[Zawgyi]

အဂၤဝိဇၨာ နဲ႔ လကၡဏာပညာေတြဆိုတာ ဟိုးေရွးေရွးတုန္းကတည္းက ထင္ေပၚေက်ာ္ၾကားခဲ့တာပါ။ သင့္ေျခဖဝါးပံုစံနဲ႔ အေနအထားကိုၾကည့္ၿပီး သင့္စိတ္ကိုခန္႔မွန္းလို႔ရတယ္ဆိုတာကိုေရာ သင္သိပါသလား? ဟုတ္ကဲ့ တကယ္ေျပာေနတာပါ။ သင့္ေျခဖဝါးရဲ႕ ပံုသဏၭာန္ အရြယ္အစားနဲ႔ အေနအထားကိုၾကည့္ၿပီး သင့္အေၾကာင္းေတြ ေျပာျပႏိုင္ပါတယ္။

သင့္ေျခမကိုခုပဲ ငံု႔ၾကည့္လိုက္ပါ ေျခညိႈးထက္ရွည္ေနလား တိုေနလား ဒါမွမဟုတ္ ၾကက္ေျခခတ္ျဖစ္ေနလား ? အကယ္၍ ဟုတ္တယ္ဆိုရင္ေတာ့ ထူးျခားတဲ့ အဓိပၸါယ္တစ္ခု ရွိကိုရွိေနပါတယ္။ ဒီေတာ့ ေသေသခ်ာခ်ာ ေလ့လာၾကည့္ၾကရေအာင္။ ေအာက္မွာေတာ့ ေျခဖဝါးပံုသဏၭာန္ဆယ္မ်ိဳးနဲ႔ ယင္းေျခေထာက္ပိုင္ရွင္ေတြရဲ႕ စိတ္ေနစိတ္ထားကို ေျပာျပာထားပါတယ္။ ေလ့လာၾကည့္ရေအာင္ေနာ္။

 

၁။ ေလးေထာင့္ေျခဖဝါး

ေျခေခ်ာင္းေတြအားလံုး အတိုအရွည္ညီေနတဲ့အခါ သင့္ေျခဖဝါးကေလးေထာင့္စပ္စပ္ က်ေနပါလိမ့္မယ္။ ဒါကို ေလ့ေထာင့္ေျခဖဝါးပိုင္ရွင္လို႔ မွတ္ယူၾကပါတယ္။ ေတာင္သူလယ္သမား ေျခဖဝါးလုိ႔လည္းေခၚၾကပါတယ္။ ဒီလိုဖဝါးမ်ိဳးရွိသူေတြက သတိႀကီးႀကီး ထားတတ္ၾကပါတယ္။ ဆံုးျဖတ္ခ်က္မခ်ခင္ တစ္ခုခုမလုပ္လိုက္ခင္မွာ အေသးစိတ္ အခ်က္ကေလးေတြကအစ ေစ့ေစ့စပ္စပ္ၾကည့္ၿပီးမွ ဆံုးျဖတ္လုပ္ကိုင္တတ္ၾကပါတယ္။ ယုတိၱရွိရွိနဲ႔ လက္ေတြ႕က်တာေတြကိုသာ ႏွစ္သက္တတ္ပါတယ္။ ဘယ္လုိအေျခအေနမ်ိဳးမွာမဆို ေအးေဆးတည္ၿငိမ္ၿပီး အလြန္အားကိုးအားထား ျပဳႏိုင္သူမ်ားလည္း ျဖစ္ၾကပါတယ္။

 

၂။ ဂရိေျခဖဝါး

ဂရိေျခဖဝါးကို မီးေတာက္ဖဝါးလို႔လည္း ေခၚတတ္ၾကပါတယ္။ ဒီလိုေျခဖဝါးရွိသူေတြရဲ႕ ေျခညိႈးဟာ ေျခမထက္ပို ရွည္ပါတယ္။ သူတို႔ေတြဟာ စိတ္ဓါတ္ခြန္အား ေပးႏိုင္သူမ်ားျဖစ္ၾကၿပီး ဆိုင္ရာနယ္ပယ္အသီးသီးမွာ စိတ္အား ထက္သန္ တက္ၾကြတတ္သူေတြလည္း ျဖစ္ၾကပါတယ္။ ဒီေျခဖဝါးပိုင္ရွင္ အမ်ားစုမွာ ေခါင္းေဆာင္တို႔ရဲ႕ အရည္ အခ်င္းမ်ား ရွိတတ္ၾကပါတယ္။ ပိုမိုဖန္တီးႏိုင္စြမ္းရွိၿပီး စိန္ေခၚယွဥ္ၿပိဳင္မႈေတြကို တက္ၾကြစြာလက္ခံၾကသူမ်ား လည္းျဖစ္ပါတယ္။ တစ္ခါတစ္ရံမွာလည္း စိတ္လိုက္မာန္ပါလုပ္တတ္သလို စိတ္တိုင္းမက်တဲ့အခါက်ရင္လည္း သူမ်ားကိုဆရာႀကီးလုပ္တတ္ ၾကသူမ်ားလည္း ျဖစ္ပါတယ္။

 

၃။ ေရာမေျခဖဝါး

ဒီေျခဖဝါးမ်ိဳးကေတာ့ အမ်ားစုမွာရွိတတ္တဲ့ေျခဖဝါးမ်ိဳးပါပဲ။ ေျခေခ်ာင္းအားလံုးလည္း အခ်ိဳးအစားညီၾကတယ္ ေျခမကလည္း က်န္ေျခေခ်ာင္းေတြ ထက္ရွည္ပါတယ္။ ဒီေျခဖဝါးပိုင္ရွင္ေတြက အေပါင္းအသင္းဝင္ဆံ့သလို ခင္တတ္မင္တတ္သူေတြျဖစ္ပါတယ္။ သူတို႔ဟာကိုယ္စြမ္းကိုယ္စထူးျခားၿပီး ထူးျခားတဲ့အရွိန္အဝါရွိသူမ်ားလည္း ျဖစ္ပါတယ္။ ေပါင္းတတ္သင္းတတ္ၿပီး စည္းစနစ္က်က်ေနတတ္သူမ်ား လည္းျဖစ္ပါတယ္။ အေျခအေနေပၚလိုက္ၿပီး ဘယ္လိုျပဳမူရမယ္ ဘယ္လိုေနထုိင္ရမယ္ဆိုတာေတြ ေကာင္းေကာင္းသိတာေၾကာင့္ လုပ္မႈကိုင္မႈ ဗ်ဴဟာေကာင္းတဲ့သူမ်ားလည္း ျဖစ္ပါတယ္။ စြန္႔စားတတ္ၿပီး တစ္ပါးသူေျပာတာ ေကာင္းေကာင္း နားေထာင္တတ္တယ္။ သူမ်ားအေပၚမလႊမ္းမိုးဘဲ ကိုယ့္အယူအဆကို ေဖာ္ျပတဲ့ေနရာမွာ အလြန္ေတာ္တယ္။ မိတ္ေဆြအေပါင္းအသင္းလည္း အရျမန္တတ္ပါတယ္။

 

၄။ ရွည္သြယ္သြယ္ေျခဖဝါး

ေျခေခ်ာင္းအားလံုးက ဖ်စ္ညွစ္ထားသလိုမ်ိဳးစုေနၿပီး ဒီလိုေျခဖဝါးေတြဟာ ေသးေသးသြယ္သြယ္ပဲ ရွိတတ္ပါတယ္။ အားလံုးထဲမွာေျခမက အႀကီးဆံုးျဖစ္ၿပီး ေနာက္ေျခေခ်ာင္းေတြကေတာ့ အစဥ္လိုက္ ေသးသြားပါတယ္။ ဒီလိုေျခဖဝါးရွိတဲ့သူေတြက သီးသန္႔သေဘာဆန္ၿပီး ကိုယ့္သေဘာနဲ႔ကိုယ္ ေအးေအးေနခ်င္ သူမ်ားပဲျဖစ္ပါတယ္။ သိုသိုသိပ္သိပ္ေနတတ္ၿပီး တျခားသူေတြကို သူတို႔အေၾကာင္း မေျပာျပၾကပါဘူး။ တဇြတ္ထိုးျပဳမူတတ္ၿပီး ကိုယ့္ေဒါသကိုယ္ မထိန္းႏိုင္သူမ်ားလည္းျဖစ္ပါတယ္။

 

၅။ ေျခသန္းသိမ္ေသာေျခဖဝါး

ေျခသန္းသိမ္ေျခဖဝါးရွိသူမ်ားဟာ ေျပာမရဆိုမရသူမ်ားျဖစ္ၾကပါတယ္။ အရာရာကုိ မိမိတို႔စိတ္တိုင္းက် ျဖစ္ခ်င္သူမ်ားလည္း ျဖစ္ၾကပါတယ္။

 

၆။ ေျခခလယ္ေစာင္းေသာေျခဖဝါး

ဒီေျခဖဝါးပိုင္ရွင္မ်ားဟာ အလုပ္မစခင္ႀကိဳတင္စီစဥ္ၾကသူမ်ားျဖစ္ၾကပါတယ္။ စည္းစနစ္ႀကီးၿပီး မိမိကိုယ္ကို ေကာင္းေကာင္းခ်ဳပ္ထိန္းႏိုင္သူမ်ားလည္း ျဖစ္ပါတယ္။

 

၇။ ေျခသန္းခြာမရေသာေျခဖဝါး

ေျခသန္းခြာမရေသာ ေျခဖဝါးပိုင္ရွင္မ်ားဟာ ၎တို႔ေန႔စဥ္လုပ္ေဆာင္ေနက် လုပ္ငန္းအတိုင္းသာ လိုက္နာလိုေသာ ဆႏၵရွိသူမ်ားျဖစ္ပါတယ္။ သစၥာအလြန္ရွိၿပီး လက္တြဲေဖာ္ေကာင္းမ်ားလည္းျဖစ္ပါတယ္။

 

၈။ ေျခသန္းခြာႏိုင္ေသာေျခဖဝါး

ေျခသန္းခြာႏိုင္တဲ့ေျခဖဝါးပိုင္ရွင္ေတြဟာ ေျပာင္းလဲမႈအသစ္မ်ား အၿမဲရွာေဖြေနၾကသူမ်ား ျဖစ္ပါတယ္။ လြယ္လြယ္နဲ႔ရိုးအီသြားတတ္ပါတယ္။ အဲဒီိစိတ္ထားေၾကာင့္လည္း စိတ္မခ်မ္းမသာျဖစ္ရတတ္ပါတယ္။ အၿမဲဆိုသလို သုန္မႈန္ေနတတ္ပါတယ္။

 

၉။ ေျခညိႈးႏွင့္ေျခခလယ္ၾကား ကြာဟေနေသာေျခဖဝါး

သင့္ေျခညိႈးနဲ႔ေျခခလယ္ၾကားမွာ ကြာဟေနတယ္ဆိုရင္ေတာ့ သင္ဟာဘာကိုမွ လြယ္လြယ္နဲ႔ စြဲလမ္းမႈ မရွိတတ္သူျဖစ္ပါတယ္။ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြထဲကလည္း လြယ္လြယ္ကူကူနဲ႔ ရုန္းထြက္တတ္ပါတယ္။

 

၁၀။ ေျခညိႈးအရင္းသိမ္ေသာေျခဖဝါး

ဒီလိုေျခဖဝါးရွိသူေတြဟာ စိတ္ခံစားမႈ အလြန္ေဖာ္ျပတတ္သူမ်ား ျဖစ္ပါတယ္။ တျခားသူမ်ားအေပၚလည္းအလြန္ လႊမ္းမိုးႏိုင္စြမ္းရွိပါတယ္။ သူတို႔ေပ်ာ္ေနရင္ အနားရွိသမွ်လူမ်ားပါ အကုန္ေပ်ာ္ရတတ္ၿပီး ဝမ္းနည္းရင္ေတာ့ သူတို႔ဘာသာ လြတ္လြတ္လပ္လပ္ ေပးေနလိုက္တာ အေကာင္းဆံုးပါပဲ။

Source : StyleCraze

Photo Credit : Pinterest

The Padaythar

 

[Unicode]

သင့်ခြေထောက်ကပြောပြတဲ့ သင့်အကြောင်း
အင်္ဂဝိဇ္ဇာ နဲ့ လက္ခဏာပညာတွေဆိုတာ ဟိုးရှေးရှေးတုန်းကတည်းက ထင်ပေါ်ကျော်ကြားခဲ့တာပါ။ သင့်ခြေဖဝါးပုံစံနဲ့ အနေအထားကိုကြည့်ပြီး သင့်စိတ်ကိုခန့်မှန်းလို့ရတယ်ဆိုတာကိုရော သင်သိပါသလား? ဟုတ်ကဲ့ တကယ်ပြောနေတာပါ။ သင့်ခြေဖဝါးရဲ့ ပုံသဏ္ဌာန် အရွယ်အစားနဲ့ အနေအထားကိုကြည့်ပြီး သင့်အကြောင်းတွေ ပြောပြနိုင်ပါတယ်။
သင့်ခြေမကိုခုပဲ ငုံ့ကြည့်လိုက်ပါ ခြေညှိုးထက်ရှည်နေလား တိုနေလား ဒါမှမဟုတ် ကြက်ခြေခတ်ဖြစ်နေလား ? အကယ်၍ ဟုတ်တယ်ဆိုရင်တော့ ထူးခြားတဲ့ အဓိပ္ပါယ်တစ်ခု ရှိကိုရှိနေပါတယ်။ ဒီတော့ သေသေချာချာ လေ့လာကြည့်ကြရအောင်။ အောက်မှာတော့ ခြေဖဝါးပုံသဏ္ဌာန်ဆယ်မျိုးနဲ့ ယင်းခြေထောက်ပိုင်ရှင်တွေရဲ့ စိတ်နေစိတ်ထားကို ပြောပြာထားပါတယ်။ လေ့လာကြည့်ရအောင်နော်။

၁။ လေးထောင့်ခြေဖဝါး
ခြေချောင်းတွေအားလုံး အတိုအရှည်ညီနေတဲ့အခါ သင့်ခြေဖဝါးကလေးထောင့်စပ်စပ် ကျနေပါလိမ့်မယ်။ ဒါကို လေ့ထောင့်ခြေဖဝါးပိုင်ရှင်လို့ မှတ်ယူကြပါတယ်။ တောင်သူလယ်သမား ခြေဖဝါးလို့လည်းခေါ်ကြပါတယ်။ ဒီလိုဖဝါးမျိုးရှိသူတွေက သတိကြီးကြီး ထားတတ်ကြပါတယ်။ ဆုံးဖြတ်ချက်မချခင် တစ်ခုခုမလုပ်လိုက်ခင်မှာ အသေးစိတ် အချက်ကလေးတွေကအစ စေ့စေ့စပ်စပ်ကြည့်ပြီးမှ ဆုံးဖြတ်လုပ်ကိုင်တတ်ကြပါတယ်။ ယုတ္တိရှိရှိနဲ့ လက်တွေ့ကျတာတွေကိုသာ နှစ်သက်တတ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို အေးဆေးတည်ငြိမ်ပြီး အလွန်အားကိုးအားထား ပြုနိုင်သူများလည်း ဖြစ်ကြပါတယ်။

၂။ ဂရိခြေဖဝါး
ဂရိခြေဖဝါးကို မီးတောက်ဖဝါးလို့လည်း ခေါ်တတ်ကြပါတယ်။ ဒီလိုခြေဖဝါးရှိသူတွေရဲ့ ခြေညှိုးဟာ ခြေမထက်ပို ရှည်ပါတယ်။ သူတို့တွေဟာ စိတ်ဓါတ်ခွန်အား ပေးနိုင်သူများဖြစ်ကြပြီး ဆိုင်ရာနယ်ပယ်အသီးသီးမှာ စိတ်အား ထက်သန် တက်ကြွတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ဒီခြေဖဝါးပိုင်ရှင် အများစုမှာ ခေါင်းဆောင်တို့ရဲ့ အရည် အချင်းများ ရှိတတ်ကြပါတယ်။ ပိုမိုဖန်တီးနိုင်စွမ်းရှိပြီး စိန်ခေါ်ယှဉ်ပြိုင်မှုတွေကို တက်ကြွစွာလက်ခံကြသူများ လည်းဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာလည်း စိတ်လိုက်မာန်ပါလုပ်တတ်သလို စိတ်တိုင်းမကျတဲ့အခါကျရင်လည်း သူများကိုဆရာကြီးလုပ်တတ် ကြသူများလည်း ဖြစ်ပါတယ်။

၃။ ရောမခြေဖဝါး
ဒီခြေဖဝါးမျိုးကတော့ အများစုမှာရှိတတ်တဲ့ခြေဖဝါးမျိုးပါပဲ။ ခြေချောင်းအားလုံးလည်း အချိုးအစားညီကြတယ် ခြေမကလည်း ကျန်ခြေချောင်းတွေ ထက်ရှည်ပါတယ်။ ဒီခြေဖဝါးပိုင်ရှင်တွေက အပေါင်းအသင်းဝင်ဆံ့သလို ခင်တတ်မင်တတ်သူတွေဖြစ်ပါတယ်။ သူတို့ဟာကိုယ်စွမ်းကိုယ်စထူးခြားပြီး ထူးခြားတဲ့အရှိန်အဝါရှိသူများလည်း ဖြစ်ပါတယ်။ ပေါင်းတတ်သင်းတတ်ပြီး စည်းစနစ်ကျကျနေတတ်သူများ လည်းဖြစ်ပါတယ်။ အခြေအနေပေါ်လိုက်ပြီး ဘယ်လိုပြုမူရမယ် ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေ ကောင်းကောင်းသိတာကြောင့် လုပ်မှုကိုင်မှု ဗျူဟာကောင်းတဲ့သူများလည်း ဖြစ်ပါတယ်။ စွန့်စားတတ်ပြီး တစ်ပါးသူပြောတာ ကောင်းကောင်း နားထောင်တတ်တယ်။ သူများအပေါ်မလွှမ်းမိုးဘဲ ကိုယ့်အယူအဆကို ဖော်ပြတဲ့နေရာမှာ အလွန်တော်တယ်။ မိတ်ဆွေအပေါင်းအသင်းလည်း အရမြန်တတ်ပါတယ်။

၄။ ရှည်သွယ်သွယ်ခြေဖဝါး
ခြေချောင်းအားလုံးက ဖျစ်ညှစ်ထားသလိုမျိုးစုနေပြီး ဒီလိုခြေဖဝါးတွေဟာ သေးသေးသွယ်သွယ်ပဲ ရှိတတ်ပါတယ်။ အားလုံးထဲမှာခြေမက အကြီးဆုံးဖြစ်ပြီး နောက်ခြေချောင်းတွေကတော့ အစဉ်လိုက် သေးသွားပါတယ်။ ဒီလိုခြေဖဝါးရှိတဲ့သူတွေက သီးသန့်သဘောဆန်ပြီး ကိုယ့်သဘောနဲ့ကိုယ် အေးအေးနေချင် သူများပဲဖြစ်ပါတယ်။ သိုသိုသိပ်သိပ်နေတတ်ပြီး တခြားသူတွေကို သူတို့အကြောင်း မပြောပြကြပါဘူး။ တဇွတ်ထိုးပြုမူတတ်ပြီး ကိုယ့်ဒေါသကိုယ် မထိန်းနိုင်သူများလည်းဖြစ်ပါတယ်။

၅။ ခြေသန်းသိမ်သောခြေဖဝါး
ခြေသန်းသိမ်ခြေဖဝါးရှိသူများဟာ ပြောမရဆိုမရသူများဖြစ်ကြပါတယ်။ အရာရာကို မိမိတို့စိတ်တိုင်းကျ ဖြစ်ချင်သူများလည်း ဖြစ်ကြပါတယ်။

၆။ ခြေခလယ်စောင်းသောခြေဖဝါး
ဒီခြေဖဝါးပိုင်ရှင်များဟာ အလုပ်မစခင်ကြိုတင်စီစဉ်ကြသူများဖြစ်ကြပါတယ်။ စည်းစနစ်ကြီးပြီး မိမိကိုယ်ကို ကောင်းကောင်းချုပ်ထိန်းနိုင်သူများလည်း ဖြစ်ပါတယ်။

၇။ ခြေသန်းခွာမရသောခြေဖဝါး
ခြေသန်းခွာမရသော ခြေဖဝါးပိုင်ရှင်များဟာ ၎င်းတို့နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းအတိုင်းသာ လိုက်နာလိုသော ဆန္ဒရှိသူများဖြစ်ပါတယ်။ သစ္စာအလွန်ရှိပြီး လက်တွဲဖော်ကောင်းများလည်းဖြစ်ပါတယ်။

၈။ ခြေသန်းခွာနိုင်သောခြေဖဝါး
ခြေသန်းခွာနိုင်တဲ့ခြေဖဝါးပိုင်ရှင်တွေဟာ ပြောင်းလဲမှုအသစ်များ အမြဲရှာဖွေနေကြသူများ ဖြစ်ပါတယ်။ လွယ်လွယ်နဲ့ရိုးအီသွားတတ်ပါတယ်။ အဲဒီစိတ်ထားကြောင့်လည်း စိတ်မချမ်းမသာဖြစ်ရတတ်ပါတယ်။ အမြဲဆိုသလို သုန်မှုန်နေတတ်ပါတယ်။

၉။ ခြေညှိုးနှင့်ခြေခလယ်ကြား ကွာဟနေသောခြေဖဝါး
သင့်ခြေညှိုးနဲ့ခြေခလယ်ကြားမှာ ကွာဟနေတယ်ဆိုရင်တော့ သင်ဟာဘာကိုမှ လွယ်လွယ်နဲ့ စွဲလမ်းမှု မရှိတတ်သူဖြစ်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲကလည်း လွယ်လွယ်ကူကူနဲ့ ရုန်းထွက်တတ်ပါတယ်။

၁၀။ ခြေညှိုးအရင်းသိမ်သောခြေဖဝါး
ဒီလိုခြေဖဝါးရှိသူတွေဟာ စိတ်ခံစားမှု အလွန်ဖော်ပြတတ်သူများ ဖြစ်ပါတယ်။ တခြားသူများအပေါ်လည်းအလွန် လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ သူတို့ပျော်နေရင် အနားရှိသမျှလူများပါ အကုန်ပျော်ရတတ်ပြီး ဝမ်းနည်းရင်တော့ သူတို့ဘာသာ လွတ်လွတ်လပ်လပ် ပေးနေလိုက်တာ အကောင်းဆုံးပါပဲ။

Source : StyleCraze

Photo Credit : Pinterest

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *