် တယ်။ အိချောပိုဦးလေးနေရာက သရုပ်ဆောင်ရတာပေါ့” လို့ သူကဆိုပါတယ်။

Ladyboy ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ ၅ ရက်နေ့က စပြီး ထိုင်းနိုင်ငံမှာ ရက် ၂၀ အကြာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ပြေတီဦး၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ဂျိုကာနဲ့ အိချောပိုတို့နဲ့ အတူ ထိုင်းမင်းသမီးလေး ကဒါဖီ ကလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။

Credit: Duwun

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *