ပြည်တွင်း မြန်မာ့သမိုင်း သတင်း သမိုင်း

၇၉ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဦးဥတ္တမပန်းခြံတွင် ကျင်းပ

 

[Zawgyi]

ဆရာေတာ္ဦးဥတၱမရဲ႕ ၇၉ ႏွစ္ေျမာက္ ဂုဏ္ျပဳအခမ္းအနားကို စက္တင္ဘာ ၉ ရက္ေန႔က ေ႐ႊတိဂုံဘုရားေတာင္ဘက္မုခ္မွာရွိတဲ့ ဦးဥတၱမပန္းၿခံမွာ က်င္းပေနပါတယ္။

ဒီအခမ္းအနားကို ရန္ကုန္တိုင္းဝင္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ဗိုလ္မႉးႀကီးေအာင္စိုးမိုး၊ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီး၊ ရန္ကုန္တိုင္းအစိုးရအဖြဲ႕နဲ႔ ေသာင္းနဲ႔ခ်ီတဲ့ ရခိုင္လူမ်ိဳးေတြ တက္ေရာက္ ဂုဏ္ျပဳခဲ့ၾကပါတယ္။

ျမန္မာအမ်ိဳးသား၊ အမ်ိဳးသမီးေတြ ႏိုင္ငံေရး အသိစိတ္ဓာတ္ႏိုးၾကားေစဖို႔နဲ႔ တိုင္းတပါး အုပ္ခ်ဳပ္မႈေအာက္က လြတ္ေျမာက္ၿပီး လြတ္လပ္ေရးရေအာင္ ႀကိဳးပမ္းခဲ့တဲ့ ဆရာေတာ္ ဦးဥတၱမက ျမန္မာျပည္အႏွံ႔ လွည့္လည္ၿပီး ဝံသာႏုတရား၊ ၿဗိတိသ်နယ္ခ်ဲ႕ဆန႔္က်င္ေရးတရားေတြကို ေဟာေျပာခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီအခ်ိန္က ထုတ္ေဝခဲ့တဲ့ သူရယသတင္းစာမွာလည္း ဝံသာႏုရကၡိတတရား နယ္ခ်ဲ႕ဆန႔္က်င္ေရးေဆာင္းပါးေတြကို ေရးသားၿပီး ႏိုင္ငံေရးအသိပညာေပး လႈွံေဆာ္ခဲ့ပါတယ္။

ဦးဥတၱမကို ဂုဏ္ျပဳတဲ့ ဦးဥတၱမပန္းၿခံကိုေတာ့ ၁၉၆၂ ခုႏွစ္ ဇန္နဝါရီလ ၁၇ ရက္ေန႔ ဖြင့္လွစ္ခဲ့ေပမယ့္လည္း အစိုးရအေျပာင္းအလဲေၾကာင့္ ကန္ေတာ္မဂၤလာ ပန္းၿခံအျဖစ္ ေျပာင္းလဲခဲ့ပါတယ္။

၂ဝ၁၅ ခုႏွစ္ စက္တင္ဘာ ၉ ရက္ေန႔မွာေတာ့ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးက ဦးေဆာင္ၿပီး ဦးဥတၱမပန္းၿခံအျဖစ္ ျပန္လည္ေျပာင္းလဲ သတ္မွတ္ခဲ့ပါတယ္။ ဦးဥတၱမေန႔အခမ္းအနားကို ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာလည္က်င္းေနပါတယ္။

ဆရာေတာ္ ဦးဥတၱမကို ၁၈၇၉ ခုႏွစ္ ဒီဇင္ဘာ ၂၈ ေန႔မွာေမြးဖြားခဲ့တာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ ပထမဆုံးအက်ဥ္းခ်ခံရတဲ့ ႏိုင္ငံေရးသမားတေယာက္ျဖစ္ပါတယ္။ ဆရာေတာ္ဥတၱမက ၁၉၃၉ ခုႏွစ္ စက္တက္ဘာ ၉ ရက္ေန႔ အသက္ ၅၉ ႏွစ္ျပည္မွာ ကြယ္လြန္ခဲ့တာလည္း ျဖစ္ပါတယ္။

 

[Unicode]

ဆရာတော်ဦးဥတ္တမရဲ့ ၇၉ နှစ်မြောက် ဂုဏ်ပြုအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့က ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာရှိတဲ့ ဦးဥတ္တမပန်းခြံမှာ ကျင်းပနေပါတယ်။

ဒီအခမ်းအနားကို ရန်ကုန်တိုင်းဝင်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ သောင်းနဲ့ချီတဲ့ ရခိုင်လူမျိုးတွေ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။

မြန်မာအမျိုးသား၊ အမျိုးသမီးတွေ နိုင်ငံရေး အသိစိတ်ဓာတ်နိုးကြားစေဖို့နဲ့ တိုင်းတပါး အုပ်ချုပ်မှုအောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ဆရာတော် ဦးဥတ္တမက မြန်မာပြည်အနှံ့ လှည့်လည်ပြီး ဝံသာနုတရား၊ ဗြိတိသျနယ်ချဲ့ဆန့်ကျင်ရေးတရားတွေကို ဟောပြောခဲ့ပါတယ်။ ဒါ့ပြင် အဲဒီအချိန်က ထုတ်ဝေခဲ့တဲ့ သူရယသတင်းစာမှာလည်း ဝံသာနုရက္ခိတတရား နယ်ချဲ့ဆန့်ကျင်ရေးဆောင်းပါးတွေကို ရေးသားပြီး နိုင်ငံရေးအသိပညာပေး လှုှံဆော်ခဲ့ပါတယ်။

ဦးဥတ္တမကို ဂုဏ်ပြုတဲ့ ဦးဥတ္တမပန်းခြံကိုတော့ ၁၉၆၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ ဖွင့်လှစ်ခဲ့ပေမယ့်လည်း အစိုးရအပြောင်းအလဲကြောင့် ကန်တော်မင်္ဂလာ ပန်းခြံအဖြစ် ပြောင်းလဲခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာတော့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ဦးဆောင်ပြီး ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဦးဥတ္တမနေ့အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်ကျင်းနေပါတယ်။

ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၈ နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကျဉ်းချခံရတဲ့ နိုင်ငံရေးသမားတယောက်ဖြစ်ပါတယ်။ ဆရာတော်ဥတ္တမက ၁၉၃၉ ခုနှစ် စက်တက်ဘာ ၉ ရက်နေ့ အသက် ၅၉ နှစ်ပြည်မှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

Credit: DVB

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *