[Zawgyi]

ေဆးမင္ေၾကာင္သည္ လူ႔ခႏၶာကိုယ္ အေရျပားေပၚတြင္ ေသရာပါသည့္တိုင္ စြဲစြဲၿမဲၿမဲ ထင္ေနေစရန္ ဆုတ္၊ ဆူးခြၽန္ အစရွိသည့္ ကိရိယာမ်ားျဖင့္ ေဆးေရာင္သြင္းကာ ႐ုပ္ပုံမ်ား၊ အမွတ္အသားမ်ား၊ စာလုံးမ်ားႏွင့္ ပန္းကႏုတ္မ်ားကို အလွအပ အလို႔ငွာ ထိုးျခင္းျဖစ္သည္။

ယေန႔ေခတ္ ႏိုင္ငံတကာမွ လူငယ္မ်ားသည္ ေဆးမင္ေၾကာင္ (Tattoo) ကို မိမိတို႔၏ ခႏၶာကိုယ္တြင္ ႏွစ္ၿခိဳက္စြာ ေဆးျခယ္လာၾကသည္ကို ေတြ႕ရွိေနရသည္။ က်ား၊ မ မေ႐ြး အလွအပအျဖစ္ မိမိကိုယ္တြင္ ေရးထိုးလာၾက သည္။

ေဆးမင္ေၾကာင္ထိုးၾကရာတြင္

၁။ အထိန္းအမွတ္အျဖစ္ ထိုးႏွံျခင္း၊

၂။ အလွအပအျဖစ္ ထိုးႏွံျခင္း၊

၃။ စြဲလမ္းမႈကို အေျခခံ၍ အေဆာင္အျဖစ္ ထိုးႏွံျခင္း၊

၄။ ႐ိုးရာဓေလ့အရ ထိုးႏွံျခင္းတို႔ ျဖစ္ၾကသည္။

ျမန္မာႏိုင္ငံတြင္လည္း ကုန္းေဘာင္ေခတ္ဦး အခ်ိန္ကတည္းက ေရွးျမန္မာမ်ား ထိုးကြင္းမင္ေၾကာင္ ထိုးသည့္ဓေလ့ ရွိေနႏွင့္ၿပီဟုမွန္းဆရသည္။ ကုန္းေဘာင္ေခတ္ဦး နံရံေဆးေရးပန္းခ်ီႏွင့္ ပုရပိုက္မ်ားတြင္ ေတြ႕ႏိုင္သည္။ အၾကမ္းအားျဖင့္ ထိုးကြင္း ႏွင့္ မင္ေၾကာင္ ဟု ႏွစ္မ်ိဳးခြဲျခားႏိုင္သည္။ အလွအပအေနနဲ႔ ထိုးကြင္းထိုးျခင္း သိဒၶိတင္၊ ပီယေျမာက္ အေဆာင္အျဖစ္ မင္ေၾကာင္ထိုးျခင္း ရည္႐ြယ္ခ်က္ ႏွစ္မ်ိဳးရွိသည္။

ျမန္မာႏိုင္ငံတြင္ ကုန္းေဘာင္ေခတ္ေႏွာင္းမင္းမ်ားလက္ထက္၌ လူ႔ခႏၶာေပၚတြင္ အမွတ္အသားျပဳျခင္းကို ေဆးမွင္ေၾကာင္ထိုးႏွံ၍ ျပဳလုပ္ေလ့ရွိေၾကာင္း အမွတ္ အသားမွာ ႏွစ္မ်ိဳးရွိၿပီး အေကာင္းဘက္ေရာ အဆိုးဘက္တြင္ပါ သုံးခဲ့ေၾကာင္း သိရသည္။ ထိုေခတ္အခါက ခိုးသား ဓားျပမ်ားကို အဆုံးစီရင္ေလ့ရွိၿပီး အဆုံးစီရင္မခံရသည့္ ခိုးသား ဓားျပမ်ားကို နဖူးတြင္ ‘ဓားျပ’ဟူ၍ လည္းေကာင္း၊ ‘သူခိုး’ဟူ၍ လည္းေကာင္း၊ လက္ဖ်ံတြင္ ‘ေနာက္မဆိုးနဲ႔’ ဟူ၍လည္းေကာင္း ေဆးမင္ေၾကာင္ ထိုးလႊတ္ၿပီး အဆိုးဘက္တြင္ အမွတ္ အသားျဖင့္ အသုံးျပဳခဲ့သည္ဟု သိရွိရသည္။

ျမန္မာမင္းမ်ား လက္ထက္တြင္ ေသနတ္စြဲ အမႈထမ္းတို႔မွာလည္း လည္ကုတ္၊ လက္ဖမိုးတို႔ေပၚ၌ ‘နတ္ဘီလူး လက္ယာသံလ်က္ထမ္း’ ျခေသၤ့႐ုပ္မ်ား ေဆးေတာ္ ေရးမွတ္ထားၾကသည္။ အာဏာပါးကြက္သားမ်ားဟု ေခၚေသာ ရာဇဝတ္ အမႈထမ္းမ်ားမွာလည္း ပါးတြင္အကြက္ႀကီးမ်ား ေဆးထိုးထားၾကရသည္။ ၎အမႈထမ္းမ်ားကို ‘ပါးကြက္’ ဟူ၍ ေခၚသည္။ ထိုပါးကြက္တို႔မွာ ပါးႏွစ္ဖက္တြင္ မင္နက္ျဖင့္ ဒဂၤါးဝိုင္းအ႐ြယ္ခန႔္ ထိုးႏွံထားၾကသည္။ ရင္ဘတ္တြင္လည္း ‘သူသတ္’ ဟူ၍ စာတန္းကို မင္နက္ျဖင့္ ထိုးႏွံထားၾကရသည္။ ဂဠဳန္ဆရာစံက သူပုန္ထေသာအခါတြင္ ဂဠဳန္တပ္သားမ်ားကို ‘က’တပ္သား၊ ‘ခ’တပ္သားဟု ေဆးမင္ေၾကာင္ထိုးကာ အမွတ္အသားျပဳ ခြဲျခားခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ထိုးကြင္းမင္ေၾကာင္ ေခတ္စားခဲ့စဥ္က အမ်ိဳးသမီးမ်ားလည္း အားက်မခံ ဝင္ထိုးခဲ့ၾကသည္ကို ေတြ႕ရသည္။ ထိုသို႔ထိုးရာတြင္ ေပါင္တစ္ဖက္၌ ငုံး႐ုပ္၊ တစ္ဖက္၌ ၾကက္႐ုပ္ တစ္ဖက္တစ္႐ုပ္စီ ထိုးႏွံၾကျခင္းမ်ိဳး ျဖစ္သည္။ မွိန္းကဲ့သို႔ အခြစုတ္ျဖစ္ေသာ ျမန္မာစုတ္ျဖင့္ထိုးေသာ ေဆးမင္ေၾကာင္ေခတ္ ေမွးမွိန္ခ်ိန္တြင္ ဓာတ္ခဲအားသုံး အပ္ျဖင့္ထိုးေသာ မင္ေၾကာင္႐ုပ္မ်ား ေပၚေပါက္လာခဲ့သည္။ ႏွစ္ေပါင္း မ်ားစြာၾကာၿပီးမွသာ အဝတ္ခ်ဳပ္အပ္ျဖင့္ ထိုးေသာ ေဆးမင္ေၾကာင္ထိုးနည္း အသစ္ ေပၚေပါက္လာခဲ့သည္။ ထိုနည္း ႏွစ္နည္းႏွင့္ ထိုးေသာ ေဆးမင္ေၾကာင္မ်ားသည္ အားလုံးနီးပါး အလွအပ သက္သက္သာ ထိုးခဲ့ၾကျခင္းျဖစ္သည္။

ေၾကာင္တက္၊ ေၾကာင္ဆင္း၊ ေၾကာင္ဖီလာ ဟူေသာ ေၾကာင္႐ုပ္မ်ားကို မင္ေဆးျဖင့္ ထိုးေသာေၾကာင့္ မင္ေၾကာင္ ဟူသည့္ ေဝါဟာရျဖစ္လာသည္ဟု သုေတသီမ်ားက မွန္းဆၾကသည္။ မင္ေၾကာင္ထိုးရာတြင္ ရင္အုပ္၊ ေနာက္ေက်ာ၊ ေျခသလုံး၊ ပုခုံး၊ လက္ေမာင္း၊ လက္ဖ်ံမ်ားကအစ ဦးေရခြံပါမက်န္ တကိုယ္လုံး ေနရာမ်ိဳးစုံတြင္ ထိုးသည္။ အင္းကြက္၊ ဂါထာ စာတန္းမ်ားႏွင့္ အ႐ုပ္အမ်ိဳးမ်ိဳးကို မင္နီ၊ မင္နက္မ်ားႏွင့္ ထိုးေလ့ရွိသည္။ အမ်ိဳးသမီးမ်ားလည္း လက္ေကာက္ဝတ္ေနရာတြင္ စားခြက္ႏႈိက္အေဆာင္ဟူ၍ ထိုးတတ္ၾကသည္။

စြဲလမ္းမႈကို အေျခခံ၍ ထိုးျခင္းမွာ မ်ားေသာအားျဖင့္ ခႏၶာကိုယ္အထက္ပိုင္းတြင္ ထိုးေလ့ရွိၾကသည္။ နတ္႐ုပ္၊ ဘီလူး႐ုပ္မ်ား၊ အျခားအ႐ုပ္မ်ားကို မႏၲာန္စာလုံးမ်ား ၿခံရံ၍ ထိုးခဲ့ၾကသည္။ အင္းကြက္မ်ားတြင္ အင္းစာမ်ားသြင္း၍ျဖစ္ေစ၊ စာလုံးမ်ားခ်ည္းျဖစ္ေစ ထိုးႏွံၾကသည္။ အခ်ိဳ႕လည္း လွ်ာေပၚတြင္ပါ ထိုးႏွံၾကေသးသည္။ သို႔ရာတြင္ အစက္အ ေျပာက္မွ်သာ အထိုးခံႏိုင္ေပသည္။ စြဲလမ္းမႈကိုအေျခခံ၍ အေဆာင္အျဖစ္ ေဆးမင္ေၾကာင္ ထိုးႏွံၾကရာတြင္ ခႏၶာကိုယ္အထက္ပိုင္းတြင္သာ ေဆးအနီျဖင့္ အထိုးမ်ားတတ္ၾကသည္။ သို႔ရာတြင္ ရံဖန္ရာခါ၌လည္း အနက္ေရာင္ျဖင့္ ထိုးတတ္ၾကေသးသည္။ လက္ယာဘက္ လက္ဆစ္၊ လက္ဖမိုးလက္ေကာက္ဝတ္မ်ားတြင္ ေတြ႕ရေလ့ရွိေသာ ေဆးမင္ေၾကာင္ အနီစက္၊ အနက္စက္မ်ားႏွင့္ ေျခမ်က္စိဝန္းက်င္တြင္ ေတြ႕ျမင္ရေသာ အနက္စက္မ်ားမွာ အေဆာင္သေဘာျဖင့္ ထိုးၾကျခင္းျဖစ္သည္။

ထိုးကြင္းလို႔ေခၚတာကေတာ့ အကြင္းအကြင္း အဝိုင္းပုံစံေတြထဲမွာ အ႐ုပ္မ်ိဳးစုံကို မင္ေဆးနဲ႔ ထိုးထားတာေၾကာင့္ပါ။ ထိုးကြင္းအ႐ြယ္က ၁ လက္မခြဲကေန ၂ လက္မတမတ္ေလာက္အထိ ရွိတယ္။ ေရွးက်တဲ့ ထိုးကြင္းေတြက အ႐ြယ္ပိုႀကီးၿပီး၊ ေနာက္ပိုင္းက်လာရင္ ထိုးကြင္းအ႐ြယ္ေတြက ငယ္ငယ္လာတယ္။ ထိုးကြင္းမထိုးခင္ ေလးေထာင့္အကြက္ေတြနဲ႔ အကြင္းပုံစံကို အရင္မင္နဲ႔ေရးၿပီး ရာထားပါတယ္။ တခ်ိဳ႕ ထိုးကြင္းဆရာေတြက အလြတ္ထိုးတယ္။ ေနာက္ပိုင္းေခတ္မွာေတာ့ လက္ပံဆူးေပၚမွာ အဆင္သင့္ထြင္းထားတဲ့ အ႐ုပ္ကို မင္သုတ္၊ ပုံႏွိပ္ၿပီး ေကာက္ေၾကာင္းပုံစံအတိုင္း ထပ္ထိုးတာလည္းရွိတယ္။

ထိုးကြင္းထဲမွာ အထိုးအမ်ားဆုံးအ႐ုပ္က ဘီလူး႐ုပ္ပါ။ ဘီလူးစက္နင္း၊ အလံကိုင္၊ တံခြန္လႊား၊ သံလွ်က္ထမ္း၊ ဘီလူးေခါင္းတုံး စတဲ့ ဘီလူး႐ုပ္အမ်ိဳးမ်ိဳးရွိတယ္။

ခါးပတ္ပတ္လည္ကစလို႔ ဒူးဆစ္နားဆီမွာဆုံးတဲ့ ထိုးကြင္းကိုေတာ့ ျမန္မာေယာက္်ားသားေတြပဲ ထိုးေလ့ရွိတယ္။ ထိုးကြင္းရွိမွ ေယာက္်ားဟန္ပန္ပီသတယ္လို႔ ယူဆၾကတဲ့ေခတ္ဆိုေတာ့ ေသွ်ာင္ႀကီးေဗြ၊ ေသွ်ာင္တေစာင္းထုံးတဲ့ၿပီး ခါးေတာင္းက်ိဳက္နဲ႔ ျခင္းအယိုင္ခတ္ၾကတဲ့အခါျဖစ္ျဖစ္၊ အေပ်ာ္သေဘာနဲ႔ နပန္းလုံးၾကတဲ့အခါျဖစ္ျဖစ္၊ ထိုးကြင္း မထိုးရေသးရင္၊ ေပါင္ေတြလုံးခ်င္းအတိုင္း ေျပာင္ေျပာင္ႀကီးျမင္ေနရတာကို ရွက္စႏိုးျဖစ္တတ္ၾကတယ္။ ဒါေၾကာင့္ အမ်ားအားျဖင့္ ၁၂ ႏွစ္သား၊ ၁၄ ႏွစ္သားေလာက္မွာ ထိုးကြင္းထိုးၿပီးေနၾကၿပီ။ ၁ဝ ႏွစ္သားေလာက္က စၿပီး ၁၇ ႏွစ္သား ေလာက္အတြင္းမွာ ထိုးေလ့ရွိပါတယ္။

ျမန္မာအမ်ိဳးသားမ်ားသည္ ေရွးဦးပိုင္းတြင္ အေဆာင္သေဘာျဖင့္ ေဆးမင္ေၾကာင္ ထိုးခဲ့ရာမွ ေနာင္ေသာ္ အလွအပ သေဘာသို႔ ေ႐ြ႕ေလွ်ာလာခဲ့သည္။ ၎မွတစ္ဖန္ ထိုးကြင္းရွိမွ ေယာက္်ားပီသသည္ဟူေသာ သေဘာထားမ်ား ဝင္ေရာက္လာခဲ့ေပရာ ထုံးတမ္းစဥ္လာသေဘာ သက္ေရာက္သြားေပသည္။ ျမန္မာႏိုင္ငံသား ခ်င္းအမ်ိဳးသမီးမ်ားသည္ မ်က္ႏွာတစ္ျပင္လုံး မည္းေမွာင္ေနေအာင္ ပါးရဲထိုးခဲ့ၾကဖူးသည္။ ခ်င္းအမ်ိဳးသမီးတို႔တြင္ ပါးရဲမပါေသာ အမ်ိဳးသမီးသည္ ပြဲမဝင္၊ မတင့္တယ္ဟု သေဘာထားခဲ့ၾကသည္။ ေနာင္အခါကာလ ေ႐ြ႕ေလွ်ာၿပီး ပါးေၾကာင္၊ ပါးၾကားျဖင့္ စတိသေဘာထိုးျခင္းသို႔ သက္ေရာက္ သြားေတာ့သည္။

ျမန္မာႏိုင္ငံတြင္ ေဆးမင္ေၾကာင္ထိုးျခင္း အစမွာ အယူအဆသုံးမ်ိဳး ကြဲျပားလ်က္ရွိၿပီး ပုဂံေခတ္အရည္းႀကီးမ်ားက စခဲ့သည္ဟူ၍ လည္းေကာင္း၊ သေရေခတၱရာ ဥတၱမ သီရိမေထရ္က စခဲ့သည္ဟူ၍ လည္းေကာင္း၊ ထိုးကြင္းအစ ေမာင္ကံက ဟူ၍လည္းေကာင္း၊ သုံးမ်ိဳးကြဲျပားလ်က္ရွိသည္ဟု သိရသည္။ ေဆးမင္ေၾကာင္ထိုးရာတြင္ အထက္ေဆး၊ ေအာက္ေဆးဆိုၿပီးေတာ့လည္း ရွိခဲ့ေသးသည္။ အထက္ေဆးတြင္ ဘုရားေဆး၊ နတ္ေမွာ္ ေဆး၊ ဝိဇၨာေမွာ္ေဆးဟူ၍ရွိၿပီး ေအာက္ေဆးတြင္ ကာယသိဒၶိေဆး၊ ပီယသိဒၶိေဆးဟူ၍ ထိုးၾကသည္ဟု သိရသည္။ ေရွးအခါက ေပါင္တြင္ထိုးကြင္းမရွိသူကို မိန္းကေလးမ်ားက မႏွစ္သက္ၾကသည့္ အတြက္ ‘ေပါင္ျဖဴခ်င္း မယူခ်င္ဘူး’ ဟုျငင္းေလ့ရွိၾကရာ အမ်ိဳးသားမ်ားမွာ မ်က္ရည္ေတာက္ေတာက္ယို၍ ထိုးကြင္း ထိုးခဲ့ၾကရသည္ဟု သိရသည္။

ထိုးကြင္းမင္ေၾကာင္ထိုးရာတြင္ ခ်စ္သူမိန္းကေလးက ေထာင္ပုဆိုး၊ ရာပုဆိုးဟူ၍ မင္ခံပုဆိုးကို ေပးၾကရသည္ဟုလည္း သိရသည္။ မင္ခံပုဆိုးမွာ ထိုးကြင္းထိုးရာတြင္ မင္ႏွင့္ေသြးမ်ား ေရာေထြးေနၿပီး ခႏၶာကိုယ္ေအာက္ပိုင္းမွာ ေသြးစိမ္းရွင္ရွင္ ထြက္သည့္အတြက္ ခႏၶာကိုယ္ေအာက္တြင္ ခံထားရေသာ ပုဆိုးျဖစ္သည္။ ၎ပုဆိုးကို ခ်စ္သူမိန္းကေလးမွ လက္ေဆာင္အျဖစ္ ေပးၾကရသည္ဟူ၍ သိရသည္။ အေၾကာင္းမွာ မိမိ၏ ခ်စ္သူအမ်ိဳးသားမွာ ေယာက္်ားပီသသည္ကို ဂုဏ္ယူၾကသည့္ သေဘာမ်ိဳးျဖစ္သည္။

ထိုးကြင္းမင္ေၾကာင္ထိုးေသာ အခ်ိန္၌ အခ်ိဳ႕မွာ မထႏိုင္ေတာ့ဘဲ မင္ေၾကာင္႐ုံထဲမွ ကတ္ျဖင့္ ဆြဲထုတ္ယူရသူမ်ားရွိသလို အခ်ိဳ႕လည္း လူတြဲထုတ္ရသူမ်ားရွိသည္။ အခ်ိဳ႕ကေတာ့ အံခဲလ်က္ အကူအတြဲမပါဘဲ ထြက္လာႏိုင္သည္။ မင္ေၾကာင္ထိုးၿပီး အျပင္သို႔ ထြက္လာသူတိုင္း လက္ခေမာင္းခတ္၍ ‘ငါေယာက္်ားေဟ့၊ ယွဥ္ရဲသူထြက္ခဲ့’ဟု ေလာကႀကီးကို စိန္ေခၚသည့္ သေဘာျဖင့္ လက္ခေမာင္း သုံးႀကိမ္ျပည့္ေအာင္ ခတ္ရသည္။ ကတ္ျဖင့္ထြက္လာသူကို ‘အဝါခတ္’ ဟုေခၚသည္။ အကူအတြဲျဖင့္ ထြက္လာသူကို ‘အေျမႇာင္ခတ္’ဟုေခၚသည္။ တစ္ကိုယ္တည္းထြက္လာသူကို ‘အထီးခတ္’ ဟု ေခၚသည္။ ၎မင္ခံပုဆိုးကို တစ္သက္တာ ဂုဏ္ယူႏိုင္ရန္အတြက္ အမ်ိဳးသားမ်ားက မိမိ၏ခ်စ္သူ အမ်ိဳးသမီးမ်ားကို လက္ေဆာင္အျဖစ္ ျပန္ေပးေလ့ရွိၾကသည္ ဟုလည္း သိရသည္။

ထိုးကြင္းမထိုးသူမ်ားကို မိန္းကေလးရွင္မ်ားကလည္း ေလာကဓံ၏ အထုအေထာင္းကို မခံႏိုင္သူဟူ၍ မိမိ၏ သမီးမိန္းကေလးႏွင့္ ေပးစားရန္ ဝန္ေလးခဲ့ၾကသည္ ဟုလည္း သိရသည္။ ထိုးကြင္းမထိုးသူမ်ား အိမ္ေထာင္ျပဳလွ်င္ ‘ေပါင္ျဖဴခ်င္း ေသမင္းေခၚတတ္တယ္’ ဟူ၍ ဆိုၾကသည္။ ‘ေပါင္ျဖဴစင္းမို႔ နတ္စိမ္းပြယ္ရတယ္၊ မင္ေၾကာင္စိမ္းမို႔ ပ်ိဳသိမ္းပါရမယ္’ ဟူေသာ စကားေၾကာင့္ ေယာက္်ားမပီသေသာ ေပါင္ျဖဴသူကို ယူမိလွ်င္ ႐ိုးရာနတ္ကို ေတာင္းပန္ပသရသျဖင့္ မင္ေၾကာင္စိမ္းႏွင့္ လူကိုသာ ယူေတာ့မည္ဟု ဆိုျခင္းျဖစ္သည္။

ဝက္၊ ေၾကာင္၊ ဥေဒါင္း၊ လိပ္၊ ငွက္ေတာ္၊ ေမ်ာက္၊ ေဇာ္၊ ငုံး အ႐ုပ္အမ်ိဳးမ်ိဳး၊ ပန္းခက္နဲ႔ အကြက္ အဆင္ေတြကိုလည္း ထိုးကြင္းဆရာက လက္စြမ္းျပတဲ့အေနနဲ႔ေရာ၊ ကြက္လပ္ျဖည့္တဲ့အေနနဲ႔ေရာ အစုံထိုးပါတယ္။ တျခားအ႐ုပ္မ်ားထက္ ဘီလူး႐ုပ္က လက္ပိုဝင္သည္။ ဒါေၾကာင့္ ထိုးကြင္းတခုမွာ ‘မင့္ဟာက ဝက္ကုန္းေတြပဲ မ်ားေနတာပါကြာ’ လို႔ အေဝဖန္ခံရရင္၊ ထိုးကြင္းဆရာက လက္ရာခိုထားတယ္လို႔ ဆိုလိုပါတယ္။

ဒူးစြတ္ ဆိုတာက ဒူးအထက္နားမွာ ထိုးကြင္းကို လက္စသတ္တဲ့အခါ ထိုးတဲ့ပုံစံကို ေခၚပါတယ္။ အ႐ုပ္ေဘးက ပတ္ဝိုင္းထားတဲ့စက္ဝိုင္းကို စာရံ လို႔ ေခၚတယ္။ ‘အင္းစာ’ နဲ႔ ‘စမ’ ေတြ၊ ဂဏန္းေတြကို ပတ္ဝိုင္းၿပီးထိုးရာက ဆင္းသက္လာတဲ့ စကားလုံးပါ။ စာရံမွာထိုးထားတဲ့ ေလးေထာင့္ရွည္ရွည္ အတုံးငယ္ကေလးေတြရဲ႕ အက်ဥ္းအက်ယ္ျဗက္ကိုၾကည့္ၿပီး သုံးတဲ့စုတ္အ႐ြယ္အစားကို သိႏိုင္သည္။ စုတ္ေတြကို ေၾကးနဲ႔လုပ္ထားၿပီး အသြားက အခြၽန္မဟုတ္၊ အျပားျဖစ္သည္။ အတန္းလိုက္၊ ေဒါင္လိုက္စိပ္ထားတဲ့ အသြား ၂ ခြကေန ၁ဝ ခြ၊ ၁၂ ခြ အထိ ပါသည္။ စုတ္ရဲ႕ေခါင္းပိုင္းေတြကို စိတ္ကူးရသလို အလွအပေတြနဲ႔ ထုထားေလ့ရွိသည္။ နတ္႐ုပ္ပုံစံနဲ႔ အေတြ႕ရ မ်ားသည္။

ထိုးကြင္းအထိုးခံရတာ မသက္သာလွေပ။ အသြား ၁ဝ ခြ၊ ၁၂ ခြပါတဲ့ ေၾကးစုတ္ႀကီးနဲ႔ ေသြးေပါက္ေပါက္က်ေအာင္ထိုးမွ အ႐ုပ္စြဲသည္ဟု အဆိုရွိသည္။ ထိုးကြင္းအထိုးခံေနတုန္းမွာ ကြမ္းသီးမာမာတလုံးကို အလုံးလိုက္အံသြားနဲ႔ ခဲထားတာေတာင္ တခြမ္းခြမ္းနဲ႔ ကြဲေအာင္ကိုက္မိတဲ့အထိ နာတယ္လို႔ ဆိုၾကသည္။ ေပါင္တစ္ဖက္ကို တစ္မနက္ခင္းနဲ႔ အၿပီးထိုးေပမယ့္၊ ခံရတဲ့ ဒဏ္ခ်က္ျပင္းတာေၾကာင့္ အနာရင္းၿပီး ဖ်ားတတ္ၾကသည္။ ထို႔ေၾကာင့္ တပတ္၊ ၁ဝ ရက္ေလာက္ျခားၿပီးမွ ေနာက္တစ္ဖက္ ထိုးေလ့ရွိသည္။ တစ္ေန႔တည္းႏွင့္ ႏွစ္ဖက္စလုံး အထိုးခံႏိုင္ၾကသူမ်ားလည္းရွိသည္ဟု ၾကားဖူးပါသည္။ အနာမခံႏိုင္ေတာ့ဘဲ ထိုးေနရင္း လက္စသတ္မၿပီးခင္ ထေျပးတာေၾကာင့္ တစ္ဝက္တစ္ပ်က္ပဲထိုးထားၿပီး ေၾကာင္သြားတဲ့ ထိုးကြင္းေၾကာင္၊ အင္းေၾကာင္ေတြလည္းရွိၾကသည္။

ျမန္မာဘုရင္လက္ထက္က စစ္မႈထမ္းဖို႔ ဆင့္ေခၚခံရတဲ့အခါမ်ိဳးမွာ ထိုးကြင္းမထိုးရေသးရင္ အခက္အခဲ ေတြ႕ၾကရတယ္။ ထိုးကြင္းထိုးဖို႔ကလည္း အခ်ိန္မရွိေတာ့ ထိုးကြင္းပုံစံအတိုင္း ေပါင္ႏွစ္ဖက္မွာ မင္ေဆးနဲ႔ ေရးသြားၾကသတဲ့။ ဒီအတိုင္းေနရင္ေတာ့ ခါးေတာင္းက်ိဳက္နဲ႔ဘာနဲ႔ ဟန္မပ်က္ဖူးေလ။ တကယ္စစ္ခ်ီရလို႔ ေခ်ာင္းေတြ ကန္ေတြကို ျဖတ္ကူးၾကရတဲ့အခါ ေဆးေတြက ေရနဲ႔ေမ်ာကုန္ေရာ။ ဒါေၾကာင့္ ေရွးက ေမတၱာစာ ေရးေပးတဲ့အခါ ေမာင့္ေမတၱာက ခိုင္ၿမဲပါတယ္၊ ေရမွာေမ်ာတတ္တဲ့ အေယာင္ေဆာင္ ထိုးကြင္းမင္ေၾကာင္မ်ိဳး မဟုတ္ပါလို႔ ၫႊန္းဆိုဂုဏ္တင္တတ္ၾကတယ္။

၂ဝ ရာစု ေစာေစာပိုင္းကစၿပီး တျဖည္းျဖည္းနဲ႔ ျမန္မာအမ်ိဳးသားမ်ားမွာ ေသွ်ာင္ထုံးထားတဲ့ဓေလ့နဲ႔အတူ၊ ထိုးကြင္းထိုးတဲ့ဓေလ့လည္း ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ ျမန္မာ့႐ိုးရာ လက္ေဝွ႔သမားေတြေလာက္ကလြဲရင္၊ ထိုးကြင္းဗလာ မိေမြးတိုင္း၊ ဖေမြးတိုင္း ေပါင္ေခါင္းတုံးအျဖစ္နဲ႔ပဲ ေနၾကေလေတာ့တယ္။ ေသွ်ာင္ႀကီးေဗြ ေနရာမွာလည္း ဘိုေက ေရာက္လာခဲ့တယ္။ ဘိုေက ဆိုတဲ့ ေဝါဟာရက ေတာ္ေတာ္ပဲေခတ္စားခဲ့ဖူးတယ္။ လူပ်ိဳလူ႐ြယ္ေတြကို ကိုယ္စားျပဳတဲ့ စကားလုံးအျဖစ္ သုံးခဲ့ၾကဖူးတယ္။ နန္းေတာ္ေရွ႕ဆရာတင္ရဲ႕ သီခ်င္းေတြမွာ ေတြ႕ႏိုင္ပါတယ္။

အေဆာင္အျဖစ္ထိုးတာနဲ႔ အလွအပအျဖစ္ မင္ေၾကာင္ထိုးတဲ့ အေလ့အထကေတာ့ ျမန္မာျပည္ထဲမွာ ဒီကေန႔အထိ ရွိေနပါတယ္။ အေဆာင္အျဖစ္ ႐ိုးရာနည္းအတိုင္း မင္ေၾကာင္ထိုးေနၾကဆဲပါ။

(၂ဝ)ရာစုေႏွာင္းပိုင္းတြင္မွ ထိုးကြင္းမင္ေၾကာင္ ထိုးသည့္ ဓေလ့သည္ ျမန္မာျပည္တြင္ တျဖည္းျဖည္း ပေပ်ာက္လာေပသည္။ အေၾကာင္းမွာ ေရာဂါ ကူးစက္ခံရျခင္း၊ ထိုးကြင္းထိုးသူမ်ားကို မိန္းကေလးအမ်ားစု ႐ြံေၾကာက္လာၾကျခင္းတို႔ေၾကာင့္ အဓိက ျဖစ္သည္ကို ေတြ႕ရသည္။ ေဆးမင္ေၾကာင္ ထိုးၾကရာတြင္ တခ်ိဳ႕မွာ အလွအပသက္သက္သာ ထိုးၾကေလ့ ရွိၾကေတာ့သည္ကိုလည္း ေတြ႕ရသည္။

ဒီကေန႔ ျမန္မာႏိုင္ငံအႏွံ႔အျပား ၿမိဳ႕ေတြ ႐ြာေတြမွာေတာ့ ေရွး႐ိုးပုံစံေတြကို ေခတ္သစ္ပုံစံ အလွထိုး မင္ေၾကာင္ေတြက အစားထိုးဝင္ေရာက္ေနခဲ့တာၾကာၿပီ။ ပြဲလမ္းေတြရွိရင္ လမ္းေဘးေတြမွာ ေၾကာ္ျငာဒီဇိုင္း ပုံေတြေထာင္ထားလို႔ ဘက္ထရီအားသုံး စက္ကေလးေတြနဲ႔ ထိုးေပးေနတဲ့ ၁၂ ပြဲေဈးလိုက္ မင္ေၾကာင္ ဆရာေတြကအစ၊ ၿမိ္ု႔ႀကီးေတြမွာ ဆိုင္ခန္းႀကီးေတြနဲ႔ လုပ္ငန္းႀကီးေတြလုပ္ေနတဲ့ ေခတ္သစ္ မင္ေၾကာင္ဆရာေတြကို ေတြ႕ႏိုင္ပါတယ္။ ႏိုင္ငံျခားျဖစ္ မင္ေၾကာင္ထိုးတဲ့ ကရိယာေတြေၾကာင့္လည္း အသား မနာလွေတာ့ပါ။ ႏိုင္ငံျခားကတင္သြင္းလာတဲ့ ေခတ္သစ္မင္ေၾကာင္ ပုံစံေတြကိုလည္း ဒီကေန႔ ျမန္မာ လူငယ္ေတြရဲ႕ကိုယ္ေပၚမွာ ေတြ႕ျမင္ေနရပါၿပီ။

ယခု(၂၁)ရာစု အေစာပိုင္းတြင္ေတာ့ တစ္ခါသုံးအပ္မ်ားျဖင့္ ေဆးမင္ေၾကာင္ထိုးသည့္ ဓေလ့သည္ ျပန္လည္ ေခါင္းေထာင္လာခဲ့ၿပီ ျဖစ္သည္။ ဆယ္ေက်ာ္သက္ လူငယ္အမ်ားစုသည္ ယေန႔ေခတ္တြင္ လွပေသာ အ႐ုပ္ဒီဇိုင္းမ်ားကို မိမိခႏၶာကိုယ္ေပၚတြင္ ေရးတင္လာၾကသည္မွာ လူငယ္တိုင္းလိုလိုတြင္ ေတြ႕ေနရေပသည္။ ယခုေခတ္တြင္ ျမန္မာျပည္၌ ေဆးမင္ေၾကာင္မ်ား ျပန္လည္ ေခတ္စားလာျခင္းမွာ အေနာက္တိုင္း အႏုပညာရွင္မ်ား၊ လူငယ္မ်ားမွ ယဥ္ေက်းမႈ ေ႐ြ႕ေလ်ာလာသည့္သေဘာ ျဖစ္ေပသည္။ ေဆးမင္ေၾကာင္သည္ ေရွးေခတ္အခါက ဂုဏ္ယူဖြယ္တစ္ရပ္ အျဖစ္ ထိုးႏွံခဲ့ၾကသည္ကို ယခုေခတ္လူငယ္မ်ား အလွအပ သက္သက္၊ အေပ်ာ္သေဘာ သက္သက္ ထိုးႏွံေနၾကျခင္း ျဖစ္သည္။

 

Source : ဝီကီပီးဒီးယား(အခမဲ့လြတ္လပ္စြယ္စံုၾကမ္း)

Photo Credit : ဒီဇိုင္နာ နဂါး (ျမန္မာ့ထိုးကြင္းမင္ေၾကာင္မ်ားမွ ထိုးရုပ္မ်ားအားေလ့လာသံုးသပ္ျခင္းစာတမ္း)

The Padaythar

[Unicode]

မြန်မာ့ဆေးမင်ကြောင်ထိုးခြင်းဓလေ့
ဆေးမင်ကြောင်သည် လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် သေရာပါသည့်တိုင် စွဲစွဲမြဲမြဲ ထင်နေစေရန် ဆုတ်၊ ဆူးချွန် အစရှိသည့် ကိရိယာများဖြင့် ဆေးရောင်သွင်းကာ ရုပ်ပုံများ၊ အမှတ်အသားများ၊ စာလုံးများနှင့် ပန်းကနုတ်များကို အလှအပ အလို့ငှာ ထိုးခြင်းဖြစ်သည်။
ယနေ့ခေတ် နိုင်ငံတကာမှ လူငယ်များသည် ဆေးမင်ကြောင် (Tattoo) ကို မိမိတို့၏ ခန္ဓာကိုယ်တွင် နှစ်ခြိုက်စွာ ဆေးခြယ်လာကြသည်ကို တွေ့ရှိနေရသည်။ ကျား၊ မ မရွေး အလှအပအဖြစ် မိမိကိုယ်တွင် ရေးထိုးလာကြ သည်။
ဆေးမင်ကြောင်ထိုးကြရာတွင်
၁။ အထိန်းအမှတ်အဖြစ် ထိုးနှံခြင်း၊
၂။ အလှအပအဖြစ် ထိုးနှံခြင်း၊
၃။ စွဲလမ်းမှုကို အခြေခံ၍ အဆောင်အဖြစ် ထိုးနှံခြင်း၊
၄။ ရိုးရာဓလေ့အရ ထိုးနှံခြင်းတို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင်လည်း ကုန်းဘောင်ခေတ်ဦး အချိန်ကတည်းက ရှေးမြန်မာများ ထိုးကွင်းမင်ကြောင် ထိုးသည့်ဓလေ့ ရှိနေနှင့်ပြီဟုမှန်းဆရသည်။ ကုန်းဘောင်ခေတ်ဦး နံရံဆေးရေးပန်းချီနှင့် ပုရပိုက်များတွင် တွေ့နိုင်သည်။ အကြမ်းအားဖြင့် ထိုးကွင်း နှင့် မင်ကြောင် ဟု နှစ်မျိုးခွဲခြားနိုင်သည်။ အလှအပအနေနဲ့ ထိုးကွင်းထိုးခြင်း သိဒ္ဓိတင်၊ ပီယမြောက် အဆောင်အဖြစ် မင်ကြောင်ထိုးခြင်း ရည်ရွယ်ချက် နှစ်မျိုးရှိသည်။

မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်နှောင်းမင်းများလက်ထက်၌ လူ့ခန္ဓာပေါ်တွင် အမှတ်အသားပြုခြင်းကို ဆေးမှင်ကြောင်ထိုးနှံ၍ ပြုလုပ်လေ့ရှိကြောင်း အမှတ် အသားမှာ နှစ်မျိုးရှိပြီး အကောင်းဘက်ရော အဆိုးဘက်တွင်ပါ သုံးခဲ့ကြောင်း သိရသည်။ ထိုခေတ်အခါက ခိုးသား ဓားပြများကို အဆုံးစီရင်လေ့ရှိပြီး အဆုံးစီရင်မခံရသည့် ခိုးသား ဓားပြများကို နဖူးတွင် ‘ဓားပြ’ဟူ၍ လည်းကောင်း၊ ‘သူခိုး’ဟူ၍ လည်းကောင်း၊ လက်ဖျံတွင် ‘နောက်မဆိုးနဲ့’ ဟူ၍လည်းကောင်း ဆေးမင်ကြောင် ထိုးလွှတ်ပြီး အဆိုးဘက်တွင် အမှတ် အသားဖြင့် အသုံးပြုခဲ့သည်ဟု သိရှိရသည်။

မြန်မာမင်းများ လက်ထက်တွင် သေနတ်စွဲ အမှုထမ်းတို့မှာလည်း လည်ကုတ်၊ လက်ဖမိုးတို့ပေါ်၌ ‘နတ်ဘီလူး လက်ယာသံလျက်ထမ်း’ ခြင်္သေ့ရုပ်များ ဆေးတော် ရေးမှတ်ထားကြသည်။ အာဏာပါးကွက်သားများဟု ခေါ်သော ရာဇဝတ် အမှုထမ်းများမှာလည်း ပါးတွင်အကွက်ကြီးများ ဆေးထိုးထားကြရသည်။ ၎င်းအမှုထမ်းများကို ‘ပါးကွက်’ ဟူ၍ ခေါ်သည်။ ထိုပါးကွက်တို့မှာ ပါးနှစ်ဖက်တွင် မင်နက်ဖြင့် ဒင်္ဂါးဝိုင်းအရွယ်ခန့် ထိုးနှံထားကြသည်။ ရင်ဘတ်တွင်လည်း ‘သူသတ်’ ဟူ၍ စာတန်းကို မင်နက်ဖြင့် ထိုးနှံထားကြရသည်။ ဂဠုန်ဆရာစံက သူပုန်ထသောအခါတွင် ဂဠုန်တပ်သားများကို ‘က’တပ်သား၊ ‘ခ’တပ်သားဟု ဆေးမင်ကြောင်ထိုးကာ အမှတ်အသားပြု ခွဲခြားခဲ့သည်။

မြန်မာနိုင်ငံတွင် ထိုးကွင်းမင်ကြောင် ခေတ်စားခဲ့စဉ်က အမျိုးသမီးများလည်း အားကျမခံ ဝင်ထိုးခဲ့ကြသည်ကို တွေ့ရသည်။ ထိုသို့ထိုးရာတွင် ပေါင်တစ်ဖက်၌ ငုံးရုပ်၊ တစ်ဖက်၌ ကြက်ရုပ် တစ်ဖက်တစ်ရုပ်စီ ထိုးနှံကြခြင်းမျိုး ဖြစ်သည်။ မှိန်းကဲ့သို့ အခွစုတ်ဖြစ်သော မြန်မာစုတ်ဖြင့်ထိုးသော ဆေးမင်ကြောင်ခေတ် မှေးမှိန်ချိန်တွင် ဓာတ်ခဲအားသုံး အပ်ဖြင့်ထိုးသော မင်ကြောင်ရုပ်များ ပေါ်ပေါက်လာခဲ့သည်။ နှစ်ပေါင်း များစွာကြာပြီးမှသာ အဝတ်ချုပ်အပ်ဖြင့် ထိုးသော ဆေးမင်ကြောင်ထိုးနည်း အသစ် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်း နှစ်နည်းနှင့် ထိုးသော ဆေးမင်ကြောင်များသည် အားလုံးနီးပါး အလှအပ သက်သက်သာ ထိုးခဲ့ကြခြင်းဖြစ်သည်။

ကြောင်တက်၊ ကြောင်ဆင်း၊ ကြောင်ဖီလာ ဟူသော ကြောင်ရုပ်များကို မင်ဆေးဖြင့် ထိုးသောကြောင့် မင်ကြောင် ဟူသည့် ဝေါဟာရဖြစ်လာသည်ဟု သုတေသီများက မှန်းဆကြသည်။ မင်ကြောင်ထိုးရာတွင် ရင်အုပ်၊ နောက်ကျော၊ ခြေသလုံး၊ ပုခုံး၊ လက်မောင်း၊ လက်ဖျံများကအစ ဦးရေခွံပါမကျန် တကိုယ်လုံး နေရာမျိုးစုံတွင် ထိုးသည်။ အင်းကွက်၊ ဂါထာ စာတန်းများနှင့် အရုပ်အမျိုးမျိုးကို မင်နီ၊ မင်နက်များနှင့် ထိုးလေ့ရှိသည်။ အမျိုးသမီးများလည်း လက်ကောက်ဝတ်နေရာတွင် စားခွက်နှိုက်အဆောင်ဟူ၍ ထိုးတတ်ကြသည်။

စွဲလမ်းမှုကို အခြေခံ၍ ထိုးခြင်းမှာ များသောအားဖြင့် ခန္ဓာကိုယ်အထက်ပိုင်းတွင် ထိုးလေ့ရှိကြသည်။ နတ်ရုပ်၊ ဘီလူးရုပ်များ၊ အခြားအရုပ်များကို မန္တာန်စာလုံးများ ခြံရံ၍ ထိုးခဲ့ကြသည်။ အင်းကွက်များတွင် အင်းစာများသွင်း၍ဖြစ်စေ၊ စာလုံးများချည်းဖြစ်စေ ထိုးနှံကြသည်။ အချို့လည်း လျှာပေါ်တွင်ပါ ထိုးနှံကြသေးသည်။ သို့ရာတွင် အစက်အ ပြောက်မျှသာ အထိုးခံနိုင်ပေသည်။ စွဲလမ်းမှုကိုအခြေခံ၍ အဆောင်အဖြစ် ဆေးမင်ကြောင် ထိုးနှံကြရာတွင် ခန္ဓာကိုယ်အထက်ပိုင်းတွင်သာ ဆေးအနီဖြင့် အထိုးများတတ်ကြသည်။ သို့ရာတွင် ရံဖန်ရာခါ၌လည်း အနက်ရောင်ဖြင့် ထိုးတတ်ကြသေးသည်။ လက်ယာဘက် လက်ဆစ်၊ လက်ဖမိုးလက်ကောက်ဝတ်များတွင် တွေ့ရလေ့ရှိသော ဆေးမင်ကြောင် အနီစက်၊ အနက်စက်များနှင့် ခြေမျက်စိဝန်းကျင်တွင် တွေ့မြင်ရသော အနက်စက်များမှာ အဆောင်သဘောဖြင့် ထိုးကြခြင်းဖြစ်သည်။

ထိုးကွင်းလို့ခေါ်တာကတော့ အကွင်းအကွင်း အဝိုင်းပုံစံတွေထဲမှာ အရုပ်မျိုးစုံကို မင်ဆေးနဲ့ ထိုးထားတာကြောင့်ပါ။ ထိုးကွင်းအရွယ်က ၁ လက်မခွဲကနေ ၂ လက်မတမတ်လောက်အထိ ရှိတယ်။ ရှေးကျတဲ့ ထိုးကွင်းတွေက အရွယ်ပိုကြီးပြီး၊ နောက်ပိုင်းကျလာရင် ထိုးကွင်းအရွယ်တွေက ငယ်ငယ်လာတယ်။ ထိုးကွင်းမထိုးခင် လေးထောင့်အကွက်တွေနဲ့ အကွင်းပုံစံကို အရင်မင်နဲ့ရေးပြီး ရာထားပါတယ်။ တချို့ ထိုးကွင်းဆရာတွေက အလွတ်ထိုးတယ်။ နောက်ပိုင်းခေတ်မှာတော့ လက်ပံဆူးပေါ်မှာ အဆင်သင့်ထွင်းထားတဲ့ အရုပ်ကို မင်သုတ်၊ ပုံနှိပ်ပြီး ကောက်ကြောင်းပုံစံအတိုင်း ထပ်ထိုးတာလည်းရှိတယ်။
ထိုးကွင်းထဲမှာ အထိုးအများဆုံးအရုပ်က ဘီလူးရုပ်ပါ။ ဘီလူးစက်နင်း၊ အလံကိုင်၊ တံခွန်လွှား၊ သံလျှက်ထမ်း၊ ဘီလူးခေါင်းတုံး စတဲ့ ဘီလူးရုပ်အမျိုးမျိုးရှိတယ်။

ခါးပတ်ပတ်လည်ကစလို့ ဒူးဆစ်နားဆီမှာဆုံးတဲ့ ထိုးကွင်းကိုတော့ မြန်မာယောက်ျားသားတွေပဲ ထိုးလေ့ရှိတယ်။ ထိုးကွင်းရှိမှ ယောက်ျားဟန်ပန်ပီသတယ်လို့ ယူဆကြတဲ့ခေတ်ဆိုတော့ သျှောင်ကြီးဗွေ၊ သျှောင်တစောင်းထုံးတဲ့ပြီး ခါးတောင်းကျိုက်နဲ့ ခြင်းအယိုင်ခတ်ကြတဲ့အခါဖြစ်ဖြစ်၊ အပျော်သဘောနဲ့ နပန်းလုံးကြတဲ့အခါဖြစ်ဖြစ်၊ ထိုးကွင်း မထိုးရသေးရင်၊ ပေါင်တွေလုံးချင်းအတိုင်း ပြောင်ပြောင်ကြီးမြင်နေရတာကို ရှက်စနိုးဖြစ်တတ်ကြတယ်။ ဒါကြောင့် အများအားဖြင့် ၁၂ နှစ်သား၊ ၁၄ နှစ်သားလောက်မှာ ထိုးကွင်းထိုးပြီးနေကြပြီ။ ၁ဝ နှစ်သားလောက်က စပြီး ၁၇ နှစ်သား လောက်အတွင်းမှာ ထိုးလေ့ရှိပါတယ်။

မြန်မာအမျိုးသားများသည် ရှေးဦးပိုင်းတွင် အဆောင်သဘောဖြင့် ဆေးမင်ကြောင် ထိုးခဲ့ရာမှ နောင်သော် အလှအပ သဘောသို့ ရွေ့လျှောလာခဲ့သည်။ ၎င်းမှတစ်ဖန် ထိုးကွင်းရှိမှ ယောက်ျားပီသသည်ဟူသော သဘောထားများ ဝင်ရောက်လာခဲ့ပေရာ ထုံးတမ်းစဉ်လာသဘော သက်ရောက်သွားပေသည်။ မြန်မာနိုင်ငံသား ချင်းအမျိုးသမီးများသည် မျက်နှာတစ်ပြင်လုံး မည်းမှောင်နေအောင် ပါးရဲထိုးခဲ့ကြဖူးသည်။ ချင်းအမျိုးသမီးတို့တွင် ပါးရဲမပါသော အမျိုးသမီးသည် ပွဲမဝင်၊ မတင့်တယ်ဟု သဘောထားခဲ့ကြသည်။ နောင်အခါကာလ ရွေ့လျှောပြီး ပါးကြောင်၊ ပါးကြားဖြင့် စတိသဘောထိုးခြင်းသို့ သက်ရောက် သွားတော့သည်။

မြန်မာနိုင်ငံတွင် ဆေးမင်ကြောင်ထိုးခြင်း အစမှာ အယူအဆသုံးမျိုး ကွဲပြားလျက်ရှိပြီး ပုဂံခေတ်အရည်းကြီးများက စခဲ့သည်ဟူ၍ လည်းကောင်း၊ သရေခေတ္တရာ ဥတ္တမ သီရိမထေရ်က စခဲ့သည်ဟူ၍ လည်းကောင်း၊ ထိုးကွင်းအစ မောင်ကံက ဟူ၍လည်းကောင်း၊ သုံးမျိုးကွဲပြားလျက်ရှိသည်ဟု သိရသည်။ ဆေးမင်ကြောင်ထိုးရာတွင် အထက်ဆေး၊ အောက်ဆေးဆိုပြီးတော့လည်း ရှိခဲ့သေးသည်။ အထက်ဆေးတွင် ဘုရားဆေး၊ နတ်မှော် ဆေး၊ ဝိဇ္ဇာမှော်ဆေးဟူ၍ရှိပြီး အောက်ဆေးတွင် ကာယသိဒ္ဓိဆေး၊ ပီယသိဒ္ဓိဆေးဟူ၍ ထိုးကြသည်ဟု သိရသည်။ ရှေးအခါက ပေါင်တွင်ထိုးကွင်းမရှိသူကို မိန်းကလေးများက မနှစ်သက်ကြသည့် အတွက် ‘ပေါင်ဖြူချင်း မယူချင်ဘူး’ ဟုငြင်းလေ့ရှိကြရာ အမျိုးသားများမှာ မျက်ရည်တောက်တောက်ယို၍ ထိုးကွင်း ထိုးခဲ့ကြရသည်ဟု သိရသည်။

ထိုးကွင်းမင်ကြောင်ထိုးရာတွင် ချစ်သူမိန်းကလေးက ထောင်ပုဆိုး၊ ရာပုဆိုးဟူ၍ မင်ခံပုဆိုးကို ပေးကြရသည်ဟုလည်း သိရသည်။ မင်ခံပုဆိုးမှာ ထိုးကွင်းထိုးရာတွင် မင်နှင့်သွေးများ ရောထွေးနေပြီး ခန္ဓာကိုယ်အောက်ပိုင်းမှာ သွေးစိမ်းရှင်ရှင် ထွက်သည့်အတွက် ခန္ဓာကိုယ်အောက်တွင် ခံထားရသော ပုဆိုးဖြစ်သည်။ ၎င်းပုဆိုးကို ချစ်သူမိန်းကလေးမှ လက်ဆောင်အဖြစ် ပေးကြရသည်ဟူ၍ သိရသည်။ အကြောင်းမှာ မိမိ၏ ချစ်သူအမျိုးသားမှာ ယောက်ျားပီသသည်ကို ဂုဏ်ယူကြသည့် သဘောမျိုးဖြစ်သည်။
ထိုးကွင်းမင်ကြောင်ထိုးသော အချိန်၌ အချို့မှာ မထနိုင်တော့ဘဲ မင်ကြောင်ရုံထဲမှ ကတ်ဖြင့် ဆွဲထုတ်ယူရသူများရှိသလို အချို့လည်း လူတွဲထုတ်ရသူများရှိသည်။ အချို့ကတော့ အံခဲလျက် အကူအတွဲမပါဘဲ ထွက်လာနိုင်သည်။ မင်ကြောင်ထိုးပြီး အပြင်သို့ ထွက်လာသူတိုင်း လက်ခမောင်းခတ်၍ ‘ငါယောက်ျားဟေ့၊ ယှဉ်ရဲသူထွက်ခဲ့’ဟု လောကကြီးကို စိန်ခေါ်သည့် သဘောဖြင့် လက်ခမောင်း သုံးကြိမ်ပြည့်အောင် ခတ်ရသည်။ ကတ်ဖြင့်ထွက်လာသူကို ‘အဝါခတ်’ ဟုခေါ်သည်။ အကူအတွဲဖြင့် ထွက်လာသူကို ‘အမြှောင်ခတ်’ဟုခေါ်သည်။ တစ်ကိုယ်တည်းထွက်လာသူကို ‘အထီးခတ်’ ဟု ခေါ်သည်။ ၎င်းမင်ခံပုဆိုးကို တစ်သက်တာ ဂုဏ်ယူနိုင်ရန်အတွက် အမျိုးသားများက မိမိ၏ချစ်သူ အမျိုးသမီးများကို လက်ဆောင်အဖြစ် ပြန်ပေးလေ့ရှိကြသည် ဟုလည်း သိရသည်။

ထိုးကွင်းမထိုးသူများကို မိန်းကလေးရှင်များကလည်း လောကဓံ၏ အထုအထောင်းကို မခံနိုင်သူဟူ၍ မိမိ၏ သမီးမိန်းကလေးနှင့် ပေးစားရန် ဝန်လေးခဲ့ကြသည် ဟုလည်း သိရသည်။ ထိုးကွင်းမထိုးသူများ အိမ်ထောင်ပြုလျှင် ‘ပေါင်ဖြူချင်း သေမင်းခေါ်တတ်တယ်’ ဟူ၍ ဆိုကြသည်။ ‘ပေါင်ဖြူစင်းမို့ နတ်စိမ်းပွယ်ရတယ်၊ မင်ကြောင်စိမ်းမို့ ပျိုသိမ်းပါရမယ်’ ဟူသော စကားကြောင့် ယောက်ျားမပီသသော ပေါင်ဖြူသူကို ယူမိလျှင် ရိုးရာနတ်ကို တောင်းပန်ပသရသဖြင့် မင်ကြောင်စိမ်းနှင့် လူကိုသာ ယူတော့မည်ဟု ဆိုခြင်းဖြစ်သည်။

ဝက်၊ ကြောင်၊ ဥဒေါင်း၊ လိပ်၊ ငှက်တော်၊ မျောက်၊ ဇော်၊ ငုံး အရုပ်အမျိုးမျိုး၊ ပန်းခက်နဲ့ အကွက် အဆင်တွေကိုလည်း ထိုးကွင်းဆရာက လက်စွမ်းပြတဲ့အနေနဲ့ရော၊ ကွက်လပ်ဖြည့်တဲ့အနေနဲ့ရော အစုံထိုးပါတယ်။ တခြားအရုပ်များထက် ဘီလူးရုပ်က လက်ပိုဝင်သည်။ ဒါကြောင့် ထိုးကွင်းတခုမှာ ‘မင့်ဟာက ဝက်ကုန်းတွေပဲ များနေတာပါကွာ’ လို့ အဝေဖန်ခံရရင်၊ ထိုးကွင်းဆရာက လက်ရာခိုထားတယ်လို့ ဆိုလိုပါတယ်။

ဒူးစွတ် ဆိုတာက ဒူးအထက်နားမှာ ထိုးကွင်းကို လက်စသတ်တဲ့အခါ ထိုးတဲ့ပုံစံကို ခေါ်ပါတယ်။ အရုပ်ဘေးက ပတ်ဝိုင်းထားတဲ့စက်ဝိုင်းကို စာရံ လို့ ခေါ်တယ်။ ‘အင်းစာ’ နဲ့ ‘စမ’ တွေ၊ ဂဏန်းတွေကို ပတ်ဝိုင်းပြီးထိုးရာက ဆင်းသက်လာတဲ့ စကားလုံးပါ။ စာရံမှာထိုးထားတဲ့ လေးထောင့်ရှည်ရှည် အတုံးငယ်ကလေးတွေရဲ့ အကျဉ်းအကျယ်ဗြက်ကိုကြည့်ပြီး သုံးတဲ့စုတ်အရွယ်အစားကို သိနိုင်သည်။ စုတ်တွေကို ကြေးနဲ့လုပ်ထားပြီး အသွားက အချွန်မဟုတ်၊ အပြားဖြစ်သည်။ အတန်းလိုက်၊ ဒေါင်လိုက်စိပ်ထားတဲ့ အသွား ၂ ခွကနေ ၁ဝ ခွ၊ ၁၂ ခွ အထိ ပါသည်။ စုတ်ရဲ့ခေါင်းပိုင်းတွေကို စိတ်ကူးရသလို အလှအပတွေနဲ့ ထုထားလေ့ရှိသည်။ နတ်ရုပ်ပုံစံနဲ့ အတွေ့ရ များသည်။

ထိုးကွင်းအထိုးခံရတာ မသက်သာလှပေ။ အသွား ၁ဝ ခွ၊ ၁၂ ခွပါတဲ့ ကြေးစုတ်ကြီးနဲ့ သွေးပေါက်ပေါက်ကျအောင်ထိုးမှ အရုပ်စွဲသည်ဟု အဆိုရှိသည်။ ထိုးကွင်းအထိုးခံနေတုန်းမှာ ကွမ်းသီးမာမာတလုံးကို အလုံးလိုက်အံသွားနဲ့ ခဲထားတာတောင် တခွမ်းခွမ်းနဲ့ ကွဲအောင်ကိုက်မိတဲ့အထိ နာတယ်လို့ ဆိုကြသည်။ ပေါင်တစ်ဖက်ကို တစ်မနက်ခင်းနဲ့ အပြီးထိုးပေမယ့်၊ ခံရတဲ့ ဒဏ်ချက်ပြင်းတာကြောင့် အနာရင်းပြီး ဖျားတတ်ကြသည်။ ထို့ကြောင့် တပတ်၊ ၁ဝ ရက်လောက်ခြားပြီးမှ နောက်တစ်ဖက် ထိုးလေ့ရှိသည်။ တစ်နေ့တည်းနှင့် နှစ်ဖက်စလုံး အထိုးခံနိုင်ကြသူများလည်းရှိသည်ဟု ကြားဖူးပါသည်။ အနာမခံနိုင်တော့ဘဲ ထိုးနေရင်း လက်စသတ်မပြီးခင် ထပြေးတာကြောင့် တစ်ဝက်တစ်ပျက်ပဲထိုးထားပြီး ကြောင်သွားတဲ့ ထိုးကွင်းကြောင်၊ အင်းကြောင်တွေလည်းရှိကြသည်။

မြန်မာဘုရင်လက်ထက်က စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အခါမျိုးမှာ ထိုးကွင်းမထိုးရသေးရင် အခက်အခဲ တွေ့ကြရတယ်။ ထိုးကွင်းထိုးဖို့ကလည်း အချိန်မရှိတော့ ထိုးကွင်းပုံစံအတိုင်း ပေါင်နှစ်ဖက်မှာ မင်ဆေးနဲ့ ရေးသွားကြသတဲ့။ ဒီအတိုင်းနေရင်တော့ ခါးတောင်းကျိုက်နဲ့ဘာနဲ့ ဟန်မပျက်ဖူးလေ။ တကယ်စစ်ချီရလို့ ချောင်းတွေ ကန်တွေကို ဖြတ်ကူးကြရတဲ့အခါ ဆေးတွေက ရေနဲ့မျောကုန်ရော။ ဒါကြောင့် ရှေးက မေတ္တာစာ ရေးပေးတဲ့အခါ မောင့်မေတ္တာက ခိုင်မြဲပါတယ်၊ ရေမှာမျောတတ်တဲ့ အယောင်ဆောင် ထိုးကွင်းမင်ကြောင်မျိုး မဟုတ်ပါလို့ ညွှန်းဆိုဂုဏ်တင်တတ်ကြတယ်။

၂ဝ ရာစု စောစောပိုင်းကစပြီး တဖြည်းဖြည်းနဲ့ မြန်မာအမျိုးသားများမှာ သျှောင်ထုံးထားတဲ့ဓလေ့နဲ့အတူ၊ ထိုးကွင်းထိုးတဲ့ဓလေ့လည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေလောက်ကလွဲရင်၊ ထိုးကွင်းဗလာ မိမွေးတိုင်း၊ ဖမွေးတိုင်း ပေါင်ခေါင်းတုံးအဖြစ်နဲ့ပဲ နေကြလေတော့တယ်။ သျှောင်ကြီးဗွေ နေရာမှာလည်း ဘိုကေ ရောက်လာခဲ့တယ်။ ဘိုကေ ဆိုတဲ့ ဝေါဟာရက တော်တော်ပဲခေတ်စားခဲ့ဖူးတယ်။ လူပျိုလူရွယ်တွေကို ကိုယ်စားပြုတဲ့ စကားလုံးအဖြစ် သုံးခဲ့ကြဖူးတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းတွေမှာ တွေ့နိုင်ပါတယ်။

အဆောင်အဖြစ်ထိုးတာနဲ့ အလှအပအဖြစ် မင်ကြောင်ထိုးတဲ့ အလေ့အထကတော့ မြန်မာပြည်ထဲမှာ ဒီကနေ့အထိ ရှိနေပါတယ်။ အဆောင်အဖြစ် ရိုးရာနည်းအတိုင်း မင်ကြောင်ထိုးနေကြဆဲပါ။
(၂ဝ)ရာစုနှောင်းပိုင်းတွင်မှ ထိုးကွင်းမင်ကြောင် ထိုးသည့် ဓလေ့သည် မြန်မာပြည်တွင် တဖြည်းဖြည်း ပပျောက်လာပေသည်။ အကြောင်းမှာ ရောဂါ ကူးစက်ခံရခြင်း၊ ထိုးကွင်းထိုးသူများကို မိန်းကလေးအများစု ရွံကြောက်လာကြခြင်းတို့ကြောင့် အဓိက ဖြစ်သည်ကို တွေ့ရသည်။ ဆေးမင်ကြောင် ထိုးကြရာတွင် တချို့မှာ အလှအပသက်သက်သာ ထိုးကြလေ့ ရှိကြတော့သည်ကိုလည်း တွေ့ရသည်။

ဒီကနေ့ မြန်မာနိုင်ငံအနှံ့အပြား မြို့တွေ ရွာတွေမှာတော့ ရှေးရိုးပုံစံတွေကို ခေတ်သစ်ပုံစံ အလှထိုး မင်ကြောင်တွေက အစားထိုးဝင်ရောက်နေခဲ့တာကြာပြီ။ ပွဲလမ်းတွေရှိရင် လမ်းဘေးတွေမှာ ကြော်ငြာဒီဇိုင်း ပုံတွေထောင်ထားလို့ ဘက်ထရီအားသုံး စက်ကလေးတွေနဲ့ ထိုးပေးနေတဲ့ ၁၂ ပွဲဈေးလိုက် မင်ကြောင် ဆရာတွေကအစ၊ မြို့ကြီးတွေမှာ ဆိုင်ခန်းကြီးတွေနဲ့ လုပ်ငန်းကြီးတွေလုပ်နေတဲ့ ခေတ်သစ် မင်ကြောင်ဆရာတွေကို တွေ့နိုင်ပါတယ်။ နိုင်ငံခြားဖြစ် မင်ကြောင်ထိုးတဲ့ ကရိယာတွေကြောင့်လည်း အသား မနာလှတော့ပါ။ နိုင်ငံခြားကတင်သွင်းလာတဲ့ ခေတ်သစ်မင်ကြောင် ပုံစံတွေကိုလည်း ဒီကနေ့ မြန်မာ လူငယ်တွေရဲ့ကိုယ်ပေါ်မှာ တွေ့မြင်နေရပါပြီ။

ယခု(၂၁)ရာစု အစောပိုင်းတွင်တော့ တစ်ခါသုံးအပ်များဖြင့် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် ပြန်လည် ခေါင်းထောင်လာခဲ့ပြီ ဖြစ်သည်။ ဆယ်ကျော်သက် လူငယ်အများစုသည် ယနေ့ခေတ်တွင် လှပသော အရုပ်ဒီဇိုင်းများကို မိမိခန္ဓာကိုယ်ပေါ်တွင် ရေးတင်လာကြသည်မှာ လူငယ်တိုင်းလိုလိုတွင် တွေ့နေရပေသည်။ ယခုခေတ်တွင် မြန်မာပြည်၌ ဆေးမင်ကြောင်များ ပြန်လည် ခေတ်စားလာခြင်းမှာ အနောက်တိုင်း အနုပညာရှင်များ၊ လူငယ်များမှ ယဉ်ကျေးမှု ရွေ့လျောလာသည့်သဘော ဖြစ်ပေသည်။ ဆေးမင်ကြောင်သည် ရှေးခေတ်အခါက ဂုဏ်ယူဖွယ်တစ်ရပ် အဖြစ် ထိုးနှံခဲ့ကြသည်ကို ယခုခေတ်လူငယ်များ အလှအပ သက်သက်၊ အပျော်သဘော သက်သက် ထိုးနှံနေကြခြင်း ဖြစ်သည်။

 

Source : ဝီကီပီးဒီးယား(အခမဲ့လွတ်လပ်စွယ်စုံကြမ်း)
Photo Credit : ဒီဇိုင်နာ နဂါး (မြန်မာ့ထိုးကွင်းမင်ကြောင်များမှ ထိုးရုပ်များအားလေ့လာသုံးသပ်ခြင်းစာတမ်း)
The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *