အနိုင်အရှုံး အ ဖြေမ ပေါ်ခဲ့သည့် မန်ယူ-လီဗာပူး ပ ွဲစဉ် (ရုပ်သံဟိုက်လိုက်)

Featured Video Play Icon

[Unicode]

စူပါဆန်းဒေးရဲ့ ပွဲကြီးတပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ ပွဲစဉ်မှာ တဖက်နဲ့တဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ တမှတ်စီ ခွဲယူသွားပါတယ်။

လီဗာပူးအတွက် ချန်ပီယံဖြစ်ရေး အရေးပါသလို မန်ချက်စတာယူနိုက်တက်အတွက်လည်း ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲမှာ အသာရစေဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ကြတဲ့ ပွဲစဉ်တပွဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားတချို့ ဒဏ်ရာရခဲ့တာကြောင့် ပထမပိုင်းမှာကတည်းက ၃ ဦးစလုံး လူစားလဲခဲ့ရပြီး ဒဏ်ရာအရှင်းမပျောက်သေးတဲ့ လင်ဂတ်လည်း ထပ်မံဒဏ်ရာရရှိသွားခဲ့ပါတယ်။

မာတာ၊ လင်ဂတ်တို့အပြင် ဟာရဲယားလည်း ဒဏ်ရာရရှိသွားခဲ့လို့ လက်ကျန်ပွဲစဉ်တွေမှာ ကစားသမားအင်အား လျော့နည်းဖို့ရှိနေပါတယ်။

လီဗာပူးအသင်းကတော့ ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခြင်း မရှိသလို ဂိုးကန်သွင်းခွင့် ၇ ကြိမ်လောက်ပဲ ရရှိခဲ့ပါတယ်။

 

[Zawgyi]






Credit: DVB

The Padaythar