Featured Video Play Icon

 

[Zawgyi]

ကေလးသူငယ္ေတြ မိုးလုံေလလုံ စာသင္ၾကားႏိုင္ဖို႔အတြက္ ေက်ာင္းေဆာင္ေတြ ေဆာက္လုပ္လွဴဒါန္းတာ ျဖစ္တယ္လို႔ Mr. Peter Card က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ၾသစေၾတးလ်ႏိုင္ငံသား Mr. Peter Card နဲ႔ Ms. Margaret Card တို႔က ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ကေလာၿမိဳ႕နဲ႔ အနီးတစ္ဝိုက္ေက်းရြာေတြမွာ စာသင္ေက်ာင္းေပါင္း ၂၀ ကို ေဆာက္လုပ္လွဴဒါန္းခဲ႔တာပါ။

အဲဒီလို ေဆာက္လုပ္လွဴဒါန္းရတာက ကေလးသူငယ္ေတြ မိုးလုံေလလုံ စာသင္ၾကားႏိုင္ဖို႔အတြက္ ရည္ရြယ္ၿပီးေဆာက္လုပ္လွဴဒါန္းတာ ျဖစ္တယ္လို႔ Mr. Peter Card က ေျပာပါတယ္။

ႏိုဝင္ဘာလ ၂၉ ရက္ေန႔က ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဟဲဟိုးၿမိဳ႕ မိုးမခေက်းရြာမွာ အမွတ္ ၈၈ အေျခခံပညာမူလတန္းေက်ာင္းေဆာင္သစ္ ဖြင့္ပြဲ ျပဳလုပ္ခဲ႔တာပါ။

Soundbite Mr. Peter Card (ေက်ာင္းေဆာင္သစ္ အလွဴရွင္)

အဲဒီ အမွတ္ ၈၈ အေျခခံပညာမူလတန္းေက်ာင္းမွာ သူငယ္တန္းကေန စတုတၱတန္းအထိ ေက်ာင္းသူ၊ ေက်ာင္းသားဦး ၈၇ ဦးကို သင္ၾကားေပးေနတာ ျဖစ္ပါတယ္။

၂၀၁၈- ၁၉ ပညာသင္ႏွစ္ အစပိုင္းမွာ ဆရာ၊ ဆရာမ ဦးေရ ၅ ဦးရွိခဲ႔ေပမယ့္ ဝန္ထမ္း အေျပာင္းအေရႊ႕ ေတြေၾကာင္႔ အခုလက္ရွိမွာ ဆရာ၊ ဆရာမ ၃ ဦးသာ ရွိေနတာ ျဖစ္ပါတယ္။

Soundbite ေဒၚေဝႏွင္းသက္ (လက္ေထာက္ေက်ာင္းအုပ္) အမွတ္ ၈၈ အေျခခံပညာမူလတန္းေက်ာင္း၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္မွာ ကေလာၿမိဳ႕နယ္အတြင္း ေက်ာင္းေဆာင္သစ္ ၁၉ ေက်ာင္းကို အစိုးရဘတ္ဂ်က္နဲ႔ ေဆာက္လုပ္သြားဖို႔ရွိတယ္လို႔ ကေလာၿမိဳ႕နယ္ ဒုတိယပညာေရးမွဴး ဦးသိန္းေက်ာ္ေအးက ေျပာပါတယ္ ခင္ဗ်ာ။

 

[Unicode]

ကလေးသူငယ်တွေ မိုးလုံလေလုံ စာသင်ကြားနိုင်ဖို့အတွက် ကျောင်းဆောင်တွေ ဆောက်လုပ်လှူဒါန်းတာ ဖြစ်တယ်လို့ Mr. Peter Card က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

သြစတြေးလျနိုင်ငံသား Mr. Peter Card နဲ့ Ms. Margaret Card တို့က မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ စာသင်ကျောင်းပေါင်း ၂၀ ကို ဆောက်လုပ်လှူဒါန်းခဲ့တာပါ။

အဲဒီလို ဆောက်လုပ်လှူဒါန်းရတာက ကလေးသူငယ်တွေ မိုးလုံလေလုံ စာသင်ကြားနိုင်ဖို့အတွက် ရည်ရွယ်ပြီးဆောက်လုပ်လှူဒါန်းတာ ဖြစ်တယ်လို့ Mr. Peter Card က ပြောပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့ မိုးမခကျေးရွာမှာ အမှတ် ၈၈ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite Mr. Peter Card (ကျောင်းဆောင်သစ် အလှူရှင်)

အဲဒီ အမှတ် ၈၈ အခြေခံပညာမူလတန်းကျောင်းမှာ သူငယ်တန်းကနေ စတုတ္တတန်းအထိ ကျောင်းသူ၊ ကျောင်းသားဦး ၈၇ ဦးကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

၂၀၁၈- ၁၉ ပညာသင်နှစ် အစပိုင်းမှာ ဆရာ၊ ဆရာမ ဦးရေ ၅ ဦးရှိခဲ့ပေမယ့် ဝန်ထမ်း အပြောင်းအရွှေ့ တွေကြောင့် အခုလက်ရှိမှာ ဆရာ၊ ဆရာမ ၃ ဦးသာ ရှိနေတာ ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ကလောမြို့နယ်အတွင်း ကျောင်းဆောင်သစ် ၁၉ ကျောင်းကို အစိုးရဘတ်ဂျက်နဲ့ ဆောက်လုပ်သွားဖို့ရှိတယ်လို့ ကလောမြို့နယ် ဒုတိယပညာရေးမှူး ဦးသိန်းကျော်အေးက ပြောပါတယ် ခင်ဗျာ။

Credit: MCNTV

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *