မြန်မာ့သမိုင်း သမိုင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

[Zawgyi] ဦးဘဝင်း (၁၉ဝ၁ – ၁၉၄၇) ဦးဘဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုအကြီးဆုံးဖြစ်ပြီး ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့က ၁၉ဝ၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ မွေးဖွားပါတယ်။ ညီအစ်ကိုမောင်နှမ ၉ ယောက်ရှိပြီး ငယ်နာမည်က မောင်စံတင် ဖြစ်ပါတယ်။ မြန်မာလို ကိုးတန်းအောင်ခဲ့ပြီး ၁၇ နှစ်အရွယ်မှာ ရေနံချောင်းမြို့ ဆရာဦးဟံသာကျောင်းမှာ လက်ထောက်ဆရာ၊ ဘီအိုစီဂိုဒေါင် စာရေးအလုပ်တွေလုပ်ရင်း အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်း တက်ခဲ့ပါတယ်။ ၁၉၂၄ မှာ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းက ဆယ်တန်းကို သုံးဘာသာဂုဏ်ထူးနဲ့ အောင်ပြီး မန္တလေး ဥပစာကောလိပ်မှာ ဥပစာသိပ္ပံ ဆက်တက်ပါတယ်။ အောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ် ဆက်တက်ရာ ၁၉၂၉ ခုနှစ်မှာ သင်္ချာဂုဏ်ထူးတန်း အောင်ပြီး ဘီအက်စ်စီဘွဲ့ ရခဲ့ပါတယ်။ […]

မြန်မာ့သမိုင်း သမိုင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

[Zawgyi] ရဲဘော်ကိုထွေး (၁၉၂၉- ၁၉၄၇) ရဲဘော်ကိုထွေးကို ၁၉၂၉ ခုနှစ်၊ မန္တလေးမြို့ တောင်ပြင် သိပံ္ပရပ်နေ ပင်စင်စား လယ်ယာစိုက်ပျိုးရေးဝန်ထောက် ဦးကိုကိုလေးနဲ့ ဒေါ်မင်းရီတို့မှ ဖွားမြင်ခဲ့ပြီး ဆဋ္ဌမမြောက်သား ဖြစ်ပါတယ်။ ဗမာ-မွတ်စလင် ဖြစ်ပါတယ်။ နဝမတန်းအထိ ပညာသင်ကြားခဲ့ပြီး အသက် ၁၈ နှစ်မှာ ပညာရေးဝန်ကြီး ဦးရာဇတ်ရဲ့ သက်တော်စောင့်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ မနက် ၁ဝ နာရီ ၃၇ မိနစ်အချိန်မှာ ရန်ကုန်မြို့ အတွင်းဝန်များရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အစည်းအဝေး ပြုလုပ်နေချိန် ဂဠုန်ဦးစောရဲ့ စေခိုင်းချက်အရ သူ့နောက်လိုက်တွေ လက်ချက်နဲ့ ကျည် ၄ ချက် ထိမှန်ပြီး မွန်းလွဲ […]

မြန်မာ့သမိုင်း သမိုင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

[Zawgyi] ဒီးဒုတ် ဦးဘချို (၁၈၉၃ – ၁၉၄၇) သတင်းစာဆရာတယောက်ဖြစ်တဲ့ ဦးဘချိုဟာ ဒီးဒုတ်ဂျာနယ်နဲ့ သတင်းစာကို ထုတ်ဝေပြီး ဒီးဒုတ်ဦးဘချိုလို့ နာမည်တွင်ခဲ့ပါတယ်။ သူဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ သူ့ကို ဖခင် ဦးဘိုးစာနဲ့ မိခင် ဒေါ်မြစ်တို့က ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့မှာ မြောင်းမြမြို့မှာ မွေးဖွားခဲ့ပါတယ်။ မြောင်းမြမြို့ ဆရာဦးမောင်မောင်ကျောင်း၊ ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်းတို့မှာ ပညာသင်ယူပြီး ပညာသင်ဆုတွေလည်း အကြိမ်ကြိမ်ရခဲ့ပါတယ်။ ရန်ကုန်ကောလိပ်မှာ ပညာသင်နေရင်း မျက်စိဝေဒနာကြောင့် ဘီအေအထက်တန်းမှာ ထွက်ခဲ့ရပြီး ပေါင်းတည်နဲ့ ဟင်္သာတမြို့တို့မှာ အစိုးရကျောင်းဆရာ၊ ပညာအုပ်အဖြစ် လုပ်ခဲ့ပါတယ်။ အဲဒီနောက် အမျိုးသားကောလိပ်မှာ မြန်မာစာဆရာအဖြစ်ဝင်ပြီး မြန်မာ့ရီဗျူးဂျာနယ်၊ ဒီးဒုတ်ဂျာနယ်ကို ထုတ်ဝေပြီး […]

ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

[Zawgyi] ဦးရာဇတ် (၁၈၉၈- ၁၉၄၇) ဦးရာဇတ်ကို ၁၈၉၈ ခုနှစ်၊ ဇန်နဝါရီ ၂ဝ ရက်မှာ ဖခင် တိုက်ပိုင်အင်စပက်တော် မစ္စတာ ရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နဲ့ မိခင် ဒေါ်ငြိမ်းလှတို့က မိတ္ထီလာမြို့မှာ မွေးဖွားခဲ့ပါတယ်။ မောင်မောင်ကြီးဆိုတဲ့ နာမည်ထက် ရာဇတ်ဆိုတဲ့ နာမည်ကိုပဲ လူသုံးများခဲ့ပါတယ်။ မန္တလေးမြို့ ဝက်စလီယန်ကျောင်းမှာ ပညာသင်ယူခဲ့ပြီး ၁၉၁၂ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တယ်။ ကောလိပ်သိပ္ပံကျောင်း အိုင်အေအထက်တန်းတက်ခဲ့ပြီး အင်္ဂလိပ်စာနဲ့ အားကစားဘက်မှာ ထူးချွန်သူလည်း ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၂ဝ ကျောင်းသားသပိတ် အရေးတော်ပုံကစပြီး ကျောင်းသားခေါင်းဆောင် တယောက် ဖြစ်ခဲ့သလို မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းမှာ အင်္ဂလိပ်နဲ့ ပါဠိဘာသာကို သင်ကြားပေးတဲ့ ဆရာ၊ အဲဒီနောက် ကျောင်းအုပ်ကြီးဖြစ်လာပြီး သူ့ရဲ့ကျောင်းမှာ အမျိုးသား အပျော်တမ်းရဲတပ်၊ အမျိုးသားဘင်ခရာတပ်၊ […]

ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

[Zawgyi] မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (၁၉ဝ၇ – ၁၉၄၇) သူ့ကို မိုင်းပွန်စော်ဘွားကြီး စဝ်ခွန်ထီးနဲ့ မဟာဒေဝီ နန်းစိန်ဥတို့က ၁၉ဝ၇ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ မွေးဖွားပြီး တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းက ဆယ်တန်း အောင်မြင်ခဲ့ပါတယ်။ မိတ္ထီလာ စက်ရှင်တရားရုံးမှာ အလုပ်သင်၊ မန္တလေး ပုလိပ်အတတ်သင်ကျောင်းတက်ခဲ့ပြီး အလုပ်သင်ဝန်ထောက်အဖြစ် ခဏလုပ်ခဲ့ကာ ၁၉၂၈ ခုနှစ်မှာ စော်ဘွားဖြစ်လာပါတယ်။ ၁၉၃၂ ခုနှစ်မှာ မိုးမိတ်စော်ဘွားကြီးရဲ့ သမီး စဝ်ခင်သောင်းနဲ့ လက်ထပ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ဝါသနာပါပြီး နိုင်ငံခြားက မျိုးစေ့တွေ မှာယူလို့ ဒေသတွင်းမှာ ဖြန့်ဖြူးပေးခဲ့ပါတယ်။ တောင်တန်းနဲ့ မြေပြန့် စည်းလုံးရေးကို လိုလားပြီး ပင်လုံစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီနောက် […]

ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း

အာဇာနည်ကြီးများ၏ အတ္ထုပ္ပတ္တိ

[Zawgyi] ဦးအုန်းမောင် (၁၉၁၃- ၁၉၄၇) အာဇာနည်ခေါင်းဆောင်ကြီး ဦးအုန်းမောင်ကို ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အဖ မစ္စတာ အိပ်ခ်ျဒဗလျူ တရပ်တ်ဂိန်း၊ အမိ ဒေါ်ရွှေမြင့်တို့က ဖွားမြင်ခဲ့ပြီး ဒုတိယသား ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝက ရန်ကုန်တက္ကသိုလ် တပ်ရင်းမှာ တပ်ခွဲ တပ်ထောက်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာတန်းအောင်ပြီး ၁၉၃၇ ခုနှစ်မှာ ဘီစီအက်စ် (B.C.S) ကို ဝင်ရောက်ဖြေဆိုသူ သုံးဦးအနက် ပထမ ရခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ မန္တလေးမြို့ အရှေ့နယ်ပိုင်ဝန်ထောက်အဖြစ် ထမ်းရွက်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ မြစ်ကြီးနားအရေးပိုင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီနောက် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး စောစံဘိုးသင်ရဲ့ ဒုတိယအတွင်းဝန်အဖြစ် […]

ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

မန်းဘခိုင် (၁၉ဝ၃ – ၁၉၄၇) ကရင်အမျိုးသားတယောက်ဖြစ်တဲ့ မန်းဘခိုင်ကို ၁၉ဝ၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်မှာ ဖခင် ယုန်သလင်းရွာသူကြီး မန်းပေကုန်းနဲ့ မိခင် ဒေါ်ပုတို့က ဟင်္သာတမြို့နယ်၊ ယုန်သလင်းရွာမှာ မွေးဖွားခဲ့ပါတယ်။ ဟင်္သာတမြို့ အေဘီအမ်ကျောင်းမှာ ပညာသင်ယူခဲ့ပြီးနောက် ကိုယ်ပိုင်ကုမ္ပဏီထောင်ခဲ့ပြီး ကရင်ဘာသာသင်ကျောင်း တကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့ပါသေးတယ်။ ၁၉၃၇ ခုနှစ်မှာ ပုသိမ်မြောက်ပိုင်းက အမတ်အဖြစ် အရွေးခံရပြီး ၁၉၄၁ မှာ တရားရေးဌာနရဲ့ အတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ကရင်လူငယ်များအသင်းကို တည်ထောင်ခဲ့သလို ဖက်ဆစ်တော်လှန်ရေးမှာလည်း ကရင်လူငယ်တွေကို စုစည်းပါဝင်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်မှာ ဖဆပလအဖွဲ့ကြီး ဖြစ်မြောက်ရေး ကြိုးပမ်းပြီး ဖဆပလ ဗဟိုအမှုဆောင်လူကြီး၊ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌ၊ မြစ်ဝကျွန်းပေါ်ဒေသ ဖဆပလဖွဲ့စည်းရေး တာဝန်ခံအဖြစ် တာဝန်တွေယူခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း […]

ဗဟုသုတ မြန်မာ့သမိုင်း သမိုင်း

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

သခင်မြ (၁၈၉၇- ၁၉၄၇) အာဇာနည်ခေါင်းဆောင်ကြီး သခင်မြကို ၁၈၉၇ ခုနှစ် အောက်တိုဘာ ၇ ရက် ကြာသပတေးနေ့က ပြည်မြို့ ထုံးဘိုရွာမှာ အဖ ဦးဘိုးချွန်၊ အမိ ဒေါ်သက်လယ်တို့ကနေ ဖွားမြင်ပြီး မွေးချင်းနှစ်ယောက်အနက် သားကြီးဖြစ်ပါတယ်။ ငယ်နာမည် မောင်မြရွှေ နောင်တွင် မောင်မြလို့ ခေါ်တွင်ခဲ့ပြီး မွေးချင်းနှမဖြစ်သူ မမြငွေကတော့ နောင်မှာ သီလရှင် မခေမာဝတီ ဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ဒေါ်သက်လယ်ကတော့ မောင်မြ သုံးနှစ်သားအရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ငယ်စဉ်က ထုံးဘိုမြို့ ဆရာကြီး ဦးဘိုးစရဲ့ တိုင်းရင်းမြန်မာ မူလတန်းကျောင်းကနေ လေးတန်းအောင်ပြီးနောက် သာယာဝတီမြို့ အေဘီအမ် အလယ်တန်းကျောင်းတွေမှာ ပညာသင်ယူခဲ့ပါတယ်။ ၁၉၁၂ ခုနှစ်မှာ ၇ တန်းစာမေးပွဲကို စကောလားရှစ်နဲ့ အောင်မြင်ပြီးနောက် ရန်ကုန် ဘက်ပတစ် […]

မြန်မာ့သမိုင်း သမိုင်း

၁၉၀၀ ပြည့်နှစ်လွန်များ၌ ဗြိတိသျှဆရာဝန်မှ မန္တလေး မြို့သူမြို့သူများအား ပလိပ်ရောဂါ ကာကွယ်ဆေးထိုးပေးနေစဉ်

[Zawgyi] ၁၉၀၀ ပြည့်နှစ်လွန် အစောပိုင်းကာလတွင် ကမ္ဘာ့နေရာအနှံ့အပြား၌ အကျိတ်ထွက်သောပလိပ်ရောဂါ ကူးစက်ပြန့်ပွားရာ လူပေါင်း ၁၅ သန်းကျော် သေဆုံးခဲ့သည်။ ယူနန်ဒေသ၌ စတင်ဖြစ်ပွားသည့် ထိုပလိပ်ရောဂါသည် ၁၉ ၀၅ – ၁၉ ၀၆ ခုနှစ်အတွင်း ရန်ကုန်နှင့် မန္တလေး၌ လူပေါင်းထောင်ချီကာ သေကြေပျက်စီးစေခဲ့သည်။ ၁၉ ၀၆ခုနှစ်တွင် ပလိပ်ရောဂါကြောင့် သေဆုံးသူများတွင် မန္တလေးမှ ကျွန်ုပ်၏ အဘေး ဦးမောင်မောင်ကြီးလည်း အပါအဝင်ဖြစ်သည်။ ထိုစဉ်က အဘိုး၏အသက်မှာ ၄၀ကျော်သာ ရှိသေးသည်။ မကြာသေးမီက တွေ့ရှိခဲ့ရသည် ဖော်ပြပါဓာတ်ပုံတွင် မန္တလေး၌ ဗြိတိသျှဆရာဝန်တစ်ဦးမှ မြို့သူမြို့သူများအား ပလိပ်ရောဂါကာကွယ်ဆေးထိုးပေးနေသည်ကို တွေ့ရသည်။ တကယ်တမ်းဆိုလျှင် ထိုကာကွယ်ဆေးသည် ထိရောက်မှုမရှိခဲ့။ (ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်စေခဲ့သည်)။ အဆိုပါပုံမှာ အထက်မြန်မာပြည်မှ နိုင်ငံသားအသစ်များအား ဂရုစိုက်နေပါကြောင်းကို […]

မြန်မာ့သမိုင်း သမိုင်း

မြန်မာ့ခေတ်ပေါ်သမိုင်းတွင် အရေးပါဆုံးသောလူပုဂ္ဂိုလ်တစ်ဦး ဦးတင်ထွဋ်

[Zawgyi] ယနေ့သည် မြန်မာ့ခေတ်ပေါ်သမိုင်းတွင် အရေးပါဆုံးသောလူပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည့် ဦးတင်ထွဋ်၏ မွေးနေ့မွေးရက်ဖြစ်သည်။ ဦးတင်ထွဋ်သည် ၁ ၈၉ ၅ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် မွေးဖွားခဲ့ပြီး အင်္ဂလန်ရှိ ဒါလစ်ခ်ျကောလိပ်နှင့် ကမ်းဘရစ်ခ်ျတတ္ကသိုလ်၊ ကွင်းစ်ကောလိပ်တို့တွင် ပညာဆည်းပူးခဲ့သည်။ ကောလိပ်၌ ရက်ဘီ(Rugby) အားကစားသမားတစ်ယောက်အဖြစ် လူသိများခဲ့ပြီး ကျောင်းရက်ဘီအသင်း၏ ခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။ ကမ်းဘရစ်ခ်ျမှ ဘွဲ့ရပြီးသည့်နောက်တွင် ဝတ်လုံတော်ရရှေ့နေတစ်ဦး ဖြစ်လာခဲ့၏။ ထို့နောက် (ဗြိတိသျှ)အိန္ဒိယစစ်တပ်တွင် ဘုရင့်ပြန်တမ်းဝန်အရာရှိတစ်ဦးအဖြစ် အလုပ်ဝင်ခဲ့သည်။ ဦးတင်ထွဋ်သည် အိန္ဒိယအရပ်ဘက်အုပ်ချုပ်ရေးယန္တရား၏ လက်ရွေးစင် အထက်တန်းလွှာအရာရှိများလောကသို့ ပထမဦးဆုံးဝင်နိုင်ခဲ့သည့် ဗမာလူမျိုးအရာရှိဖြစ်ခဲ့သည်။ ၁၉ ၂၀ နှင့် ၁၉ ၃၀ ပြည့်နှစ် ကာလများအတွင်း ဦးတင်ထွဋ်သည် ရန်ကုန်မြို့နှင့် ဗမာပြည်တစ်ဝန်းရှိဒေသအနှံ့ရှိ အရပ်ဘက်အစိုးရဌာနပေါင်းစုံတွင် တာဝန်ထမ်းဆောင်ကာ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတိုးလာခဲ့သည်။ […]