[Zawgyi]

Canalys ရဲ႕ ခြဲျခမ္းစိတ္ျဖာသူမ်ားက တတိယ ကြာတားျဖစ္တဲ့ ဇူလိုင္လကေန စက္တင္ဘာလအတြင္းမွ အိႏၵိယရဲ႕ ဖုန္းေရာင္းအားမ်ားကို စစ္တမ္းေကာက္ယူခဲ့ပါတယ္။ တတိယ ကြာတား သို႔မဟုတ္ ကြာတား ၃ မွာ ေရွာင္မီဟာ ဆမ္ေဆာင္းကို ေက်ာ္တက္ၿပီး ဖုန္း အမ်ားဆံုး ေရာင္းခ်တဲ့ ကုမၸဏီ ျဖစ္လာပါတယ္။ ကြာတား ၃ မွာ ေရွာင္မီဟာ အလံုးေရ ၁၂ သန္း ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ယခင္ႏွစ္ ကြာတား ၃ ထက္ ၃၂ ရာခုိင္ႏႈန္း ပိုေရာင္းေကာင္းခဲ့တာပါ။

ဆမ္ေဆာင္းကေတာ့ ယခင္ႏွစ္ ကြာတား ၃ ထက္ ေရာင္းအား ၂ ရာခုိင္ႏႈန္း က်ဆင္းသြားပါတယ္။ ယခုႏွစ္ ကြာတား ၃ မွာ အလံုးေရ ၉.၃ သန္း ေရာင္းခ်ထားပါတယ္။ Vivo ကလည္း ယခင္ႏွစ္ထက္ ေရာင္းအား ၁၂ ရာခုိင္ႏႈန္း ပိုေကာင္းလာၿပီး ၄.၅ သန္း ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ Oppo ရဲ႕ ေရာင္းအားဟာလည္း ၂ ရာခုိင္ႏႈန္း က်ဆင္းသြားၿပီး ၃.၆ သန္း ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ Oppo ရဲ႕ Realme Phone မ်ားဟာ ေရာင္းအား ေကာင္းခဲ့ၿပီး ကြာတား ၃ မွာ အလံုးေရ ၈၀၀ ၀၀၀ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။

နံပါတ္ ၆ ေနရာမွာ အိႏၵိယ ျပည္တြင္း ကုမၸဏီ Micromax က ရပ္တည္ေနပါတယ္။ သူက ကြာတား ၃ မွာ အလံုးေရ ၂.၆ သန္း ေရာင္းခ်ႏိုင္ခဲ့ၿပီး ယခင္ႏွစ္ ေရာင္းအားထက္ ၆၂ ရာခုိင္ႏႈန္း ေရာင္းအား တက္လာခဲ့ပါတယ္။

 

[Unicode]

Canalys ရဲ့ ခွဲခြမ်းစိတ်ဖြာသူများက တတိယ ကွာတားဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှ အိန္ဒိယရဲ့ ဖုန်းရောင်းအားများကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ တတိယ ကွာတား သို့မဟုတ် ကွာတား ၃ မှာ ရှောင်မီဟာ ဆမ်ဆောင်းကို ကျော်တက်ပြီး ဖုန်း အများဆုံး ရောင်းချတဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ ကွာတား ၃ မှာ ရှောင်မီဟာ အလုံးရေ ၁၂ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ယခင်နှစ် ကွာတား ၃ ထက် ၃၂ ရာခိုင်နှုန်း ပိုရောင်းကောင်းခဲ့တာပါ။

ဆမ်ဆောင်းကတော့ ယခင်နှစ် ကွာတား ၃ ထက် ရောင်းအား ၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ယခုနှစ် ကွာတား ၃ မှာ အလုံးရေ ၉.၃ သန်း ရောင်းချထားပါတယ်။ Vivo ကလည်း ယခင်နှစ်ထက် ရောင်းအား ၁၂ ရာခိုင်နှုန်း ပိုကောင်းလာပြီး ၄.၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Oppo ရဲ့ ရောင်းအားဟာလည်း ၂ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၃.၆ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Oppo ရဲ့ Realme Phone များဟာ ရောင်းအား ကောင်းခဲ့ပြီး ကွာတား ၃ မှာ အလုံးရေ ၈၀၀ ၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။

နံပါတ် ၆ နေရာမှာ အိန္ဒိယ ပြည်တွင်း ကုမ္ပဏီ Micromax က ရပ်တည်နေပါတယ်။ သူက ကွာတား ၃ မှာ အလုံးရေ ၂.၆ သန်း ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ရောင်းအားထက် ၆၂ ရာခိုင်နှုန်း ရောင်းအား တက်လာခဲ့ပါတယ်။

Ref : gsmarena

Credit: Digital Times

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *