ကိုးကားဖော်ပြချက်များ မြန်မာ့သမိုင်း သမိုင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

ဖဖေောျဝါရီတဈဆယ့ျသုံး

[Unicode]

ဇာတာတွင်ပါရှိသည့် အမည်မှာ ‘မောင်ထိန်လင်း’ ဖြစ်သည်။ မိဘများက အကိုဖြစ်သူ အောင်သန်း နှင့် လိုက်ရန် အောင်ဆန်း ဟု ခေါ်ခဲ့သည်။ တို့ဗမာအစည်းအရုံးဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ တရုတ်အမည်မှာ ထန်လုရှိုဖြစ်ကာ၊ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိတ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။ တော်လှန်ရေးကာလအတွင်းတွင် အသုံးပြုခဲ့သော လျှို့ဝှက်အမည်များမှာ ဦးနောင်ချို၊ မျိုးအောင် ဟူ၍ဖြစ်ပြီး၊ ထောက်လှမ်းရေးရှေ့ပြေးဖြစ်သည့် ဗိုလ်နေဝင်းနှင့် ဆက်သွယ်သော လျှို့ဝှက်အမည်မှာ ကိုစက်ဖေဖြစ်သည်။ ထို့အပြင် အရိုင်း၊ ငမိုး စသည်ဖြင့် မိတ်ဆွေ၊ သူငယ်ချင်းများက ချစ်စနိုးဖြင့် နောက်ပြောင်ခေါ်သည့် အမည်များလည်း ရှိခဲ့သည်။

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဌာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇဝင်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇဝင်သိရုံသာ မဟုတ်၊ ရာဇဝင်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘဝ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ဝမ်းသာစရာ ကောင်းသလို ဝမ်းနည်းဖွယ်လည်း ကောင်းလှသည်။ ဝမ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ဝမ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိ⁠ထိမိမိ ကွင်း⁠ကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။

 

Source : ဝီကီပီးဒီးယား

The Padaythar

 

[Zawgyi]

ေဖေဖာ္ဝါရီတစ္ဆယ့္သံုး

ဇာတာတြင္ပါရွိသည့္ အမည္မွာ ‘ေမာင္ထိန္လင္း’ ျဖစ္သည္။ မိဘမ်ားက အကိုျဖစ္သူ ေအာင္သန္း ႏွင့္ လိုက္ရန္ ေအာင္ဆန္း ဟု ေခၚခဲ့သည္။ တို႔ဗမာအစည္းအ႐ုံးဝင္ေရာက္ေသာအခါ သခင္ေအာင္ဆန္း ျဖစ္လာခဲ့သည္။ သခင္ေအာင္ဆန္း၏ တ႐ုတ္အမည္မွာ ထန္လုရႈိျဖစ္ကာ၊ ဂ်ပန္အမည္မွာ အိုမိုဒါမြန္ဂ်ိ ျဖစ္သည္။ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ရဲေဘာ္သုံးက်ိတ္ဝင္မ်ား ဗိုလ္အမည္ခံရာတြင္ ဗိုလ္ေတဇ ျဖစ္လာခဲ့သည္။ တိုင္းျပည္ႏွင့္ လူမ်ိဳးအတြက္ ႏိုင္ငံေရးေဆာင္႐ြက္ရာတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအမည္ ျဖင့္ထင္ရွားသည္။ ေတာ္လွန္ေရးကာလအတြင္းတြင္ အသုံးျပဳခဲ့ေသာ လွ်ိဳ႕ဝွက္အမည္မ်ားမွာ ဦးေနာင္ခ်ိဳ၊ မ်ိဳးေအာင္ ဟူ၍ျဖစ္ၿပီး၊ ေထာက္လွမ္းေရးေရွ႕ေျပးျဖစ္သည့္ ဗိုလ္ေနဝင္းႏွင့္ ဆက္သြယ္ေသာ လွ်ိဳ႕ဝွက္အမည္မွာ ကိုစက္ေဖျဖစ္သည္။ ထို႔အျပင္ အ႐ိုင္း၊ ငမိုး စသည္ျဖင့္ မိတ္ေဆြ၊ သူငယ္ခ်င္းမ်ားက ခ်စ္စႏိုးျဖင့္ ေနာက္ေျပာင္ေခၚသည့္ အမည္မ်ားလည္း ရွိခဲ့သည္။

စာေရးဆရာႀကီး ဒဂုန္တာရာက သူ၏ ‘႐ုပ္ပုံလႊာ’ အဖြဲ႕အႏြဲ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအား ‘ေအာင္ဆန္း (သို႔မဟုတ္) အ႐ိုင္း’ ဟူေသာ ေခါင္းစဥ္ျဖင့္ ေရးသားခဲ့သည္ကို ဖတ္ရဖူးသည္။ ဆရာဒဂုန္တာရာက သူ၏ ႐ုပ္ပုံလႊာအဖြဲ႕တြင္ ဗိုလ္ခ်ဳပ္သည္ ျမန္မာျပည္လြတ္လပ္ေရး အေၾကာင္းကိုသာ အစဥ္အၿမဲ ေတြးေတာေနၿပီး က်န္သည့္အရာမ်ားကို ဂ႐ုမစိုက္ဘဲ ေနတတ္ပုံ၊ လူ႐ိုင္းတဦးႏွင့္ ပုံပန္းသဏၭာန္တူကာ ဆက္ဆံရခက္ၿပီး ဂြတီးဂြက် ႏိုင္လွပုံ၊ သူ ယုံၾကည္ရာကို စိုက္လိုက္မတ္တတ္ႏွင့္ တဇြတ္ထိုး လုပ္တတ္ပုံ၊ သို႔ေသာ္ သူ႔တြင္ အႏုပညာဓာတ္ခံရွိပုံ စသည္တို႔ကို ရသဟန္ႏွင့္ လွလွပပ ျခယ္မႈန္းခဲ့ေလသည္။ ထို႐ုပ္ပုံလႊာ အဖြဲ႕အႏြဲ႕ကိုဖတ္ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ‘ကိုေဌးၿမိဳင္ ေျပာသေလာက္လည္း ငါမ႐ိုင္းေသးပါဘူးကြာ’ ဟု သူ၏ ကိုယ္ရံေတာ္ ဗိုလ္ထြန္းလွကို ရယ္ေမာကာ ေျပာခဲ့ဖူးေၾကာင္း ေဆာင္းပါးတပုဒ္တြင္ ဖတ္ရဖူးသည္။ ထို႔အျပင္ အလကၤာေက်ာ္စြာ ၿမိဳ႕မၿငိမ္း၏ ‘သက္ေဝ’၊ ‘ကၪၥန’ သီခ်င္းမ်ားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွစ္သက္ပုံ၊ ပင္လုံစာခ်ဳပ္အတြက္ ရွမ္းျပည္သို႔အသြား အင္းေလးကန္ထဲ ေလွစီးေနစဥ္ ‘ေလွကေလးကို ေလွာ္မည္ … ေဘးမသမ္းဘဲ ေအးခ်မ္းေတာ့မည္ …’ ဆိုသည့္ အဆိုေတာ္ ဒိုရာသန္းေအး၏ သီခ်င္းအား ဗိုလ္ခ်ဳပ္ညည္းတြားပုံတို႔ကို ဖတ္ရသည့္အခါ ဗိုလ္ခ်ဳပ္သည္ တိုင္းျပည္လြတ္လပ္ေရးအတြက္ မအားလပ္ေအာင္ အလုပ္မ်ားေနလင့္ကစား သူ၏ ရင္ထဲ၌မူ အႏုပညာဓာတ္အျပည့္ ကိန္းေအာင္ေနေၾကာင္း အထင္အရွား ေတြ႕ရေလသည္။ ‘ဗမာအက၊ ဗမာဂီတေတြဟာ ဟိုဘက္က လွည့္လာတာေတြရွိတယ္။ ဒါေတြကို စုံစမ္းရမယ္။ အာရွတိုက္သားေတြ တဦးနဲ႔တဦး ဘယ္လို ဆက္စပ္မႈ ရွိတယ္ဆိုတာ ေလ့လာရမယ္၊ ကြၽန္ေတာ္လည္း အႏုပညာသမားပါဗ်ာ’ ဟူ၍လည္း ဗိုလ္ခ်ဳပ္ ေျပာၾကားခဲ့ဖူးသည္။ ထိုစကားကို ေထာက္ရႈျခင္းျဖင့္ ဗိုလ္ခ်ဳပ္၏ အႏုပညာအေပၚ စိတ္ဝင္တစားရွိပုံႏွင့္ အႏုပညာသမားအျဖစ္ ဂုဏ္ယူဝင့္ႂကြားခ်င္ပုံကို ရိပ္စားမိၿပီး လူသားတိုင္းအေပၚ အႏုပညာ၏ ညႇိဳ႕ငင္ဖမ္းစားမႈအား ႀကီးမားပုံကို ဆက္စပ္ ေတြးေတာေနမိပါသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ပညာႏွင့္ ပတ္သက္၍ သူျမင္သည့္ အဓိပၸာယ္ကိုလည္း သူ၏ ကိုယ္တိုင္ေရး အတၳဳပၸတၱိတြင္ ရွင္းျပခဲ့ရာ အလြန္ပင္ မွတ္သားဖြယ္ ေကာင္းသည္ကို ေတြ႕ရသည္။ ဗိုလ္ခ်ဳပ္က ‘ပညာသည္ စာအုပ္မ်ားထဲ၌သာ ရွိသည္မဟုတ္။ စာအုပ္မ်ားကို ေက်ာ္၍ ျမင္စြမ္းႏိုင္ျခင္းကို ေဆာင္ႏိုင္ရေပမည္။ ပညာသည္ လူ၏ ရာဇဝင္ကိုသာ ျပဳျပင္တိုးခ်ဲ႕႐ုံသည္မဟုတ္။ လူ၏ စိတ္ေနစိတ္ထား၊ အယူအဆမ်ားကိုလည္း တိုးတက္ေစရမည္။ ရာဇဝင္သိ႐ုံသာ မဟုတ္၊ ရာဇဝင္ကို ဖန္တီးႏိုင္ေစရမည္။ ေလာကဓာတ္ပညာကို သိ႐ုံသာမဟုတ္၊ ေလာကဓာတ္ပညာကို တိုးခ်ဲ႕ ႏိုင္ေစရမည္။ ေလာကအေၾကာင္းကို နားလည္ေစသာမဟုတ္၊ သည့္ထက္ေကာင္းေသာ ေလာကကို ဖန္ဆင္းႏိုင္ ေစရမည္။ ေလွနံဓားထစ္ဆိုေသာ အလုပ္၊ အေျပာ၊ အေတြးတို႔မွာ ပညာ၏ အဓိပၸာယ္ ဆန႔္က်င္ဘက္ေပတည္း’ ဟု အျမင္က်ယ္စြာ ရွင္းျပခဲ့ေလသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ သူရိယ မဂၢဇင္းတြင္ အညာသားေလး ကေလာင္နာမည္ႏွင့္ စာေရးသားသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ တိုင္းျပည္၏ ဦးစားေပး လိုအပ္ခ်က္အရ ႏိုင္ငံေရးေခါင္းေဆာင္၊ စစ္ေရးေခါင္းေဆာင္ လုပ္ေနရေသာ္လည္း သူအမွန္တကယ္ ျဖစ္ခ်င္သည့္ အာသီသမွာ စာေရးဆရာဘဝ ျဖစ္သည္။ ၁၉၄၇ခုႏွစ္ ေမလ (၃၀)ရက္ေန႔တြင္ ကိုယ့္မင္းကိုယ့္ခ်င္းလမ္းရွိ ဖဆပလဌာနခ်ဳပ္၌ ျပဳလုပ္ေသာ သတင္းစာဆရာမ်ား အစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္က ‘လြတ္လပ္ေရးရတဲ့ အခ်ိန္အထိေတာ့ က်ဳပ္ ႏိုင္ငံေရး လုပ္ရအုံးမွာဘဲ၊ လြတ္လပ္ေရးရၿပီးလို႔ ပါတီတိုက္ပြဲေတြ ျဖစ္တဲ့အခ်ိန္မွာ က်ဳပ္က မပါခ်င္ဘူး။ ေဘးဖယ္ေနမယ္။ သူမ်ားေတြလုပ္တာ ထိုင္ၾကည့္ၿပီး စာအုပ္ေရးမယ္’ ဟူ၍ သူ၏ ခ်င္ျခင္းကို ဖြင့္ဟေျပာၾကားခဲ့သည္။ ဗိုလ္ခ်ဳပ္၏ ထိုေျပာစကားသည္ ဝမ္းသာစရာ ေကာင္းသလို ဝမ္းနည္းဖြယ္လည္း ေကာင္းလွသည္။ ဝမ္းသာစရာေကာင္းသည္က စာေရးဆရာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းထံမွ ယူ၍ မကုန္ခန္းႏိုင္သည့္ စာေပဗဟုသုတ ဟင္းေလးအိုးႀကီး ပိုင္ဆိုင္ခြင့္ရမည္ကိုျဖစ္ၿပီး ဝမ္းနည္းစရာေကာင္းသည္က ဗိုလ္ခ်ဳပ္လို အရည္အခ်င္း ျပည့္ဝသည့္ ႏိုင္ငံေရးသမားေကာင္းတေယာက္ ႏိုင္ငံေရးေလာကမွ ေဘးဖယ္ေနခ်င္ေလာက္ေအာင္ ႏိုင္ငံေရး လုပ္ေဖာ္ကိုင္ဖက္ေတြၾကားမွာ အတိုက္အခိုက္ေတြ၊ စားခြက္လုမႈေတြ၊ ေနာက္ေက်ာ ဓားႏွင့္ ထိုးမႈေတြ၊ တိုင္းျပည္ ေကာင္းစားေရးထက္ ကိုယ့္အုပ္စု၊ ကိုယ့္ပါတီ အာဏာရေရး ေကာင္းစားေရးအတြက္သာ ဦးတည္လုပ္ေဆာင္မႈေတြ ရွိလာမည္ကို ႀကိဳတင္ျမင္ေတြ႕ေန၍လားဟု ေတြးစရာ ျဖစ္ေနျခင္းပင္ ျဖစ္သည္။ ဗိုလ္ခ်ဳပ္သည္ မကြယ္လြန္မီ အခ်ိန္အထိ ႏိုင္ငံေရး၊ ပညာေရး၊ စစ္ေရး၊ ေလာကီေရးရာမ်ားႏွင့္ ပတ္သက္သည့္ ေဆာင္းပါးမ်ားစြာကို ေရးသားခဲ့သည္။ ဗိုလ္ခ်ဳပ္ေရးသားခဲ့သည့္ စာမ်ားတြင္ သူ၏ တိက်ရွင္းလင္း အားေကာင္းေသာ စကားေျပ အေရးအသားႏွင့္ ဦးတည္ခ်က္ေရာက္ေအာင္ ထိ⁠ထိမိမိ ကြင္း⁠ကြင္းကြက္ကြက္ ေရးသားတတ္ပုံကို အားက်အတုယူဖြယ္ ေတြ႕ရသည္။ ဗိုလ္ခ်ဳပ္တို႔ ကြယ္လြန္ၿပီးေနာက္ ၁၉၄၉ ခုႏွစ္ထုတ္ အိုးေဝမဂၢဇင္းတြင္ ဂုဏ္ျပဳေဖာ္ျပခဲ့သည့္ ‘ဗိုလ္ခ်ဳပ္ႏွင့္စာေပ’ ဟူေသာ ေဆာင္းပါးတြင္ ဗိုလ္ခ်ဳပ္၏ ေခတ္မီမီ ကမာၻၾကည့္ ၾကည့္ျမင္တတ္ပုံကို အထင္အရွား ေတြ႕ရသည္။ ဗိုလ္ခ်ဳပ္က ‘တကမာၻလုံးဟာ ယခုအခါ ေခတ္ေျပာင္းေနတဲ့ အခ်ိန္အခါႀကီး ျဖစ္တယ္။ ကြၽန္ေတာ္တို႔လည္း ကမာၻႀကီးနဲ႔အတူ ေခတ္ေနာက္မက်ေအာင္ လိုက္ၾကစို႔။ ကမာၻ႔ဇာတ္ခုံ ႀကီးမွာ ကမာၻ႔ေတးသံလိုက္၍ ကႏိုင္တဲ့ ဗမာျပည္ႀကီးျဖစ္ေအာင္ ဖန္တီးျပဳျပင္ၾကစို႔။ ဗမာျပည္ႀကီးကို လြတ္လပ္ၿပီး တိုးတက္ထြန္းကားတဲ့ တိုင္းျပည္ျဖစ္ေအာင္ ႀကံေဆာင္ ႀကိဳးစားၾကစို႔။ ကြၽန္ေတာ္တို႔အားလုံး စစ္သားေရာ၊ ႏိုင္ငံေရးသမားေရာ၊ စာေရးဆရာေရာ၊ သတင္းစာဆရာေရာ၊ ဗမာတမ်ိဳးသားလုံး ယခုေျပာတဲ့အတိုင္း ေခတ္ေျပာင္း အလုပ္ကို တူၿပိဳင္ၿပိဳင္ လုပ္ကိုင္ၾကပါစို႔’ ဟု ေျပာၾကားခဲ့သည္။

 

Source : ဝီကီပီးဒီးယား

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *