[Zawgyi]

၂ဝ၁၈ ခုႏွစ္အတြက္ အကယ္ဒမီစာရင္း ဝင္႐ုပ္ရွင္ဇာတ္ကားေပါင္း ၈ဝ နီးပါး အထိရွိလာႏိုင္ေၾကာင္း သိရသည္။ ယခင္ႏွစ္မ်ားတြင္ အကယ္ ဒမီစာရင္းဝင္ ႐ုပ္ရွင္ဇာတ္ကားမ်ား မွာ ၁ဝ ကားေက်ာ္ေက်ာ္သာရွိျခင္း ေၾကာင့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ေပးအပ္ခ်ီးျမႇင့္ရာတြင္လည္း ၿပိဳင္ ဆိုင္မႈေလ်ာ့နည္းျခင္းႏွင့္ အကယ္ ဒမီဆု မည္သူရမည္ကို ခန႔္မွန္းရ လြယ္ကူျခင္းမ်ားလည္း ျဖစ္ေပၚ ခဲ့သည္။

”ဒီႏွစ္အတြက္ အကယ္ဒမီ စာရင္းဝင္တဲ့ဇာတ္ကားက အခုခန႔္မွန္းေျခတင္ ကား ၈ဝ ေက်ာ္ သြားႏိုင္တယ္။ အခုက အကယ္ဒမီအတြက္ အကယ္ဒမီဘုတ္အဖြဲ႕ကို ဖြဲ႕စည္းေပးရေတာ့မွာ။ ဒါေပမဲ့ ဇာတ္ကားေတြက အရမ္းမ်ား ေနတဲ့အခါက်ေတာ့ ဇာတ္ကားေတြကိုၾကည့္ရႈအကဲျဖတ္ေပးရမယ့္သူ ေတြကို ဘယ္သူဘယ္ဝါပါဝင္ေပး ဖို႔ဆိုတာကိုေျပာဖို႔က ခက္ေနတာ ေပါ့ေနာ္။ အခုကဇာတ္ကားေတြ အရမ္းမ်ားေတာ့ တစ္ေန႔ကို ႏွစ္ကားႏႈန္းနဲ႔ၾကည့္ရင္ေတာင္ တစ္ လေက်ာ္တယ္။ အကယ္ဒမီဆို တာက တစ္ခါတည္းၾကည့္႐ုံနဲ႔ရတာမဟုတ္ဘူး။ အဆင့္ဆင့္အကဲျဖတ္ရေသးတာ။ ေနာက္အကဲ ျဖတ္ေပးရမယ့္သူေတြကလည္း အ သက္အ႐ြယ္ရေနတဲ့သူေတြဆိုေတာ့ အားနာေနရတယ္”ဟု ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးမွ ဒုဥကၠ႒ ဦး ေအးၾကဴေလးက ေျပာသည္။

ယခုအခါတြင္ ၂ဝ၁၈ ခုႏွစ္ အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ ဆုေပးအပ္ခ်ီးျမႇင့္ႏိုင္ရန္အတြက္ အကယ္ဒမီဘုတ္အဖြဲ႕ ဖြဲ႕စည္းရန္ ႏွင့္အကယ္ဒမီစာရင္းဝင္႐ုပ္ရွင္ ဇာတ္ကားမ်ားကို ၾကည့္ရႈ႕ေပးရန္ အတြက္ အကဲျဖတ္အဖြဲ႕ဝင္မ်ား ဖြဲ႕ စည္းႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ၂ဝ၁၇ ခုႏွစ္မွစတင္ကာ အကယ္ဒမီစာရင္းဝင္႐ုပ္ရွင္ဇာတ္ကား ၅ဝေက်ာ္ခဲ့ၿပီး ယင္းကဲ့သို႔အကယ္ဒမီစာရင္းဝင္ ႐ုပ္ရွင္ဇာတ္ ကားမ်ားျပားရျခင္းမွာ ႐ုပ္ရွင္ ဇာတ္ကားမ်ားကို ႐ုံၿပိဳင္စနစ္ျဖင့္ အၿပိဳင္ျပသျခင္းေၾကာင့္ျဖစ္သည္။

၂ဝ၁၈ ခုႏွစ္အတြက္ အကယ္ဒမီစာရင္းဝင္႐ုပ္ရွင္ဇာတ္ကားမ်ားကို ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ တရားဝင္မထုတ္ျပန္ေသး ေသာ္လည္း ၂ဝ၁၈ ခုႏွစ္အတြင္း ႐ုံတင္ျပသခဲ့ေသာ ဇာတ္ကားမ်ားမွာ-”ကိုယ္သမိုင္းကိုယ္ေရးၾကသူမ်ား(၂)’၊’ငယ္ကြၽန္’၊’အနမ္းဝိုင္’၊’ဇာတိေျမ’၊ ”ေမာင္မစၥက ဝိညာဥ္’၊’ဥပါယ္တံမ်ဥ္’၊’ေ႐ႊၾကာ’၊ ‘အသည္းကြဲပါတီ’၊’မုန္းလို႔ရရင္ မုန္းခ်င္တယ္’၊ ‘ဒုဌဝတီကိုလြန္၍’၊”ဖိုးရွိတ္’၊ ‘မတစ္ေထာင္ တစ္ ေကာင္ဘြား’၊’စိန္ေယာက္မ’၊’ငဒူ’ ႏွင့္ ‘တိုးေက်ာ္မန္းနဲ႔နန္းဆန္တဲ့႐ြာ’ အစရွိေသာ ဇာတ္ကားမ်ားကို႐ုံ တင္ျပသခဲ့သည္။

၂ဝ၁၃ ခုႏွစ္တြင္ အကယ္ ဒမီစာရင္းဝင္ ႐ုပ္ရွင္ဇာတ္ကား ၁၅ ကား၊ ၂ဝ၁၄ ခုႏွစ္တြင္ အကယ္ဒမီစာရင္းဝင္႐ုပ္ရွင္ ဇာတ္ကား ၁၇ ကား၊ ၂ဝ၁၅ခုႏွစ္ တြင္ အကယ္ဒမီစာရင္းဝင္႐ုပ္ရွင္ ဇာတ္ကား ၁၃ ကားႏွင့္ ၂ဝ၁၆ ခုႏွစ္တြင္ အကယ္ဒမီစာရင္းဝင္ ႐ုပ္ရွင္ဇာတ္ကား ၃၃ ကား၊၂ဝ၁၇ ခုႏွစ္တြင္ အကယ္ဒမီစာရင္းဝင္ ႐ုပ္ရွင္ဇာတ္ကား ၅ဝ ေက်ာ္ရွိခဲ့ ေၾကာင္း သိရသည္။

 

[Unicode]

၂ဝ၁၈ ခုနှစ်အတွက် အကယ်ဒမီစာရင်း ဝင်ရုပ်ရှင်ဇာတ်ကားပေါင်း ၈ဝ နီးပါး အထိရှိလာနိုင်ကြောင်း သိရသည်။ ယခင်နှစ်များတွင် အကယ် ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ မှာ ၁ဝ ကားကျော်ကျော်သာရှိခြင်း ကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ရာတွင်လည်း ပြိုင် ဆိုင်မှုလျော့နည်းခြင်းနှင့် အကယ် ဒမီဆု မည်သူရမည်ကို ခန့်မှန်းရ လွယ်ကူခြင်းများလည်း ဖြစ်ပေါ် ခဲ့သည်။

”ဒီနှစ်အတွက် အကယ်ဒမီ စာရင်းဝင်တဲ့ဇာတ်ကားက အခုခန့်မှန်းခြေတင် ကား ၈ဝ ကျော် သွားနိုင်တယ်။ အခုက အကယ်ဒမီအတွက် အကယ်ဒမီဘုတ်အဖွဲ့ကို ဖွဲ့စည်းပေးရတော့မှာ။ ဒါပေမဲ့ ဇာတ်ကားတွေက အရမ်းများ နေတဲ့အခါကျတော့ ဇာတ်ကားတွေကိုကြည့်ရှုအကဲဖြတ်ပေးရမယ့်သူ တွေကို ဘယ်သူဘယ်ဝါပါဝင်ပေး ဖို့ဆိုတာကိုပြောဖို့က ခက်နေတာ ပေါ့နော်။ အခုကဇာတ်ကားတွေ အရမ်းများတော့ တစ်နေ့ကို နှစ်ကားနှုန်းနဲ့ကြည့်ရင်တောင် တစ် လကျော်တယ်။ အကယ်ဒမီဆို တာက တစ်ခါတည်းကြည့်ရုံနဲ့ရတာမဟုတ်ဘူး။ အဆင့်ဆင့်အကဲဖြတ်ရသေးတာ။ နောက်အကဲ ဖြတ်ပေးရမယ့်သူတွေကလည်း အ သက်အရွယ်ရနေတဲ့သူတွေဆိုတော့ အားနာနေရတယ်”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုဥက္ကဋ္ဌ ဦး အေးကြူလေးက ပြောသည်။

ယခုအခါတွင် ၂ဝ၁၈ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးအပ်ချီးမြှင့်နိုင်ရန်အတွက် အကယ်ဒမီဘုတ်အဖွဲ့ ဖွဲ့စည်းရန် နှင့်အကယ်ဒမီစာရင်းဝင်ရုပ်ရှင် ဇာတ်ကားများကို ကြည့်ရှု့ပေးရန် အတွက် အကဲဖြတ်အဖွဲ့ဝင်များ ဖွဲ့ စည်းနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။ ၂ဝ၁၇ ခုနှစ်မှစတင်ကာ အကယ်ဒမီစာရင်းဝင်ရုပ်ရှင်ဇာတ်ကား ၅ဝကျော်ခဲ့ပြီး ယင်းကဲ့သို့အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ် ကားများပြားရခြင်းမှာ ရုပ်ရှင် ဇာတ်ကားများကို ရုံပြိုင်စနစ်ဖြင့် အပြိုင်ပြသခြင်းကြောင့်ဖြစ်သည်။

၂ဝ၁၈ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင်ရုပ်ရှင်ဇာတ်ကားများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တရားဝင်မထုတ်ပြန်သေး သော်လည်း ၂ဝ၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ဇာတ်ကားများမှာ-”ကိုယ်သမိုင်းကိုယ်ရေးကြသူများ(၂)’၊’ငယ်ကျွန်’၊’အနမ်းဝိုင်’၊’ဇာတိမြေ’၊ ”မောင်မစ္စက ဝိညာဉ်’၊’ဥပါယ်တံမျဉ်’၊’ရွှေကြာ’၊ ‘အသည်းကွဲပါတီ’၊’မုန်းလို့ရရင် မုန်းချင်တယ်’၊ ‘ဒုဌဝတီကိုလွန်၍’၊”ဖိုးရှိတ်’၊ ‘မတစ်ထောင် တစ် ကောင်ဘွား’၊’စိန်ယောက်မ’၊’ငဒူ’ နှင့် ‘တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ’ အစရှိသော ဇာတ်ကားများကိုရုံ တင်ပြသခဲ့သည်။

၂ဝ၁၃ ခုနှစ်တွင် အကယ် ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၅ ကား၊ ၂ဝ၁၄ ခုနှစ်တွင် အကယ်ဒမီစာရင်းဝင်ရုပ်ရှင် ဇာတ်ကား ၁၇ ကား၊ ၂ဝ၁၅ခုနှစ် တွင် အကယ်ဒမီစာရင်းဝင်ရုပ်ရှင် ဇာတ်ကား ၁၃ ကားနှင့် ၂ဝ၁၆ ခုနှစ်တွင် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၃၃ ကား၊၂ဝ၁၇ ခုနှစ်တွင် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၅ဝ ကျော်ရှိခဲ့ ကြောင်း သိရသည်။

#democracytoday

Credit: Yangon Media Group

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *